Thursday, June 9, 2011

ရခိုင်စာပေ

ရခိုင်စာပေဟူ၍ဆိုလိုက်လျှင် သိးခြားသောအက္ခရာများဖြင့် ရေးသားဖွဲ့ နွဲ့ အပ်သည့်စာပေတမျိုးပေလောဟု အချို့ မေးခွန်းထုတ်ကြပေလိမ့်မည်။ ရခိုင်စာပေကား မြန်မာအက္ခရာများဖြင့် ရေးသားသောစာပေပင်ဖြစ်ပါသည်။ သို့ သော် ရခိုင်လူမျိုးတို့ ၏ သုံးစွဲရာဝေါဟာရအချို့ နှင့် အသံနေအသံထား တချို့ ကွဲလွဲနေမှုကြောင့် ရခိုင်စာဆိုတို့  ရေးသားသီကုံးခဲ့သော အချို့ သောသီချင်း၊ ကဗျာများကို မြန်မာတို့  လုံးစေ့ပတ်စေ့ အဓိပ္ပါယ်ကောက်ယူရန် မလွယ်ကူလှပေ။ အချို့ သော ရခိုင်စာဆိုတော်တို့ မှာ မြန်မာစာဆိုတော်များနှင့် ခွဲခြား၍မရနိုင်လောက်အောင် ဖွဲ့ နွဲ့ နိုင်ခဲ့ကြလေသည်။ ဘဒူမင်းညိုရေးသားသီကုံးသော “ရခိုင်မင်းသမီး ဧချင်း”၊ ဥက္ကာပျံစပ်ဆိုသော ရတုကဗျာများ၊ မိညို၊ စောပြည့်ညိုတို့ ၏ လက်ရာများ၊ ဓမ္မဝိဇယ အစရှိသော သာချင်းလင်္ကာပျို့ များ၊ ရာဇဝင်လင်္ကာများ၊ ဇာတ်ကြိး(၁၀)ဘွဲ့  လင်္ကာများမှာ အတော်အထက်တန်းကျသော စာပေကဗျာများဖြစ်သည်ကိုတွေ့ ရလေသည်။ မဟာပညာကျော်လျှောက်ထုံး၊ သစ်တတ်ငလက်ရုံးလျှောက်ထုံးများနှင့် ရခိုင်ရာဇဝင်ကြိးစသော ရခိုင်ရာဇဝင်အစောင်စောင်တို့ ကို စကားပြေရိုးရိုးနှင့် ဆီလျော်အောင် ရေးသားစီရင်ထားခဲ့သည်မှာလည်း ဦးကုလား မဟာရာဇဝင်၊ မှန်နန်းရာဇဝင်တို့ ကဲ့သို့ ပင် အထက်တန်းကျခဲ့သည်ကို တွေ့ ခဲ့ရပေသည်။ ကဗျာတို့ တွင် ရခိုင်မင်းသမိးဧချင်းသည် ဧချင်းထဲတွင် ရှေးအကျဆုံးဖြစ်နေသည်ကို ထောက်ရှု၍ အချို့ ရခိုင်ကဗျာများတီထွင်ဖွဲ့ နွဲ့ ခဲ့ရာတွင် မြန်မာကဗျာများထက်ပင် ရှေးကျနေသည်ကိုတွေ့ ရပြန်သည်။

ယခုအခါ ရခိုင်စာပေများမှာ တိမ်ကောပပျောက်လျက်ရှိနေခဲ့၏။ ၄င်းတို့ ကို ရှာဖွေစုဆောင်းဖော်ထုတ်နိုင်ပါက စာပေများတွင် အကျိုးများဖွယ်ရာ ရှိပေသည်။ ရခိုင်စာပေလိုက်စားသူတို့ သည် မိမိတို့ စာပေယဉ်ကျေးမှုကို ပြန်လည်ဖော်ထုတ်ရေး၌ မဆုတ်မတွန့် ရာ။ မြန်မာနိုင်ငံသုတေသနအသင်းကြိးမှာလည်း စာပေလောကဖွံ့ ဖြိုးရေးကို ရှေးရှု၍ ပြည်ထောင်စု အမျိုးသားစာပေတရပ်ဖြစ်သော “ရခိုင်စာပေ” ဖော်ထုတ်ရေးတွင် တစ်ဖက်တစ်လမ်းအားပေးကူညီနိုင်သမျှ ကူညီသင့်ပေသည်။ ကျွန်ပ်တို့  ဤ”ရခိုင်စာပေ” ဆောင်းပါးသည် ရခိုင်စာပေဖော်ထုတ်ရေး လုပ်ငန်းကို အထောက်အခံဖြစ်နိုင်ပါစေဟု မျှော်လင့်ရပေသည်။

စာပေကဗျာတို့ သည် ဖြစ်ပျက်နေသော အခြေအနေကို ပေါ်လွင်စေ၏။ ပတ်ဝန်းကျင်ဖြစ်ပျက်မှုကြောင့် စိတ်တွင်းသန္တန်၌ ဖြစ်ပေါ်ခံစားမှုတို့ ကိုလည်း ဖော်ပြထား၏။ စာပေကဗျာတို့ ဖြင့် တစ်စုံတစ်ဥိးကိုလည်းကောင်း၊ အများကိုလည်းကောင်း နှစ်သိမ့်စေ၏။ ပျော်ရွှင်စေ၏။ သနားစေ၏။ ထိခိုက်စေ၏။ တက်ကြွစေ၏။ သတိတရားရစေ၏။ စိတ်ထဲ၌ အမျိုးမျိုးလှုပ်ရှားစေရန်လည်းကောင်း၊ ငြိမ်သက်စေရန်လည်းကောင်း ဖွဲ့ နွဲ့ ကြသည်။ စာပေကို စကားပြေဖြင့် ရိုးရိုးလည်း ရေးသားကြသည်။ ကဗျာဖြင့်လည်းဖွဲ့ နွဲ့ ကြသည်။ အခြေအနေကိုလိုက်၍ ဤကဲ့သို့  ရေးသားဖွဲ့ နွဲ့ ကြခြင်းဖြစ်ပေသည်။ မြန်မာစာပေတွင် ကဗျာအမျိုးမျိုးဖွဲ့ နွဲ့ ခဲ့ကြသလို ရခိုင်စာဆိုတော်များလည်း ဖွဲ့ နွဲ့ ခဲ့ကြသည်။

ရှေးရခိုင်စာဆိုတော်တစ်ဥိး ရေးသားစပ်ဆိုခဲ့သော “ပိုးဝါဘွဲ့ ”ကိုဖတ်ရှုလိုက်လျှင် (မြောက်ဥိး)မြို့ ဟောင်းမြို့ တော်အကြောင်းကို သိကြရပေမည်။ စိးပွါးကုန်သွယ်ရေး အခြေအနေကိုလည်းကောင်း၊ လူမှုဆက်ဆံရေး အခြေအနေကိုလည်းကောင်း ဘုရား၊ တရား၊ ဘာသာရေး၌ကိုင်းရှိုင်းပြိး ယဉ်ကျေးသိမ်မွေ့ ခြင်းနှင့် ဝတ်စားဆင်ယင်ပုံတို့ ကို သိရှိရနိုင်ကြပေလိမ့်မည်။ ၄င်းပိုးဝါဘွဲ့ ကို ဖတ်ရှုရသောအခါ သီဟိုဋ္ဌ်ကျွန်းမှ ပင်လယ်ကူး ရွတ်သင်္ဘောကြိးမှား မြို့ ဟောင်းမြို့ နားထိရောက်ရှိနိုင်ကြသည်ကို ထင်ရှားစွာတွေ့ ရပေသည်။ ဤအချက်အလက်များကို အားလုံးထည့်သွင်းဖော်ပြရန် ရှည်လျားမည်ဖြစ်သဖြင့် လူကုံထံအရာရှိသမိး မပိုးဝါ၏ ဝတ်စားဆင်ယင်ပုံကို အောက်ပါအတိုင်း ကောက်နှတ်ဖေါ်ပြလိုက်၏။

“အရုပ်ဆင်းဝါ၊ လှပိုးဝါမှာ၊ ဝတ်လတ်ပါရေ၊ ဘောင်းနက်ကေထမိန်၊ သုံးနှစ်လုံးပင်၊ ဝတ်မကြီကေ၊ အောက်ခြီတဆင့်၊ လှပိုးဝါမှာ၊ မှင်းကျိုးပွင့်နှင့်၊ လှတင့်ဆင်ယင်၊ ခါးတွင်ကြည့်လည်း၊ ခါးကြိုးဒွါဒါရာ၊ မျက်ငါးဖြာကေ၊ စုံစွာသေသပ်၊ လှပိုးဝါမှာ၊ ဝတ်လတ်တေလေ။ ။ ရင်မှာတွင်လေ၊ ရင်မှာကြည့်လေ၊ ကင်းဇွန်းရွက်ယောင်၊ လှပိုးဝါမှာ၊ ပန်းပွင့်ယောင်လဲ၊ ခြာရာဆီးသပ်၊ မမေရင်မှာ၊ မမွတ်ချပ်လို့ ၊ တင့်ကြောင်းသခြေ၊ လှပိုးဝါမှာ၊ ဝတ်လတ်တေလေ။ ။ ကိုယ်မှာမာရေ၊ ကိုယ်မှာကြည့်လေ၊ ကိုယ်မှာဘာဇူ၊ ရွှေထူပန်းခက်၊ မေဘာဇူမှာ၊ ခြိုးဇရက်နှင့်၊ လိုင်ယှက်ဥဒေါင်း၊ ရုပ်ပေါင်းများစွာ၊ မေဘာဇူမှာ၊ သာလိကာနှင့်၊ စတုပါလာ၊ နတ်သားရာလေးယောက်၊ ကပ်တုံပြိးကေ၊ ကြိမ်လုံးပြောက်နှင့်၊ ထောက်လို့ ကြည့်ဟန်၊ မေဘာဇူမှာ ၊ခြင်္သေ့ရံလို့ ၊ ရုပ်ထုသဏ္ဌာန်၊ လှပိုးဝါကို၊ မိနှင့်ဘမှာ၊ ချစ်လို့ ပေးသော်၊ သိန်းသောင်းတန်ကို၊ တင့်ကြောင်းတယ် သခြေ၊ လှပိုးဝါမှာ၊ ဝတ်လတ်တေလေ။ ။ လက်မှာမာရေ၊ လက်မှာကြည့်လည်း၊ နဝရတ်မျက်ရံ၊ လှပိုးဝါမှာ သိန်းသောင်းတန်လို့ ၊ နှစ်ချောင်းကိုရွှတ်၊ သျှစ်ချောင်းလက်မာ၊ အပြည့်စွပ်လို့ ၊ တင့်ကြောင်းတေသခြေ၊ လှပိုးဝါက သျှစ်ချောင်းလက်မှာ၊ ဝတ်လတ်တေလေ။ ။ နားမာမှာရေ၊ နားမှာကြည့်လည်း၊ ကိုယ်ရိပ်လဲမြင်၊ စိန်ရှင်ဒေလိပ်လက်၊ လှပိုးဝါမှာ၊ မြနဘက်ကို၊ တင့်ကြောင့်သခြေ၊ ပိုးဝါနားမာ၊ ဆင်လတ်တေလေ။ ။

အစရှိသည်ဖြင့် ဖွဲ့ နွဲ့ ထားလေသည်။ ဤကဲ့သို့ ဖွဲ့ နွဲ့ ထားသည်ကို တစ်ဆင့်ကူးယူရရှိထားသည့်အတိုင်း ထည့်သွင်းဖော်ပြထားပါသည်။ အသံ၊ အစပ်၊ စာလုံးပေါင်းများမှာ မူရင်းနှင့် အနည်းငယ်ကွဲလွဲနိုင်စရာ ရှိပေလိမ့်မည်။

ဇနိးအိမ်သူက လင်ယောင်္ကျားမြောက်သားကို တမ်းတမှာကြားသော ကဗျာတစ်ပုဒ်မှ ကောက်နှတ်ချက်တစ်ခုမှာ - - -

“အိမ်ကြိးတစ်ဆောင်၊ ရွန်းရွန်းပြောင်သည်၊ ဆောင်ဝင်တန်းပျင်း၊ ဝဲလင်းခေါင်ဆိုက်၊ နဂါးရစ်ဆင်ဝင်၊ ပြော့လက်တင်သည်၊ မောင်လျှင်ပျော်ပါး၊ သလွန်ကောင်းသည်၊ ပြူတင်းဝက၊ မောင်လွမ်းဇာကို၊ မျှော်နှင့်ကြည့်သော်၊ ရောက်ပျာ ရောက်ပျာ၊ တစာစာသည်၊ လာပျာ ထွက်ထွက်၊ အိမ်ပါးနိးဝန်းကျင်၊ မှင်းကျိုးပင်က၊ ငှက်တောက်ကျာသည်၊ တြင်းဘက်သို့ ၊ ကြားတတ်သည်လည်း၊ တရက်သော်လည်း၊ လာပါနိုးနိုး၊ ဂြုတ်တန်ချိုးလို့ ၊ကြည့်ခိုးမျက်နှာ၊ မောင်မယှိတန်းပျင်မှာလေ၊ ကနွဲ့ ကညာ၊ ငှက်ကဝါသည်၊ မြည်လာမစဲ၊ အိမ်တော်ဥိးမှာ၊ တညီးညီးနှင့်၊ ဘမ်းခီ ဘမ်းခီ၊ ကဝါငှက်ကို၊ ရရစီလို့ ၊ ဖမ်းလို့ ရကေ၊ ကဝါငှက်ကို ဇာပြုမယ်လေ၊ ဖမ်းလို့ ရကေ၊ နှတ်သီးဖျားမှာ၊ ရွှေချမယ်လေ၊ အတောင်ဖျားမှာ၊ ရွှေချမယ်လေ၊ ချိုင့်နှင့်လှောင်ကေ၊ လက်ဆောင်နှမ၊ မောင်တော်ရောက်ကေ၊ ဆက်ကပ်မေလေ။ ။ “

မိမိကြင်သူငယ်စဉ်က စာပေဆည်းပူးခဲ့ပုံကို အောက်ပါအတိုင်းဖော်ပြထားသေးသည်။

“ကြိးခါဆရာ၊ ငယ်ခါ ခင်ပွန်း၊ မြတ်မဟာလေ၊ ထေရ်ကျော်ကျောင်းမှာ၊ မရီးယေရှင်သား၊ ဆွေခင်ပွန်းကို၊ စာသင်သားလို့ ၊ နမောကအစ၊ အရင်းမှလျှင်၊ သင်ထထုံပြိး၊ သင်ပုန်းကြိးနှင့်၊ သုံးဆယ့်သုံးလုံး၊ သုံးသင်ပုန်းကို၊ တစ်လုံးမကျန်၊ မြတ်မဟာသည်၊ ထေရ်ကျော်ကျောင်းမှာ၊ နေ့ တိုင်းပြန်လို့ ၊ ဇာတ်ကျမ်းသဒ္ဒါ၊ လိမ္မာစွာသည်၊ ညဝါသင်မြောက်၊ ရွမ်းကာကောက်လျက်၊ ညရောက်ဆိုသည်၊ ပုဂ္ဂိုလ်ထေရ်မြတ်၊ ဝါဆိုကျောင်းမှာ၊ နေ့ တိုင်းရွတ်လျက်” ။ ။

အထက်ပါတို့ မှာ “သာချင်းသည်”တို့  ရွတ်ဆိုသီကျူးသည့်အတိုင်းရေးသားဖော်ပြခြင်းဖြစ်သည်။ ရခိုင်ပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်၍ စစ်တွေမြို့ တည်ထောင်ခဲ့သောအခါ မြို့ သူကြိးဥိးအောင်ကျော်ဇံ၊ ဒေးဝန်းကြိးဥိးအောင်ကျော်ရွှီနှင့် မင်းသားကြိးဥိးရွှေဘန်းတို့  ဥိးစီးကာ ကတိမတည်သော အင်္ဂလိပ်တို့ အား တော်လှန်ခဲ့ကြလေသည်။ ၄င်းပုဂ္ဂိုလ်တို့ ကို အင်္ဂလိပ်တို့  ဖမ်းဆိးချုပ်နှောင်၍ ကာလကတ္တားထောင်သို့  ပို့ ဆောင်ခဲ့လေသည်။ ဒေးဝန်းဦးအောင်ကျော်ရွှီ၊ မြို့ သူကြိး အောင်ကျော်ဇံတို့ သည် ၄င်းတို့ အဖြစ်အပျက်နှင့်ပတ်သက်၍ ရတုကဗျာများဖွဲ့ နွဲ့ ခဲ့ကြသည်။ ၄င်းရတုကဗျာတို့ ကား အထူးထင်ရှားခဲ့လေသည်။

ဦးအောင်ကျော်ဇံသည် သူတို့ သားမယားများ သူတို့ အား အဘယ်ပုံလွမ်းဆွတ် တမ်းတကြသည်ကို အောက်ပါအတိုင်း ဖွဲ့ နွဲ့ထားခဲ့သည်။

လည်းလျှောင်းလူးအုံးမွေ့ ရာ၊ မယ်တော်တူမ၊ မောင်သက်မျှတို့ ၊ညံ့လှညောင်စောင်းသာ၌၊ စက်မွေ့ ရာထိုခဏ၊ ဂစ္ဆပနဒီ၊ ခေါ်တွင်ညီသည်၊ မြောက်ဆီဟေဝန်တာက၊ သွန်းကျလာသည့် စုန်လေပြင်း၊ စိမ့်စိမ့်ချမ်းကာ၊ အေးလှပါသည်၊ မွေ့ ရာသလွန်တွင်းက၊ မယ်လုံးချင်း စက်မပျော်၊ ကြင်ရာသက်ထား၊ လင်ယောက်ျားလည်း၊ နံပါးရှိလှာပါသို့ ၊ ထင်မိကာ စိတ်ယောင်ယမ်း၊ ပန်းပုံမွေ့ ရာသလွန်သာဝယ်၊ ထကာမွှေ၍စမ်းက၊ မောင့်ရင်ငွေ့ ၊ မတွေ့ သောခါ မယ်တို့ မှာလည်း၊ ထိုခါတချဲ့ ချှဲ့ နှင့်၊ တနွဲ့ နွဲ့ ကြက်သီးဝှန်၊ ပူပန်ပျောင်းပျ၊ မောင့်ကိုတ၍၊ အလှရာသက်နှံတို့ ၊ မိုးသောက်ပြန်တုံတစ်ခါ၊ ဗိမာန်အိမ်နား၊ ပန်းစကားသည်၊ သစ်များပင်ထက်မှာတည့်။ ။

ငှက်ရွှေဝါ တတွက်တွက်၊ ရောက်ပျာရောက်ပျာ တြင်းညာသည်၊ ပြင်းစွာနိမိတ်ဖတ်၍၊ မြည်တုံလတ် ငှက်ရွှေဝါ၊ မပြားအသံ၊ ကူသဏ္ဌာန်သို့ ၊ နှောင်းစွန်ကြားလေပါက၊ ကယ်ကောင်းသာ ဟုတ်စနိုးဟု၊ လွန်နှလုံး-ဝမ်းသာရွှင်၊ အလျင်တဆွ၊ မေအလှတို့ ၊ ချီကြွပြင်ထက်ကျင်က၊ ပြုပ္ပါလျှင် ဒက္ခိဏ၊ ဥတ္တရဒီပေ၊ ပစ္ဆိမေဟု၊ လေးထွေရပ်ဒေသကို၊ ရှုမျှော်ကြည့်ကြသောအခါ၊ မေ့မယ်ထိပ်ထားလင်ဘုရားကို၊ တွေ့ ညားမမြင်ပါက၊ မျက်စိရှာတမ်းရေရွတ်၊ လှထွဋ်ဝင်းပြောင်၊ နတ်ဆင်းယောင်တို့ ၊ အိမ်မျှောင်မြိးထူးပြတ်သို့ ။ ။ ရှင်လူများတကာတို့ ၊ ပျော်ကြရာသုံးဥတု၊ ဝါကျွှတ်သင်္ကြန်၊ သဘင်စံသည်၊ ရောင်လျှံမိးပူမူကို၊ မကြည့်ဝံ့ကြပါ၊ ရှေ့ဥိးဘွားမျှော်၊ သားရဲဘော်လည်း၊ အဘနေ့ တိုင်းခေါ်လျက်၊ ရှာတမ်းမျှော်သားပုလဲ၊ လက်ဝဲလက်ျာ၊ ရှစ်မျက်နှာကို၊ ပတ်ကာဝမ်းကြည့်က။ ။ ဘကိုလည်းမမြင်ရှာ၊ ဟစ်အော်လူးလဲ၊ မိရင်ထဲဝယ်၊ ငိုကြွေးတစာစာနှင့်၊ မိကိုသာတတွတ်တွတ်၊ ကျွန့် များကိုကြင်၊ မွေးဖခင်ကို၊ ခုပင်ပြပါလတ်ဟု၊ တမ်းရေရွတ်သားသဲချာ၊ မပီတခွန်း ပီတခွန်းနှင့်၊ ဘက်ရမ်းမေးမြန်းလှာက၊ ပြောစရာဆိုမတတ်၊ ခြေပြစ်လက်ငင်၊ မိနတ်ရှင်တို့ ၊ ရင်ကိုထောင်းထုသတ်၍၊ သက်ဆုံးပြတ်မောင့်ကို ရှာမျှော်ကာယောင်ယမ်း၊ တရုလွမ်းလျက်” ။

လွန်ခဲ့သည့်နှစ်ပေါင်း (၄၀)လောက်က ရခိုင်စာဆိုများပေါ်ပေါက်ခဲ့လေသည်။ ရမ်းဗြဲကင်းရွာဘုန်းတော်ကြိးနှင့် စစ်တွေမြို့  ဦးရစ်တောင်ကျေးလက်၊ တန်ခိုးရွာမှာ ဆရာထွန်းတို့ မှာ အထူးနာမည်ကြိးခဲ့သည်။ ထိုပုဂ္ဂိုလ်နှစ်ဦးစလုံးမှာ သာချင်းဘွဲ့ ကြိး၊ သာချင်းလတ်၊ သာချင်းဘွဲ့ ငယ်၊ ဟောစာကြိး၊ ရတု၊ ကဗျာ၊ လင်္ကာ၊ မော်ကွန်း၊ အဆန်း၊ အရိုး၊ အမျိုးမျိုးအဖုံဖုံ၊ ပိုဒ်စုံသံချပ်၊ အရပ်ရပ် ပြဇာတ်သီချင်းကဗျာ၊ မေတ္တာစာခင်ပင်းတို့ ကို ရေးသားသီကုံးခဲ့ကြသည်ကို တွေ့ ရှိရလေသည်။

ကင်းရွာဘုန်းကြိးရေးသားဖွဲ့ နွဲ့ ခဲ့သော စစ်တွေမှ ရမ်းဗြဲသွားရေးလား ခရီးစဉ်ဘွဲ့ မှာ အထူးဖတ်၍ ကောင်းပေသည်။ ၄င်းမှ ကောက်နှတ်ချက်တစ်ခုကား -

“ ရှည်လျားကာလ၊ ကျွမ်းရမ္မကို၊ တတရူရူ၊ နှင်းအူအူနှင့်၊ မင်းကူမုန်ညှင်း၊ မုန်ကင်းတွဲလွဲ၊ တပိုတွဲတွင်၊ လွန်ပွဲမမှီ၊ ရာသီသာမော၊ ကျီးကြက်တောနှင့်၊ ဥသြသံညှင်း၊ အလွန်ပျင်းခဲ့---“ဟူ၍ပင် ဖြစ်ပါသည်။

စစ်တွေ ယိုးချောင်းကန်စောက်ရွာနေ ဆွေစပ်သူတစ်ဥိးထံရေးသားအပ်သော မေတ္တာစာမှာ အောက်ပါအတိုင်းပင် ဖြစ်သည်။

“သုဒဿန၊ စိတ္တကုဋ္ဌ၊ စသည်များမြောင်၊ ရွှေတောင် ငွေတောင် နံ့ သာတောင်တို့ ဖြင့်၊ ရံဆောင်ပတ်ကာ၊ အခါခါ နေမထိုး၊ နှင်းအခိုးဝေဝေ၊ ဆောင်းငွေဝသန္တ၊ သုံးကာလတွင်၊ တစ်နေ့ မျှနေအဟိန်၊ အချိန်မှာ အာသန်လပြည့်၊ ထိပ်တည့်တည့်တစ်ကွက်၊ နေစက်ထွန်းပ၊ အနောဒတ္တရေအဟူ၊ မိမိအပူ သူ့ အလောင်၊ ကုန်အောင်အေးစေတတ်သော၊ မျက်မြတ်ဇောတ၊ သြဓိဿမေတ္တာဖြင့်၊ ကင်းရွာပညက်၊ ရမ္မာရပ်က၊ ရှစ်ထပ်သော ပလ္လင်မြင့်တွင်၊ ရှစ်ဆင့်ထီးဖြူကို၊ လူလူဖြန့် မိုး၍၊ နေမျိုးသူရိန်၊ အသမ္ဘိန်တို့ ၊ ထိန်ထိန်သောင်းကျွန်း၊ တန်ခိုးမွှမ်းသည်၊ စံမြန်းတော်မူရာ၊ တိုင်းရက္ခာမဇ္ဈေ၊ ထွေထွေနဝရတ်၊ မျက်မြတ်လျှံမြူး၊ မြောက်ဥိးမြို့ ဟောင်း၊ သရေချောင်းအရှေ့ကမ်း၊ ရပ်ရိပ်ချမ်းကံစောက်ရွာနေ၊ လက်သမား ဘုရား ဘအေထံ” ။

တန်ခိုးဆရာထွန်း၏ လင်္ကာ၊ ရတု၊ ကဗျာ၊ သာချင်းကြိး၊ သာချင်းငယ်တို့ မှာလည်း အထူးထင်ရှားခဲ့သည်။ သာချင်းသည် အများအဖို့ အတော် အသုံးဝင်ပေသည်။ စာပေလိုက်စားသူများအတွက်မှာလည်း အဖိုးမဖြတ်နိုင်လောက်သော ရတနာများဖြစ်နေပေသည်။ အင်္ဂလန်ပြည် ရှိတ်(ခ)စပိယာ လင်္ကာဆရာကြီး၊ မြန်မာပြည် ဦးပုည၊ ရခိုင်ပြည်တွင် ဆရာထွန်းဟူ၍ပင် အချို့ ကဆိုကြပေသည်။

သတ္တထာနုသာချင်းဆန်းတွင် မင်းသမီးပဖာက မောင်တော်သတ္တထာနုမင်းသားကို တမ်းတမျှော်ခေါ်ရာ၌ အောက်ပါအတိုင်းဖွဲ့ နွဲ့ ထားလေသည်။

“နန်းရဝေမှာ၊ နေခါကာလ၊ ယုံစန္ဒာလေ၊ ထွက်ပေါ်ထွန်းကေ၊ လဝန်းပက၊ ညဦးကပင်၊ အသင့်ပျင်ပျာ၊ မောင်လျှင်ရောက်ကြောင်း၊ လွမ်းစိတ်လည်းပို၊ နန်းရိပ်စိုကေ၊ ညိုနွဲ့ နှောင်းမှာ၊ ချောင်းလို့ တကေ၊ စောင့်လို့ နေကေ၊ နှမပျိုနု၊ ပန်းသဇင်ခိုင်၊ နန်းပင်တိုင်တွင်၊ ယဉ်မျက်ရှုမှာ၊ ညဥိးခေါ်ဆို၊ ညဥ့်ဗဟိုလေ၊ တဗိုရ်လွန်မြောက်၊ နန်းမြညောင်မှာ၊ မောင်မရောက်လို့ ၊ တယောက်ပျိုစင်၊ စိတ်မရွှင်ကေ၊ အိပ်ချင်သည်ဖြစ်၊ ဆားငန်ရေတွင်၊ မေ့ရွှေလက်ကို၊ တစ်ချင်နှိုက်ကေ--“။

“ညဦးသန်းခေါင်၊ ပကာပြောင်ကေ၊ လရောင်ကိုတမ်း၊ ပင်နန်းဆောင်က၊ မောင့်ကိုလွမ်းလို့ ”

ပန်းများကို ဖွဲ့ ဆိုသောအခါ “တောင်မြိုင်ချာတွင်၊ နော်ဇာစံကား၊ သရဘီမာလာ၊ အဝေယာကေ၊ စွယ်တော်များနှင့်၊ ချရားမိုးစီ၊ ခါတော်မှီကေ၊ နာရီရင်ကတ်၊ ဂေါ်သဇင်ဟု၊ ခေါ်တွင်မှတ်ကေ၊ အချပ်တရာ၊ စလတ္တာနှင့်၊ ရင့်မှာခေါင်ရမ်း၊ လပြာသိုမှာ၊ ခွာညိုပန်းကို၊ အဆန်းမျိုးစုံ၊ ရှုမကုန်အောင်၊ ဝိသကြုံနတ်မွန်၊ စိမ်းညိုပြောင်ကေ၊ တောင်ငါးလုံးနှင့်၊ နန်းသုံးရတနာ၊ ပန်းကုံးတော်ကို”။

ဖော်ပြခဲ့သော ရခိုင်စာဆိုများ၏ အဖွဲ့ နွဲ့ များသည် ကာလရွေ့လျောပြိး အဆင့်ဆင့် ကူးယူထားရှိခဲ့ရာ အစပ်အဟပ်၊ စာလုံးပေါင်းမှာ မူရင်းများနှင့် အနည်းငယ်ကွဲလွဲစရာလမ်းရှိနေပေသည်။ ဖော်ပြခဲ့သော ကောက်နှတ်ချက်များမှာ များသောအားဖြင့် ရခိုင်သာချင်းကြိး၊ သာချင်းလတ်၊ သာချင်းဘွဲ့ ငယ်တို့ ဖြစ်နေသဖြင့် ရခိုင်သံနှင့်ဖတ်ရွတ်သီဆိုကြည့်က အဓိပ္ပာယ်ပိုမို ပေါ်လွင်လာပေလိမ့်မည်။ မည်သို့ ပင်ဖြစ်စေကာမူ ဤရခိုင်စာပေဆောင်းပါးကလေးသည် ရခိုင်စာပေ ပေါ်ထွက်ရေး၌ အထောက်အပံ့ဖြစ်စေသတည်း။

ဤကဗျာသွားကို မြန်မာပညာရှိဦးကျော်ထွန်းက မြန်မာစာညွန့် ပေါင်းကျမ်း၊ ပထမတွဲ စာမျက်နှာ(၁၁)၌ သျှိုးလိုက်ရတုဟု အမည်တပ်ခဲ့၏

အဂ္ဂမဟာပဏ္ဌိတ ဆရာကြီးဦးလင်းကမူ ရကန်ဟု ပြောဖူးသည်။ တဖန် မန်လည်ဆရာတော်ဘုရားက ဤအသွားမျိုးကိုပင် ရတုဟုအမည်ပေးလျက် ရေးသားထားခဲ့လေသည်။

ရခိုင်ပြည်တဝန်းလုံးတွင် “သာချင်း” ဟုခေါ်ဝေါ်သီဆိုနေကြသည်။

ဓညစံ

ရခိုင်တန်ဆောင် အတွဲ(၁)၊ အမှတ်(၁)