Wednesday, March 23, 2011

မြောက်ဥိးမြို့ မှ သမိုင်းဝင် အဓိကနေရာများ

ဘုရားများလှ လေးဌာန
--------------------------
သျှစ်သောင်း ။အံတော်သိမ် ၊ ထုက္ကန့်သိမ် ၊ ကိုးသောင်း ။


သုံးဝမြတ်ပန်း
----------------
လောင်ပွန်းပြောက် ၊ ပန်းကုံးသိမ် ။ ပန်းဈီးမြောင်သျှင်ပင် ။

မူကားလေးမူ
--------------
မြင်တော်မူ ၊ ထင်တော်မူ ၊ မျှော်တော်မူ ၊ ပေါ်တော်မူ (ဘုရားပေါ်ဘုရားကြီး )။


ဂူကိုးလုံး
--------
ရွှေဂူကြီး ၊ သိမ်ကြီးရွှေဂူ ၊ ဗောဓိရွှေဂူ ၊ မင်္ဂလာဓာတ်ရွှေဂူ ၊မိဖုရားကြီးရွှေဂူ ၊ သကျရွှေဂူ ၊ ရတနာ့ရွှေဂူ ၊ ရွှေဂူစေတီ ၊ မင်းပေါင်းရွှေဂူ။


ရတနာခုနစ်ပါး
---------------
ရတနာပုံ ၊ ရတနာမာရ်အောင် ၊ ရတနာစံရွေး ၊ ရတနာမှန်ကင်း ၊ ရတနာဗိမာန် ၊ ရတနာသိမ် ၊ ရတနာရွှေဂူ ။


မာရ်ငါးပါး
------------
သကျမာင်္ရအောင် ၊ ရတနာမာရ်အောင် ၊ ဇိနမာရ်အောင် ၊ လောကမာရ်အောင် ၊ မင်္ဂလာမာရ်အောင်

မြို့တည်ငါးရပ်
--------------
လေးမျက်နှာ ၊ မုတ်ဆိတ်တော် ၊ မြတန်စောင်း ၊ ၀ီဇရံသီ ၊ မြို့တည်ဘုရား( ပုဏ္ဏားတောင်ခံတပ် )


မြောက်ဦးမြို့ခံတပ်ကြီးများ
------------------------------
အမြင့်တောင်ခံတပ် ၊ကြောင်လည်ဒုံခံတပ် ၊ ရဲလှခံတပ် ၊ ငွေတောင်ခံတပ် ၊ လေသာတောင်ခံတပ်၊ ဘားဘူတောင်ခံတပ် ၊၊ မြတောင်ခံတပ် ၊ အောင်မင်္ဂလာခံတပ် ၊ ပိန္နဲချောင်းခံတပ်

ကျီတော်များ
----------
ဝင်းမနားကျီတော် ၊ လေသာကျီတော် ၊ ပုဏ္ဏားမြောင်ကျီတော် ၊မျှော်တော်မူကျီတော် ၊ တစ်ဘက်ဆည်ကျီတော်ကြီး ၊ တစ်ဘက်ဆည်ကျီတော်ငယ် ၊ ရဲလှကျီတော်ကြီး ၊ ရွှံ့ပျော့ကျီတော်ကြီး ၊ ရီတံခါးကျီတော်ကြီး ၊ ရီတံခါးကျီတော်ငယ် ၊မောက်တော်ကျီတော် ၊ကြောင်လည်ဒုံကျီတော် ၊ ကြက်ပိတ်ကျီတော်ကြီး ၊ဘောင်းဒွတ်ကျီ ၊လေးမြို့စားကျီ ၊ ထမ္မရာဇ်ကျီ ၊ ကုလားကကျီ ၊ ဒိုင်းကျီ ၊ လောင်းကြက်ကျီ ၊ ရှင်ငယ်တက်ကျီ ၊ ပူဇာကျီ ၊ခေါင်းဖြူတော်ကျီ ၊ မီးသမကျီ ၊ မင်းသမီးမြောင်းကျီ ၊ ဘားဘူစာရကျီ ၊ ကြက်ဈီးသိမ်တော်ကျီ ၊ သစ်ချီတောင်မြောက်ဘက်ကုန်းကျီ ၊ လက်ကောက်ဈီးကျီ ။ပန်းကုံးသိမ်ကျီ ၊၀သဲကျီ ၊ ၀န်းတီးကျီ ၊ ကျီရာပြင်ကျီ ၊ မင်းဘားကျွန်းကျီ ၊ သရင်ပင်ကျီ ၊သရပ်ပင်ကျီ ၊ ဝေသာလီကျီ ၊ ပရိမ်ကျီ ၊ရွှေနတ်မြင်ကျီ ၊ မတိန်ကျီ


တံခါးများ
---------
ခြင်ကိုက်တံခါး ၊ မင်းသမီးတံခါး ၊ မှောက်တော်တံခါး ၊ မင်္ဂလာတံခါး ၊ ကွမ်းဈီးတံခါး ၊ ဆင်ဖြူတော်တံခါး ၊ ကြခတ်တံခါး ၊ ရွှေပေါက်ပင်တံခါး ၊ လက်ဆည်ကန်တံခါး ၊ စံကားတောင်တံခါး ၊ မောလိပ်တံခါး ၊ ကျက်ပိတ်တံခါး ၊ ၀င်းတော်အနောက်တံခါး


ကျုံးများ
---------
ရဲလှကျုံး ၊ ကျွဲတင်းတိမ်ကျုံး ၊အိုင်ဝန်းကန်ကျုံး ၊ ပုဆိုးဖွတ်ကျုံး ၊ ကြာခလောင်းကျုံး ၊ ကျားကိုက်သမကျုံး ၊ ပုဏ္ဏားမြောင်းကျုံး ၊အနူမကျုံး


ကန်များ
-------
အနူမကန် ၊ လက်ဆည်ကန် ၊ မောလိပ်ကန် ၊ ဒိုင်းကျီ်ကန် ၊ ဦးတော်ဆေးကန် ၊ သံသီကန်


တံတိုင်းများ
----------
နတ်ဒုံတံတိုင်း ၊ ကန်သုံးဆင့်တံတိုင်း ၊ မင်္ဂလာတံတိုင်း ၊ခြင်ကိုက်တံတိုင်း

Tuesday, March 22, 2011

ရခိုင်ဘုရားသံကျပ်ကြီး (အစ-အဆုံးပျောက်)


တောင်းဆုပန်ယူ ရှိသူဟောင်းရို့
သဒ္ဓါညွတ်ပျောင်း စေတနာ။

လူနတ်တကာ ကိုးကွယ်မှုကို
စေတီဓါတု တည်၍ပေ။

ကာလကြာရှည် ဟိချေလတ်က
အင်္ဂတေဇမ္ဘတ် မခိုင်ပါ။

အုပ်ချပ်များစွာ ယိုကာထွက်လို့
ပြိုကာကွဲအက် ဟိခါဝယ်။

ဆက်ဆက်ကြံစည် ကိုယ့်ပြည်ရပ်မှာ
ကိုယ်သာမချွတ် ပြုသင့်ပေ။

ဂါမကြီးကျယ် (နတွင်) ရပ်က
သဒ္ဓါထက်မြက် နိဗ္ဗာန်ဆော်။

(ဦးမြတိုး) ခေါ် လူပဏ္ဍိတ်မှာ
ဘရာနာပီတိ စေတနာ။

ညွတ်ပျောင်းသဒ္ဓါ ကြည်ရွှင်ပ၍
မဟာကုသလ ဇောစိတ်သန်။

ရွှီပြည်နိဗ္ဗာန် ကြံရွယ်ညောင်းလို့
သဒ္ဓါငွေမောင်း တီးခေတ်ဆော်။

ရပ် (သောင်းခေါင်မော်) ရွာဂါမတွင်
လှူဒါပုည ကုသလံ။

နိညမကျန် ကြံရည်ဆလို့
သဒ္ဓါရွှင်ပစေတနာ။

(ဦးလှထွန်းဘော်) တိုက်စာရေးနှင့်
ပေါင်းဖော်ဖက်တွဲ ပြုပြီးသကာ။

(ခေါင်းလောင်းတိုက်) ခေါ် မြေအ၀ှမ်းမှာ
(နရမ်း) ဂါမ ရပ်ဌာနေ။

ဓနရွှီငွေ အလွန်ပေါ
လယ်ယာကျွဲနွား စပါးဆန်။

ဂါယဗိမှာန် စံမညီးအောင်
ပြိုင်းသေတိုင်ကြီး မြိတ်မြိတ်ထောင်။

ဖြူပျိုင်ထောင် မှန်ပတင်းနှင့်
ခြွီရံသင်းပင်း ပြည့်စုံစွာ။

ကံဒါယကာ အမည်ရ
ထင်ပေါ်နာမ (ကျော်ထွန်းဖြူ)။

ပေါင်းဖော်အတူ ကျန်လူများနှင့်
တိုင်ပင်နှီးနှော ပြုပြီးသကာ။

ဓါတုဌာပနာ စေတီမြတ်ကို
အင်္ဂတေဇမ္ဘတ် သရွတ်မံ။

ရွှီဘိမ်းလိမ်းကျံ ရောင်လျှံညီး
ထက်ယံကြီးပန်း ဆင်ပြီးသော်။

ထိုမှတခါ သိမ်တော်ကြီးကို
မိုးယံနိဦး ဆောက်လတ်မည်။

တိုင်ပင်ကြံစည် ပြိုင်းသေများကို
ဝယ်ကာစုထား ပြီးသောအခါ။

ပျက်ပြားစေတနာ သဒ္ဓါဆုတ်လို့
ခွေခွာပယ်ဖြုတ် ထွက်လားရေ။

ခေါင်းလောင်းတိုက်နယ် ကျန်လူများရို့
ညီညာကြိုးစား ပြုစီမံ။

ပြဿဒ်ဘုံပျံ သိမ်တန်ဆောင်းကို
ကြံစည်စုပေါင်း ဆောက်သောခါ။

(စပါးထား) ခေါ် ရွာဂါမတွင်
ခေါ်တွင်နာမ (ဦးပေါက်ဆိန်)။

ဥစ္စာစည်းစိမ် ဂုဏ်သတင်းနှင့်
နိုင်ငံအတွင်း လွန်ကျော်ညာ။

ကျောင်းဒါယကာ ရွာသူကြီးမှာ
ခေမာခရီး ပြည်နိဗ္ဗူ၊

တောင်းဆုပန်ယူ ကြံရည်ဆလို့
ဥစ္စာဓန သဟဆောင်။

သပြာများမြောင် တထောင်ကျပ်ကို
သိမ်တော်ပြဿဒ် ဆောက်လုပ်ရန်။

လှူဒါန်းကောက်ခံ သံဖြူမိုးလို့
ပန်းစုံရုပ်မျိုး စီချယ်ကာ။

ဆောက်လုပ်ပြီးသော် ခြီတော်ရင်းမှာ
သမဏ္ဍလင်း ခင်း၍ပေ။

ဇောင်းတန်းတသွယ် အုပ်လှေကနှင့်
အံဖွယ်ဆန်းပြား တံတိုင်းရံ။

နီရပ်သာလယံ ရီကန်များနှင့်
ထူထောင်ကြိုးစား ပြီးအောင်မြင်။

ပွဲလမ်းသဘင် ခြီတော်ရင်းမှာ
စီမံခင်းကျင်း ပြုပြီးသကာ။

ကောင်းချိမ်းမင်္ဂလာ သြဘာပြု
နတ်လူသာထု သောင်းသောင်းခေါ်။

ဆယ်ချောင်းဟတ္ထာ ပန်ထွာမိုးရှိခိုးလို့ပါ။ ။

ရက္ခပူရီ ရွှီခိုင်တိုင်းမှာ
သမိုင်းမော်ကွန်း ထွန်းလင်းဖြာ၊
ခြောက်သွယ်ရောင်ဝါ -----။

(အပိုဒ်ပျောက်)

ရယ်ရွှင်ပျော်ပါး ဆိုစရာ၊

စီးကုံးပီးပါ တောင်းပန်ပြု
လို့ဆင်ခြီဝတ္ထု အဓိပ္ပါယ်။

ဤပွဲတော်လယ် ရောက်လာကြ
ယောက်ျားမိမ္မ အပေါင်းလူ။

သောတနှစ်ဆူ နာသာမှုကို
ကျွန်တော်ယခု ဆိုပြမည်။

ရှိကတီတေ လွန်လီရှိက
စိန္ဒေဗုဒ္ဓ လက်ထက်တော်။

အ၀န်းကိုးရာ မဏ္ဍလတွင်
တိုင်းကြီးနဂရ ၀ပြောစည်။

ကုသဒိန္ဒမေ ပြည်ဌာနမှာ
နိဇုမင်းဂါမ နီပျော်ရာ။

ဝင်္ဂမေခေါ် ဇနပုဒ်မှာ
အသက်မွီးမှု ကြမ်းကြုတ်စွာ။

စန္ဒမီခေါ် အမည်ရ
မျိုးလုတ္တက မုတ်ဆိုးကျော်။

ဇနီးကြင်ရာ မေဇာကနှင့်
ချစ်စဖွယ်တူကွ အိမ်ထောင်တည်။

ကာလမြင့်ရှည် ဟိချေလတ်က
အိမ်သူဇာက ဘရိယံမှာ။

ဂမ္ဘာကိုယ်ဝန် သန္ဓေရလို့
နိရက်ဆယ်လ စိသောအခါ။

သမီးသဲချာ စီတရကို
လူရို့ဘာဝ ဖွားသန့်စင်။

အထက်ကောင်းခင် တိမ်စင်လသို့
ရုပ်ရည်ရူပ လက္ခဏာ။

ငါးပါးအင်္ဂါ ပြည့်စုံလှ
ဒေ၀စ္ဆရ ပုံအနှယ်။

နတ်၏မျိုးနွယ် ပမာလားသို့
မိဘနှစ်ပါး လွန်ချစ်ခင်။

ပုခက်ဧယင် တင်လီကြ
အမည်နာမ မိဆာဝါ။

မိဘနှစ်ဖော် ဘွဲ့တော်ပီးလို့
ကောင်းစွာလုပ်ကျွေး မွီးမြူကာ။

(အပိုဒ်ပျောက်)

ဥဒေါင်းမောရ ဖြစ်ခယ့်ပေ။

သက်တော်သျှစ်ဆယ် ပြည့်ပြန်လတ်က
အသင်္ခတ မြို့သိဝှန်။

ရွှီပြည်မြို့တော် စံလွန်ပြုသော်
လိုင်ရိုးဓါတု တည်လိမ္မည်။

သုံးလုစိန္ဒေ ရွှီဂမုတ်ဖြင့်
အာလုတ်မြွက်ဟ မိန့်ခယ့်မှာ။

သမိုင်းအလာ ဟုတ်မှန်တိုင်းကို
မကျယ်မကျဉ်း ထုံးပုံသွယ်။

ဝတ္ထုဓိပ္ပါယ် နီဒေသနှင့်
ညွှန်းကာဖော်ပြ စာလင်္ကာ။

ရတုကဗျာ စီကာကုံး
ဆင်ခြီနိဂုံး ချုပ်ပြီးသကာ။

နှစ်ပေါင်းမြင့်ကြာ ရှိသူဟောင်းရို့
မွိလျှော်စံညောင်း ဤဓါတ်တော်။

ကွန့်မြူးရောင်ဝါ ဖူးမျှော်တွိ၍
မနောပျော်မွိ ပီတိဝင်။

ဂွမ်းဆီထိသွင် ပဏာမသို့
သဒ္ဓါရွှင်ပ စေတနာ။

စုပေါင်းညီညာ အုပ်ဂူကျောင်းရို့
ကြံစည်ဆုတောင်း ပြုပြီးသကာ။

ဓါတုဌာပနာ စေတီမြတ်ကို
သဒ္ဓါရိုညွတ် ဆည်းကပ်ပေ။

နိဗ္ဗာန်ရွှီပြည် ကြံရည်ညောင်းလို့
ဆုတောင်းကတ်လီ။ ။

နှပျိုးသီးကျာကျာ

နှပျိုးသီးကျာ ကျာ မှည့်လားယာ ၊ကြာဇံ လင်သျှာ ဆိုလားယာ ၊
ဆီးနန့် ကွမ်းယာ ၊အယင် ယူခ၊ စံလှဘွယ် ၊တောင်ဘက်က၊
တောင်ဘက်က အိမ်ရှင် ၊ မင်းကျိုးပင် ၊ပင်လီပင်သွတ် ၊
ရခိုင်ပြည်မှာ ၊လီသွတ်သွတ်နန့်၊ လက်စွပ်တစ်ခြွီ ၊ ပျော်ကခရေ ၊
ရှာရေမရ ၊ အသားညို ညို ၊လူပျိုလက်မှာ၊ ဘယ်ဘက်က၊
သမီးရအောင် ၊သားရအောင် ၊မဆောင်လီဂေ့၊ အချိန်တန် သင်္ကြန်လမှာ ၊
ငါ့လက်စွပ် ၊စင်စင်ဆီး ၊ပီးခလိုက်လေ.......ပီးခလိုက် .။


နှပျိုးသီးချေတစ်လုံး မီးမှာအုံး၊ တစ်လုံးစားလီ ၊ကျော်ဇောရီ ၊
မြစ်ကိုကူး ငါးထောင်စီ ၊၀ါဖရဲသီးယူခ အုန်းတောက၊
အုန်းကယေယူ ပန်းဝါဖြူ ၊ဖြူပေါက်က ၊ မှိုင်းယေသမီး အလှပ ၊
ပေါက်တူးပေါက်ရာ ၊ လယ်ထွန်ရာ ။ဇင်းခံထောက်တေ၊ရီထောက်တေနန့်၊
ဖြားလည်းဗုန်းဗုန်း ပြန်လားယာ၊ င,တောင်သူ အိမ်ပါး ယာပါး တက်လတ်တေ၊
င, သတိုက် က တရားဆို ၊ ဖဲသာငါးမူးလျှော်လတ် တေလေး.........လျှော်လိုက်တေ..........
နှပျိုးသီးချေတစ်လုံး မီးမှာအုံး၊ တစ်လုံးစားလီ ကျော်ဇောရီ ၊ မြစ်ကိုကူး ငါးထောင်စီ ၊ အိမ်ထက် ကိုတက် ၊ ဗိုင်းဝှင့်ခ၊ အောက်ကိုဆင်းကေ ၊ ရီကမ်းခ၊ ရီကတောင်းက ရီယိုရေ ၊ ဘေးဘေ ရောက်ကေ ၊ပြောပလိုက်ဝေ၊ စံလှဘွေ ၊မင်းစပါးကိုကျွှဲစားရေ ၊ ကျွဲသမား လောင်းဒုံ ၊ ပြန်လတ်တုံ ၊
ဒုံဒုံလက်က ငါ့လက်ပြောက်၊ ပြောက်ပြောက်ခုံရေ နာပါရေ၊ နာရေမိန့်မ ရခိုင်ပြည်မှာ ခေါင်တောက်မ၊ ခေါင်တောက်မ၊ တိုက်ထလီ၊ ငကျီး ငကျော် ငညို
တက်ပြိုက် ၊ရီိပိုက်မကောင်း၊ သုံးချိန်းထောင်း၊ ကြောင်ဒေါင်းမလင် ၊ မခံချင်၊ ပဲပင်ထက်က လူးလို့ကျ ၊ မိုးကြိုးစိန် လီဆံထုံး ၊
ပန်းကုံး လက်ဖွဲ့  ထိုးလတ်တေ လေ .......ထိုးလတ်တေ...........

“ကျောက်ရိုးမဟာရာဇ၀င် ”

၁။ သက္ကရာဇ်သင်္ချာ ထောင့်သုံးရာနှင့် စွန်းရာသုံးဆယ် ကျော်သည့်ခါဝယ် ပြည်ရွာဆူပူ ဖြစ်လိမ့်မည်။
၂။ တိုင်းသူပြည်သား ယောင်္ကျား၊မိန်းမ ဟူသမျှမှာ ရန်စမအေး စစ်ကြားစစ်ဒဏ် တမ်ဒါးပြ သူပုန်ထ၍ ရာဖလုပ်သူ ဇမ္ဗူမရှိ ဖြစ်လိမ့်မည်။
၃။ မင်းကောင်းစိုးကောင်း လုပ်သူများလည်း ပေါ်လိမ့်မည်။
၎။ ထိုသောအခါ သာသနာထမ်း ရဟန်းအယောင် များလိမ့်မည်။
၅။ သူမင်း၊ငါမင်း အချင်းချင်းလည်း စစ်ခင်းထိုခါ များလိမ့်မည်။
၆။ မင်းကားအလွတ် ပြည်ဥပါဒ်လည်း ဖြစ်လိမ့်မည်။
၇။ ရဟန်းယောင်ယောင် ကျောင်းတစ်ဆောင်နှင့် များလိမ့်မည်။
၈။ ရဟန်းစိတ်တို မနာလို၍ ရွာကိုနှစ်ခြမ်း ခွဲလိမ့်မည်။
၉။ ရွာတစ်ရွာမှ ကြင်နာမသနား ဒေါသပွား၍ အဘတခြား သားတခြားလည်း ဖြစ်လိမ့်မည်။
၁၀။ ပို့ဆွမ်းမနိုင် ကိုယ်တိုင်ချက်စား ရဟန်းများလည်း သပိတ်ကိုမသုံး အိုးကိုသုံး၍ ခေါင်းတုံးထိုခါ များလိမ့်မည်။
၁၁။ သာသနာထမ်း ရဟန်းဖြူစင် သီလရှင်လည်း စိတ်လျှင်ထိုခါ ညစ်လိမ့်မည်။
၁၂။ ထိုသည်အခါ ယောင်္ကျားများမှာ ရှေးကအသုံး ယောင်ထုံးလည်းပျောက် ဆံတောက်နှင့်သာ များလိမ့်မည်။
၁၃။ အင်္ကျီလက်တို လူပျို၊လူကြီး များလိမ့်မည်။
၁၄။ လုံချည်တောင်ရှည် မသွယ်ထိုခါ ပျောက်လိမ့်မည်။
၁၅။ မင်္ကျီမဟုတ် ကုလားခြုပ်ကို အဟုတ်ထိုခါ ၀တ်လိမ့်မည်။
၁၆။ ပန်းတူမဟုတ် ၀ါးခေါင်းဘုတ်ကို အဟုတ်ထိုခါ ၀တ်လိမ့်မည်။
၁၇။ ရွှေလည်းမဟုတ် ကြေးကိုလုပ်၍ အဟုတ်ထိုခါ ၀တ်လိမ့်မည်။
၁၈။ ၀ိပသနာ အရွာရွာမှာ သူမှန်၊ငါမှန် ငြင်းဆန်ရန်စ များလိမ့်မည်။
၁၉။ ထမီပါးပါး အင်္ကျီပါးကို အများမိန်းမ ၀တ်လိမ့်မည်။
၂၀။ ရှက်ကြောက်ကင်းကွာ ထိုအခါလည်း အမှန်မုချ များလိမ့်မည်။
၂၁။ အိနြေ္ဒမထား မိန်းမများကို မြှောက်စားရုံးတော် တင်လိမ့်မည်။
၂၂။ သူ့လင်၊ငါ့လင် လိုချင်လောဘ လင်လုမလည်း မုချထိုခါ များလိမ့်မည်။
၂၃။ ကျောင်းကန်ဇရပ် ခွဲဖျက်သောသူ များလိမ့်မည်။
၂၄။ သတိမထား ကျင့်ဖောက်ပြား၍ တရားမရှိ လူဒိဌိလည်း အသေအပျောက် များလိမ့်မည်။
၂၅။ တောင်ကြီး၊ကမ်းကြီး အပြီးထိုခါ ပျက်လိမ့်မည်။
၂၆။ သီလဖြူစင် ရဟန်းရှင်တို့ ထိုခါစိတ်ကြီး ညစ်လိမ့်မည်။
၂၇။ ဗုဒ္ဓဘာသာ အရောင်ဝါလည်း ညိုလိမ့်မည်။
၂၈။ ကျောင်းကန်ဇရပ် အမြတ်မြတ်ကို မုဆိုးဖျက်၍ မုချထိုခါ ပြိုလိမ့်မည်။
၂၉။ ထိုသည်အခါ ပြည်ရွာဆူလျှက် ငတ်မွတ်ဘေးကြီး ဆိုက်လိမ့်မည်။
၃၀။ မိုးလည်းမမှန် ကပ်သုံးတန်နှင့် တွေ့လိမ့်မည်။
၃၁။ အရက်သေစာ ရပ်ရွာကြီးငယ် သောက်လိမ့်မည်။
၃၂။ ကြီးသူစကား ငယ်သူနားမှာ အမှားထိုခါ ကြားလိမ့်မည်။
၃၃။ ဘောကပိတ်ဖုံး ပြည်လုံးဒိဌိ ဖြစ်လိမ့်မည်။
၃၄။ အမိမမြင် သားမမြင် ထိုခါတရား တွေ့လိမ့်မည်။
၃၅။ သားမိ၊သားဖ သမီးစသည် အစ်မ၊အစ်ကို ထိုခါမရွေး တရားစွဲ၍ ဖြစ်လိမ့်မည်။
၃၆။ ထိုသည်အခါ မိစ္ဆာအယူ ကြီးသူငယ်သား အယူမှား၍ တရားပျောက်ကွယ် သွားလိမ့်မည်။
၃၇။ ကျင့်ဝတ်မမှန် ကျင့်ဖောက်ပြန်၍ ခိုက်ရန်များကြီး ပျက်စီးထိုခါ များလိမ့်မည်။
၃၈။ ကြီးသူငယ်သား အယူမှား၍ တရားယွင်းချက် မိန်းမပျက်တို့ အ၀တ်မလုံ ဖြစ်လိမ့်မည်။
၃၉။ ပျိုပျိုအိုအို မောင့်ကိုအိမ်ထောင် ပြုလိမ့်မည်။
၄၀။ ပျိုအိုမရွေး လင်ရပွဲလည်း များလိမ့်မည်။
၄၁။ တစ်ရာ့တစ်ပါး လူမျိုးများလည်း ခြားနားမရှိ ဖြစ်လိမ့်မည်။
၄၂။ အသရေကင်း လူ့အကျင့်လည်း မချွတ်ထိုခါ ပျက်လိမ့်မည်။
၄၃။ ကျောင်းထိုင်ရဟန်း အကျင့်ဆန်း၍ ရဟန်းမယား ရလိမ့်မည်။
၄၄။ အသရေအရှက် လူ့အကျင့်လည်း မချွတ်ထိုခါ ပျောက်လိမ့်မည်။
၄၅။ ကျောင်းအိမ်မရွေး ထိုခေတ်ထဲမှာ ဖြစ်လိမ့်မည်။
၄၆။ မြို့ရွာ၊ပြည်ရွာ အပူဒုက္ခ များလိမ့်မည်။
၄၇။ ငတ်ကိန်း၊မွတ်ကိန်း အပြီးထိုခါ ဆိုက်လိမ့်မည်။
၄၈။ တရားမသိ လူ့ဒိဌိလည်း မောဟမုချ များလိမ့်မည်။
၄၉။ (၉၆)ဖြာ ဝေဒနာလည်း အဆန်းထိုခါ များလိမ့်မည်။
၅၀။ ဘုရားကျောင်းကန် ထိုခါအမှန် မုချပျက်ကိန်း ဆိုက်လိမ့်မည်။
၅၁။ ရတနာသုံးပါး မှန်တရားကို အမှားလူတို့ ထင်လိမ့်မည်။
၅၂။ ကြီးသူအ၀တ် ငယ်သူဝတ် အ၀တ်ထိုခါ မှားလိမ့်မည်။
၅၃။ ရွှေ၊ငွေတိမ်ပျောက် ရှေ့၊နောက်သိမြင် ရဟန်၊ရှင်လူ ခပ်သိမ်းသူမှာ စိတ်ပူသောက များလိမ့်မည်။
၅၄။ မင်းစိုးရာဇာ ပြည်မြန်မာမှာ ထိုခါမရှိ ဖြစ်လိမ့်မည်။
၅၅။ တောတွင်းသူပုန် မြို့သူပုန် အကုန်ထိုခါ တိုက်လိမ့်မည်။
၅၆။ သာသနာထမ်း ရဟန်းမြတ်တို့ အနွမ်းထိုခါ ဖြစ်လိမ့်မည်။
၅၇။ ဦးစီးရဟန်း အပြီးထိုခါ မြို့ပြည်ရွာမှာ မဟာတပ်ကြီး ဖွဲ့လိမ့်မည်။
၅၈။ သာသနာတ၀က် ရောက်သောအခါ စစ်ကြီးအမှန် ဖြစ်လိမ့်မည်။
၅၉။ ပါပလူမျိုး အကျင့်ဆိုးတို့ အရိုးတောင်လို ပုံလိမ့်မည်။
၆၀။ မုနိနှစ်ပါး ချွေးကားပြိုင်ပြိုင် ထွက်လိမ့်မည်။
၆၁။ မြေကြီးငလျှင် လှုပ်လိမ့်မည်။
၆၂။ မိုးပြင်း၊လေပြင်း တိုက်လိမ့်မည်။
၆၃။ ပြည်တွင်း၊ပြည်ပ ပျက်လိမ့်မည်။
၆၄။ ရမ်းဗြဲ၊မာန်အောင် နှစ်အိမ်ထောင်နှင့် နှစ်ကောင်းကျွဲထီး ကျန်လိမ့်မည်။
၆၅။ ကျောက်တော်တောင်ကြီး အပြီးထိုခါ မြှပ်လိမ့်မည်။
၆၆။ ရမ်းဗြဲ၊မာန်အောင် သတိဆောင် ဥာဏ်ရောင်လင်းမှ လွတ်လိမ့်မည်။
၆၇။ မယူမြစ်ဝ လှိုင်းကြီးထ၍ ရှိသမျှလူတို့ ပြုန်းလိမ့်မည်။
၆၈။ ဂစ္ဆပနဒီ သရီ၊ရမ်းချောင်း အပေါင်းလူတို့ ပျက်လိမ့်မည်။
၆၉။ လေးမြို့၊ရာမောင် မြတ်ရွှေတောင်၌ လူကောင်းကြမ်းဆိုး တင်လိမ့်မည်။
၇၀။ သက္ကရာဇ်သင်္ချာ ထောင့်သုံးရာနှင့် စွန်းရာသုံးဆယ် ရှစ်ခုဝယ်၌ ထိုသည်အခါ ရှေ့ပုပ္ပါးက မသမာတရုတ် ဖျက်လိမ့်မည်။
၇၁။ ကုလား၊တရုတ် ဘေးရန်ကြောင့် မြန်မာ၊ရခိုင် စစ်ပြိုင်ထိုခါ ဖြစ်လိမ့်မည်။
၇၂။ မြန်မာပြည်ကြီး အပြီးထိုခါ ပျက်လိမ့်မည်။
၇၃။ အောက်သမတစ်စုံ ဆန်တစ်ဒုံနှင့် လိုသမျှကို မုချထိုခါ ရလိမ့်မည်။
၇၄။ ရွှေတိဂုံဘုရား မြတ်ရှင်အားကို ကုလား၊တရုတ် ဖျက်လိမ့်မည်။
၇၅။ မြန်မာအများ လက်နက်စွဲကိုင် မခံနိုင်၍ စစ်ပြိုင်ထိုးခုတ် အဟုတ်ထိုခါ ရွှေဗမာတို့ သွေးချောင်းထိုခါ စီးလိမ့်မည်။
၇၆။ တရုတ်ကပြုံး ဗမာရှုံး စုန်းစုန်းထိုခါ မြုပ်လိမ့်မည်။
၇၇။ သုံးနှစ်တိုင်တိုင် အနိုင်ယူခါ ပြည်မြန်မာကို မသမာတရုတ် စိုးလိမ့်မည်။
၇၈။ ထိုသည်အခါ ပြည်ဓညမှာ မဟာမုနိ စေတီးကြိးကို ခွေးဝက်အမျိုး ကုလားမျိုးတို့ လုယူထိုခါ တိုက်လိမ့်မည်။
၇၉။ မျိုးမြတ်ရခိုင် ဓညပြည်သား ယောင်္ကျား၊မိန်းမ ဒုတ်၊ဒါးလက်နက် ရသည်လက်နက် ဆွဲလျက်ကိုင်ပြီး စစ်ကြီးထိုခါ ဖြစ်လိမ့်မည်။
၈၀။ ထိုသည်အခါ ရေမှာနေငြား ကျောက်ငနွားလည်း ကျော၍ပေါ်လာ စစ်ပွဲမှာလည်း မှန်စွာမုချ ကူလိမ့်မည်။
၈၁။ ဇီးဇာတလျှောက် သွေးရေပေါက် ဒူးလောက်ထိုခါ မြုပ်လိမ့်မည်။
၈၂။ ထိုသောအခါ မင်းစကြှာနင့် ၀ိဇ္ဖာအပေါင်း ကူညီလောင်း၍ ရှိသမျှရန်စ ပြည်ဓညမှာ မုချထိုခါ ရှင်းလိမ့်မည်။
၈၃။ အနောက်ကုလား မစ္စည်းများကို သင်္ဘောယဉ်မြန် အမှန်ခုနှစ်စင်း အပြီးတင်ခါ ပြေးလိမ့်မည်။
၈၄။ ရခိုင်ပြည်သား လူအများလည်း တရားထိုခါ ဆောင်လိမ့်မည်။
၈၅။ ထိုသည်အခါ မုနိရှင်တော် ဘုရားလည်းပေါ် ညီတော်ရှင်ကျော် ပုံတော်တူမှာ ပြည်မြန်မာက ရောက်လာကြီး မြင့်မောက်နေငြား ကျိန်းတောင်ဖျား၌ ရုပ်ပွါးကိုယ်တော် သုံးဝါထိုခါ ဆိုလိမ့်မည်။
၈၆။ ထိုသည်အခါ ရွှေကျန်ဘုရား ကြွငြားအမှန် ရောက်လိမ့်မည်။
၈၇။ ထိုသည်အခါ သမိုင်းအရ ပြည်ဓည၌ ရှေ့ကထင်ရှား သွန်းလုပ်ထားသည့် ဘုရားမဟာဂျီ တစ်လီမကျန် အမှန်ထိုခါ ရောက်လိမ့်မည်။
၈၈။ ရာဇာမင်းတရား သွန်းလုပ်ထားသည့် ဘုရားမြတ်စွာ ကြွရောက်လာအံ့။
၈၉။ ထိုသောအခါ မင်းစောလှ၏ တည်ထားဘုရား ဒုက္ကန်သိမ်သို့ ကြွရောက်လာအံ့။
၉၀။ မျိုးသန့်ရခိုင် ဓညပြည်သည် အမြဲဓာတ်တော် ပေါ်လိမ့်မည်။
၉၁။ ခုခါမတရား ကျင့်နေငြား တရားချွတ်ယွင်း ပျက်သူများလည်း အပူဒုက္ခ ရောက်လိမ့်မည်။
၉၂။ တပါးထို့တူ အလောင်းဟူသည် မင်းမူတည်ထား ဘုရားကိုးသောင်း လှိုင်းခေါင်းကိုယ်တော် ကြွရောက်လာအံ့။
၉၃။ ဓညပြည်ကြီး လွတ်ခါနီး သံကြီးသုံးခါ မြည်လိမ့်မည်။
၉၄။ ထိုသံကြားရ ကြောက်ကိန်းလှ မုချထိုခါ တွေ့လိမ့်မည်။
၉၅။ တရားမသိ မရှိသံဃာ ထိုပြည်ရွာမှာ အမှန်မုချ ပျောက်လိမ့်မည်။
၉၆။ မူဆလင်ကုလား လူမျိုးများလည်း အများထိုခါ ပြုန်းလိမ့်မည်။
၉၇။ ဖလောင်းလူမျိုး အကျင့်ဆိုးတို့ တန်ခိုးမရှိ ဖြစ်လိမ့်မည်။
၉၈။ ထိုသည်အခါ ပြည်ဓည ဝေသာလီမှာ မဟာမြို့ကြီး တည်လိမ့်မည်။
၉၉။ မြောက်ဦးနန်းရာ မဟာသိမ်ကြီး ဆောက်လိမ့်မည်။