Monday, October 11, 2010

ဒိုင်နာစပူခရီးသည်

အချိန်ကာလအားဖြင့် လည်း အနှစ်ငါးဆယ်ကျော်လေပြီ။ အသက်ကလည်း ခုနှစ်ဆယ်ကျော်လာတော့ မှတ်မိသမျှ ဦးနှောက်ထဲပေါ်လာ သမျှကို ရေးသားလိုက်ရတာပဲ။

အလွန်တရာ အေးချမ်းသာယာလှတဲ့ နယ်စပ်မြို့ကလေး မောင်တော။ အရှေ့ဘက်ကစပြီး ရှိတ္တရွာ၊ အလယ်ရွာ၊ ဒက်ရွာနဲ့ အနောက်ဘက်အဆုံး အောက်ရွာလို့ခေါ်တဲ့ ရွာကြီးလေးရွာ ပေါင်းစပ်ထားတဲ့ မြို့ကလေး။ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများသာနေထိုင်ပြီး အိမ်ခြေတစ်ထောင်ကျော်။ လူဦးရေ လေးထောင်ကျော်ရှိတယ်။ မြို့အပြင်မှာတော့ လူမျိုးခြား ကုလားရွာတွေက ဝိုင်းထားတယ်။ မြို့ရဲ့ အနောက်ဘက်မှာ နတ်မြစ်ရှိတယ်။ လေးမိုင်ကျယ်ပါတယ်။ မြစ်တစ်ဘက် (ယခု ဘင်္ဂလားဒေ့ရှ်) မှာတော့ ကယုချောင်း(ခေါ်) (Teknaf) ရခိုင်ဗုဒ္ဓဘာသာ ရွာကြီး တစ်ရွာရှိပါတယ်။

မောင်တောမြို့၊ မြန်မာစာနဲ့ လက်မှုပညာသင် အထက်တန်းကျောင်းက ခုနှစ်တန်း ကျောင်းသားလေး ကျော်ဇောဝေ တစ်ယေက် ကျောင်းပိတ်ပစ်လိုက်လို့ အထူးအံ့အားသင့်နေတယ်။ အိမ်နီးပါးချင်း ဆရာမ ဒေါ်ဖွားဦးကို မေးကြည့်တယ်။ အင်္ဂလိပ်အစိုးရ ရန်ကုန်က ထွက်ပြေးသွားပြီ၊ ဂျပန်စစ်တပ်ဝင်လာပြီလို့ ပြောတယ်။ ညနေရုံးက ပြန်လာတဲ့ ဖခင်ကြီး ကိုမေးတော့၊ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရ မရှိတော့ဘူး၊ တိုင်းပြည်ပျက်ပြီ။ ငါရို့လည်း ဘယ်ပြေးရမလဲ မသိဘူးလို့ ပြောတယ်။ အသက် ၁၃ နှစ်သာရှိသေးတဲ့ ကျော်ဇောဝေတစ်ယောက် ကြောက်ကြီးသံဖက် ကျနေလေတော့တယ်။ အင်္ဂလိပ် စစ်တပ်ပျက်လို့ ထွက်ပြေးလာတဲ့ ရာဇပုတ် ကုလားစစ်သားတွေ ဈေးနားမှာရောက်နေတယ် ကြားလို့ ပြေးသွားကြည့်တယ်။ ရာဇပုတ်စစ်သားဆိုတာ ကာကီခေါင်းပေါင်းကြီး ပေါင်းပြီး ကာကီ ယူနီဖောင်းနဲ့ ရိုင်ဖယ်သေနတ် လွယ်လို့မြင်ရတယ်။ မောင်တောမှာ မကြာခဏ မြင်ရတဲ့ ကရင်စစ်ပုလိပ်တွေက ဦးထုပ်ဆောင်းတယ်။ ရာဇာပုတ်တွေက ခေါင်းပေါင်း ပေါင်းတယ်။ ဒါပဲကွာတာပါ။ ယင်းအချိန်ကစပြီး ကျော်ဇောဝေ စိတ်ထဲမှာ စစ်သား လုပ်ချင်စိတ် ပေါက်နေတော့တယ်။

သတင်းတွေကလည်း အမျိုးမျိုးကြားနေရတယ်။ နောက်တစ်နေ့ မောင်တောအနီးက ရခိုင်ရွာကလူတွေ မောင်တောကို ပြေးလာကြတယ်။ မောင်တောက ၁၂ မိုင်ဝေးတဲ့ အိမ်ခြေ တစ်ရာကျော်၊ လူဦးရေ သုံးရာကျော်ရှိတဲ့ အလယ်သံကျော်ရွာကြီး ပျက်စီးသွားပြီ။ အလယ်သံကျော်ရွာမှာ တာဝန်ကျနေတဲ့ ရဲအုပ်နှစ်ယောက်၊ ရဲသား ၁၈ ယောက်၊ အင်အား၂၀ ရှိတဲ့ ရဲကင်းကို လူမျိုးခြား ကုလားတွေက ထမင်းကျွေးပြီး သတ်ပစ်လိုက်တယ်။ ရွာသားအနည်းငယ်သာ လွတ်လာတယ်။ မောင်တောမြို့ထဲကို လူမျိုးခြားကုလားတွေ လုံးဝမလာတော့ဘူး၊ မြို့အပြင်ကိုလည်း ရခိုင်တွေ မသွားရဲတော့ဘူး။ မောင်တော-ဘူးသီးတောင် ကားလမ်းလည်း အဆက်ပြတ်သွားပြီ။

ရွှီ-ရွှီ-ရွှီ ဝီစီမှုတ်သံဆက်တိုက် ကြားနေရတယ်။ မောင်တောတစ်မြို့လုံး ယောက်ျားကြီး၊ ငယ်မှန်သမျှ ရရာလက်နက်ကိုင်ပြီး ရောက်လာကြတယ်။ မောင်တောချောင်းထဲမှာ ဆိုက်ထားတဲ့ ဝါးဖောင် ဝါးအားလုံး၊ ဝါးချွန်ဖြစ်သွားတယ်။ ကျော်ဇောဝေမှာလည်း သူအရပ်ထက် ရှည်တဲ့ ဝါးချွန်ကို ကိုင်ပြီး ဝီစီမှုတ်ရာကို ရောက်လာတယ်။ အဝေးကို ကြည့်လိုက်တော့ လူမျိုးခြား ကုလားတွေ မောင်းတီးပြီး လူစုနေကြတယ်။ ရခိုင်ပုလိပ်၊ ကရင်စစ်ပုလိပ်တွေကလည်း ရခိုင်ဘက်မှ ပါလာကြတယ်။ အရေးကြုံက အားကိုးရတဲ့ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေ ရှေ့ ကနေပြီး စောင့်ရှောက်ပေးကြတယ်။ ဆရာတော်ကြီး တစ်ပါး မန်းမှုတ်ပေးတဲ့ ထုံးမန်းကို ထိပ်မှာ(က) ရင်ညွန့်မှာ(သ) ချက်မှာ(ဝ)ဝိုင်းပြီး ဆရာတော်ကြီးနောက်က ရပ်နေကြတယ်။ ထုံးမန်းကွင်းထားသူကို ကျည်ဆံမထိ၊ မပေါက်နိုင်လို့ ပြောတယ်။ ထုံးမန်းကွင်းထားလို့ ကျော်ဇောဝေတစ်ယောက် ကြောက်ရမှန်း မသိတော့ဘူး။ မောင်တော မြို့ပိုင်ကြီး မစ္စတာ မင့်သ်၊ လူမျိုးခြား ကုလားတွေဘက် သွားလိုက်၊ တောင်းပန်လိုက်၊ ရခိုင်တွေဘက် လာလိုက် တောင်းပန်လိုက်၊ အင်္ဂလိပ် ကပြားမြို့ပိုင်ကြီးတောင်းပန်လို့ လူမျိုးခြား ကုလားတွေ မလာတာနဲ့ တိုက်ပွဲ မဖြစ်တော့ဘူး။ ညမိုးချုပ်မှ အိမ်ရောက်သွားတယ်။ ဗိုက်ဆာဆာနဲ့ မိခင်ကြီးချက်ထားတဲ့ ညနေစာ ပုဇွန်ပြားခြောက်ဟင်းနဲ့ စားလို့ကောင်းလိုက်တာ၊ ခုထိသတိရနေ တုန်းပဲ။

နောက်တစ်နေ့ စောစော သတင်းထွက်လာတယ်။ စက်ရှင်မင်းကြီး ဦးအောင်သာကျော် အင်္ဂလိပ်စစ်ဗိုလ် တစ်ယောက်နဲ့ နီပေါစစ်သား ၅၀ ကျော်ရောက်နေတယ်။ ဘူးသီးတောင်ကို သွားမယ်။ ဘုရားကြီးကွင်းပြင်မှာ စုကြပါ။ ကျော်ဇေဝေတို့ မိသားစု၊ ဖခင်ကြီး၊ မိခင်ကြီး၊ မမကြီးနဲ့ ညီငယ် ပေါင်း ၅ ဦး၊ မိမိတို့ကိုယ်စီ နိုင်သမျှပစ္စည်းတွေ ထမ်းပြီး ဘုရားကြီးကွင်းပြင်ကို ရောက်လာပါတယ်။ အား များလိုက်တဲ့ လူအုပ်ကြီး၊ ဘယ်အချိန်ကပင် ရောက်နေလဲမသိဘူး။ ဘုရားကြီးကွင်းပြင်တစ်ခုလုံး ပြည့်ကြပ်နေတယ်။ လမ်းမလျှောက်နိုင်လို့ တွဲခေါ်လာသူ။ တွဲခေါ်မည့်သူ မရှိလို့ ငိုနေသူ၊ နေမကောင်းဖြစ်နေသူ၊ ကြွက်ကြွက်ဆူညံနေတယ်။ တယောက်ကို တယောက် မကူညီနိုင်။ တိုင်းပြည်ပျက်တယ် ဆိုတာဒါပေါ့။ ကြောက်ဖို့ကောင်းလိုက်တာ။

စက်ရှင်မင်းကြီး ဦးအောင်သာကျော် အင်္ဂလိပ်စစ်ဗိုလ်နဲ့ နီပေါစစ်သားတွေ ရောက်လာတယ်။ မောင်တော မြို့ခံ လူကြီးတွေလည်း ပါတယ်။ စက်ရှင် မင်းကြီး ဦးအောင်သာကျော်ဆိုတာ အင်္ဂလိပ်လို ဘောင်းဘီ အတိုဝတ်ထားတယ်။ အင်္ဂလိပ်စစ်ဗိုလ်ထက် အရပ်ရှည်တယ်။ နီပေါစစ်သားဆိုတာ မြင်နေကျ ကရင်စစ်ပုလိပ်လိုပါဘဲ။ နွေရာသီ ကဆုန်လ တမနက်လုံး သာသာယာယာ ရှိနေတယ်။ ဗြုန်းဆို ရာသီဥတုပြောင်းလဲသွားပြီး၊ ကောင်းကင်တစ်ခုလုံး မှိုင်းဝေပြီး မိုးတစ်ဖွဲဖွဲကျလာတယ်။ ဒီလူအုပ်ကြီးနဲ့ (၁၆) မိုင်ဝေးတဲ့ ဘူးသီးတောင်ကို ဘယ်လိုသွားမလဲ၊ အားလုံးဒုက္ခရောက်ကုန်မယ်။ ဘူးသီးတောင်ကို မသွားတော့ဘူး။ ကိုယ့်အိမ်ပြန်ကြမယ်။ လူကြီးတွေဆုံးဖြတ်လိုက်ပြီ။ ကျော်ဇေဝေတို့ အိမ်ပြန်ရောက်တော့ မိုးဖွဲဖွဲမကျတော့ဘူး။ ရာသီဥတုသာယာသွားပြီ၊ မိခင်ကြီးနဲ့ မမကြီးတို့ချက်ပေးတ့ နံနက်စာထမင်းစားနေတုန်း၊ ကယုချောင်း ကိုသွားမယ်။ သင်္ဘောဆိပ်ကို ဆင်းလာကြပါဆိုတာနဲ့ ကမန်းကတန်း သင်္ဘောဆိပ်ကို ဆင်းကြတယ်။ ဘူးသီးတောင်ကို သွားခါ သယ်သွားတဲ့ ပစ္စည်းတွေတောင်မပါလာဘူး။ တစ်ရက်၊ နှစ်ရက်နေရင် ပြန်လာမယ်လို့ထင်နေတယ်။ ကျော်ဇောဝေတို့ ဆင်းလာတော့ လူပြည့်ကြပ်နေပြီ။ သင်္ဘောဆိပ်ကို မကပ်နိုင်ဘူး။ ဗိုလ်တဲရှေ့ကွင်းပြင်မှာပဲ စောင့်နေတယ်။ ဒီလိုစောင့်နေတုန်း ဖခင်ကြီးကို ရုံးကခေါ်လာတယ်။ ဖခင်ကြီးက ငွေတိုက်ရုံး ၀န်ထမ်းတစ်ယောက်ပဲ။ နောက်မှသိရတာက မောင်တောငွေတိုက်က ငွေ (၃၆) သိန်းကို သင်္ဘောပေါ် ပြောင်းရာမှာ စောင့်ကြည့်လိုက်ဖို့ခေါ်သွားတယ်။ ဖခင်ကြီး ညနေ(၅)နာရီလောက်မှ ပြန်ရောက်လာတာ်။

မောင်တောက ကယုချောင်းကို အာရ်ကန်နှစ်ဆင့်ကူးတို့ သင်္ဘောတစ်စင်း၊ ကယုချောင်း၊ မြစ်နားရွာတွေက ရခိုင် အမျိုးသားလောင်းလှေကြီးတွေနဲ့ တစ်နေ့လုံး ပို့ပေးကြတယ်။ ကျော်ဇောဝေတို့ သင်္ဘောပေါ်ကိုတက်ရချိန် ည (၁၂) နာရီ ကျော်နေပြီ။ သင်္ဘောပေါ်တက်ရာမှာ နီပေါ စစ်သားတွေ စောင့်ပေးတယ်။ သိပ်စည်းကမ်းရှိတယ်။ လုမတက်ရဘူး၊ အာရ်ကန်သင်္ဘောမှ တစ်ခါ နတ်မြစ်လယ်မှ ရပ်ထားတဲ့ စစ်တကောင်း သင်္ဘောကြီးပေါ် တက်ရတယ်။ စစ်တကောင်း သင်္ဘောကြီးနဲ့ ကယုချောင်းကို ပို့ပေးတယ်။ ကယုချောင်းရောက်တော့ နံနက် ၄ နာရီ ထိုးနေပြီ၊ ဆွေမျိုးအိမ် တစ်အိမ်မှာ ခေတ္တနေလိုက်ကြတယ်။ မောင်တောတစ်မြို့လုံးကို နောက်နေ့တစ်မနက်နဲ့ အပြီးပြောင်းလိုက်တယ်။ ယင်းအချိန်က ကယုချောင်းမှာ သော်ဒလီ ဦးကျော်မြဦးတို့ အာဏာအရှိဆုံးပေါ့။ ကျော်ဇောဝေတို့က ကယုချောင်းရောက်လို့ နှစ်ရက် အကြာမှာ စက်ရှင်မင်းကြီး ဦးအောင်သာကျော်ရဲ့ သားမယားနဲ့ ဆွေမျိုးတွေက ကယုချောင်းကို ရောက်လာကြတယ်။ မောင်တောသား လူငယ်တချို့လည်း ပါလာတယ်။ ဦးအောင်သာကျော်ကိုယ်တိုင် ဘူးသီးတောင်ကို အင်္ဂလိပ်စစ်ဗိုလ်၊ နီပေါ စစ်သားတွေနဲ့ သွားပြီး ခေါ်ယူလာတာ၊ ဘူးသီးတောင်မြို့ကတော့ မပျက်သေးဘူး၊ မောင်တောတစ်မြို့နယ်လုံးက ရခိုင်လူမျိုး ခြောက်ထောင်လောက် ကယုချောင်းမှာ ဖြန့်ပြီးနေကြတယ်။ လူပြွတ်သိပ်နေတယ်။ မကြာဘူး၊ မိုးကျလာပြီ၊ ရေမကူ၊ မိုးမကူ၊ ဝမ်းရောဂါဖြစ်လို့ သေလိုက်တာ သောက်သောက်လဲပဲ။ တစ်ချို့အိမ်မှာ တစ်အိမ်လုံး တစ်ယောက်ပြီး တစ်ယောက် သေလို့၊ အလောင်းမြှုပ်မဲ့သူတောင် မရှိဘူး။ သော်ဒလီ ဦးကျော်မြဦးတို့ကပဲ အစစကူညီ ပေးတယ်။ မိုးအကုန် တန်ဆောင်မုန်းလမှာ ကယုချောင်းကို ဦးအောင်သာကျော် တစ်ခေါက်ရောက်လာပြန်တယ်။ အင်္ဂလိပ်စစ်ဗိုလ် လက်ဖ်တင်နင်တေလာလည်း ကပ္ပတိန်ဗိုလ်ကြီး တေလာအဖြစ် ရာထူးတိုးပြီး ပါလာတယ်။ မောင်တောသားတွေက ကယုချောင်းမှာ အတိဒုက္ခ ရောက်နေကြပြီ။

အင်္ဂလိပ်အစိုးရမင်းက စစ်နဲ့ဝေးရာ အနောက်ဘင်္ဂလား တစ်နေရာမှာ ရွာချပေးထားတယ်။ ကျွေးမွေးစောင့်ရှောက်ထားမယ်၊ လိုက်လာကြပါလို့ခေါ်တယ်။ တချို့က လိုက်မယ်၊ တချို့က မလိုက်ဘူး၊ တစ်ဘောင်တစ်ခုပေါ်လာတယ်၊ အနောက်သွား ကျွန်ရှာ၊ အရှေ့သွား ဓါးစာ၊ မလိုက်ချင်သူတွေက ကျွန်ခံဖို့တော့ မလိုက်ဘူး။ အရှေ့ရခိုင်ပြည်ဒေသကိုပဲ သွားမယ်။ ဓါးစာခံလည်း ခံရပေါ့တဲ့။ စားစရာမရှိ၊ နေစရာမရှိ၊ နေစရာမရှိ၊ ဆင်းရဲသားလူ နှစ်ရာလောက် ပထမသုတ်မှာ ပါသွားတယ်။ တစ်ဖြတ်၊ တစ်ဖြတ် ပါသွားတာ၊ ကယုချောင်းမှာ လူထက်ဝက်လောက် ကုန်သွားပြီ၊ ကျော်ဇောဝေတို့ ဖခင်ကြီးလည်း လူကြီးတွေနဲ့တိုင်ပင်ပြီး စစ်နဲ့ဝေးရာကို လိုက်သွားတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျော်ဇောဝေတို့ မိသားစုနဲ့အတူ လူတစ်ရာကျော် ကယုချောင်းရဲစခန်းရှေ့ ကွင်းပြင်မှာ စုကြတယ်။ လူအို၊ လူနာ၊ ကလေးတွေကို လူနှစ်ယောက်ထမ်းတဲ့ ဝါးထမ်းစင်နဲ့ထမ်း ယူသွားတယ်။ ကျော်ဇောဝေနဲ့ ညီငယ်တို့လည်း ကလေးလေးလို ဘောင်းဘီတိုလေး ဝတ်ပြီး ထမ်းစင်ထဲ ဝင်နေလိုက်တယ်။ ရခိုင်လူမျိုး အထမ်းသားနှစ်ယောက်က ထမ်းတယ်။ ဖခင်ကြီးတို့ကတော့ ခြေလျင်လျှောက်ရတယ်။ ကယုချောင်းက နံနက် ၇ နာရီ စထွက်တယ်။ နီပေါစစ်သားဆယ်ယောက် အစောင့်လိုက်ပါလာတယ်။ လမ်းထက်ဝက်လောက်မှာ ကျော်ဇောဝေ ထမ်းစင်ထဲမှ ထွက်လိုက်တယ်။ အစောင့်ပါလာတဲ့ နီပေါ စစ်သားကို လက်ဟန်ခြေဟန် နဲ့ပြတယ်။ နီပေါ စစ်သားနားလည်တယ်။ သေနတ်ထမ်းချင်တယ်လို့ သိလို့ သူလွယ်ထားတဲ့ ရိုင်ဖယ် သေနတ်ကြီးကို ပေးတယ်။ ကျော်ဇောဝေ တစ်ယောက် ရိုင်ဖယ်က သူ့အရပ်လောက်ရှိတာကို ထမ်းပြီး နီပေါစစ်သားနဲ့အတူ ဘင်္ဂလာ ပင်လယ်သဲသောင်ပြင်မှာ လမ်းလျှောက်နေတာကို ဖခင်ကြီးတို့ကြည့်ပြီး ရယ်လိုက်ကြတာ တသောသောပဲ။ နံနက်စာ ဘယ်မှားစားတယ် ဆိုတာ မမှတ်မိတော့ပါ ဘူး။ ညနေ ၅ နာရီလောက်မှာ စခန်းတစ်ခုကို ရောက်တယ်။ မာထဘင်းဂါ စခန်းထင်တယ်။ ယင်းစခန်းမှာ ညစာစားပြီး အိပ်ရတယ်။ နောက်တစ်နေ့ နံနက် စောစောကပင် ဒီပင်လယ်သဲသောင်ပြင် လမ်းအတိုင်းပဲသွားကြရတယ်။ ညနေ ၅နာရီ လောက်မှာ နဝါခါလီ(ခေါ်) ရဲစူးစခန်းကို ရောက်တယ်။ နောက်တစ်နေ့ ညနေ ၄ နာရီလောက်မှာ (Cox Bazzar) (ခေါ်) ဖလောင်းချိတ်မြို့ကို ရောက်တယ်။ ဖလောင်းချိတ်မြစ်ကမ်းနား ယာယီတဲ စခန်းမှာ ၇ ရက်နေခဲ့တယ်။ ယင်းအချိန်က ဖလောင်းချိတ်မြို့မှာ ရခိုင်အမျိုးသားတွေနဲ့ စည်ကားနေတယ်။ ဖခင်ကြီးနဲ့ ဖလောင်းချိတ်မြို့ထဲကို သွားတယ်။ အဝတ်ထည့်ဖို့ အရှည်သုံးပေရှိတဲ့ သံသေတ္တာတစ်လုံးကို ငွေလေးကျပ်နဲ့ဝယ်ယူခဲ့တယ်။ အခုတိုင် မမကြီးတို့အိမ်မှာ ရှိသေးတယ်။

စစ်တကောင်း သင်္ဘောကြီးနဲ့ ဖလောင်းချိတ်မြို့က နံနက်ပိုင်းထွက်လာတယ်။ စစ်တကောင်းမြို့ကို ညနေ ၅ နာရီလောက်ရောက်တယ်။ စစ်တကောင်းသင်္ဘောဆိပ်မှာ သင်္ဘောဆိုက်နေတုန်း လေယာဉ်ပျံတစ်စင်း ပျံဝဲလာတယ်။ သင်္ဘောပေါ်က စက်သေနတ်နဲ့ လိုက်ချိန်နေတာကို အသဲတယားယားနဲ့ ကြည့်နေရတယ်။ နောက်မှသိရတာက စစ်တကောင်းမြို့စောင့်လေယာဉ်နဲ့ သင်္ဘောအစောင့်တို့ လေ့ကျင့်နေတာပဲ။ စစ်တကောင်း သင်္ဘောဆိပ်မှာ ရခိုင်အမျိုးသား ဝန်ထောက် ဦးထွန်းညို ကြိုနေတယ်။ သိပ်ပြီး သဘောကောင်းတယ်။ အသံကျယ်ကျယ်ကြီးနဲ့ ရယ်နေတယ်။ အားကိုးရပါတယ်။ စစ်တကောင်းမှာ ညစာကျွေးပြီး အိမ်ထောင်စု လူဦးရေ အလိုက် ငွေပေးတယ်။ ဖခင်ကြီးမှာလည်း မိသားစု ၅ ဦး အတွက် ငွေရခဲ့တယ်။ စစ်တကောင်းက ည ၇ နာရီ မီးရထားထွက်မယ်။ ကျော်ဇောဝေတစ်ယောက် စစ်တကောင်းရောက်မှ မီးရထားကို မြင်ဖူးတယ်။ မြင်ဖူးတောင် မကသေး စီးနေရပြီလေ။ မီးရထားစီးလို့ ညသွားရတာ မမြင်မကန်းနဲ့ တစ်မျိုးပါပဲ။ ည ၁၂ နာရီ လောက်မှာ ဗြဟ္မပုတ္တရမြစ်ကို ရောက်တယ်။ မီးရထားပေါ်က ဆင်းရတယ်။ သင်္ဘောပေါ်တက်ပြီး မြစ်တစ်ဘက်ကမ်းကို ကူးတယ်။ သင်္ဘောဘေးနှစ်ဘက် ယက်မကြီးနဲ့ ယက်ပြီး ရေတိမ်မှာသွားတဲ့ သင်္ဘောကြီးပဲ။ တစ်ခါမျှ မမြင်ဖူးဘူး၊ မြစ်တစ်ဘက်ကိုရောက်တော့ စောင့်နေတဲ့ မီးရထားတစ်စီးပေါ် တက်တယ်။ မီးရထား တစ်ညလုံး၊ တစ်မနက်လုံး ခုတ်မောင်းနေတယ်။ မွန်းတည့်၁၂ နာရီလောက်မှာ ဘူတာတစ်ခုမှာ နံနက်စာ ပဲဟင်းနဲ့ ထမင်းကျွေးတယ်။ ဗိုက်ဆာဆာနဲ့စားလို့ ကောင်းလိုက်တာ နတ်သုဒ္ဓါလို့ပြောကြတယ်။ ယင်းနေ့ တစ်နေ့လုံး တစ်ညလုံးခုတ်မောင်ပြီး နောက်တစ်နေ့ နံနက် ၇ နာရီ လောက် ဒိုင်နာစပူမြို့ (Dinajpur)ကို ရောက်တယ်။ ဘူတာအပြင်ဘက်မှာ စောင့်နေတဲ့ကားကြီးတွေနဲ့ ၆ မိုင်ဝေးတဲ့ ရခိုင်ဗုဒ္ဓဘာသာဒုက္ခသည် စခန်းရှိရာ နာစီပူစခန်းကို ပို့ပေးတယ်။ နံနက် ၉နာရီလောက် မှာ နာစီပူစခန်းကို ချောမော့စွာ ရောက်ကြတယ်။

နာစီပူစခန်းဆိုတာ ဒိုင်နာစပူမြို့ကလာတဲ့ ကားလမ်းတစ်ဘက်တစ်ချက် မှာရှိတယ်။ လမ်းအရှေ့ဘက်မှာ စခန်းအမှတ် (၁) ဝါးခင်း၊ ထရံကာ၊ ကောက်ရိုးကို တစ်ပေလောက် အထူမိုးထားတဲ့ အိပ်ခန်း ၈ ခန်းပါ တန်းလျား၊ အလုံးတစ်ရာကျော်၊ လမ်းနောက်ဘက် စခန်းအမှတ် (၂) မှာ တန်းလျား အလုံးရှစ်ဆယ်ကျော်ရှိတယ်။ ရုံး၊ ရဲစခန်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်း အပြည့်အစုံရှိတယ်။ နာစီပူစခန်းကို အရေးပိုင် ဦးကျော်ခိုင် (အိုင်စီအက်စ်) ကအုပ်ချုပ်တယ်။ အင်္ဂလိပ်မလင် ဝန်ထောက်ကြီး ဦးကျော်ထွန်း၊ မောင်တောမြို့ပိုင်ကလေး ဦးဦးကျော်ဇံတို့က လက်ထောက်ဖြစ်ကြတယ်။ နာစီပူစခန်းမှာ (Ration Card) လို့ခေါ်တဲ့ ရိက္ခာထုတ်ဖို့ ကပ်ပြား ပေးထားတယ်။ ခုနှစ်ရက် တစ်ကြိမ် ရိက္ခာထုတ်ရတယ်။ ဆန်၊ဆီ၊ ဆား၊ ငါးခြောက်၊ ဆိတ်သား၊ ဟင်းသီးဟင်းရွက်၊ ထင်း၊ ရေနံဆီ၊ အားလုံးပေးတယ်။ စခန်းတဘုံလုံး လူပေါင်း ခြောက်ထောင်ကျော် တယ်။ သုံးနှစ်သုံးမိုး ကျွေးထားတာ ငွေသုံးသိန်းပဲ ကုန်ကျတယ်။ မောင်တောငွေတိုက်က ယူသွားတာက ငွေ ၃၆ သိန်း ဆိုတော့ အင်္ဂလိပ်အစိုးရ ငွေသိန်း ၃၀ ကျော်တောင် အမြတ်ထွက်တယ်လို့ ပြောကြတယ်။ ဂျပန်ခေတ်က တစ်ခေတ်လုံး အေးအေးချမ်းချမ်း နေခဲ့ရတဲ့ နာစီပူ စခန်းကို ထင်းမခွေ၊ ရေမခတ်၊ ဒိုင်နာစပူ၊ နတ်အရပ်လို့ ပြောစမှတ်ပြုကြပါတယ်။ ဒိုင်နာစပူမြို့က ခြောက်မိုင်ဝေးတဲ့ နာစီပူစခန်းမှာ တစ်နှစ်ကျော် နေလာတဲ့အချိန်၊ ကျော်ဇောဝေ တစ်ယောက် ကြိုးစားသင်လို့ ၊ အင်္ဂလိပ်စာတော်တော်တက်နေပြီ၊ ဆရာဦးရွှေထွန်းဦး၊ ဆရာညိုတို့က အင်္ဂလိပ်စာသင်ပြတယ်။ primary တစ်လုံးကုန်သွားပြီ။ အသက်ကလည်း ၁၅ နှစ်ပြည့်လာပြီ၊ အင်္ဂလိပ်အစိုးရက အသက် ၁၆ နှစ်ပြည့်ပြီး လူငယ် ၁၀၉ ယောက်ကို စစ်တပ်မှာသွင်းလိုက်တယ်။ စစ်သင်တန်းတက်ဖို့ ပန်ဂျပ်ပြည်နယ် အနောက်ပိုင်း (Hoshiapur) ဟော်စီယာပူမြို့ကို ခေါ်ယူသွားတယ်။ စစ်သင်တန်းခြောက်လတက်ပြီး သင်တန်းအောင်လို့ စစ်သားကြီး ခုနှစ်ဆယ်ကျော် ခွင့် တစ်လစီနဲ့ နာစီပူစခန်းကို ရောက်လာကြတယ်။ အစ်ကို စစ်သားကြီးတွေကို မြင်လို့ ကျော်ဇောဝေ တစ်ယောက် ဘယ်လောက် စစ်တပ်ထဲဝင်ချင်တယ်ဆိုတာ ပြောမပြနိုင် ဖြစ်နေတယ်။ အသက်ကမမှီတော့ အနားမကပ်နိုင်ဘူး။ နောက်တစ်ဖြတ်ကျန်ရစ်တဲ့ စစ်သားကြီး သုံးဆယ်ကျော် ရောက်လာတယ်။ သူတို့နဲ့အတူ ဆူပီဒါ ဗိုလ်ကြီး ဂေါ်ရခါးလူမျိုးတစ်ယောက်လည်း ပါတယ်။ နာစီပူ စခန်းမှာ စစ်ရေးပြကြတယ်။ ကျော်ဇောဝေ တို့ ကလေးတွေ ကံကောင်းတယ်လို့ ပြောရမလား မသိဘူး။ B.R.C တပ်ရင်းမှူးကြီး Colonel E.D.Mc Carthy ဗိုလ်မှူးကြီး မကာသီကိုယ်တိုင် နာစီပူစခန်းကို ရောက်လာတယ်။ Boys Coy ကလေးတပ်ခွဲအတွက် အသက် ၁၅ နှစ်ပြည့် ရခိုင်ကလေး ၄၅ ယောက်ကို စစ်ထဲသွင်းလိုက်တယ်။

၁၉၄၄ ခုနှစ်၊ ဧပြီလ ၁ ရက် ညနေ ၃ နာရီ ကလေးစစ်သားတွေနဲ့ ခွင့်စေ့လို့ တပ်ရင်းပြန်တဲ့ စစ်သားကြီး တွေ နာစီပူစခန်းက ထွက်ကြတယ်။ ရှေ့ ဆုံးက စစ်သားကြီးတွေ နှစ်ယောက်တစ်တွဲ တန်းစီးလို့၊ နော်က ကလေးစစ်သား လေးဆယ့်ငါးယောက်၊ နာစီပူစခန်းတစ်ခုလုံး လူအုပ်ကြီး ထွက်ကြည့်နေကြတယ်။ မိဘဆွေမျိုးတွေက လက်ပြနေတယ်။ တချို့ကလည်း မျက်ရည်ကျနေ ကြတယ်။ မှတ်မိသေးတယ်၊ ကျော်ဇောဝေရဲ့ အမေ၊ အသက် ၇၀ ကျော် အဘောင်ရှင်ပြေးလာတယ်။ ကျော်ဇောဝေနားရွက် ပေါ်မှာ ပန်းလိုပန်လိုက်တဲ့ အဘောင်ရှင်ရဲ့ ထမီစ၊ ကျော်ဇောဝေ သိမ်းထားလိုက်တယ်။ ဒိုင်နာစပူမြို့က ည ၇ နာရီ မီးရထားနဲ့ ထွက်ရတယ်။ မီးရထားတစ်စီးလုံး စစ်သားတွေပဲ။ ကျော်ဇောဝေ တို့အတွဲမှာ အစ်ကို စစ်သားကြီး မောင်မြထွန်းပါတယ်။ အနောက် ဘင်္ဂလားပြည် ဒိုင်နာစပူ မြို့က အနောက် ပန်ဂျပ်ပြည် ဟော်စီယာပူ (Hoshiapur) မြို့အထိ ၂ နေ့ ၂ ရက်သွားရတယ်။ ဟော်စီယာပူမြို့ဆိုတာ ဂျလန်ဒါ (Jullendar) ခရိုင်မှာ ရှိတယ်။ မုတ်ဆိတ်မွှေး၊ ပသိုင်းမွှေးဖွားဖွား နဲ့ ခေါင်းပေါင်းကြီး ပေါင်းထားတဲ့ ပန်ချာပီ (ခေါ်) Sikh လူမျိုးတွေ တိုင်းပြည်ပေါ့။ ဟော်စီယာပူမြို့က ၃ မိုင်ဝေးတဲ့ သရက်ဥယျာဉ်မှာ (B.R.C) Burma Regimental Centre, Burma Army ဗမာ့တပ်မတော်နဲ့ Burma Police ဗမာ့ရဲတပ်ဖွဲ့တို့ကို စခန်းချထားတယ်။ ကျော်ဇောဝေ တို့ ကလေးတပ်သား ၄၅ ယောက်ကို ကလေးတပ်ခွဲ (Boys Coy) မှာ ထားတယ်။ ရခိုင်ကလေး ၄၅ ယောက်နဲ့ အတူ ဂေါ်ရခါးကလေး ၄၅ယောက်လည်း ကလေးတပ်ခွဲမှာ သင်တန်းတက်တယ်။ ရခိုင်ကလေး တပ်သား ၄၅ ယောက်ကို တပ်စု ၅ စု ခွဲပြီး သင်တန်းပေးတယ်။ သင်တန်းဆရာတွေ ကတော့ ပန်ချာပီဆရာ ၅ယောက်နဲ့ ရခိုင်ဆရာ ၆ ယောက်ဖြစ်တယ်။ ဂေါ်ရခါးကလေးစစ်သား တွေကို ဂေါ်ရခါးက မော်နီလူမျိုးဆရာ တွေကသင်တန်းပေးတယ်။ ရခိုင်ဆရာ ၆ ယောက်ကတော့ ဆရာ မောင်ဦးကျော်၊ ဆရာဦးသာဇံ၊ ဆရာဦးကျော်လှ၊ ဆရာစံလှဖြူ၊ ဆရာထွန်းစိန်အောင်နဲ့ ဆရာမောင်သာဇံတို့ ဖြစ်တယ်။ ခုထိ အသက်ရှင်နေတုန်းကတော့ ဗိုလ်ကြီး ဦးမောင်ဦးကျော်၊ ဆရာကြီး ဦးသာဇံနဲ့ ဆရာကြီး ထွန်းစိန်အောင်၊ အငြိမ်းစားတွေပါပဲ။ နောက်အရာကြီး သုံးယောက်ကတော့ ကွယ်လွန်ကုန်ပါပြီ။ ကျော်ဇောဝေတို့ ကလေးတပ်ခွဲမှာ ဝါးရင်းတုတ်ကို သေနတ်လို ထမ်းပြီး သင်တန်းဆင်းရတယ်။ ဝါးရင်းတုတ်ထမ်းပြီး အမြန်လျှောက်၊ အနှေးလျှောက်၊ သေနတ်ထမ်း သုံးလသင်ပြီးမှ ရိုင်ဖယ်သေနတ်ကိုင်ခွင့် ရတယ်။ ကလေးစစ်သား တစ်လငွေ ၁၀ိ-ရတယ်။ လူကြီး စစ်သားတွေ ၁၈ိ-ဖြစ်တယ်။ ကျော်ဇောဝေရဲ့ ပထမဆုံးရတဲ့ လစာငွေ ၁၀ိ-ထဲက ငွေ၅ိ-ကို ဖခင်ကြီးဆီပို့ လိုက်တယ်။ ဦးဦးဖျားဖျားရတဲ့ လစာပေါ့။ ကျော်ဇောဝေက ငွေ ၅ိ-ကိုသာသုံးတယ်။ ယင်းအချိန်က ငွေ ၅ိ-ကို တစ်လသုံးလောက်ပါတယ်။ ငွေတစ်ကျပ်မှာ ပြား ၆၄ ပြား။ လက်ဖက်ရည် တစ်ခွက် ၂ ပြားဆိုတော့ လက်ဖက်ရည် ၃၂ ခွက် ရတာပေါ့။ တစ်နေ့ တစ်ခွက်သောက်ရင် တစ်လနဲ့ နှစ်ရက်တောင် သောက်ရတာပဲ။ ကလေးတပ်ခွဲကို ချင်းအမျိုးသား ဂျမဒါ ဗိုလ်ကြီးမောင်ခါး အုပ်ချုပ်တယ်။ စစ်ရေး သင်တန်း တစ်မနက်ပေးပြီး တစ်နေ့လုံး အင်္ဂလိပ်စာ၊ ရိုမန်အူရဒူ (ခေါ်) အင်္ဂလိပ်စာလုံးနဲ့ ကုလားစကားပြော သင်ရတယ်။ ကျော်ဇောဝေ၊ အင်္ဂလိပ်စကားပြော တတ်တဲ့ ဂေါ်ရခါး ကလေးတပ်သားတွေနဲ့ အင်္ဂလိပ်လိုပြောတတ်နေပြီ။ ကုလားရုပ်ရှင်ကိုလည်း လုံးစေ့ပါတ်စေ့ နားလည်နေပြီ။ အူရဒူ စကားကောင်းကောင်း ပြောတတ်က အိန္ဒိယပြည် တစ်ပြည်လုံး ခရီးသွားလို့ အခက်အခဲ မရှိဘူး။ ကလေးတပ်ခွဲမှာ တစ်နှစ်သင်တန်း တက်ရာမှာ အလံကိုင်ပြီး ဆက်သွယ်ရေး အချက်ပြတာလည်း သင်ခဲ့ရတယ်။ ကလေးတပ်ခွဲမှာ တစ်နှစ် နေတယ်။ အသက်ကလည်း ၁၆ နှစ်ပြည့်တယ်။ လူကြီးစစ်သားဖြစ်လာတယ်။ လစာ ၁၈ိ- ရတယ်။ လူကြီးစစ်သား ဘဝနဲ့ နှစ်လသာ နေခဲ့ရတယ်။ တပ်ကြပ်ကြီး စာရေး စာမေးပွဲဝင်ဖြေလိုက်တာ အောင်လို့ တပ်ကြပ်ကြီး စာရေးရာထူးရသွားတယ်။ ၁၉၄၅ ခုနှစ် ဇူလိုင်လမှာ တပ်ကြပ်ကြီး စာရေးဖြစ်တယ်။ လစာလည်း တစ်လ ၆၅ိ- ရတယ်။ တပ်ရင်းမှူးရုံးကို ပြောင်းရတယ်။ ကျော်ဇောဝေကို ကုလားတွေက ဟာဗီဒါကြီး၊ လို့ခေါ်တယ်။ ရာထူး အခေါ်အဝေါ်တွေက ကုလားလို (Havildar Clerk) ဟာဗီဒါ စာရေး ခေါ်တယ်။ လစာ တစ်လ ၆၅ိ- သုံးလို့ မကုန်ဘူး။ ဖခင်ကြီးဆီ တစ်လ ၄၀ိ- စီပို့ပေးတယ်။ မှတ်တမ်းရုံး ငွေစာရင်း ဌာနက (Family allotment) အနေနဲ့ အစိုးရကိုယ်တိုင် လစာက ဖြတ်ပြီး ပို့ပေးတယ်။ ဂျပန် လက်နက်ချလိုက်ပြီ၊ ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားပြီ။ မြန်မာပြည်ကို အင်္ဂလိပ်စစ်တပ်က ပြန်လည် သိမ်းပိုက်လိုက်ပြီ။ အရပ်ဘက် အုပ်ချုပ်ရေးစနေပြီ။ မြန်မာလူမျိုး မေဂျာဂျင်နရယ် အောင်ဆန်း ဗိုလ်ချုပ်တစ်ယောက်လည်း ပေါ်နေပြီ။ ၁၉၄၆ ခုနှစ်၊ နွေဦးရာသီကာလ တစ်နေ့မှာ (B.R.C) ရုံးချုပ်နဲ့ လက်အောက်ခံတပ်ရင်း အားလုံးမြန်မာပြည်ကို ပြောင်းရတယ်။ ကျော်ဇောဝေတို့ ပန်ဂျပ်ပြည် ဟော်စီယာပူမြို့က ည ၇ နာရီ ရထားနဲ့ထွက်လာတယ်။ နှစ်နေ့နဲ့ နှစ်ရက်ကြာမှ ဘင်္ဂလားပြည် ကာလကတ္တားမြို့ကို ရောက်တယ်။ ကာလကတ္တားမြို့မှာ ၂ ရက်နေခဲ့တယ်။ ဘယ်ကိုမှ မသွားခဲ့ရဘူး။ အလွန်တရားကြီးမားလှတဲ့ သင်္ဘောအောက်ဆုံး ထပ်ရေထဲမှာထားတယ်။ တစ်နေ့တစ်ခါသာ အပေါ်ကုန်ပတ်ကို တက်ရတယ်။ ကမ်းမမြင် လမ်းမမြင်နဲ့ သင်္ဘောခေါင်းထဲ မှာ နှစ်နေ့နဲ့ နှစ်ရက်ကြာပြီးမှ ရန်ကုန်မြို့ကို ရောက်တယ်။ ရန်ကုန်မြို့ကို တစ်ခါမှ မရောက်ဘူးတဲ့ ကျော်ဇောဝေ နံနက်စောစော သင်္ဘောပေါ်က မြင်ရတဲ့ ရွှေရောင်တဝင်းဝင်းနဲ့ ရွှေတိဂုံစေတီတော်ာကြီးကို လက်အုပ်ချီပြီး ရှိခိုးလိုက်တယ်။ သင်္ဘောပေါ်က ဆင်းလာတဲ့အခါ ဘောင်းဘီ အစုတ်အပြတ်တွေနဲ့ ဂျပန်စစ်သားတွေကို ပထမဆုံးမြင်ဘူးတယ်။ ဂျပန်စစ်သားတွေ ကျော်ဇောဝေကို အလေးပြုပြီး “ဘိရူးမား”လို့ပြောတယ်။ နံနက် ၈နာရီမှာ ဆူးလေဘုရားလမ်းတလျှောက် ဂေါ်ယာကုန်းအထိ တပ်ရင်းတစ်ခုလုံး ခြေလျင်လျှောက်ရတယ်။ ရှေ့ဆုံးမှာ နှဲပိုက်ဘင်ခရာအဖွဲ့က ဦးဆောင်တယ်။ နောက်က ကလေးတပ်ခွဲ၊ နောက်ဆက်ပြီး လေ့ကျင့်ရေးတပ် စစ်သားကြီးတွေ၊ နောက်ဆုံးက ကျော်ဇောဝေတို့ တပ်ရင်း၊ ရုံးချုပ်တပ်ဖွဲ့၊ ဘယ်ညာမှန်မှန် စီတန်းလျှောက်ကြတယ်။ လမ်းတစ်လျှောက် ကြည့်ရှုနေကြတဲ့ မြန်မာလူမျိုးတွေက ဟာ- အားလုံး ကုလားစစ်သားတွေပါလားလို့ ပြောတာကြားရတယ်။ နောက်ဆုံးမှာ လက်မောင်းမှာ သုံးရစ်နဲ့ ကျော်ဇောဝေ ကိုမြင်တော့ ဟော ဟိုမှာ ဗမာတစ်ယောက်ပါတယ်လို့ ပြောပြီး လက်ပြကြတယ်။ ကျော်ဇောဝေလည်း ရယ်ပြီးလက်ပြလိုက်တယ်။ ဂေါ်ယာကုန်းမှာ သုံးရက်နေခဲ့တယ်။ ရွှေတိဂုံစေတီတော်ကြီးကို နှစ်ရက်သွားဖူးတယ်။ ရန်ကုန်မြို့ကနေ အမိုးအကာမရှိတဲ့ ရထားတွဲနဲ့ မန္တလေးကို ပို့ပေးတယ်။ မန္တလေးက ကားကြီးတွေနဲ့ မေမြို့(ပြင်ဦးလွင်)ကို ပို့တယ်။ မေမြို့မှာပဲ တပ်ရင်း တစ်ခုလုံး စခန်းချနေလိုက်ကြတယ်။

မောင်တောကျော်(၁၆-၁-၉၈)
ရခိုင်မဂ္ဂဇင်း(၂၇) ၂၀၀၆ ခုနှစ် ဇန်နဝါရီလ မှ ကူးယူဖော်ပြသည်။
From the Narinjara.

Thursday, October 7, 2010

Exchange Rate in Myanmar ( ရွှေဈေး၊ ငွေဈေး၊ မြန်မာ့ဈေး )

မြန်မာနိုင်ငံအတွင်းမှာ တနေ့တာ လည်ပတ်နေတဲ့ ရွှေဈေး၊ ငွေဈေး အပြင် ကမ္ဘာ့ရွှေဈေး၊ တို့ကို Gtalk တွင် Bolt တစ်ခုအဖြစ် ထည့်သွင်းကြည့်ရှုနိုင်ပါပြီ။

Gtalk တွင် Add လုပ်ထားရမည့် Bolt Address မှာ - ( myanmar.exchange@gmail.com ) ဖြစ်ပါတယ်။ မကြာသော အချိန်အတွင်းမှာဘဲ Accepted ဖြစ်သွားပါမယ်။

Myanmar.Exchange Bolt တွင် ဤသို့မေးမြန်းနိုင်ပါသည်။



" FEC " လို့ ရိုက်ထည့်ပါက ရန်ကုန်ဈေးကွက်အတွင်းရှိ FEC ဝယ်ဈေး၊ ရောင်းဈေး တွေကို ဖော်ပြပေးမှာပါ။

" USD " လို့ ရိုက်ထည့်ပါက ရန်ကုန်ဈေးကွက်အတွင်းရှိ US Dollar ဝယ်ဈေး၊ ရောင်းဈေး တွေကို ဖော်ပြပေးမှာပါ။

" SGD " လို့ ရိုက်ထည့်ပါက ရန်ကုန်ဈေးကွက်အတွင်းရှိ Singapore Dollar ဝယ်ဈေး၊ ရောင်းဈေး တွေကို ဖော်ပြပေးမှာပါ။

" exchange " လို့ ရိုက်ထည့်ပါက မြန်မာနိုင်ငံအတွင်းရှိ ( FEC, USD, SGD, CNY, INR, THB, MYR ) စသည်တို့၏ တနေ့တာ Exchange Rate တွေကို မြန်မာ ကျပ်ငွေဖြင့် ဖော်ပြပေးမှာပါ။

" World Dollar " လို့ ရိုက်ထည့်ပါက ကမ္ဘာ့ဒေါ်လာဈေးကွက်တွင် ဖြစ်ပေါ်နေသည့် Exchange Rate ကို ဖော်ပြပေးမှာပါ။

" Gold " လို့ ရိုက်ထည့်ပါက ရန်ကုန် ရွှေဈေး၊ မန္တလေး ရွှေဈေး၊ ကမ္ဘာ့ ရွှေဈေး တွေကို ဖော်ပြပေးမှာပါ။

" Time " လို့ ရိုက်ထည့်ပါက မြန်မာ့ စံတော်ချိန်ကို ဖော်ပြပေးမှာပါ။

" About " လို့ ရိုက်ထည့်ပါက ဤ ဝန်ဆောင်မှုကို Service ပေးသည့် အဖွဲ့၏ ဆက်သွယ်ရန် လိပ်စာကို တွေ့ရမှာပါ။

" Help " လို့ ရိုက်ထည့်ပါက myanmar.exchange Bolt တွင် မည်သို့ ရိုက်ထည့် ရှာဖွေနိုင်သည်ကို လမ်းညွန်ပေးသည့် Guide ကျလာပါမည်။

ဤ ဝန်ဆောင်မှုကို -
Soft-Gate Technology Group
Building(E), Room-506, 5th Floor,
Aung Chan Thar Housing,
East Shwe Gon Daing Street,
Bahan Township, Yangon, Myanmar
CMS (MDY)

Phone: 01555466, 095024061, 0173081488

Email : softgate.myanmar@gmail.com, realtime.information@gmail.com
အဖွဲ့က ပြုလုပ်ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

တနေ့တာ မြန်မာ့ ရွှေဈေး၊ ငွေဈေး တွေကို အခုလို လွယ်လွယ်ကူကူသိနိုင်အောင် ပြုလုပ်ဖန်တီးပေးသည့် Soft-Gate Technology Group ကို အထူးပင် ကျေးဇူးတင်ပါတယ်လို့ ဤနေရာမှ ပြောချင်ပါတယ်။ ဤ Service ဝန်ဆောင်မှုကိုလည်း Soft-Gate Technology Group မှ တစ်သက်တာ ဖရီး ( Free ) ပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်။

Wednesday, October 6, 2010

ရခိုင်ရိုးရာ သမက်တက်ပွဲ




ရခိုင်အပျိုလူပျိုတိအရွယ်ရောက်လျှင် လူငယ်ချင်းချစ်ကြိုက်၍ လက်ထက်မင်္ဂလာဆောင်ခြင်းများဟိရေပိုင် အများအားဖြင့် မိဘများက အိမ်ထောင်ဘက်ကို ရွီးချယ်ပီးသည်များပါသည်။ ရခိုင်လူမျိုးသည် မိဘစကားကိုနာခံတတ်သူများဖြစ်သဖြင့် မိဘများ၏အစီအမံကိုလက်ခံတတ်လေ့ဟိသည်။ သားသမီးများအချိန်တန်အရွယ်ရောက်လာလျှင် အိမ်ထောင်ဖက်ကို အများအားဖြင့်မိဘများက ရွီးချယ်ပီးသောအလေ့သည် ရခိုင်လူမျိုးတွင် ယခုခေတ်ချိန်ထိခေတ်စားလျှက်ဟိသည်။
ရှိရိုးအစဉ်အဆက်ကျင့်သုံးလာခသော ရခိုင်လူမျိုးရို့၏လက်ထပ်မင်္ဂလာပွဲဓလေ့သည် မြန်မာများနှင့်မတူ ထူးခြားသောဓလေ့ထုံးစံများဖြစ်သည်။

ရခိုင်ရိုးရာသမက်တက်

ရခိုင်ရိုးရာမင်္ဂလာဆောင်မှာ မြန်မာရိုးရာမင်္ဂလာဆောင်နှင့်မတူ တမူထူးခြားသည်။ သမီးသျှင် (သတို့သမီး) နှင့် သမက်သျှင် (သတို့သား) လက်ထက်ထိမ်းမြားသောမင်္ဂလာဆောင်ပွဲကို ရခိုင်စကားတွင် “သမက်တက်ပွဲ” ဟုခေါ်သည်။ ယောက္ခမအိမ်သို့ သမက်ကိုတင်ပို့ရသောကြောင့်လည်းကောင်း၊ လက်ထပ်ရန်လားရသောကြောင့်လည်းကောင်း “သမက်တက်” ဟုခေါ်ရခြင်းဖြစ်သည်။ သံတွဲ၊ ကျောက်ဖြူ၊ မာန်အောင်နှင့် အခြားသောဒေသများတွင် အနည်းငယ်ကွဲလွဲချက်ဟိသည်။

သမီးတောင်းခြင်း

ပထမယောက်ျားချေဘက်မှ မိန်းမပျိုကိုကြိုက်လျှင် အရပ်မှအမျိုးသမီးကြီးမှတဆင့်ပြောကြားပြီး ရက်တည့်မတည့် ဇာတာများယှဉ်ပြီး စီးစစ်ရသည်။ ထို့နောက် ကောင်းသောရက်ကိုရွီးချယ်ပြီး စိစပ်ကြောင်းလမ်းပြုလုပ်သည်။


စိစပ်ကြောင်းလမ်းခြင်းမင်္ဂလာ (အသွင်းနှင်းခြင်း၊ ပန်းဆင်ခြင်း)

စိစပ်ကြောင်းလမ်းမင်္ဂလာပွဲကို သမီးသျှင်အိမ်တွင်ပြုလုပ်သည်။ ရှိဦးစွာ သမီးသျှင်ထိုင်ရန်နီရာ၏လက်ဝဲလက်ယာဘက်တွင် အမျိုးသမီးအိမ်ထောင်သည်နှစ်ဦး ထိုင်ရသည်။ ဆွီမျိုးများနှင့်ဖိတ်ကြားထားသောအဂန္ဓုများက ယင်းရို့၏ရှိတွင် နီရာယူရသည်။ ထိုအချိန်တွင် သမီးသျှင်ထွက်မလာရသိမ့်။ သတ်မှတ်ထားသောမင်္ဂလာအချိန်ရောက်သောအခါ သမက်သျှင် (သတိုးသား) ဘက်မှ ဆွီမျိုးပရိတ်သတ်များလာရောက်သည်။ လာရောက်သောအခါ သမီးသျှင်ကိုဆင်မြန်းပီးရန် ပန်းများနှင့်စားစရာမုန့်အချိုများ၊ ကောက်ညှင်းပေါင်းများကို ငွေဖလားထဲတွင် ထုံးတမ်းစဉ်လာနှင့်အညီထည့်၍ ယူလာရသည်။ ငွေဖလားဦးရေမှာလည်း မဂဏန်းအရွီတွက်တိုင်း ကြိုက်သလိုအသုံးပြုနိုင်သည်။ သမီးသျှင်သည် အမျိုးသမီးအရံတဦးနှင့်အတူထွက်လာပြီး သတ်မှတ်ထားသောနီရာတွင် ထိုင်ရသည်။ ပန်းများ၊မုန့်များနှင့်အတူ သမက်သျှင်မိဘများထံမှ သမီးသျှင်အား စိစပ်ကြောင်းလမ်းခြင်း ရခိုင်အခါ် (ကတိသစ္စာပြုခြင်း) အထိမ်းအမှတ်အဖြစ် သားသျှင်ဘက်မှ အမိ (သို့မဟုတ်) အစ်မက မိမ္မချေကို ပန်းဆင်ပီးရသည်။

ထို့နောက်လက်ဝတ်ရတနာများကို ရွှေကျပ်ချိန်ဖြင့်ပီးပြီး အသွင်းပီးဆောင်ရပါသည်။ ထိုရတနာဆင်မြန်းခြင်း၊ သမီးသျှင်အား ပန်းပန်ပီးခြင်းပြုလုပ်သူကို သမီးသျှင်က အရိုအသေပြုကန်တော့ပြီးလျှင် စိစပ်မင်္ဂလာအောင်မြင်ပါတော့သည်။

မင်္ဂလာလက်ထပ်မည့်နိရက်ကို ယင်းအချိန်မှာပင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆွေးနွေးသတ်မှတ်ရပါသည်။ ဆွီမျိုးပရိသတ်များကို မင်္ဂလာရက်ကြေငြာပီးရသည်။ ထို့နောက် ကြွရောက်လာသော နှစ်ဦးနှစ်ဘက်ဆွီမျိုးပရိသတ်များကို ဧည့်ခံကျွေးမွီးရသည်။ စိစပ်ပွဲပြီး၍ သမက်သျှင်ဘက်မှပြန်ကျသောအခါ သမက်သျှင်ဘက်မှယူလာသော ငွေဖလားထဲမှမုန့်အချိုများကို သမီးသျှင်ဘက်မှလက်ခံယူပြီးနောက် ယင်းဖလားထဲသို့ သမီးသျှင်ဘက်မှလည်း မုန့်များကို ပြန်ထည့်ပီးရသည်။

လက်ထပ်မင်္ဂလာပွဲ

လက်ထပ်မင်္ဂလာပွဲတွက် မင်္ဂလာပွဲတင်ကို တရက်ကြိုတင်ပြုလုပ်ရသည်။ မင်္ဂလာပွဲတင်သည် လက်ထပ်မင်္ဂလာပွဲအတွက် ရှိဦးစွာဆောင်ရွက်ရသော အလုပ်ဖြစ်သည်။ ယင်းပွဲကို သမီးသျှင်အိမ်၌သာပြုလုပ်ရသည်။ မင်္ဂလာပွဲနိရောက်သောအခါ ယင်းနိမိုးထက်အရုဏ်တွင် သမီးသျှင်သမက်သျှင်ရို့အား မိမိအိမ်များမှာပင် မြတ်စွာဘုရားအားဦးထိပ်ထား၍
ဘုန်းကြီးငါးပါးအား မင်္ဂလာဆွမ်းကပ်ပြီး မင်္ဂလာပရိတ်နာရသည်။ အဘိုးအဘောင်လူကြီးမိဘများကိုကန်တော့၊ မင်္ဂလာစကားတတ်ကျွမ်းသူများက နံ့သာရည်များဖြင့်ပတ်ဖြန်းခြင်းများပြုလုပ်ကာ မင်္ဂလာမြှောက်ရသည်။ ပရိတ်နာရာတွင် ပရိတ်ကြီးမှာ လက်ထက်မင်္ဂလာပွဲအတွက် အဓိကအရေးကြီးဆုံးဖြစ်သည်။ ရှိဦးစွာ မင်္ဂလာစားပွဲငယ်ကို ပျင်ဆင်ရသည်။

ယင်းစားပွဲတွင်ပါဝင်ရမည့်အချက်များမှာ-

မင်္ဂလာမြှောက်ခြင်း
မင်္ဂလာထမင်းပွဲပျင်ဆင်ခြင်း

သီးသန့်ပြုလုပ်ထားသော မင်္ဂလာစားပွဲကိုစားပွဲခင်း၍ အပေါ်တွင်စပါးဖြူးထားသည်။ ဖြန့်ကြဲထားသောစပါးပေါ်တွင် ဘဲဥပုံမင်္ဂလာကြွီလောင်ပန်းကြီးတွင် ကောက်ညှင်းနှင့်ထမင်းများထည့်၍ တင်ထားရသည်။ ယင်းထမင်းပေါ်တွင် ချက်ပြီးသားခြီလက်အမွှီးစုံသော ပုစွန်တုပ်ကြီးနှစ်ကောင်၊ အမွှီးစုံအကြီးခွံပါသော ငါးကန်သားနှစ်ကောင်၊ ဘဲဥနှစ်လုံး၊ မြောက်ဥ (ခေါ်) ကင်းစွန်းဥနှစ်ဥနှင့် အခွံနွှာပြီးသောနှပျိုးသီးနှစ်လုံးစီဖြင့် ပျင်ဆင်ထားရသည်။ ငါး၊ ပုစွန်၊ ဥ၊ သီးနှံစပါးပေါကြွယ်စီရန် အတိတ်နမိတ်ယူထားခြင်းဖြစ်သည်။ စပါးများထဲတွင် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများမြှပ်နှံထားရသည်။ ရွှေငွေပွားများအောင် ရည်ရွယ်ခြင်းဖြစ်သည်။

သမီးသျှင်ထိုင်သောနီရာလက်ယာဘက်တွင် ရီစင်အိုးဟုခေါ်သော ကြီးအိုးငယ်နှစ်လုံးတင်ထားရသည်။ ကြီးအိုးအပြင်ဘက်ပတ်လည်ကို မင်္ဂလာပရိတ်ခြည်ဖြင့် ပတ်ထားပီးရသည်။ ကြီးအိုး၌ရီထည့်ထားပြီး သပြီပန်း၊ အချိန်ခါကောင်းသတ်မှတ်သောစာရွက် (အခါစာ) ရို့ကို ထိုးထားရသည်။

ထမင်းလောင်ပွန်း၏လက်ဝဲဘက်တွင် လောင်ပွန်းငယ်များတင်ပြီး ယင်းလောင်ပွန်းငယ်အသီးသီးတွင် ကြက်တကောင်လုံးအူအသဲစုံစွာ ငရုတ်သီးမပါဘဲ ချက်ရသည်။ ပုစွန်တုပ်ကို အကောင်မပျက်ကျော်ရသည်။ ရွှေဖရုံသီးချက်ထည့်ရသည်။ ကျန်လောင်ပွန်းနှစ်ခုတွင် ကြက်နှင့်ပုစွန်ပဲ ထည့်ရသည်။ ကြက်နှစ်လောင်ပွန်း၊ ပုစွန်နှစ်လောင်ပွန်း၊ ရွှေဖရုံသီးနှစ်လောင်ပွန်းဖြစ်သည်။ မင်္ဂလာလက်ဆုံထမင်းပွဲတွင် ငကန်သား (အကြီးဟိသောငါး)၊ ကြက်သား၊ ဘဲဥ၊ ပုစွန်၊ မြောက်ဥ၊ ကင်းစွန်းဥ၊ ချိုင်ပေါင်ဟင်းများထည့်ထားသည့် ဟင်းဇားပန်းကန်ကတဖက် ထားဟိသည်။ ပုစွန်ဆိုလျှင် နှခွမ်းမွှီးမျှင်မပြတ်စီရ။ အကျိုးအပဲ့အနာအဆာများမပါစီရန် အထူးဂရုပြုရသည်။

ဤမင်္ဂလာစားပွဲကို မင်္ဂလာဆောင်မည့်နီရာတွင်ထားဟိပြီး မင်္ဂလာမြှောက်ခြင်းပြုလုပ်ရသည်။ အညွှန့်ဟိသောအမျိုးသမီးက သမက်သျှင်အိမ်မှ ဆန်နို့ဆီဗူးနှစ်ဗူး၊ လေးဗူး၊ ခြောက်ဘူးစသဖြင့် စုံဂဏန်းကို သမီးသျှင်အိမ်သို့လားပို့ကာ သမီးသျှင်အိမ်မှဆန်များနှင့်ရောပြီး အညွှန့်ဟိသောအမျိုးသမီးက မင်္ဂလာလက်ဆုံထမင်းပွဲအတွက် ချက်ရသည်။
အညွှန့်ဟိသောအမျိုးသမီးဆိုသည်မှာ လူပျိုအပျိုလက်ထပ်ပြီး မကွဲမကွာမောင်နှံစုံအတူတကွနီထိုင်၍ သားသမီးတယောက်တလီမှ ပျက်စီးခြင်းမဟိသော “အိမ်ထောင်သျှင်မ” ကိုဆိုလိုသည်။

အထက်ပါ မင်္ဂလာပွဲပျင်ဆင်ခြင်းအလုပ်ကို ဘုန်းကြီးမကြွမှီ ပျင်ဆင်ထားရသည်။ ဘုန်းကြီးကြွလာပြီး ပရိတ်နာသည့်အခါ မင်္ဂလာစားပွဲမှာ ဘုန်းကြီးများရှိတွင် တည်ဟိနီရမည်။ ယင်းမင်္ဂလာစားပွဲရှိတွင် သမီးသျှင်က အမျိုးသမီးနှစ်ဦး လက်ဝဲလက်ယာရံ၍ ထိုင်ရသည်။ ထိုအရံအမျိုးသမီးနှစ်ဦးမှာ သမီးသျှင်မွီးရက်နှင့် နိနံသင့်သူများဖြစ်သည်။ ရှိဦးစွာသီလခံယူပြီးလျှင် ပရိတ်ကြိုးဖြင့် စည်းဝိုင်းချသည်။

သမီးစောင့်ခြင်း

သမက်တက်သည့်နိ မိုးထက်ကိုးချက်တီးခန့်တွင် သမီးသျှင်နှင့်ရင်းနှီးသော မိတ်ဆွီကုလိမ္မေချေများ၊ ဆွီမျိုးများကို ထမင်းကျွေးရသည်။ သမီးသျှင်မှာ အလှပဆုံးဝတ်စားဆင်ယင်ကာ နိသင့်နံသင့်အပျိုရံနှစ်ယောက် လက်ဝဲလက်ယာရံလျှက် မင်္ဂလာဆောင်မည့်နီရာတွင်ထိုင်၍ ဧည့်ခံရသည်။

သမက်တက်ခြင်း

သမက်သျှင်ဘက်မှ သမီးသျှင်ဘက်သို့လားသောအခါ သမက်သျှင်အဖ၊ အဘိုး၊ ဆွီမျိုး သက်ကြိးဝါကြီးများက ရှိမှဦးဆောင်လာလတ်ပြီး အမိ၊ အဘောင်စသောသက်ကြီးဝါကြီးမိမ္မများက နောက်မှလိုက်ရသည်။ ထို့နောက် အုပ်ထမ်းသူအညွန့်မိမ္မများက တယောက်ချင်းတန်းစီ၍ လျှောက်ရသည်။ အုပ်ထမ်းသူများမှာ မိမ္မချောမိန်းမလှများဖြစ်သည်။ ရှိဆုံးမှအညွန့်ပန်းအုပ်ကို သမက်သျှင်၏အစ်မ (သို့မဟုတ်) ဆွီမျိုးရင်းချာထဲက ထမ်းရသည်။ နောက်အုပ်များတွင် မုန့်အမျိုးမျိုး၊ နှပျိုးသီးများထည့်ကာ ထမ်းလာရသည်။ အုပ်ထမ်းသူများအတွက်လက်ဆောင်အဖြစ် ပုဝါပိုင်းများကို အုပ်များတွင်ချိုင်နှောင်ထားဟိသည်။ အုပ်များကို သမက်သျှင်တတ်နိုင်သည့်အလျှောက် (၇) အုပ် (၉) အုပ်ထားဟိသည်။

အုပ်ထမ်းသူများ၏နောက်နားတွင် သမက်သျှင်အဖွဲ့ပါသည်။ သမက်သျှင်၏ဦးသျှောင်နှင့် ရီစင်အိုးကို ရှိကသယ်ယူလာရပြီး သမက်သျှင်မှာ ခေါင်းပေါင်း၊ ပန်းဖော်တောင်ရှည်ပုဆိုး၊ လိုင်ထောင်အင်္ကျီ၊ ရင်ဖုံးပြင်ခံအင်းကျီများကိုဝတ်ဆင်ကာ ဓားရှည်လွယ်သူ၊ ယပ်ရှည်ကိုင်သူများခြံရံလျှက် လိုက်ပါလာရသည်။ ၄င်းရို့၏နောက်တွင် သမက်သျှင်၏အပေါင်းအဖော်များမှာ တေတ္တာနှင့်အိပ်ရာလိပ်များကို သယ်ဆောင်လာလတ်ပြီး ဗုံ၊ လင်ခွင်း၊ ပုလီတီးမှုတ်သူများနှင့် တပျော်တပါးတီးမှုတ်လိုက်ပါလာရသည်။

သမီးသျှင်အိမ်ရောက်သည့်အခါ သမီးသျှင်မိဘဆွီမျိုးများကဆီးကြို၍ဧည့်ခံပြီး နီရာထိုင်ခင်းများပီးသည်။ ရှိဦးစွာအညွန့်အုပ်ထမ်းသူက အညွန့်အုပ်နှင့်အတူပန်းဆင်ပီးရန် သမီးသျှင်အနားနီရာယူရသည်။ ကျန်အုပ်များကို သမီးသျှင်အိမ်မှလက်ခံယူ၍ နီရာချထားသည်။ သမက်သျှင်ဘက်မှသယ်ဆောင်လာသော မင်္ဂလာရီစင်အိုးကိုလည်း မင်္ဂလာစားပွဲပေါ်တွင် သမီးသျှင်၏ရီစင်အိုးနှင့်အတူ ထားရသည်။ အညွန့်အုပ်ထမ်းလာသူ သမက်သျှင်၏အစ်မဆွီမျိုးများက သမီးသျှင်ကို ပန်းဆင်ပီးရသည်။ အညွန့်အုပ်တွင် ရာသီအလိုက်ပန်းများပါလာရသည်။

ဥပမာ-
နှင်းပန်း အီးချမ်းစီရန်
နှင်းဇီပန်း မွှီးကြိုင်လန်းဆန်းစီရန်
သဇင်ပန်း သန့်ယှင်းစင်ကြည်စီရန်
အချစ်တရာ (အချပ်တရာ) ပန်း အချစ်အနှစ်တရာတိုင်စီရန်
စံကားပန်း စံစားရစီရန်

ပန်းများပန်းကုံးများကို တစုံစီအညွန့်အုပ်တွင်ထည့်ယူလာရသည်။ ပန်းဆင်ပီးသူက ပန်းများကို တစုံစီ ငါးစုံဆင်မြန်းပီးရသည်။ ဆံထုံးထဲတွင်လည်း ပန်းကုံးများထိုး၍ ပန်းပန်ပီးရသည်။ ထို့နောက် သမီးသျှင်ကိုသျှောင်ဆောင်းပီးပြီး မျက်နှာကိုဖုံးအုပ်ထားရသည်။ သမီးသျှင်ကိုပန်းပန်ဆင်ပြီးနောက် သမက်သျှင်ကို အိမ်ထဲသို့ဝင်စီသည်။ အ၀င်တွင် သမီးသျှင်၏ညီမအပျိုများက ခြီဆီး၍ငွေတောင်းခံသည်။ လူပျိုရံများက ဈီးဆစ်ခြင်းဖြင့် အချေအတင်ပြောဆိုရသည်။ လူပျိုရံ၊အပျိုရံများ တစိတစောင်းပြောဆိုရသဖြင့် ပျော်စရာကောင်းသည်။ အိမ်ပေါ်သို့ရောက်သောအခါ သမက်သျှင်ကို ရီတခွက်တိုက်ရသည်။ ထို့နောက် သမက်သျှင်ကို သမီးသျှင်၏ညာဘက်တွင် နီရာယူစီပြီး သျှောင်ဆောင်းပီးရသည်။ ထိမ်းမြားပီးသူများက မင်္ဂလာစားပွဲပေါ်ဟိ မင်္ဂလာထမင်းပွဲကိုလည်းကောင်း၊ ရီစင်အိုးများကိုလည်းကောင်း (၇) ပတ်၊ (၉) ပတ်ပတ်ထားသော ပရိတ်ခြည်မျှင်ကွင်းများဖြင့် တမျိုးတစုံကျစီ ရစ်ပတ်ပီးရသည်။ ထို့နောက် မောင်နှံအစုံအပါအ၀င် မင်္ဂလာစားပွဲ၊ အိပ်ရာလိပ်၊ တေတ္တာများအားလုံးကို ပရိတ်ခြည်မျှင်များဖြင့်ရစ်ပတ်ပီးရသည်။ ထို့နောက် သမက်သျှင်၏ညာလက်နှင့် သမီးသျှင်၏ညာလက်ကိုပေါင်း၍ ခြည်မျှင်များဖြင့် ရစ်ပတ်ပီးရသည်။

လက်ထပ်ပီးသည့်အမျိုးသမီးကြီးများက မောင်နှံစုံကို အောင်သပြီခက်ဖြင့် ရီစင်အိုးနှစ်စုံပေါင်းစပ်ထားသော ရီစင်များဖြန်းကာ ဆုတောင်းမိတ္တာပို့ရသည်။ ဆက်လက်၍ သမတ်သျှင်နှင့်သမီးသျှင်လက်များကိုပေါင်းပြီး ရီစင်သွန်းလောင်းရသည်။ သမီးသျှင်လက်ကိုအောက်တွင်ထားပြီး သမက်သျှင်လက်ကိုအပေါ်မှာ ထားရသည်။ အချို့မှာ သမက်သျှင်လက်ကိုအောက်ကလှန်ပြီး သမီးသျှင်လက်ကို အထက်ကမှောက်သည်။ အဓိပ္ပါယ်မှာ သမက်သျှင်က သမီးသျှင်ကို ညာလက်ဖြင့်တောင်းဆိုခြင်းကို သမီးသျှင်က ညာလက်ဖြင့်လက်ခံခြင်းသဘော၊ သမက်သျှင်က သမီးသျှင်ကို တသက်လုံးစောင့်ယှောက် ထောက်ပံတာဝန်ယူလားမည်ဟူသော သဘောကိုဆောင်သည်။

မိဘကန်တော့ခြင်း

သမီးသျှင်ရှိတွင် သမက်သျှင်ဖခင်၊ သမက်သျှင်ရှိတွင် သမီးသျှင်ဖခင်ရို့က နီရာယူရသည်။ သမီးသျှင်သမက်သျှင်ရို့က ဖခင်နှစ်ဦးရုံလာသောတဘက်ဖြူထဲသို့ ထမင်းခုနှစ်ဆုပ်တပြိုင်တည်းထည့်ပီးခြင်း၊ မိခင်များအားလည်း ထမင်းခုနှစ်ဆုပ် တပြိုင်တည်းထည့်ပီးခြင်းသည် မိဘနှစ်ပါးကိုကန်တော့ခြင်းသဘောဖြစ်သည်။

လက်ဆုံစားခြင်း

မိဘများကိုကန်တော့ပြီးနောက် မောင်နှံစုံက မင်္ဂလာထမင်းကို ခုနှစ်ဆုပ်စီလက်ဆုံစားရသည်။ စားသောက်ပြီး ငွေဖလားတွင်အတူလက်ဆီးရသည်။

လက်ဖွဲ့ခြင်း

ထမင်းလက်ဆုံစားပြီးနောက် မိဘဆွီမျိုးမိတ်ဆွီများက သမီးသျှင်သမက်သျှင်ရှိ ငွေဖလားနှစ်ခုထဲသို့ လက်ဖွဲ့ငွေများထည့်ရသည်။ လက်ဖွဲ့လက်ခံပြီးသောဖလားကို သမက်သျှင်က သမီးသျှင်ကိုအပ်ရသည်။ သမီးသျှင်ကကန်တော့၍ လက်ခံယူရသည်။

သျှောင်ချသျှောင်တင်

သမက်သျှင်က မိမိသျှောင်ကိုချွတ်၍ စားပွဲပေါ်တင်ထားပြီးလျှင် သမီးသျှင်၏သျှောင်ကိုချွတ်ယူကာ မိမိ၏သျှောင်ကိုဆောင်းပီးရသည်။ သျှောင်တင်သျှောင်ချပြုလုပ်စဉ် သမီးသျှင်က သမက်သျှင်ကို ရှိခိုးရသည်။ သျှောင်တင်သျှောင်ခအဖြစ် သမက်သျှင်က သမီးသျှင်ကို ငွေလက်ဖွဲ့သဖြင့် သမီးသျှင်ကကန်တော့ပြီး လက်ခံရယူရသည်။ မင်္ဂလာအခမ်းအနားပွဲအပြီးတွင် ထွက်ခွာခွင့်ရရန် သမက်သျှင်က သမီးသျှင်ဘက်မှအပျိုရံလူပျိုရံများက ရွှေကြိုးတားထား၍ ကြိုးတားခပီးရသည်။ နောက်ဆုံးခန်းဝင်ခ ပီးဆောင်ရသည်။

အိမ်ပြန်လည်ခြင်း

သမက်တက်ပြီး (၇) ရက်နိတွင် သမီးသျှင်သမက်သျှင်များသည် သမက်သျှင်၏မိဘအိမ်သို့ မိုးထက်မှစ၍လည်ရသည်။ သမက်သျှင်၏မိဘ၊ အဘိုးအဘောင်များကို သမီးသျှင်၊ သမက်သျှင်ရို့က ကန်တော့ရသည်။ ညဇာစားပြီးမှပြန်ရသည်။ သို့ဖြင့် ကြင်စဦးဇနီးမောင်နှံနှစ်ဦးသည် အိုးအိမ်တည်ထောင်ကာ တလင်တမယားစနစ်ဖြင့် တသက်လုံးပေါင်းဖော်ရတော့သည်။

ရခိုင်လူမျိုးများသည် မင်္ဂလာပွဲကို ၀ါတွင်းနှင့်ပြာသိုလများတွင် ယှောင်ကြည်လေ့ဟိပြီး တပေါင်းတန်ခူးလများတွင် အများဆုံးကျင်းပပြုလုပ်သည်။ ပြာသိုလတွင် မင်္ဂလာဆောင်က အိမ်ထောင်စီးပွားရေးမဖြစ်ဘဲ မွဲပြာကျတတ်သည်ဟု အယူဟိသည်။ ရခိုင်ဓလေ့ထုံးတမ်းစဉ်လာအရ မင်္ဂလာပွဲနှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်များစွာဟိသည်။ ထိုချမှတ်ထားသောစည်းကမ်းချက်များကိုလိုက်နာပြီး လက်ထပ်မင်္ဂလာပွဲသည် ပကာသနမဖက် အရိုးခံသက်သက်ဖြင့် ရိုးရာမပျက်ချစ်မြတ်နိုးစရာဖြစ်သည်။ ရခိုင်လူမျိုးရို့၏ချစ်စရာကောင်းသောဓလေ့၊ တမူထူးခြားသော မင်္ဂလာအယူအဆများဖြစ်သည်။

ကျမ်းကိုးကားစာအုပ်များ
သားချင်းများအကြောင်းတစေ့တစောင်း (မောင်အောင်မွန်)
ပြည်ထောင်စုသားများ၏ရိုးရာလက်ထပ်မင်္ဂလာပွဲဓလေ့များ
(တက္ကသိုလ်သျှင်သီရိ)
မြတ်ပန်းသဇင် ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်)၂၀၀၇ ထုတ်

နားထောင်ရန်-ရိုးရာလက်ထပ်မင်္ဂလာ Click
နားထောင်ရန်-သမက်တောင်းခြင်Click

ရခိုင်ကျင်

အခန်း(၁)

ကျင်အဓိပ္ပါယ်

“ကျင်” ဝေါဟာရနှင့်ပတ်သက်၍ အမျိုးမျိုးရွီးဖွဲ့ကတ်သည်ကို တွိရပါသည်။ ဦးရာဇ်တောင်ဘုရားသမိုင်း လင်္ကာ၌ “လောကီဘက်က၊ ဆောင်ရွက်တခန်း၊ ကျင်လက်ပန်းနှင့်၊ မြီဝန်းရုပ်သီး၊ ရှုမငြီးအောင်” ဟူ၍ူ ရွီးဖွဲ့ထားသည်။

ဆယ့်နှစ်လရာသီလင်္ကာတပိုဒ်တွင် “မယ်လျှင်စစ်မှာ၊ စိတ်ကြီးပျက်လို့၊ ကျင်ကိုင်လက်ပန်း၊ အခန်းခန်းကို၊ အိမ်သူအကျွန်၊ မြင်ရပြန်ကေ၊ လွမ်းတော်တာရှည်၊ ပန်းမဉ္စူကို၊ နီပူထိုးကေ၊ ညှိုးလတ်တေလည်း” ဟူ၍ူ ဖွဲ့ဆိုထားပြန်သည်။

လမုချောင်းဆရာကျော်မဲရွီးဖွဲ့သော မဟာဝိဟိံကရာဇဝင်လင်္ကာ (အပိုဒ်-၁၁၃) ၌ “ကခြေများဖြင့်၊ တီးကာရစ်မြည်၊ စည်ငါးမည်တည်း၊ သံရှည်ဟစ်ကြွေး၊ စုရုံးဝေးလျှက်၊ လက်ပွဲကျယင်၊ လုံးထွီးကျင်၍” ဟူ၍လည်းကောင်း

မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်ပါမောက္ခချုပ် ဆရာကြီးဦးကျော်ရင်သည် ရန်ကုန်တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်း (၁၉၅၈-၅၉)၊ လုပ်သားပြည်သူ့နိစဉ်သတင်းစာ (၂၄-၈-၆၄) တွင် ကျင်နှင့်ပတ်သက် ဆောင်းပါးများကိုရွီးသားခရာ-
“ကျင်ဟူသည်မှာ ကျားနှင့်ယင် ဝေါဟာရနှစ်လုံးပေါင်းစပ်ဖြစ်ပေါ်လာရကြောင်း၊ “ကျားယင်၊ ယင်-ကျား” ကစပ်နည်းကိုအခြီခံ၍ ကျင်ဖြစ်ပေါ်လာရကြောင်းဆိုထားသည်။ “ကျားယင်” ကစပ်နည်း၊ ကျားကယင်ကို အုပ်ဖမ်းလိုက်၊ ယင်က ယှောင်ပြီးလိုက်နှင့် ယင်အကောင်နှစ်ဆယ်ကို ကျားနှစ်ကောင်က အနိုင်လိုက်ဖမ်းရန်အကွက် ရွှိကစပ်နည်းကိုအခြီမှီပြီး ကျင်သန်နှစ်ဦး ဖမ်းလိုက်၊ ခံလိုက်၊ ပစ်ချလိုက်နှင့် မြီသို့ကျအောင် ကစပ်ရသော နည်းအတတ်ပညာ” ဟူ၍ ယှင်းပြထားသည်။

တိုင်းရင်းသားယဉ်ကျေးမှုဓလေ့ထုံးစံများ (ရခိုင်) (၁၉၇၆) စာအုပ်၌ကား “ကျင်ဟူသည်မှာ ကျားလျှင်မှ ပြောင်းလဲလာခြင်းဖြစ်ကြောင်း၊ ကျားသည် သားကောင်ကိုဖမ်းသည့်အခါ လျှင်မြန်သည့်အဟုန်ဖြင့် ဖမ်းအောင်းရသကဲ့သို့ ဖြတ်လတ်လျှင်မြန်ရသည့်အတွက် “ကျားလျှင်” ဟုခေါ်ရာမှ ကျင်ဖြစ်လာသည်” ဟုဆိုထားသည်။

သဇင်နွယ် (မန္တလေးတက်ကသိုလ်) ၏ လက်နှိပ်စက်မူ ကျင်စာတမ်းငယ်၌ “ကျားကဲ့သို့ ခွန်အားဗလနှင့် ပညာကိုအသုံးချကိုင်ရသည့် အားကစပ်နည်းဖြစ်သည့် “ကျားအင်” လို့ခေါ်ရာမှ “ကျင်” ဖြစ်လာကြောင်းဆိုထားပြန်သည်။

ရမ္မာဝတီပညာစာရနှင့် လှအောင်ရွှေရို့ရွီးသားသည့် “ရမ္မာဝတီတေးကဗျာများစာအုပ်” (၁၉၉၀) တွင်းလည်း ရမ်းဗြဲဒေသိယသဘာဝတေးကဗျာတချို့ကို တွိရပြီး ထိုကဗျာများထဲတွင် ကျင်ဝေါဟာရနှင့်ပတ်သက်၍ “ကျအယင်၊ ကျီးယင်၊ ကျယင်၊ ကျအားယင်” စသည်ဖြင့် အမျိုးမျိုးအသံထွက်ကာ ဖွဲ့ဆိုရွီးသားထားသည်ကို တွိရသည်။ ကဗျာတပိုဒ်ကိုထောက်ပြရလျှင် -
“ရွာဘုံကေရာ သောင်းလဲ၊ များဘုံဆင်ကေ၊ ရွာတွင်လူများ၊ ကျအင်တိုက်တေ ထိုပွဲလယ်မှာ၊
မျှောကာကြည့်ကေ၊ ဝမ်းနည်းနည်းနှင့်” ဟူ၍ ဒေသိယလီသံဖြင့် ဖွဲ့ဆိုထားသည်ကို တွိရပါသည်။ မြောက်ဦးခေတ်တွင် ဓမ္မရာ (ထမရာ၊ အမရာ) မင်းသား ကျင်အတတ်ပညာသင်ယူပုံနှင့် ပတ်သက်၍ “ထမရာဖွဲ့” ၌ -

“ကျောက်တလင်းတွင်၊ ပျော်ပွဲရွှင်သောင်းသဲ၊ ကတူပွဲနှင့်၊ ပျော်ပွဲသဘင်၊ ကျင်ခြင်းသင်၍၊ ကာကောင်းခြင်းနှင့်၊ သိုင်းခြင်းသုံးဆယ်၊ သင်လတ်တေလေး။ ဒိုင်းခြင်းသုံးဆယ် သင်လတ်တေလေး။ စစ်ဆုတ်စစ်တက်၊ သင်လတ်တေလေး” ဟူ၍ တွိရသည်။

မဇ္ဈိမဒေသအရေးတော်ပုံကျမ်းနိဒါန်းရှည် (စာ-ငဲ) တွင်လည်း -
“ရခိုင်သားရို့သည် ဗဒုံမင်း၏ခိုင်းစေခြင်းအမျိုးမျိုးကို လုပ်ဆောင်ကတ်ရသည်။ ၎င်းရို့မှာ အမရပူရနီပြည်တော်တွင်ကျင်းပသော ပွဲလမ်းသဘင်များတွင် အတီးအမှုတ်၊ အကအခုန်၊ ကျယင်စသော ဖြေဖျော်မှုများ လားရောက်ဆောင်ရွက်ရ၏။” ရခိုင်ရာဇဝင်သစ်ကျမ်း (ဒုတွဲ)(စာ ၂၉၆) (ရခိုင်သားကြီးစာပီထုတ်) တွင်လည်း -

“ဒါးပိုင်ကြီးကျော်ပုံလည်း လေးတောင်စားလျှောက်ထားသည်ကိုသိလီလျှင် လျှောက်ထားရာသလောဟု အချက်ဝင်၍ လက်ဝှေ့ကျေးယင်ပွဲဆင်၍ သဘင်ပြုကြရာတွင် အကျူးအလွန်ပြုသည်ဟု လေးတောင်စားခေါ်မဲလွယ်ရို့ ညီအစ်ကိုသုံးယောက်ကို ဖမ်းယူလျှက် ဒါးပိုင်ကြီးကျော်ပုံသည် သတ်လီ၏။” ဟူ၍လည်းတွိရသည်။

ကျင်နှင့်ပတ်သက်၍ စကားပုံ၊ ဥပမာတချို့လည်းဟိသည်။ “အဘကျင်သန်၊ သားအင်တန်” “ကျင်သန်အို ကြက်နှင်မရ” “ကစပ်ကြီးကေ ကျင်ဖြစ်တေ” စသည်ဖြင့်ဖြစ်သည်။

မြန်မာ့အဘိဓာန်ကျမ်း (ပတွဲ) (၁၉၉၁) ၌ ကား -

ကျင် (ကြိ) ။ မြီကြီးနှင့်ရောနီသော ရွှေမှုန့်၊ ငွေမှုန့်များကို ကျင်ခွက်တွင်ထည့်ကာ ရီတွင်သဲ့ယူသည်။
ကျင် (ကြိ) ။ တတ်မြောက်လိမ်မာသည်။ “လူ့ပြည်နတ်ပြည်၊ ဘုံသုံးထပ်တွင်၊ နိုင်အံ့မထင်၊ ပညာကျင်သည်၊ ထွတ်တင်မော်ကွန်းထား၏တည်း”
ကျင်ကိုင် (ကြိ)(ရခိုင်) ။ တဦးနှင့်တဦး၊ အနိုင်အယှုံးလုံးသတ်သည်။ တောင်ကျော်ကိုင်သည်၊ နပန်းလုံးသည် - ဟူ၍ဖြစ်သည်။

သို့ဖြစ်၍ ကျင်ဝေါဟာရအဓိပ္ပါယ်ကို နိဂုံးကောက်ချက်ချပါက ကျင်ဆိုသည်မှာ ကျင်ပင်ဖြစ်သည်ဟု၍ ဆိုရပေမည်။ ကျွမ်းကျင်သည်။ ကျင်လည်သည်။ ကျင်ပစ်ချသည်ဆိုသည့် အဓိပ္ပါယ်ပင်မဟုတ်ပါလား။

အခန်း (၂)

ကျင်သမိုင်းကြောင်း

ကျင်သမိုင်းကြောင်းနှင့်ပတ်သက်၍ တောင်ကျောင်းဆရာတော်၏ ရခိုင်ရာဇဝင်သစ်ကျမ်းအပါအဝင် ရခိုင်ရာဇဝင်ကျမ်းတချို့၏အလိုအရ လက်ပန်းသည်ရို့ လက်ပန်းသတ်ကြသည်ကို ၀ါသုဒေဝ၊ ဗလဒေဝခေတ် (ဘီစီ ၆၀၀ ကျော်လောက်က) ရှိဦးစွာ ဒွါရာတီခေတ်ကပင်ဟိကြောင်း ဖော်ပြထားသည်။ ဝါသုဒေဝ၊ ဗလဒေဝရို့ မင်းညီနောင်တကျိပ်သည် ဦးရီးတော်ကံသမင်းကြီး ထောင်ချောက်ဆင်ကျင်းပသည့် လက်ပန်းသတ်ပွဲ၌ စာရုယလက်ပန်းသည် မုဠိအလက်ပန်းသည်ရို့နှင့် လုံးသတ်အနိုင်ရပြီးနောက် ပြည်သိမ်းပုံများကို ရွီးဖွဲ့ထားသည်။ ဦးရာဇ်တောင်ဘုရားသမိုင်းလင်္ကာ “ကျင်လက်ပန်းနှင့်၊ မြီဝန်းရုပ်သီး ရှုမငြီးအောင်” ဟူ၍ရွီးဖွဲ့ထားသည့်အတွက် ကျင်ကိုလက်ပန်းလုံးပွဲဟုလည်းခေါ်သည်။

ပါမောက္ခချုပ်ဦးကျော်ရင်၏ “ရခိုင်ရိုးရာအတတ် ကိုယ်ပိုင်ပညာကျင်ပွဲ” (ရခိုင်တန်ဆောင် ၁၉၅၈) ဆောင်ပါးတွင် -

“ရှိရခိုင်မင်းဆက်များလက်ထက်တွင် ဘီလူးကို အသီသတ်ခသော ကျင်သမားဟုဟိသည်။ ထိုနည်းတူ မွန်မင်းများလက်ထက်တွင်လည်း အသားမင်းသားမှာ ခုနစ်တောင်မြင့်သော ကုလားလန်ဘားနှင့် နပန်းလုံးသတ်ခသည်။ မြန်မာရာဇဝင်တွင်လည်း ရန်မန်ထွေးသည် မိကျောင်း၊ ကျား၊ ဆင်ရို့နှင့်နပန်းလုံးကာ သတ်ပုတ်အောင်မြင်၍ အနန္ဒသူရိယဘွဲ့ကိုပင် ရဟိခသည်။ အသားမင်းသား ကုလားလန်ဘားနှင့် နပန်းသတ်သည်မှာ ရာဇဝင်အရ နှစ်ပေါင်းထောင်ကျော်ဟိလတ်ပြီ။ ကမ္ဘာပေါ်တွင်လည်း နပန်းလုံးအတတ်ပေါ်ပေါက် ခေတ်စားသည်မှာ နှစ်ပေါင်းထောင့်ငါးရာကျော်လတ်ပြီ။ ဤအကြောင်းနှစ်ရပ်ကိုထောက်၍် ရခိုင်ပြည်တွင်လည်း ကျင်အတတ်ပေါ်ပေါက်ခသည်မှာ နှစ်ပေါင်းတထောင်ထက်မလျော့နိုင်ဟု တွေးမိသည်။” ဟူ၍ သုံးသပ်ပြထားသည်။

ဝေသာလီခေတ် စူဠစန္ဒြားမင်းလက်ထက်၌ အမတ်ကြီးဓမ္မဇေယျသည် “ဗျည်း-၃၃ လုံးလှီလှော်သံ” ကိုစပ်ဆိုခသည်။ ယင်းလှီလှော်သံကို ကျင်သန်ကြီးများက ပြိုင်တူရွတ်ဆို၍ စည်ကြီးဗြိန်းစောင်းတီးကာ ပြိုင်လောင်းကြီးများကိုလှော်၍ ရခိုင်ရီတပ်မကြီးဖြင့် စစ်ချီထွက်ကြောင်းဆိုထားသည်။ ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း (ပဉ္စမတွဲ) (ယဉ်ကျေးမှုကဏ္ဍ) စာ-၁၈၈ ၌ -

“ရှိခေတ်ရီတပ်မတော်များတွင် စစ်ချီထွက်သောခါ သန်မာထွားကျိုင်းသူကျင်သန်ကြီးများက လှီကိုလှော်ခတ်ရသည်။” ဟူ၍ ရွီးထားသည်။ ၎င်းလှီလှော်သံကိုအကြောင်းပြုလျှက် ပြိုင်လောင်းသံကျပ်များ စပ်ဆိုခသည်။

“ကိုးစိတ်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တိရာတက်ပျာစီးလို့၊ မဟာလောင်းကြီးထွက်လို့လာ” (ရခိုင်ညွန်ဖူး၊ ၁၉၆၈--စာ-၈၃) “ကိုးဆယ့်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တပြီး၊ စည်တတီး” စသည်ဖြင့်ဖြစ်သည်။ မြောက်ဦးခေတ် “ထမရာဖွဲ့” ၌လည်း ကျင်ခြင်း၊ ကာခြင်း၊ သိုင်းခြင်း၊ ဒိုင်းခြင်းအတတ်ပညာများ သင်ယူပုံကိုဖွဲ့ဆိုထားဟိပြီးဖြစ်သည်။ အမရပူရနေပြည်တော်၌ ကျင်ဖြေဖျော်မှုပြုလုပ်ပုံကိုလည်း “မဇ္ဈိမဒေသအရေးတော်ပုံကျမ်း” ၌ တွိရသည်။ ရုပ်ဝတ္ထုသက်သီအဖြစ် သျှစ်သောင်းဘုရားလှိုဏ်ဂူပတ်တွင်း၌ ကျင်းအားကစပ်နည်းဆိုင်ရာ ရုပ်လုံးရုပ်ကြွများ ထွင်းထုထားသည်ကို ကနိထိ တွိမြင်နိုင်သည်။

ဤအကြောင်းအချက်များကိုဆက်စပ်၍ ကျင်အားကစပ်နည်းအတတ်ပညာသည် ရှိခေတ်အဆက်ဆက် ရခိုင်မင်းများလက်ထက်ကပင် ဆင်းသက်လာသည့် နည်းပညာရပ်ဖြစ်သည်ကို တိတိကျကျပြောနိုင်သည်။ ရှိရခိုင်မင်းများလက်ထက်ကပင် ရခိုင်ရိုးရာကျင်ပွဲများကို မင်းညီလာခံနန်းတွင်းသဘင်များ၌ ကျင်းပလာမြဲဖြစ်သည်။

တိုင်းပြည်အဝှမ်း မြို့ပြကျွန်းရွာဒေသများ၌ စည်စည်ကားကား ထူးထူးခြားခြားကျင်းပသည်။ ကျင်ပွဲ၊ ပြိုင်လောင်းပွဲများသည် ရခိုင်ရို့၏တိုက်ရေး၊ ခိုက်ရေး၊ စစ်ရေးအတွက်လည်းကောင်း၊ စည်းလုံးညီညွတ်မှု၊ အားမာန်တက်ကြွမှု၊ ယုံကြည်မှု၊ ကျန်းမာကြံ့ခိုင်မှုများအတွက်လည်းကောင်း၊ နန်းတွင်းနန်းပြင်၊ မြို့ပြကျွန်းရွာမကျန် စည်ကားမြိုင်ဆိုင်စွာကျင်းပသည့် ပညာတရပ်ဖြစ်သည်။ ကျွန်းပွဲ၊ ရွာပွဲ၊ ဘုရားပွဲ၊ ထီးတင်ပွဲ၊ ဈာပနပွဲ၊ မယ်တော်ပျံပွဲ၊ သင်္ကြန်ပွဲ၊ ပြိုင်လောင်းပွဲ၊ ရထားပွဲစသည့် ပွဲတော်တိုင်း၌ ကျင်ပွဲမပါလျှင်မပြီးဆိုလောက်သည်။

ရခိုင်ရိုးရာအက “ကျင်ယိမ်း” ၌ -

“ကျယင် ကျင်၊ ဖမ်းလူခံလူ၊ တူတူလုံး၊ ဒုန်းဒုန်းလည်းချ၊ အကျလည်း ယင်၊ ကျယင် ကျင်၊ ရခိုင်သားရို့ကြိုက်တေ ရခိုင်ကျင်၊ ခေါ်တွင်လာကတ်၊ အားကစပ်၊ ပွဲတိုင်းမလွတ် သူပါဝင်” ဟူ၍ စပ်ဆိုထားသည်။

ကျင်ခေတ်ဦးက တပွဲလုံး၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ဘုရင်၊ မိဖုရားရို့ကိုယ်တိုင် “ပန်းစည်းဆု” ချီးမြှင့်ကြောင်းသိရသည်။ ထိုသို့ ဆုချီးမြှင့်ပုံစနစ်သည် ရှိဂရိပြည် အိုလံပစ်ပွဲ၌ “လောရယ်” (ခေါ်) သစ်ခွပန်းစည်းဆု ချီးမြှင့်ပုံနှင့်တူကြောင်း သဇင်နွယ်၏စာတမ်းငယ်၌ ရွီးသားထားသည်။ ယခုထိကျင်သန်များအား “ပန်းဆု”ဟူ၍ူ ချီးမြှင့်သည်ကို တချို့နီရာများ၌ တွိရသိမ့်သည်။

ရှိက ကျင်ပွဲကိ ရွှေမောင်းတန်း၊ ငွေမောင်းတန်းဟူ၍ ခွဲခြားကျင်းပသည်။ ပထမတန်း၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ရွှေမောင်ဆု၊ ဒုတိယတန်း၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ငွေမောင်းဆုများချီးမြှင့်သည်။ ရွှေမောင်း၊ ငွေမောင်းများမှာ တစ်ကျပ်၊ တစ်ကျပ်ခွဲထိ အလီးဟိပြီး တံဆိပ်ခပ်နှိပ်ကာ ပိုးကြိုး၊ သိုးမွှီးကြိုးကျစ်၍ လိုင်ဖင်း၌စွပ်၍ ချီးမြှင့်သည်။ အင်္ဂလိပ်စာလက်ထက်က အင်္ဂလိပ် “မယ်လ်ဒေးလ်” တံဆိပ်မျိုးခပ်နှိပ်ကာ ရွှေတံဆိပ်၊ ငွေတံဆိပ်များကို ချီးမြှင့်ခကတ်သည်ဟုဆိုသည်။ ကနိခေတ်ထိ ရွှေမောင်း၊ ငွေမောင်းဆုများကို ရှိမူမပျက်ချီးမြှင့်ကျင်းပမြဲဖြစ်သည်။ ကျင်တခေတ်ဆန်းသစ်လာသော ကနိကာလ၌ ကားကျင်ပွဲများကို ခေတ်နှင့်အညီ ဆန်းသစ်တီထွင်ကာ ရွှေမောင်းဆုများကျည်း ချီးမြှင့်ကျင်းပလာလတ်သည်။

ရခိုင်တော်ဝင်ဂန္ဓဝင်မြောက် ရခိုင့်ကျင်ကို မပျောက်မပျက်၊ တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဆောင်ရန်မှာ မျက်မှောက်ခေတ် ရခိုင်သားတိုင်း၏တာဝန်ဖြစ်သည်။

အခန်း(၃)

ကျင်ပညာ၏နက်နဲပုံ၊ စနစ်ကျပုံနှင့် အကျိုးသက်ရောက်ပုံ

(က) နက်နဲပုံ၊ စနစ်ကျပုံ

(၁) ကျင်ပညာသည် ပြင်းပြင်းထန်ထန် ထိုးကြိတ်၊ သတ်ပုတ်၊ ကန်ကျောက်ပြီး ပြိုင်ဖက်အား အနာတရဖြစ်အောင် ဒေါမာန်ဖြင့်ကြံဆတိုက်ခိုက်သည့် နည်းပညာမဟုတ်။ (ဦးက္ခောင်း၊ ဒူး၊ တန်းတောင်၊ ခြီဖနာင့်၊ ခြီစောင်း၊ ခြီဖဝါး၊ လက်စောင်း၊ လက်ဝါး၊ လက်ညှိုး၊ လက်သီးစသည်များကိုသုံးပြီး (ထိုး၊ ရိုက်၊ ကျောက်၊ ကန်) သတ်ပုတ်ခြင်းမျိုး လုံးဝမပါဝင်ချေ။

(၂) ကျင်ပညာ အဖမ်းသားအနီဖြင့် လက်နှင့်ခြီကို အသုံးချသည့်အခါ (ထိုး၊ ရိုက်၊ ကျောက်၊ ကန်၊ သတ်ပုတ်) တိုက်ခိုက်ရန်အတွက်မဟုတ်ပဲ (ဆွဲ၊ ဖမ်း၊ ငင်၊ ဖက်၊ တိုး၊ ကန်၊ ပေါက်၊ ချိတ်၊ ကော်၊ ပင့်၊ လိမ်၊ ကျစ်) ရန်အတွက်သာလျှင် အသုံးချရသည်။

(၃) အခံကျင်သန်သည်လည်း အဖမ်းကျင်သန်က (ဆွဲ၊ ငင်၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်) လာသည့်အခါ စည်းကမ်းနည်းလမ်းတကျ (ယှောင်၊ ထွက်၊ ချွတ်၊ ထုတ်၊ ခါ၊ ပစ်၊ ပြန်ပစ်) ရန်အတွက်သာ မိမိ၏လက်နှင့်ခြီကို အသုံးချရသည်။ နာကြင်ကျိုးပဲ့အောင် ကြံစည်တုံ့ပြန်ခွင့်လုံးဝမဟိ။

(၄) အဖမ်းသားအခွင့်အရေးအနီဖြင့် အခံသားလက်ကိုဆွဲနည်း၊ မောင်းသတ်၊ မောင်းလိမ်၊ မောင်းကျပ်၊ မောင်းဖွင့်၊ မောင်းပြန်၊ မောင်းလွှဲနည်း၊ ခြီပေါက်နည်း၊ ချိတ်နည်း၊ ကော်နည်း၊ လိမ်နည်း၊ ကျစ်နည်း၊ ပစ်နည်း စသည်ဖြင့် လက်၊ ခြီများကို ကိုင်ပုံ၊ ပေါက်ပုံ၊ ကျစ်ပုံ စနစ်တကျဟိသည်။

(၅) အခံသားအခွင့်အရေးအနီဖြင့် ထိမ်းကိုင်၊ ဆီးကိုင်နည်း၊ ရုန်းယှောင်ထွက်နည်း၊ ခြီချွတ်လက်ချွတ်နည်း၊ ခါနည်း၊ ပစ်နည်း၊ ပြန်ပစ်နည်း၊ အပြန်ပစ်နည်းများသီးခြားစီ အပြန်အလှန်စနစ်တကျဟိသည်။

(၆) အဖမ်းသားကျင်သန်ကို အခွင့်အရေးပိုပီးထားပြီး ယင်းအခွင့်အရေးကို အခြင်း၊ အကွက်ဖြင့် စနစ်တကျ ကျင်ပညာအသုံးချကိုင်ကာ အခံကျင်သန်အားအနိုင်ရအောင် ပစ်ချရန်ဖြစ်သည်။ အခံသားကျင်သန်သည်လည်း အဖမ်းသားကျင်သန် ထိုကဲ့သို့ လုံးဖမ်းကိုင်တွယ်သမျှ ငုံ့ခံနီရုံမဟုတ်ပဲ အခံကျင်သန်၏ခုခံခွင့်အတတ်ပညာကိုပါ တီထွင်ဖန်တီးထားသည်။ အဖမ်းသား၏လုံးဖမ်းကိုင်တွယ်ခွင့်နှင့် အခံသား၏ခုခံကာကွယ်ခွင့် ပညာနှစ်ရပ်ကို သူတလှည့်ကိုယ်တလှည့်၊ သူတပြန်ကိုယ်တပြန် ကိုင်ခွင့်ပြုလျှက် ပညာစွမ်းပြရသည့် အားကစပ်နည်းပညာရပ်ဖြစ်သည်။

(၇) ကျင်ကွင်းနည်းအမျိုးမျိုး ပုံစံတကျဟိသည်။

(၈) ကျင်ခြင်း၊ ကျင်ကွက်၊ ကျင်ဖမ်းနည်း၊ ကျင်ခံနည်းများ စနစ်တကျ ကျယ်ကျယ်ဝန်းဝန်း ဟိသည်။

(ခ) ကျင်ပညာ၏အကျိုးသက်ရောက်ပုံ

(၁) ကျင်ပညာသည် လူငယ်ရို့၏ တကိုယ်ရည်စွမ်းရည်ပြည့်ဝမှု၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် အရေးပါသည့် နည်းပညာရပ်ဖြစ်သည်။
(၂) ဇွဲ၊ သက္တိကိုခိုင်မာစီသည်။ အခက်အခဲကို တဦးတည်း ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ဖြတ်ကျော်ရဲသည့်ုစိတ်ကို ရဟိစီသည်။
(၃) တက်ကြွမှုအားမာန်ကို ရစီသည်။
(၄) ယုံကြည်ချက်ပြည့်ဝစီပြီး ပြတ်သားခိုင်မာစီသည်။
(၅) ယုတ်ညံ့သိမ်ဖျင်းစိတ်၊ အားငယ်ကြောက်ရွံ့စိတ်များကို ကင်းပျောက်စီသည်။
(၆) မိမိကိုယ်မိမိ အားကိုးယုံကြည်စိတ် မြင့်မားစီသည်။
(၇) ဆုံးဖြတ်ချက်တရပ်ကို မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာချမှတ်လုပ်ကိုင်ဆောင်ရွက်လိုစိတ်ခိုင်မြဲစီသည်။
(၈) ကျန်းမာကြံ့ခိုင်သန်စွမ်းမှု၊ လျှင်မြန်ဖျတ်လတ်မှုဖြစ်စီသည်။
(၉) လူ့ဘောင်ဝန်းကျင်နှင့် ပေါင်သင်းဆက်ဆံရေးကိုတိုးတက်စီသည်။
(၁၀) အများအကျိုး၊ ဦးဆောင်ဦးရွက်ပြု ပါဝင်ဆောင်ရွက်နိုင်ရန် ကာယ၊ ဉာဏ်စွမ်းရည်များကိုပြည့်ဝစီသည်။
သို့ဖြစ်၍ ဤအမျိုးသားရေးလက္ခဏာ၊ အမျိုးဂုဏ်ပေါ်လွင်စီသည့် အမျိုးသားယဉ်ကျေးမှု
အစစ်အမှန်ဖြစ်သည့် ကျင်အားကစပ်နည်းပညာရပ်ကို ရခိုင်လူငယ်တိုင်း နားလည်ကျွမ်းကျင်တတ်မြောက်အောင်ကြိုးစားပြီး လက်ဆင့်ကမ်းထိန်းသိမ်းရမည်။ သို့မှသာ ကျင်ပညာ၏ဂုဏ်ရည်၊ အမျိုးသားဂုဏ်ရည် ပိုမိုတိုးတက်တောက်ပြောင်လာမည်ဖြစ်သည်။

အခန်း(၄)

ကျင်သန်များနှင့် ကျင်အတန်းအစားခွဲခြားပုံ

(က) ကျင်သန်အတန်းအစားခွဲခြားပုံ

(၁) ကျင်သန်။ ။ ကျင်အတတ်ပညာတတ်ကျွမ်းပြီး ခန္ဓာကိုယ် သန်မာထွားကျိုင်းသူအားလုံးကိုပေါင်းရုံး၍ ကျင်သန်ဟုခေါ်သည်။

(၂) ကျင်သန်ချေ။ ။ ကျင်ပညာသင်စ၊ ကျင်ကိုင်စ၊ အသက်အရွယ်ငယ်နုသော သူလူငယ်များ၊ ငွေမောင်းတန်း (အငယ်တန်း) ၌ ဝင်ကိုင်စလူငယ်များကို ကျင်သန်ချေ (ကျင်သန်ငယ်) ဟုခေါ်သည်။

(၃) ကျင်သန်ကြီး။ ။ ကျင်ပညာရည်ပြည့်ဝပြီး ကျင်ပွဲများစွာကိုင်ဖူးပြီး ပွဲအတွိအကြုံရင့်ကျက်သည့် အားခွန်ဗလပြည့်စုံသည့် ကျင်သန်၊ ရွှေမောင်း၊ ငွေမောင်း အကြိမ်ကြိမ်ရဖူးသည့်ကျင်သန်မျိုးကို ကျင်သန်ကြီးဟု ခေါ်သည်။ အထူးသဖြင့် ရွှေမောင်းတန်း (အကြီးတန်း) မှ ရွှေမောင်းရကျင်သန်ကြီးများကို ခေါ်သည်။

(၄) ပြည်ကျင်သန်ကြီး။ ။ ပြည်ကျင်သန်ကြီးဆိုသည်မှာ ကျင်လောက၏ အထွတ်အထိတ်ဂုဏ်ပုဒ်ပင်ဖြစ်သည်။ ရခိုင်ပြည်ဒေသအနှံ့က ပွဲတိုင်းလိုလို၌ ရွှေမောင်းမြောက်များစွာရဟိထားပြီး၊ ပရိသတ်ကြိုက်နှစ်သက်သော ကျင်သန်ကြီး၊ အင်အားနှင့်ပညာရပ်၌ အံ့မခန်းလောက်အောင် ထူးချွန်ပြည့်စုံပြီး လေးစားချီးကျူးထိုက်သော ပုဂ္ဂိုလ်မျိုးကို ပြည်ကျင်သန်ကြီးအဖြစ် ပြည်သူရို့နှုတ်ဖျားမှ ကင်းပွန်းတပ်ပီးသည့် ဘွဲ့ဖြစ်သည်။ အဆင့်မြင့်ဆုံး ပြိုင်စံယှား ကျင်ပညာသျှင်များဖြစ်သည်။

(ခ) ကျင်အတန်းအစားခွဲခြားပုံ

(၁) ရှိအစဉ်အလာ ကျင်အတန်းအစားခွဲခြားပုံ

ရှိအစဉ်အလာအရ ကျင်ပွဲကို ရွှေမောင်းတန်း၊ ငွေမောင်းတန်း အတန်းနှစ်မျိုးခွဲခြားကျင်းပသည်။ ရွှေမောင်းတန်းမှာ ရွှေမောင်းဆု၊ ငွေမောင်းတန်းမှာ ငွေမောင်းဆု ချီးမြှင့်သည်။ ရွှေမောင်းတန်း၌ နိုင်မောင်း (ပထမဆု)၊ ကျမောင်း (ဒုတိယ) ပီးသကဲ့သို့ ငွေမောင်းတန်း၌ ထိုသို့ချီးမြှင့်သည်။ ငွေမောင်းတန်း၌ ပွဲမြောက်များစွာကိုင်ဖူးပြီး ငွေမောင်း (ပထမဆု) အကြိမ်ကြိမ်ရဖူးကာ ကျင်အတွိအကြုံရင့်ကျက်သူ၊ အားအင်လည်းပြည့်စုံသူကို ရွှေမောင်းကျင်သန်အဖြစ် တန်းတင်၍တိုက်တတ်သည်။ ရွှေမောင်းတန်းကျင်သန်မှာ ငွေမောင်းတန်း၌ဆင်းကိုင်ခွင့်မဟိ။ ငွေမောင်းတန်း၌ တက်ရောက်ယှဉ်ပြိုင်ကိုင်နိုင်ခွင့်ဟိသည်။

(၂) ခေတ်သစ်ကျင်အတန်းအစား ခွဲခြားပုံ

ကနိ ရခိုင်ပြည်၏ အထင်ကရကျင်ပွဲကြီးတချို့ ၌ ကျင်ကိုခေတ်နှင့်အညီတိုးတက်အောင် တီထွင်ကြံဆကျင်းပလာပြီးဖြစ်သည်။ မိမိအသက်အရွယ်အလိုက် ကြီးငယ်မရွီး ကျင်သန်တိုင်း ကျင်ကိုင်ခွင့်ရစီရန်စီစဉ်ပြီး ကျင်အတန်းအစားများကို အောက်ပါအတိုင်း ခွဲခြားကျင်းပလာသည်။

(က) သက်ကြီးတန်း (ကျင်အိုတန်း)
(ခ) အကြီးတန်း (ပထမတန်း)
(ဂ) အလတ်တန်း (ဒုတိယတန်း)
(ဃ) အငယ်တန်း (တတိယတန်း)
(င) တန်းသစ်

မမျှော်လင့်ပဲ မတန်တတန် ယှုံးနိမ့်လားရသည့်ကျင်သန်များ၊ မပြတ်သားအယှုံးပီးလားရသည့် ကျင်သန်များ၊ ပရိသတ်အကြိုက် (သို့မဟုတ်) ကျင်ကော်မတီများအကြိုက် ကျန်သန်များကိုလည်း (မောင်းမရပဲ ယှုံးလားရသည့်ကျင်သန်ထဲမှ) ရွီးထုတ်ပြီး တိုက်ပီးသည့် စိန်ခေါ်မောင်း (စိန်ခေါ်ပွဲ) သို့မဟုတ် (ကြည့်ချင်ပွဲ) ဟူ၍လည်း စီစဉ်ကျင်းပပီးတတ်သည်။


အန်း(၅)

ကျင်ကိုင်ပုံ

အခြီခံသဘောမိတ်ဆက်

(က) ကျင်ကိုင်ပုံ ယျေဘုယသဘော

ကျင်ကိုင်သည်ကို ကျင်လုံးသည်ဟုလည်းဆိုသည်။ ကျင်ကိုင်၊ ကျင်လုံးရန်အတွက် ကျင်သန်နှစ်ဦး ဟိရမည်။ ကျင်သန်နှစ်ဦး ကျင်ကိုင်သည်ကို ကျင်တပူး (သို့) ကျင်တည်းတတည်း (သို့) ကျင်တွဲတတွဲအဖြစ် သတ်မှတ်သည်။ ကျင်တည်း ကျင်ကိုင်ရန်အတွက် (အဖမ်း) နှင့် (အခံ) ကို ရွီးချယ်ပီးရသည်။ ကျင်သန်တဦးကဖမ်းပြီး ကျန်တဦးက ခံပီးရသည်။ ကျင်ဖမ်းသူကို အဖမ်းသား (သို့) အဖမ်းကျင်သန်(သို့) အဖမ်းလူဟုခေါ်ပြီး ကျင်ခံပီးသည့်သူကို အခံသား(သို့) အခံကျင်သန် (သို့) အဖမ်းလူဟုခေါ်သည်။ ဖမ်းလှည့်ကိုရသော ကျင်သန်က လက်မောင်းနှစ်ဖက်ကိုမြှောက်ကားကာ စဖမ်းရပြီး၊ အခံလှည့်ကျသည့်ကျင်သန်က လက်မောင်းနှစ်ဖက်ကို နံဘေးမှာကပ်၍ လက်ဖျားပိုင်းကို ရှိသို့တောင့်တောင့်ပီးထားကာ ကိုယ်ကိုကိုင်းညွတ်ဦးတည့်ပြီး သတိဖြင့်ခံပီးရသည်။

အခံသားခြီနှစ်ဖက်ကိုလည်း ပြိုင်မရပ်ဘဲ ရှိနောက်ဟန်ချက်ညီညီ ထားပြီးခံရသည်။ အဖမ်းသားကစပြီး လှန်၊ ဖက်၊ ဆွဲ၊ ဖမ်း၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်နိုင်သည်။ ကျင်ခြင်း၊ ကျင်ကွက်ဖြင့်ပစ်ချနိုင်သည်။ ထိုသို့ အဖမ်းသားက ဆွဲ၊ ဖမ်း၊ လှန်၊ ဖမ်း၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်ရန် ကြိုးစားလာသည့်အခါ ပစ်ချလာသည့်အခါ တချိန်တည်းတပြိုင်တည်းမှာ အခံကျင်သန်ကလည်း ဖြုတ်၊ ဆီး၊ ကာ၊ ချွတ်၊ တိုး၊ ကန်၊ ရုန်း၊ ထွက်၊ ကာခွင့်ဟိသည်။ ပြန်လည်ပစ်ချခွင့်ဟိသည်။

(ခ) ကျင်တည်းပုံ၊ ကျင်တိုက်ပုံ ယျေဘုယျသဘော

ကျင်သန်နှစ်ဦး ကျင်တတည်းစီးတွဲပြီးနောက် “ကျင်တလင်း” (သို့) “ကျင်ကွင်း” ထဲ၌
ကျင်တိုက်ရသည်။ “ကျင်တည်း” များကို “ကျင်တည်းအဖွဲ့” (ကျင်စာရင်းထိန်းကော်မတီ) ကတည်းပီးပြီး၊ ၎င်းကျင်တည်းများကို ကျင်ကွင်းထဲသို့ ကျင်ကိုင်ဖို့လာရောက်ပါရန် “ပြန်ကြားရေးကော်မတီ” ကဖိတ်ခေါ်ပီးရသည်။ ကျင်သန်နှစ်ဦးစလုံးရောက်ဟိက ၎င်းကျင်တည်းကို “ကျင်ဒိုင်အဖွဲ့” ထဲမှ ကျင်ဒိုင်နှစ်ဦးတာဝန်ယူကြီးကြပ်ပြီး ကျင်တိုက်ရသည်။

တာဝန်ယူကြီးကြပ်မည့် ကျင်ဒိုင်နှစ်ဦးစီကို ကျင်တွဲနှင့်တွဲဖက်၍ “ကျင်တည်းအဖွဲ့က” နာမည်ကြော်ငြာပီးရသည်။ ကျင်တလင်းအကျယ်အဝန်း၊ ကြီးကြပ်ကျင်ဒိုင် အရွီအတွက်အပေါ်မူတည်၍ ကျင်တည်းများကို တတည်းကနီ၊ လေး၊ ငါးတည်းထိ တပြိုင်တည်းတိုက်နိုင်သည်။ ကျင်တလင်း၌ ကျင်ဒိုင်အဖွဲ့က ကြီးကြပ်သည်။ တချို့ပွဲ၌ “ကျင်ဒိုင်ချုပ်” ဟူ၍ သီးသန့်ထားပီးသည်။ သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကျင်တည်းကို အဖမ်းအခံသတ်မှတ်ပီးရသည်။ ကျင်တတည်း၏အယှုံးအနိုင်ကို ကြီးကြပ်ကွင်း ကျင်ဒိုင်များ၏အဆုံးအဖြတ်ဖြင့်မကြေနပ်ပါက “ကျင်ခုံသမာဓိအဖွဲ့” (ကျင်အကဲဖြတ်လူကြီးအဖွဲ့) ထံ စောဒကဝင်တင်ပြနိုင်သည်။ ကျင်ခုံသမာဓိအဖွဲ့၏ဆုံးဖြတ်ချက်သည် နောက်ဆုံးအပြီးအပြတ်အတည်ဖြစ်သည်။

(ဂ) ကျင်တတည်း၏ကျင်ကိုင်ပုံအဆင့်ဆင့်

ကျင်တတည်း၏ကျင်ကိုင်ပုံအဆင့်ဆင့်ကို အနှစ်ချုပ်သာဖော်ပြပါမည်။ အဖမ်းသားက အခံသားကို ခြီတကြိမ် ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်၍ အခံသားမကျပဲ ရုန်းလွတ်လားပါက အဖမ်းတခေါက်ပြီးလားပြီးနောက် တကြိမ်ထပ်ဖမ်းရသည်။ နောက်တကြိမ်လည်း အဖမ်းသားက ခြီတင်၊ ပေါက်ချိတ်၊ လိမ်ကျစ်ပစ်၍ အခံသားမြီပေါ်မကျပဲ လွတ်လားပါက အဖမ်းနှစ်ခေါက် ပြီးလားပြီဖြစ်သည်။ နှစ်ခေါက်ရာ ခြီတင်ပစ်ခွင့်ဟိပြီး အခံသားက ပြန်ဖမ်းရမည်ဖြစ်သည်။ ကျင်တည်းတတည်း၏အယှုံးအနိုင်သတ်မှတ်ပုံကို အောက်တွင် ဇယားဖြင်ဖော်ပြထားသည်။

ဥပမာ။

စဉ်....... မောင်ဖြူ........... မောင်နီ............ ကျသူ................... အနိုင်ရသူ

(က)
…….....အဖမ်း ...............အခံ ................မောင်နီကျ............. မောင်ဖြူနိုင်
..........အခံ ..................အဖမ်း .............မောင်နီကျ..............

(ခ)
.….... အဖမ်း ..............အခံ ...............မောင်ဖြူကျ............. မောင်နီနိုင်
..........အခံ .................အဖမ်း .............မောင်ဖြူကျ

(ဂ)
.…....အဖမ်း ..............အခံ................ မောင်နီကျ................. မောင်ဖြူနိုင်
........အခံ................ အဖမ်း................ မောင်နီဖမ်းမရ

(ဃ)
……....အဖမ်း ............အခံ ..................မောင်နီကျ
..........အခံ ...............အဖမ်း ................မောင်ဖြူကျ
..........အဖမ်း ............အခံ ...................မောင်ဖြူကျ
.........အခံ ................အဖမ်း ................မောင်နီကျ
.........အဖမ်း .............အခံ ...................မောင်ဖြူဖမ်းမရ
..........အခံ ...............အဖမ်း .................မောင်နီဖမ်းမရ

အဖမ်းတခေါက်၊ အခံတခေါက်စီ သူတလှည့်ကျနီပြီး အယှုံးအနိုင်မရဖြစ်နီပါက “အဖမ်း၊ အခံ” ကိုပြန်၍ “အသစ်တဖန် မျောက်ပန်းလှန်ပီး၍ ဖမ်းသူမှာ ခြီတခေါက်ရာ ပေါက်ချိတ်၊ လိမ်ဖမ်းခွင့်ပြုရပါသည်။ ကျသူကို အယှုံးပီးရသည်။ လုံးဝအယှုံး၊ အနိုင်မရပါက အယှုံးအနိုင်ကို မျောက်ပန်းလှန်၍ ဖြစ်စီ၊ မဲဖြင့်ဖြစ်စီ ဆုံဖြတ်နိုင်သည်။

အခန်း(၆)

ကျင်ပွဲကျင်းပရေးကော်မတီများ

ကျင်ပွဲကျင်းပရေးကော်မတီအသီးသီးသည် မိမိရို့၏လုပ်ငန်းတာဝန်ဝတ္တရားများကို ဆုံးဖြတ်လုပ်ပိုင်ခွင့်ဘောင်အတွင်းမှနီ၍ ပြည့်ပြည့်ဝဝကြိုးပမ်းဆောင်ရွက်ရသည်။ ကျင်ပွဲ၌ ဖွဲ့စည်းရမည့် လုပ်ငန်းကောမတီများမှာ --

(က) ကျင်ခုံသမာဓိအဖွဲ့ (ကျင်အကဲဖြတ်လူကြီးအဖွဲ့)
(ခ) ကျင်ဒိုင်အဖွဲ့
(ဂ) ကျင်တည်းအဖွဲ့ (ကျင်စာရင်းထိန်းအဖွဲ့)
(ဃ) ပြန်ကြားရေးအဖွဲ့
(င) ကျင်ဇေပြား ရောင်းချရေးအဖွဲ့
(စ) ကျင်ဇေပြားကို (ဆုငွေ) ပြန်ပီးရောင်းချရေးအဖွဲ့
(ဆ) ကြိုဆိုနီရာချထားရေးးအဖွဲ့
(ဇ) ကျင်တလင်း၊ ကျင်မဏ္ဍပ်ပျင်ဆင်ရေးအဖွဲ့
(ဈ) ကျင်ပွဲအခမ်းအနားပျင်ဆင်ရေးအဖွဲ့
(ည) ကျင်သန်များဆုခံစဉ် လိုက်ပါကူညီရေးအဖွဲ့
(ဋ) လျှပ်စစ်မီးတပ်ဆင်ရေးအဖွဲ့
(ဋ္ဌ) စာရင်းထိန်း၊ စာရင်းစစ်အဖွဲ့….စသည်ဖြင့်ဖြစ်သည်။

ကျင်ပွဲ၌ အဓိကကဏ္ဍမှပါဝင်ရသည့် “ကျင်ဒိုင်အဖွဲ့” ၏ တာဝန်နှင့် ကျင့်ဝတ္တရားများကို ဆက်လက်ဖော်ပြပါမည်။


(ခ) ကျင်ဒိုင်အဖွဲ့၏တာဝန်နှင့် ကျင့်ဝတ္တရားများ

(၁) တာဝန်များ

(၁) ကျင်ဒိုင်များသည် မိမိနှင့်သက်ဆိုင်ရာကျင်တည်းများကို ကျင်တလင်းသို့ ခေါ်ယူပြီး ခါးစည်းကြိုးကို မှန်ကန်စနစ်တကျနှောင်စီးရမည်။ ဘောင်းဘီဖြင့်ကျင်ကိုင်းခြင်းကို တားမြစ်ရမည်။
(၂) အန္တရာယ်ဖြစ်စီနိုင်သည့် လက်ဝတ်ထည်များကို ဝတ်ဆင်ထားသည့်ကျင်သန်ကို ယင်းလက်ဝတ်ထည်အား ချွတ်ထားဖို့ပြောရမည်။ လက်သည်းရှည်ကျင်သန်များကို ချက်ချင်းလှီးဖြတ်စီရမည်။
(၃) ကျင်သန်နှစ်ဦးအတူ ပရိသတ်ကို ရှိခိုးအရိုအသေပြုပြီးမှ ကျင်ကွင်းထဲသို့ဝင်စီရမည်။
(၄) ကျင်သန်နှစ်ဦးကို ဒေါသမပါဘဲ၊ ချစ်ကြည်ရင်းနှီးစွာဖြင့် လက်ဆွဲနှုတ်ဆက်ပြီးမှ စည်းကမ်းနှင့်အညီ ကျင်ကိုင်စီရမည်။
(၅) ကျင်သန်နှစ်ဦး ဖမ်းလှည့်၊ ခံလှည့်ကို စည်းကမ်းအတိုင်း စီစည်ဆုံးဖြတ်ပီးရမည်။
(၆) ကြီးကြပ်ကျင်ကိုင်ဒိုင်နှစ်ဦးသည် မိမိရို့နှင့်သက်ဆိုင်ရာကျင်တည်းကို မျက်ခြီမပြတ် စိစပ်သေချာစောင့်ကြည့်နီရမည်။ ထိုင်မနီရ။ တနီရာတည်း၌ ရပ်မနီရ။ ကျင်းတည်းနှင့်အတူ လိုက်ပါလှုပ်လျှားနီရသည်။
(၇) ကျင်သန်နှစ်ဦး အဖမ်းအခံကို အငြင်းပွားပါက သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ဆုံးဖြတ်ပီးရမည်၊ တွန်းပစ်ချမှုမျိုးမဖြစ်ရအောင် သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကြီးကြပ်နိုင်သည်။
(၈) ကျင်သန်နှစ်ဦး သတ်မှတ်ကျင်တလင်းနီရာ၌သာ ကျင်ကိုင်နိုင်စီရန်နှင့် လူထုထဲ (သို့) စည်းအပြင်သို့ တွန်းချမှုမျိုးမဖြစ်စီရအောင် သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကြီးကြပ်နိုင်ရမည်။
(၉) ကျင်တလင်းသည် စည်းအပြင်ဘက် လူထုထဲသို့ပစ်ချခြင်း။ ကြိုးဝိုင်းစည်းပေါ်၌ ပစ်ချခြင်းမျိုးကြောင့် ကျင်သန်တဦးကျလဲလားပါက အယှုံး၊ အနိုင်၊ မပီးပဲ ပြန်ကိုင်စီရမည်။
(၁၀) ကျင်သန်တဦးဦး ကျင်ကိုင်၍ တကြိမ်ပြီးသဖြင့် အနားယူခွင့်တောင်းပါက ပီးသင့်က ပီးရမည်။ တကြိမ်မှာ (၁၅) မနစ်ထက် ပိုအနားယူခွင့်မပီးရ။
(၁၁) ကျင်သန်တဦးဦး ကျင်ကိုင်နီစဉ် စည်းကမ်းဖောက်ဖျက်မှုဟိပါက သတိပီးတားမြစ်ရမည်၊ ထုတ်ပယ်သင့်သည်ထင်မြင်က ကျင်သမာဓိထံ တင်ပြအတည်ပြုချက်ယူရမည်။
(၁၂) ကျင်ဒိုင်သည် ကျင်တတည်းတိုက်ပြီးတိုင်း အယှုံးအနိုင်ကို ကျင်တည်းအဖွဲ့သို့ ပြန်လည်တင်ပြပီးရမည်။
(၁၃) ကျင်တွဲများကို ကျင်ကွင်းအနီအထားကိုကြည့်ပြီး ထုတ်တိုက်ရမည်။ ကျင်တည်းမများစီရ။
(၁၄) ကျင်ကွင်း၌ ကျင်တည်းမပြတ်စီရန်လည်း ဂရုစိုက်ရမည်။
(၁၅) ကျင်သန်များ ကျင်ကွင်းပြလိုက စီစဉ်ပီးရမည်။
(၁၆) ကျင်သန်များသည် ကျင်ပွဲမစမီကပင် ကျင်တလင်း၌ အဆင်သင့်ဟိနီရမည်။

၂။ ကျင်ဝတ္တရားများ

(၁) ကျင်ဒိုင်များသည် ကျင်တည်းတတည်း၏အယှုံးအနိုင်ကို ချက်ချင်းမှန်ကန်တိကျ ပြတ်သားစွာ ဆုံးဖြတ်ပီးနိုင်ရမည်။ ကျင်ဒိုင်နှစ်ဦးစလုံး ဆုံဖြတ်ချက်မှန်ရပါမည်။
(၂) ကျင်သန်များ ကျင်ကိုင်နီစဉ်ဖြစ်စီ။ အနားယူနီစဉ်ဖြစ်စီ တဦးတဖက်ကိုမျှ အားပီးအမြှောက်ပြောခြင်း၊ အကြံပီးခြင်း လုံးဝမလုပ်သင့်။
(၃) ကျင်သန်တဦးဦး ကျင်နိုင်သည့်အခါ ဝမ်းသာအားရလက်ခုပ်တီးခြင်း၊ ထပြီးကျင်ကွင်းခြင်းများ လုံးဝမလုပ်သင့်။
(၄) အဖမ်းကျင်သန်က အခံကျင်သန်၏ခါးကို ကိုင်ဖက်ထမ်းထားလျှင် အဖမ်းသားကို လွှဲပစ်မချစီရန် ချက်ချင်းတားပြီး အခံသားကိုအကျပီးရမည်။ အခံသားအကျမခံလိုက ပစ်ချခွင့်ပြုရမည်။
(၅) ကျင်ဒိုင်များသည် ကျင်ကိုင်နည်းပညာ၊ ကျင်ကိုင်းခြင်းစုံစုံလင်လင်ကို နှံ့စပ်အောင်သိထားရမည်။
(၆) ကျင်ဒိုင်အတွိအကြုံရင့်ကျက်အောင် ကြိုးစားရမည်။
(၇) ကျင်စည်းကမ်းများကို ပြည့်ပြည့်စုံစုံသိထားရမည်။
(၈) ဘက်လိုက်မှု လုံးဝကင်းယှင်းပြီး သမာသမတ်ကျရမည်။
(၉) ကျင်သန်များနှင့် ကျင်ပွဲကာလ၌ ရောရောနှောနှောမနီသင့်။
(၁၀) လာဘ်ပီးလာဘ်ယူ လုံးဝကင်းယှင်းရမည်။
(၁၁) ကျင်ဒိုင်များ ဆီးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း လုံးဝယှောင်ကြည်ရမည်။
(၁၂) ကျင်ဒိုင်များ သက်လုံကောင်စီရန် လေ့ကျင့်ခန်းများလုပ်သင့်သည်။
(၁၃) ကျင်သန်းများအပေါ်၌ ကြောသားရင်သားမခွဲခြားဘဲ စိတ်ထားစေတနာမှန်ရမည်။
(၁၄) ကျင်တိုက်နီချိန် ကျင်ဒိုင်အချင်းချင်းဖြစ်စီ၊ တခြားသူများနှင့်ဖြစ်စီ စကားပြောမနီသင့်။
(၁၅) ကျင်ဒိုင်ဝတ်စုံစနစ်တကျ၍ ဝတ်ဆင်ကြီးကြပ်သင့်သည်။


အခန်း(၇)

ကျင်ပွဲကျင်းပခြင်း

ကျင်ပွဲကို ကွင်းအဖွင့်ရတုဆို၍ မင်္ဂလာစည်တော်များတီးခတ်ကာဖွင့်လှစ်သည်။ ကျင်းကွင်းကို နံ့သာရည်များပက်ဖြန်းရသည်။ ကျင်တည်း (ကျင်တွဲ) များကို စမတင်မှီ မင်္ဂလာကျင်တည်းများကို စ၍တိုက်လေ့ဟိသည်။ ကျင်တိုက်ရာ၌ ကျင်စည်တီးပီးရသည်။ ကျင်စမတိုက်မှီ စာရင်းဝင်ကျင်သန်များ ကျင်ကွင်းထဲ၌ ကျင်ကွင်းပြရသည်။ ကျင်ကိုင်၍ ကျင်တတည်းနိုင်သူကို “နှစ်ခေါက်နိုင်” ဟု သတ်မှတ်သည်။ နှစ်တည်းနိုင်ပါက လေးခေါက်နိုင်။ သုံတည်းနိုင်ပါက ခြောက်ခေါက်နိုင်စသည်ဖြင့် မောင်းလုပွဲ၊ ဗိုလ်လုပွဲရောက်အောင်ထိ ဆက်နိုင်လားရသည်။

ကျင်တတည်း အယှုံးအနိုင်ပြီးတိုင်း ပရိသတ်ထံ ယှုံးသူရော၊ နိုင်သူပါ ဆုခံယူရသည်။ ခုံသမာဓိလူကြီးအဖွဲ့က စတင်ပြီး “ပန်းဆုငွေ” ချီးမြှင့်ပီးရသည်။ ကျင်ပွဲကျင်းပပြီးခါနီး၌ ကျင်ဒိုင်အချင်းချင်း ချစ်ကြည်ရေးကျင်ကိုင်ရသည်။ ကျင်သန်များကျင်နိုင်သည့်အခါ ကျင်ကွင်းပြရသည်။ ကျင်သန်များ နောက်ဆုံးဗိုလ်ဆွဲမောင်းရသည့်အခါလည်း ကွင်းထဲပတ်၍ ကျင်ကွင်းပြ၍ ကျင်ပွဲကြည့်ပရိသတ်များသည် ကျင်ဇေပြားများဝယ်ယူပြီး ကျင်သန်များဆုခံစဉ် ကျင်းကွင်းပြစဉ်၌ ဆုချီးမြှင့်ပီးရသည်။ ငွေသားလည်း ဆုချီးမြှင့်ပီးနိုင်သည်။ ကျင်သန်များက မဏ္ဍပ်တွင်းပရိသတ်ထံမှ ဆုချီးမြှင့်မှုခံယူပြီး ရလာသည့်ကျင်ဇေပြားများကို ကျင်ဇေပြားဖိုး ဆုငွေပြန်ပီးချေရေးအဖွဲ့ထံ၌ ဇေပြားနှင့်ငွေ ဖလှယ်ယူရသည်။ “ကျင်ခုံသမာဓိအဖွဲ့” က ကျင်ဒိုင်များထံမှတင်ပြလာသည့် ကျင်သန်များနှင့်ပတ်သက်သည့် တင်ပြချက်များကို ဆုံးဖြတ်ပီးရသည်။

ကျင်းပွဲကျင်းပရာ အငယ်တန်း၊ အလတ်တန်းစသည့် အောင်တန်းမှ ကျင်သန်များကို စတင်တိုက်ရပြီး ရွှေမောင်းတန်း (ပထမတန်း/အကြီးတန်း) ကျင်သန်များကို ပွဲတော်နောက်ဆုံးရက်များ၌ရာ တိုက်လေ့ဟိသည်။ ကျင်တည်းများကို ယှုံးဖြုတ်စနစ်ဖြင့် ကျင်းပသော်လည်း ယခုအခါ တချို့ပွဲများ၌ ကျင်သန်ဦးရေနည်းသော ရွှေမောင်းတန်း (ပထမတန်း/အကြီးတန်း) ကျင်သန်ကြီးများကို ပရိသတ်က အားရပါးရကြည့်ရှုနိုင်စီရန် ပတ်လည်စနစ်ဖြင့် ကျင်းပသည်လည်းဟိသည်။

အခန်း (၈)

ကျင်ကွင်းနည်းများ

ကျင်သန်များသည် ကျင်းကွင်းထဲ ကျင်ကွင်းပြရာတွင် ကျင်ပွဲအသီးသီးမှ မိမိရဟိထားသော ရွှေ၊ ငွေ ဆုတံဆိပ်များကို လိုင်တွင်ဆွဲ၍ ကျင်ကွင်းပြရသည်။ ရှိဦးစွာ မိမိ၏ကျင်ကွင်းနည်းပြဆရာများကို ကန်တော့ရသည်။ ကျင်ခုံသမာဓိ လူကြီးအဖွဲ့ကို ဂါရဝပြုရသည်။ နောက်ပရိသတ်ဘက်သို့လှည့်၍ ဂါရဝပြုရသည်။ ပြီးမှ ကွင်းတပတ်လှည့်၍ ကျင်ကွင်းပြရသည်။ ကျင်ကွင်းနည်းအမျိုးမျိုးဟိသည်။ အောင်တွင်ဖော်ပြထားသည်။

(က) ဝံ့လက်သဲ (သို့) ၀ံလက်သစ်ကွင်းနည်း

ကျင်သန်သည် မားမားမတ်မတ်ရပ်လိုက်သည်။ တည်ကြည်သောမျက်နှာထားဖြင့် မိမိလက်နှစ်ဖက်ကို လက်အုပ်ချီးပူးကပ်ထားလိုက်သည်။ နဖူးပေါ်တွင်ကပ်၍ တဖြည်းတဖြည်း ဝဲယာသို့ဆန့်တန်းထားသည်။ လက်နှစ်ချောင်းအနီအထားမှာ ငှက်တောင်များ ဖြန့်သကဲ့သို့ဖြစ်သည်။

လက်နှစ်ချောင်းကို အပေါ်သို့ ဆတ်ခနန်း မြှောက်ချီလိုက်သည်။ ပြီးနောက် တနီရာသို့ လွှားကနန်း ခုန်လိုက်သည်။ နောက်တနီရာသို့ရောက်သည်နှင့် ဘယ်-ညာလက်ဝါးနှစ်ဖက်ဖြင့် ဘယ်-ညာပေါင်ပေါ်ရိုက်ခတ်လိုက်သည်။ ထို့သို့ ရိုက်ခတ်ပြီးနောက် ငှက်ဝံလက်ပျံသကဲ့သို့ လက်များကို ဘယ်-ညာဆန့်တန်းဝှေ့ယမ်းသည်။

သို့ဖြင့် တနီရာမှတနီရာသို့ လှည့်လည်ပြီး ကွင်းတပတ်ပြည့်အောင် ကျင်ကွင်းပြသည်။

(ခ) ကျီကန်းရီချိုး ကွင်းနည်း

ကျင်သန်သည် ကိုယ်ကိုမားမားမတ်မတ်ရပ်လိုက်သည်။ ကိုယ်ဟန်အနီထားဖြင့် ကြံ့ခိုင်မှုကို ပြထားသည်။ လက်နှစ်ချောင်းကိုပူးကာ နဖူးပေါ်တွင်ကပ်၍ တဖြည်းဖြည်း ဝဲ-ယာသို့ ဆန့်တန်းထားလိုက်သည်။ ဒူးကို ကုပ်နီဟန်ထားခန္ဓာကိုယ်ကို ထက်အောက်သို့ နှိမ့်ချီမြင့်ချီ ပြုလုပ်ပြသည်။ ကျီးကန်းရီချိုးသကဲ့သို့ မြင်ရသည်။ သို့ဖြစ်၍ တနီရာမှ တနီရာသို့ပြောင်းရွှိပြီး လှည့်လည်ကျင်ကွင်းပြသည်။

(ဂ) ဥဒေါင်းဝဲ ကွင်းနည်း

ကျင်သန်သည် ရှိဦးစွာ ခြီထောက်ကိုစုံရပ်၍ ကိုယ်ကိုမားမားမတ်မတ်ရပ်၍ ဂါရဝပြုလိုက်သည်။ လက်နှစ်ဖက်ကို လက်ဦးချီ၍ နဖူးပေါ်တင်ကာ တဖြည်းဖြည်း ဝဲ-ယာသို့ ဆန့်တန်းလာသည်။ ခြီထောက်တချောင်းကို မ,မြှင့်၍ ဘယ်-ညာများကို ဦးက္ခောင်းပေါ်တွင် ဝဲကာနွဲ့ကာ ကွင်းပြသည်။ တနီမှ တနီရာသို့ပြောင်းရွှိ၍ ကွင်းတပတ်လည်အောင် ကွင်းပြသည်။

(ဃ) လင်းကွက် ကွင်းနည်း

ကျင်သန်သည် ခုံသမာဓိအဖွဲ့၊ ပွဲကြည့်ပရိသတ်ရို့အား ဂါရဝပြုလိုက်သည်။ ပြီးနောက် လက်ဝါးနှစ်ဖက်နှင့် ပေါင်ကို တချက်စီရိုက်ခတ်လိုက်သည်။ ကိုယ်ဟန်အနီအထားကို နွဲ့နှောင်းထားကာ လက်များကိုကွေ့ဝိုက်၍ လင်းကွက်ငှက်ပျံသည့်အလား ဝှေ့ယမ်းကာ ကွင်းပြသည်။

(င) လက်ခမောင်းခတ် ကွင်းးနည်း

ကျင်သန်သည် ခုံသမာဓိအဖွဲ့နှင့် ပရိသတ်အား ဂါရဝပြုသည်။ ခုံသမာဓိ အဖွဲ့ရှိရပ်ပြီး ဘယ်လက်ဝါးကို ညာဘက်ချိုင်းအောက်သို့ သွင်းလိုက်သည်။ ညာဘက်လက်မောင်းကို နံဘေးနှင့် “ဖြောင်းဖြောင်း” မြည်အောင်ရိုက်ခတ်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ၉၀ံ ခန့် ကွေး၍ တဖြည်းဖြည်းဆန့်တန်းလာသည်။ လက်နှစ်ဖက်ကို အပေါ်သို့ ဆတ်ကနန်းမြှင့်တင်ပြီး တနီရာသို့ပြီးလွှားကာ နီရာပြောင်းရွှိလိုက်သည်။ ယင်းမှ တနီရာသို့ပြီးလွှား၍ တပတ်ပြည့်အောင် ကွင်းပြသည်။

(စ) ကင်းမြီးကောက် ကွင်းနည်း

ကျင်သန်သည် ရှိဦးစွာ ခုံသမာဓိလူကြီးများနှင့် ပွဲကြည့်ပရိသတ်ကို ဂါရဝပြုသည်။ ထို့နောက် လက်နှစ်ဘက်ကို မြီတွင်ထောက်၍ ကင်းမြီးကောက်ထောင်လိုက်သည်။ ကင်းမြီးကောက်ထောင်၍ ဆယ်လှမ်းခန့်လားပြီး ဂျွန်းပြန်ကာ ရပ်စောက်ရပ်လိုက်သည်။ လက်များကိုပူး၍ ရင်ဘတ်နားတွင်ထားကာ တဖြည်းဖြည်း ဝဲ-ယာသို့ဆန့်တန်းလာသည်။ ထို့နောက် နီရာပြောင်းလိုက်ပြီး ကင်းမြီးကောက်ထောင်ပြန်၍ ဆယ်လှမ်းခန့် ဆက်လားပြန်သည်။ ပြီးမှ ဂျွမ်းပြန်ကာ ရပ်စောက်ရပ်သည်။ ထိုသို့ကွင်းတပတ် ကွင်းပြသည်။

(ဆ) နောက်ဂျွမ်းပစ် ကွင်းနည်း

ကျင်သန်သည် ရှိဦးစွာ ခုံသမာဓိလူကြီးများနှင့် ပွဲကြည့်ပရိသတ်များကို ဂါရဝပြုသည်။ ပြီးနောက် ကျားကဲ့သို့ နောက်ဂျွမ်းပစ်ချလိုက်သည်။ နောက်ဂျွမ်းတချက်ပစ်လိုက်၊ လက်များကို ကွေးကာကွေးကာ ဝဲ-ယာ၊ ရှိ-နောက် ခန္ဓာကိုယ်ကို လှည့်လည်ကွင်းပြသည်။ ဤသို့ဖြင့် တနီရာမှ တနီရာသို့လှည့်လည်၍ ကွင်းပြသောအခါ နောက်ဂျွမ်းတချက်မှ ငါးချက်ထိ ဆက်တိုက်ဆက်တိုက်ပစ်ပြီး နီရာပြောင်းသည်။ ပွဲကြည့်ပရိသတ်က “ကျားလာရေ-ကျားလာရေ” ဟူ၍ ကြွေးကြော်ချီးမြှင့်သည်။

(ဇ) ရှိဂျွမ်းပစ် ကွင်းနည်း

ကျင်သန်သည် ခုံသမာဓိလူကြီးများနှင့် ပွဲကြည့်ပရိသတ်ကို ရှိဦးစွာဂါရဝပြုပြီး ကျားကဲ့သို့ လျှင်မြန်စွာ ရှိဂျွမ်းပစ်လိုက်သည်။ ဂျွမ်းပစ်ပြီး လျှင်မြန်စွာ လက်နှစ်ဖက်ကိုဆန့်တန်းကာ စွန်များပျံဝဲသကဲ့သို့ ဝဲယာရှိနောက်လှည့်လည်၍ ကွင်းပြသည်။ ပြီးနောက် ရှိဂျွမ်းသုံးပြန်ပစ်၍ နီရာပြောင်းသည်။ ယင်းသို့ ကွင်းတပတ်ပြည့် ကွင်းပြသည်။

(ဈ) သိန်းငှက် ကွင်းနည်း

ကျင်သန်သည် ရှိဦးစွာ မားမားမတ်မတ်ရပ်နီရာမှ ဂါရဝပြုလိုက်သည်။ ပြီးနောက် ဝဲ-ယာ လက်နှစ်ဖက်ကို ကွေးဝိုက်ပြီး ဆန့်လိုက်သည်။ ပြီးနောက် ကိုယ်ကို နွဲ့နွဲ့ညွတ်၍ ပေါင်နှစ်ဖက်ကို ရိုက်ခတ်လိုက်ကာ လက်နှစ်ဖက်ကို သိန်းငှက်ဝဲပျံသကဲ့သို့ မာန်ဖြင့်ကွေးဝိုက်ကာ နောက်တနီရာသို့ အဟုန်ဖြင့် ရွှိပြောင်းလှည့်ပတ်ကာ ပြန်ရပ်ပြီး ပေါင်ကို လက်ဝါးနှစ်ဖက်ဖြင့် ရိုက်ခတ်လိုက်သည်။ ပြီးနောက် ခြီတချောင်းကို အနည်းငယ်ကွေးမြှောက်ကာ သိန်းငှက်တောင်ဖံဝဲပျံနီပုံ လက်နှစ်ဖက်ကိုကွေးဖြန့်ဝိုက်ပြီး ကွင်းပြသည်။ ထိုသို့ ကွင်းတပတ်လှည့်ပတ် ကွင်းပြသည်။

(ည) ကြိုးကြာပျံ ကွင်းနည်း

ကျင်သန်သည် မားမားမတ်ရပ်ပြီး ကျင်ခုံသမာဓိလူကြီးများ၊ ပရိသတ်များကို ဦးညွတ်ဂါရဝပြုလိုက်သည်။ ပြီးနောက် ခြီကိုစုံရပ်၍ လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်လိုက်သည်။ ပြီးနောက် လက်နှစ်ဖက်ကို အထက်အောက် မြင့်ချီနိမ့်ချီပြုပြီး ခန္ဓာကိုယ်ကိုလှည့်ကာ နီရာပြောင်း ကွင်းပြသည်။ လက်နှစ်ဖက်ကွင်းဟန်မှာ ကြိုးကြာငှက်ပျံနီစဉ် တောင်ဖံနိမ့်ချီမြင့်ချီဖြစ်နီဟန် မြင်ရသည်။ ထို့သို့ ကွင်းတပတ်ပြည့်အောင် ကွင်းပြသည်။


ရခိုင်ကျင်အားကစပ်အတတ် တိုးတက်မြင့်မားပါစီ။

(လေးဝတီ ခိုင်ကျော်)

ရခိုင်စာပီနှင့်ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) မှ စီစဉ်သည့် ရခိုင်ယဉ်ကျေးမှုနှင့် ရိုးရာအားကစားပွဲတော် (ဒုတိယအကြိမ်)
အောင်ဆန်းအားကစားပြိုင်ကွင်း၊ မင်္ဂလာတောင်ညွန်မြို့နယ်၊ ရန်ကုန်။
(18/12/2004) မှ (20/12/2004) ထိ ရခိုင်ရိုးရာကျင်ပွဲတော်အတွက် ရခိုင်သားကြီးစာပီမှ အခမဲ့ဖြန့်ချီသည်။

နောက်ဆက်တွဲ

စုစည်းတင်ပြသူ့၏လေ့လာသုံးသပ်ချက်

ရခိုင်တပြည်လုံးတွင် ကျင်ပွဲများကို နှစ်စဉ်ကျင်းပသည်။ အထူးသဖြင့် ပုဏ္ဏားကျွန်း၊ မင်းပြား၊ ကျောက်ဖြူ၊ ပေါက်တော၊ စစ်တွေ၊ မြောက်ဦး၊ မြေပုံမြို့နယ်များသည် အထင်ကရကျင်သန်ထွက်ရာ ဒေသများဖြစ်သည်။ ယင်းမြို့နယ်များတွင် အခြားမြို့နယ်များထက် ကျင်ပွဲများပြီးလျှင် ကျင်သန်များစွာထွက်သည်။ ကျင်စည်းကမ်းနှင့်ပတ်သက်၍ ဒေသအလိုက် ခြားနားချက်ဟိသည်။ တချို့ကျင်သန်များသည် တမြို့နယ်မှ တမြို့နယ်သို့ ကျင်လားကိုင်သောအခါ၊ မထင်မှတ်မှုများနှင့် ကြုံတွိနိုင်သည်။ အကြောင်းကား ယင်းမြို့နယ်ဒေသ၏ကျင်စည်းကမ်းကို နားမလည်သောကြောင့်ဖြစ်သည်။ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မင်းပြားမြို့နယ်များ၌ ကျင်စည်းကမ်းမှာ -

မောင်နီ က (ခံ)
မောင်ဖြူက (ဖမ်း) သောအခါ အခံသား “မောင်နီ” မကျပဲ၊ အဖမ်းသား “မောင်ဖြူ” ကျသည်။

နောက်တလှည့်မှာ -

မောင်နီဖမ်း၍ “မောင်ဖြူ” ခံသောခါ “မောင်နီ” က “မောင်ဖြူ” ကိုဖမ်း၍မရသောကြောင့် ပထမအကြိမ်ကျထားသော “မောင်ဖြူ” သည် နောက်တခေါက်ပြန် ထပ်ဖမ်းခွင့်ဟိသည်။ ယင်းကျင်စည်းကမ်းစနစ်သည် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်မြို့နယ်များ၌ မဟိပါ။ ကျသူကျ၊ နိုင်သူနိုင်၊ တယောက်တလှည့်စနစ်ကိုရာ ကျင့်သုံးသည်။

အရာတခု ထူးခြားချက်မှာ -

မြောက်ပိုင်းတခွင် အခံသားသည် အဖမ်းသားဘားက ထွက်ပြီးရေအခါ၊ အဖမ်းသားအတင်းလိုက်ကေလည်း အခံသားစွာ လက်ကာ၍ရာ ငြင်းပယ်ခွင့်ဟိသည်။ ယေခါ ဒိုင်လူကြီးက ကျင်စည်းကမ်းးဘောင်ကနီပြီး အဖမ်းသားကိုတားမြစ်ရသည်။ ယင်းစည်းကမ်းကို တောင်ပိုင်းတခွင်၌လည်း ကျင့်သုံးသည်။ ယေကေလည်းသော့ ခြားနားချက်မှာ ကျင်ခံသားထွက်ပြီးရေအခါ ကျင်ဖမ်းသားက ကောင်းကောင်းသတိထားရသည်။ အကြောင်းကား လိုက်လာရေကျင်ဖမ်းသားကို ကျင်ခံသားက ခုခံသည်အားဖြင့် လက်ကာရုံသာမက ပြန်ပစ်ခွင့်ဟိ၍ဖြစ်သည်။

ဥပမာ--
ကျင်အခံသား “မောင်ဖြူ” က ကျင်အဖမ်းသား “မောင်နီ” လိုက်တေအခါ ကျင်ခံသားမောင်ဖြူက ကျင်ဖမ်းသားမောင်ဖြူကို ခါးစောင်းတင်ပြန်၍ ခုခံဝေးပစ်နိုင်သည့်အတွက် ကျင်ဖမ်းသားမောင်နီကျလားရေအခါ ယင်းစွာကို အသင့်ဟုယူဆသည်။ သို့သော် မြောက်ပိုင်းတခွင်၌ ယင်းစွာကို အပြန်ဟုသတ်မှတ်သည်။ ဤကား တောင်ပိုင်းမြောက်ပိုင်း ကျင်စည်းကမ်းခြားနားချက်ဖြစ်သည်။

(မှားယွင်းချက်များဟိပါက အကြောင်းကြားပီးပါ။ ပြန်စစ်ဆီးကြည့်ပါမည်။)

ငစွေအက



ရခိုင်ရိုးရာအကတိအထဲမာ ငစည်အကစွာ ခြီလှမ်းဟန်နန့် လက်ဖြောက်တီးဟန်ကို အဓိကထားပနာ ကပြရရေ အကတခုဖြစ်ပါရေ။ အဆိုနန့်အကရာ ပါဝင်ဘနာ တယောက်တည်းကပြရရေ အတီးလွတ်အကဖြစ်ပါရေ။ ငစည်တတ်ခေါ် ငစည်ဆရာက အမူအရာအမျိုးမျိုး၊ အသံအမျိုးမျိုးနန့် ကပြရပါရေ။ အမူအရာကောင်းကေ ကောင်းသလောက်၊ အဆိုအပြောကောင်းကေ ကောင်းသလောက် ပွဲကြည့်ပရိတ်သိတ်တိ စိတ်မာ အနုပိုဉ်ညာရသကို ခံစားရကတ်ပါရေ။

ပထမဆုံး ငစည်တက်သည် ငစည်သခြင်းနန့် နိဒါန်းပျိုးလို့ တိုင်းပြည်တည်၊ ဒုတိယ ဇာတ်ကွက်ဖော်ပြီးကေ၊ တတိယ လောင်းတစင်းနန့် ငစည်ဟြာခြင်း ယင်းပိုင် အပိုင်း(၃)ပိုင်းခွဲပနာ ကပြကတ်ပါရေ။ ရခိုင်ပင်လယ်ကမ်းတိမာ ငစည်ဟြာပုံကို ဟန်နန့်ကပြလားစွာဖြစ်ပါရေ။ ငစည်ကိုအကြောင်းပြုပနာ ယင်းအကကို ငစည်အက၊ ငစွေအက၊ ငစည်အက၊ ငစည်နှိုက်ပွဲ ဆိုပနာ အမျိုးမျိုး ပြောကတ်ပါရေ။ ငစွေ ကပွဲမာ ရယ်စရာ(ဟာသ)မြောက်တေ ပွဲဖြစ်တေအပြင် သိုက်၊ တဘောင်၊ စနည်း စရေ အနာဂါတ်ကို ကြိုပနာဟောပြောရေ အချက်တိလေ့ ပါရေအတွက် လာပနာနားထောင်ဂတ်တေ အာဂန္တုတိက ကဂေါင်းကြိုက်ကတ်ပါရေ။
အယင်ခေါက်ခါက ငစွေအကကို နန်းထဲမာရာ ကပြခကတ်ကေလေ့ ဘုရင်ခေတ်ကုန်ဆုံးလားခရေနောက်ပိုင်းမာ ငစွေကပွဲမာ ရပ်ရွာပွဲတိအဖြစ် ပြန်နှံ့လာခဘာရေ။ ရာဇ၀င်ကြောင်းနန့် သင်ခဏ်းစာတိ ပါဝင်ရေအတွက်နန့် လူကြိုက်များခဘာရေ။ ငစည်အက ဇာတ်လမ်းမာ သက္ကရာ ၉၈၄ ခုနှစ်မာ မြောက်ဦးမြို့မာ စိုးစံတော်မူခရေ နရပတိမင်းက ၀ါလှဖြူ (ခေါ်) ၀ါစိုးဖြူကို မိဖုရားအဖြစ်ကောက်ယူ သိမ်းပိုက်ခပါရေ။ ၀ါလှဖြူက မကြိုက်လို့ သက်ကြီးရွယ်အို (၀ါကျီး) ဘုရင်ကို ငစည်အရုပ်နန့် နံနှိမ်ပနာ နတ်ရွာစံစီခရေ ဇာတ်လမ်းဖြစ်ပါရေ။ လောင်းကြက်စားအမတ် ငကုသကိုရာ မိဖုရားက ကြိုက်တေအတွက်နန့် ဘုရင်ကြီးကို နတ်ရွာစံစီတင်မက သားတော်ချေ မင်းစနီကိုပါသတ်ပနာ ငကုသကို သက္ကရာဇ် (၁၀၀၀) ပြည့်နှစ်မာ ထီးနန်းစိုးစံစီခဘာရေ။ ငကုသစွာ ဒေမိဖုရားက နောက်ခါငါ့ကိုလေ့ ဒေပိုင်လုပ်ကြံနိုင်ရေလို့ စိုင်းစားမိဘနာ မိဖုရားအဖြစ်ကချဘနာ နန်းတော်ကနှင်ထုတ်လိုက်ပါရေ။ သူတပါးကို မကောင်းကြံကေ ကိုယ်ကိုတိုင်ဘေးဒါဏ်ခံရစွာကို သင်ခဏ်းစာပီးရေ ဇာတ်လမ်းဖြစ်ပါရေ။
ငစည်ကပွဲမာ မီးတိုင်ကို ကောင်းမသုံးကတ်ပါ။ လပ ပပြင်အောက်မာ မြီကွက်တလင်းပြင်မာ ကပြကတ်ပါရေ။ လူတိက ၀ိုင်းပနာကြည့်ကတ်ပါရေ။ ဇာတ်ထုပ်တခုကို တယောက်တည်းကပြရစွာ ဖြစ်တေအတွက်နန့် ရှင်ဘုရင်စကာပြောခါ ပလ္လင်အဖြစ် ဆုံထက်က ပြောရပြီးကေ၊ အမတ်ကြီးက လျှောက်တင်ရေအခါ ပလ္လင်အောက်ကိုဆင်းပနာ လျှောက်တင်ရပါရေ။ ငစည်ကဖို့အတွက် ပစ္စည်း၊ ပစ္စယတိ ကောင်းမလိုဘာ။ ရာဇပလ္လင်အဖြစ် ထိုင်ဖို့ ဆုံတလုံး၊ ယက်သဲ့တခု၊ ပလိုင်းတလုံး၊ လှော်တက်တချောင်း၊ တောင်းတလုံး၊ ဆန်တခွက်၊ ကတော့ပွဲတခု၊ ပ၀ါတပိုင်းရာ လိုဘာရေ။ ပုဝါကို မမပိုင်လုပ်တေခါ သုံးဖို့အတွက်ဖြစ်ပါရေ။ ငစွယ်တတ်စွာ ဂေါင်းမာ ငါးအစွယ်ပိုင် ရှိတတည့်သို့တထော်လောက် ထွက်နီအောင် ခေါင်းပေါင်းပေါင်းထားရဘာရေ။ ငစွယ်တတ်သည် သာခြင်းခေါ် လင်္ကာတမျိုးနန့် စပ်ဆိုထားရေ ငစွေသခြင်းကိုဆိုလို့ ကပါရေ။ ရှိကျသော ရခိုင်စကားတိပါဝင်ရေ ရမ်းဗြဲစကားကို သုံးပါသည်။

အမှားပါလို့ လိုအပ်စွာတိဟိကေ ထပ်လို့ဖြည့်စွက်ပီးကတ်ပါ ဟာလူရို့။

လောကသာရ ဆုံးမစာ (ရခိုင်သူမြတ်) (မူကြမ်း)

၄၈. မှတ်ကုန်ကြလော့၊ ဗြဟ္မာ့နွယ်ဖွါး၊ ပုဏ္ဏားမျိုးရို့၊ ကောင်းကျိုးစကား၊ ငါလျှင်ကြားစိမ့်၊ ရှိဖျားကမ္ဘာ၊ မစစွာက၊ ဗြဟ္မာပိုင်းခြား၊ ဆီးသမားနှင့်၊ ဟူးရားကြယ်မြင်၊ ကောင်းကင်နက်သတ်၊ တတ်သည်တချို့၊ မီးပူဇော်သို့၊ ဖြော်ဖြော်မန်းရွတ်၊ ဂြိုဟ်နတ်သန္တီး၊ ဦးဆီးတခြား၊ ခေါင်အားဗေဒင်၊ သိမြင်နှံ့စပ်၊ မေးကပ်ကပ်နှင့်၊ ကလာပ်ဗျဦ္ဇ၊ ဒဏ္ဍီဝိဒဂ်၊ ကျမ်းခက်ဗျာကရိုဏ်း၊ တတ်နှိုင်းတခြား၊ ဤလေးပါးကို၊ ပုဏ္ဏားရို့တွင်၊ မချို့ကျေးဇူး၊ အထူးသမိုက်၊ မျိုးလိုက်မှတ်သား၊ ဆီးသမားလည်း၊ ဆီးဝါးတတ်ပွန်၊ ဆီးကြန်လေ့ကျွမ်း၊ ဗိန္ဓောပြွမ်း၍၊ ဆီးကျမ်းထိုထို၊ သာရကိုလည်း၊ ဖွင့်ဆိုတတ်ကျယ်၊ ဓိပ္ပါယ်အနက်၊ လွန်လေ့ကျက်၍၊ ဓာတ်ပျက်သည်းခြေ၊ သွီးလီချောက်ယှား၊ သလိပ်များက၊ စသည်ရောဂါ၊ အနာအမျိုး၊ ကိုးဆယ်ခြောက်ပါး၊ အပြားပြားကို၊ မမှားလတ်အောင်၊ ကုသဆောင်၍၊ အခေါင်သမား မြောက် စီမင်း။

၄၉. ဟောရဂန္တ၊ ဂဏနဟု၊ သိပ္ပဟူးရာ၊ တတ်မြောက်မြား၍၊ ပုဏ္ဏားနွယ်ရိုး၊ သူကောင်းမျိုးရို့၊ ကြိုးကြိုးကုတ်ကုတ်၊ အားအင်ထုတ်၍၊ အဟုတ်လေ့လ၊ ပရိစ္စဖြင့်၊ ကြားကသိတတ်၊ ဗြို့ဟဇ်ရာဇမတ္တဏ်၊ ကိန်းဆန်ဓူဝန်း၊ ဂြိုဟ်သွမ်းခွဲခြမ်း၊ ထုတ်နိုင်စွမ်းအား၊ စုံစမ်းစိရီ၊ များထွေမဏ္ဍပ်၊ ထပ်ကြပ်ရောဂါ၊ ကာလစက္ကိ၊ အမြိတစုတ်၊ ဖော်ထုတ်ဓာတ်ကျမ်း၊ ခွဲခြမ်းစိတ်ဖြာ၊ တတ်လေ့လာ၍၊ သတ္တဗီသ၊ လှည့်ထနက္ခတ်၊ မြင်းမိုရ်ပတ်သား၊ ဒွါဒသိရာသီ၊ ယာယီစက်ကွင်း၊ ဂြိုဟ်နင်းဂြိုဟ်ပြောင်း၊ ကောင်းမကောင်းသား၊ ကျိုးကြောင်းဆုံးဖြတ်၊ နီလကြတ်နှင့်၊ ဥပဒ်အာယု၊ စဉ်းမှုတတ်ပွန်၊ စက်အဟန်သို့၊ ထုံမွန်ကားကား၊ အသားအရိုး၊ စုပြည့်ဖြိုးလျှက်၊ ဟိုးဟိုးထင်သိ၊ ပညာဟိဟု၊ ကိတ္တိထင်ယှား၊ ဗြဟ္မာသားရို့၊ ဟူးရားတတ်ခေါင့် မြတ်စီမင်း။

၅၀. သာမယဇု၊ ဣသျှုဗေဒင်၊ သုံးပုံမြင်၍၊ သန့်စင်သီလ၊ အာစာရနှင့်၊ မိဘမျိုးစစ်၊ အဖြစ်မြတ်လှ၊ ဗြဟ္မာဏဟု၊ တွင်ထမည်သာ၊ အင်္ဂါသုံးမည်၊ ကျေးဇူးတည်လျှက်၊ ရွာပြည်တိုင်းကား၊ လှည့်ပတ်သွား၍၊ ထုံးသားမှန်ကူ၊ ခရုဖြူနှင့်၊ ပစ္စူဝတ်လဲ၊ လက်ဘယ်ပတ်ခြုံ၊ စပယ်ရုံလျှက်၊ တင်တုံစလွယ်၊ လိုင်မှာမကင်း၊ ခရုသင်းနှင့်၊ အလင်းရသည်၊ ပတ်စည်ကျစ်ကျစ်၊ ဦးရစ်ပေါင်းထုပ်၊ နောက်ဆံအုပ်နှင့်၊ တုန်လှုပ်မဲ့လျှင်း၊ ပွဲလယ်ကျင်း၍၊ စိုးမင်းရို့ရှိ၊ မရွိမတ်မတ်၊ ဖောင်ဖောင်ရွတ်လျှက်၊ စိမ်းလတ်မြသွင်၊ နီစာပင်နှင့်၊ ရီစင်ကမ်းမှတ်၊ ကျင့်မြဲဝတ်ဖြင့်၊ သူမြတ်ရို့ထံ၊ အလှူခံလော့၊ ခြိုးခြံသိပ်သည်း၊ ဥစ္စာဆည်းလျှက်၊ ပစ္စည်းပေါယယ်၊ ဗြဟ္မာကြွယ်ဟု၊ လူဝယ်သတင်း ပေါက်စီမင်း။

၅၁. ဥဒည်းမဇ္ဈင်၊ နီဝင်အခါ၊ ညစာသုံးပါး၊ ပိုင်းခြားဂါထာ၊ ရွတ်မြဲရာသား၊ ကာယသိဒ္ဓိ၊ တစိသညာ၊ တတ်လေ့လာလျှက်၊ ကြောင်းခြာခွဲစိတ်၊ ပရမီသွာ၊ မဟာပိန္နဲ၊ ဘေးလွှဲရန်ဖီ၊ နတ်စန္စီကို၊ ပန်းနီပန်းဖြူ၊ ပူဇော်မူလျှက်၊ ဆုယူဆုတောင်း၊ ကျင့်လမ်းဟောင်းဖြင့်၊ ဦးခေါင်းသန္တီး၊ နိတိုင်းဆီးလျှက်၊ လုပ်ကျွေးမှုဆောင်၊ ထဲချောင်တိုက်တွင်း၊ ထမင်းချက်ပြုတ်၊ ငရုတ်ချင်းဆား၊ ဆီပျားသကာ၊ ဃနာထောပတ်၊ ကြံပွတ်နှမ်းပဲ၊ စားစမြဲဖြင့်၊ အမဲအသား၊ သားငါးယှောင်ကြဉ်၊ မယှဉ်သက်သတ်၊ အကျင့်လေ့လ၊ စာရိတ္တဖြင့်၊ မိဘစုတိ၊ ခုနစ်နိလျှင်၊ စိလတ်သောခါ၊ မကွာဆောက်တည်၊ ကိုယ်စားရည်၍၊ စိတ်ကြည်မြတ်လည်း၊ အလှူပီးလော့၊ ရှိးကလွန်လီ၊ ရှိးရိုးပီသား၊ မျိုးဆွီကျင့်မြဲ၊ မှတ်သုံးစွဲလျှက်၊ ငရဲမသက်၊ ခန္ဓာပျက်လည်း၊ အထက်နတ်ပြည် ရောက်စီမင်း။

၅၂. ဂြဟသန္တိ၊ ကျမ်းနှင့်ညှိ၍၊ ဗလိပူဇော်၊ ဂြိုဟ်ခေါ်ဂြိုဟ်နှင်၊ ဗေဒင်ရွတ်မန်း၊ မန္တန်တန်းလျှက်၊ ကျယ်ဝန်းစက္က၊ မဏ္ဍလဟု၊ တရာ့သျှစ်ကွင်း၊ အင်းလည်းစီရင်၊ ဆင်သားဗိတာန်၊ တံခွန်တလျှောက်၊ ဖြူနီဆောက်၍၊ ပယ်ဖျောက်ရန်ဘေး၊ ဆီးပီးဦးခေါင်း၊ ဘိသိက်လောင်း၍၊ သူကောင်းသူမြတ်၊ လွတ်စီအနာ၊ ဥပါဒ်ခွာလော့၊ ပြည်ရွာစီးပွါး၊ များစိမ့်သမှု၊ ဟုတ်တိုင်းပြု၍၊ စုဘိကျီးခဲ၊ ရဲရဲမီးတွင်း၊ လောင်ခြင်းဖြောက်ဖြောက်၊ ပေါက်ပေါက်စသည်၊ ပန်းငါးမည်ဖြင့်၊ ဆောက်တည်မပျက်၊ ခုနစ်ရက်လျှင်၊ ခန့်တွက်ပိုင်းခြား၊ မန္တရားတည့်၊ ဖန်များစုရွတ်၊ ပျားထောပတ်နှင့်၊ မီးနတ်ကော်ရော်၊ ယစ်ပူဇော်၍၊ လူဘော်ရန်စစ် ပျောက်စီမင်း။

၅၃. ကျေးဇူးပညာ၊ များစွာဂုဏ်အင်၊ ဗေဒင်တတ်သိ၊ ပညာဟိဟု၊ က၀ိပုဏ္ဏား၊ အများသမိုက်၊ သင်္သကရိုက်ကို၊ မြှိုမြှိုက်လျှာဖျား၊ စက်ထားရဟတ်၊ ပိဋ္ဋကတ်သွင်သွင်၊ နှုတ်သံလွင်နှင့်၊ ပီပြင်မှုတ်မန်း၊ ဖြိုးဖြိုးဖြန်းလျှက်၊ ကျင့်ခန်းထွေပြား၊ အပါးပါးတည့်၊ မှတ်သားကျယ်ဝန်း၊ ဆန်းအလင်္ကာ၊ နားဝင်စွာ၍၊ ဂါထာဖွဲ့စွမ်း၊ ချီးမွမ်းစလောက်၊ မင်းပွဲမှောက်တွင်၊ တယောက်ပဏ္ဍိတ်၊ ပုရောဟိတ်ဟု၊ ဘိသိတ်ဆရာ၊ မြောက်ထိုက်စွာလျှက်၊ ဒိသာပါမုခ်၊ မည်ထုတ်ကျော်အောင်၊ ကြိုးပမ်းဆောင်၍၊ တတ်ခေါင်လိမ္မာ၊ ရှိအခါ၌၊ ဆရာမြောက်လှ၊ ဇနက္ကသို့၊ လုံ့လကြိုးစား၊ မင်းရို့အားကို၊ စီးပွားရောက်အောင်၊ ကျေးဇူးရောင်ဖြင့်၊ လူ့ဘောင်ထွန်းလင်း တောက်စီမင်း။

၅၄. လက္ခာဏာကြန်၊ တတ်ပွန်လေ့လာ၊ မင်းဖြစ်ရာသား၊ လက်ညာဖ၀ါး၊ အခြားပျက်ပျက်၊ ခြီထက်သက်၍၊ လက်သည်းများသွင်၊ အရေးမြင်မူ၊ မင်းလျှင်စစ်စစ်၊ ဖြစ်အံအမြဲ၊ မချွတ်လွဲဟု၊ ၀မ်းထဲမရွံ၊ လိုင်ဖြတ်ခံလော့၊ ထုံးစံမှတ်သား၊ နည်းနာများကို၊ ပုဏ္ဏားမျိုးကောင်း၊ လူအပေါင်းတွင်၊ ကဲဆောင်းတတ်လွန်၊ ကောဏ္ဍဉ်းဟန်သို့၊ ဟောညွန်လက္ခာဏာ၊ တတ်လှစွာ၍၊ ပညာကဝေ၊ မြောက်သောထွေဖြင့်၊ အသေအချာ၊ နာနာသိပ္ပ၊ ကိစ္စတတ်ပွန်၊ မန္တန်ပြီးစီး၊ နတ်ကြီးသူရဿတီ၊ ပင့်ချီခေါ်ချ၊ စကားရလျှက်၊ ပေါက်ပြကျော်ထိတ်၊ ပုရောဟိတ်ဟု၊ ဘိသိက်ဆရာ မြောက်စီမင်း။

၅၅. ကျယ်ဝန်းစင်္ကြ၀ဠာ၊ ကမ္ဘာတည်စ၊ ပေါ်ဦးကလျှင်၊ ဗြဟ္မာနွယ်ရိုး၊ ကျော်ဟိုးဟိုးတည့်၊ ကောင်းကျိုးစင်ကြယ်၊ လေးသွယ်ဗေဒင်၊ တတ်ပြီးစင်သား၊ လူတွင်ထင်ယှား၊ ပုဏ္ဏားများကို၊ ကျင်စီလို၍၊ သံချိုလင်္ကာ၊ ထုံးပမာဖြင့်၊ နည်းနာထွေပြား၊ မှတ်စိမ့်ကြားသည်၊ တခြားတတိယပိုင်းတည်း။…။

လောကသာရ ဆုံးမစာ (ရခိုင်သူမြတ်) (မူကြမ်း) ( ဒုတိယပိုင်း )

၂၃. ပြည့်သူ့ထွဋ်ဦး၊ ဘုန်းရောင်မြူးသည့်၊ ရန်ငူးလူ့ဘောင်၊ ထွဋ်ခေါင်ရာဇာ၊ ဆုံးမနာလော့၊ ကမ္ဘာအစ၊ မဟာသမ္မတ၊ ခတ္တိယရို့၊ နီကြကျင့်ရိုး၊ ကောင်းကျိုးအလှူ၊ စွန့်ကြဲမူလည်း၊ စိတ်ယူဖြောင့်စင်း၊ နူးညံ့ခြင်းနှင့်၊ သီတင်းစောင့်စည်း၊ မျက်နည်းသည်းခံ၊ ခြိုးခြံသမှု၊ မပြုညှင်းဆဲ၊ ဆင်းရဲမရှာ၊ မေတ္တာသက်ဖြန့်၊ လူအ၀ှန့်အား၊ မဆန့်ကျင်ပြီး၊ ဤသို့ ရီးသား၊ ဆယ်ထွေစောင့်ကြပ်၊ တရားကွပ်၍၊ လက်ထပ်ခေါ်ပြု၊ သင်္ဂြိုဟ်မှုလည်း၊ လေးခုအစိ၊ ပြကတိဖြင့်၊ ကျင့်လေ့မကြွင်း ကျန်စီမင်း။

၂၄. ပြည်ကြီးသေဌီနင်း၊ မင်းတို့သော်ကား၊ သူတပါးထက်၊ ဆယ်ဆတက်၍၊ အိပ်စက်နည်းပါး၊ လူအများကို ၊စီးပွားချမ်းသာ၊ နိတိုင်းရှာလော့၊ အခါခပ်သိမ်း၊ မုဒိမ်းခိုးသူ၊ မပူစီရ၊ ဆုံးမကွပ်ညှပ်၊ ပညတ်အလွန်၊ ရှိးမင်းမွန်ရို့၊ ညွန်ခဲ့သောတိုင်း၊ ကျင့်သမိုင်းဖြင့်၊ နှုန်းနှိုင်းမယွင်း၊ တမျဉ်းခင်းသို့၊ ကျင့်ခြင်းမချွတ်၊ တည့်မတ်မတ်လျှင်၊ လူနတ်ချစ်ဖွယ်၊ ကျေးဇူးကြွယ်၍၊ ကျင့်နွယ်လမ်းရိုး မှန်စီမင်း။

၂၅. မမိမလျော့၊ မပေါ့လုပ်ကြံ၊ ကျွန်ကိုယ်ရံလည်း၊ မြဲမြံစောင့်ယှောက်၊ ထက်အောက်တွင်းပြင်၊ မွမ်းပြင်အပြည့်၊ အိပ်ဖန်ထည့်လျက်၊ အကြည့်အရှု၊ အမှုမလင့်၊ အကျင့်မကောင်း၊ အဟောင်းအသစ်၊ ထွက်ဝင်စစ်၍၊ ကျွန်ချစ်ကျွန်ယုံ၊ ထမ်းကုန်မှုများ၊ ရီခြားမြော်မြင်၊ တိုင်ပင်ကြံသီး၊ အမတ်ကြီးကို၊ အနီးထံပါး၊ သက်စောင့်ထား၍၊ ယုံမှားမဲ့လျှင်း၊ နှလုံးသွင်းလျှက်၊ ချစ်ခြင်းသူ့ထက် လွန်စီမင်း။

၂၆. ပြည်ထဲအရေး၊ ပေါက်နှင့်ကျေးသို့၊ ကြံတွေးလှည့်ကာ၊ မသိသာတည့် အရာမြင်မြင်၊ မဖြစ်ခင်က၊ တိုင်ပင်မပြတ်၊ ကျွန်မှူးမတ်နှင့်၊ ကြန်ဘတ်ဟူးရား၊ ပညာများသား၊ ပုဏ္ဏားရဟန်း၊ ရှိတွင်ဝန်း၍၊ ကိန်းခန်းဒသာ၊ အခါမီးမူ၊ အရှိအနောက်၊ တောင်မြောက်ရီကြည်း၊ စီစဉ်သည်းလျှက်၊ စောင့်စည်းရံတား၊ ကင်းထောက်ထား၍၊ မြီခြားသူမလွန် စီနှင့်မင်း။

၂၇. သူ့ပြည်သူ့ရွာ၊ သူ့ရပ်မှာ၌၊ ခြင်းရာသိကြောင်း၊ ဥာဏ်ကောင်းရေးဝင်၊ တိုင်ပင်ကြံထွေ၊ သူလျှိုစီ၍၊ မနီစုံစမ်း၊ ကြိုးပမ်းလုပ်ဆောင်၊ အားအင်ထောင်လျှက်၊ နောက်နောင်မြီးသား၊ စီးပွါးရှည်စီ၊ တည်စိမ့်စီကြောင်း၊ နှုတ်ကောင်းခွန်းသာ၊ လက်ဆောင်စာနှင့်၊ စီပါးစင်းလျင်း၊ ထိုထိုမင်းကို၊ ချစ်တင်းမီးမြန်း၊ ဆွီခင်ပွန်းဟု၊ မိတ်မှန်းကိုယ်ကို၊ တံတစ်ဆို၍၊ ချစ်လိုစကား မှန်စီမင်း။

၂၈. ငါ့ပြည်ငါ့ရွာ၊ ငါ့ရပ်မှာ၌၊ ဇာတာအလို၊ ဂြိုဟ်လည်းမကောင်း၊ ထပ်လောင်းထိတ်ထုံ၊ ပျံတုံကျီးငှက်၊ နှုတ်ထွတ်စနည်း၊ နှောင့်ယှက်သည်းမူ၊ စောင့်စည်းရံတား၊ မန္တရားနှင့်၊ သမားကွယ်ကာ၊ လွတ်စိမ့်ငှာဖြင့်၊ ဂြိုဟ်စာပို့ပီး၊ သန္တီးပူဇော်၊ သင်္ကြန်ခေါ်၍၊ သုံးဘော်မြတ်စွာ၊ ရတနာကို၊ မကွာကပ်ဆည်း၊ ကောင်းမှုချည်းတည့်၊ ဖြင်ပည်းပြောထူ၊ စွန့်ကြဲလှူ၍၊ ကြည်ဖြူစိတ်ထက် သန်စီမင်း။

၂၉. ခပ်သိမ်းပြည်သူ၊ ရဟန်းလူကို၊ သိမ်းမြန်းပိုက်ထုပ်၊ ကြက်သားအုပ်သို့၊ မလှုပ်စီကြောင်း၊ လှည့်ဖြားယောင်းလျှက်၊ ကျင့်ဟောင်းမလွန်၊ တုတ်ခွန်အပြင်း၊ သနားခြင်းဖြင့်၊ နှိပ်နင်းကလူ၊ မပူစီရ၊ ကွပ်ဆုံးမလျှက်၊ ထွန်းပပြောင်ပြောင်၊ မိုးထိပ်ခေါင်၌၊ အရောင်ချမ်းလွန်၊ လဗိမ္မာန်လျှင်၊ ပူပန်မဟိ၊ ငြိမ်းလီဘိသို့၊ ကြယ်တိရံကာ၊ တင့်တယ်စွာသား၊ ပမာပုံသင့်၊ လနှယ်ပွင့်၍၊ လင်းပွင့်တိုင်းကား၊ စည်ပင်ပွားလျှက်၊ လူများကောင်းချီး ထွန်စီမင်း။

၃၀. လူများအထိပ်၊ စိုးမိုးနှိပ်သား၊ တံဆိပ်မှန်ကင်း၊ ထိုထိုမင်းကား၊ ဖွေနည်းစိစစ်၊ ရန်အမြစ်ကို၊ တူးပစ်နိုင်စီ၊ ရန်မြစ်သီမှ၊ ရွာနီပြည်သူ၊ ခပ်သိမ်းလူကို၊ မပူမဆာ၊ ငြိမ်းချမ်းသာအံ့၊ မလာနှစ်ဆစ်၊ မိုးကြိုးပစ်သို့၊ ရန်စစ်များကို၊ ဖျောင့်လွင့်ဖြိုလော့၊ ရန်လိုမဟိ၊ ရဲစွမ်းပြည့်သား၊ မလှည့်ငဲ့စောင်း၊ သူရဲကောင်းကို၊ များကြောင်းဆည်းပူး၊ ပီးကမ်းကြူးလျှက်၊ ကျေးဇူးအလိုက်၊ သိမ်းမြန်းပိုက်၍၊ ချစ်ကြိုက်သနား၊ ရင်ဝယ်သားသို့၊ ဖြည့်ပြားမင်းရေး ပွန်စီမင်း။

၃၁. ကာမဒေ၀၊ စသည်အပြား၊ နတ်လေးပါးတွင်၊ တပါးမည်မှတ်၊ လောကနတ်ဟု၊ လူ့ထွဋ်ဦးစွန်း၊ ဘုန်းတော်ထွန်းသား၊ လျှံဝန်းစိုးပိုက်၊ မင်းသို့လိုက်၍၊ ပြည်၌ပြည်သူ၊ မင်းမတူလျှင်၊ ကျင့်မူမလွဲ၊ သုံးစွဲလေ့လာ၊ ကျင့်ကုန်ရာသည်၊ ရာဇပြဌာန်း၊ ကြငှန်းမှန်ကင်း၊ မကြောင်းရင်းကား၊ မင်းလျှင်တယောက်၊ လှံမစောက်ဖြင့်၊ မကောက်မယွန်း၊ တော်ဖြောင့်တန်းက၊ ထက်ဝန်းဗိုလ်ပါ၊ လူတကာလည်း၊ ညီညာတော်မှန်၊ မင်းအဟန်သို့၊ ကောင်းမွန်ကျင့်မှု၊ နှလုံးပြုအံ့၊ ပြည့်သူမျက်ပွင့်၊ ကောင်းအောင်ကျင့်လော့၊ ပုံသင့်ကျမ်းလာ၊ ဥပမာကား၊ အရာအထောင်၊ နွားကုန်အောင်တွင်၊ ရှိဆောင်နွားလား၊ ဖြောင့်ဖြောင့်လားက၊ နွားများစင်စိုက်၊ ဖြောင့်ဖြောင့်လိုက်သို့၊ စရိုက်ကျင့်မူ၊ ခပ်သိမ်းလူလည်း၊ ထို့တူလည်းကောင်း၊ ဖြစ်ရာချောင်းသည်၊ မင်းကောင်းတော်ဖြောင့် မှန်စီမင်း။

၃၂. မာသုကုဇ္ဈိ၊ မဟာရာဇ၊ မာသုကုဇ္ဈိ၊ ရထေသဘ၊ သမ္ဗုဒ္ဓလျှင်၊ ဆုံးမဟောကြား၊ ဤတရားကို၊ မှတ်သားလည်းပြု၊ သီးခံမှုဖြင့်၊ ပြည့်သူ့ခမည်း၊ မျက်တော်နည်းလော့၊ ဖြုတ်ချည်းအမျက်၊ ထွက်သက်မပြင်း၊ လူခပင်းကား၊ မင်းကိုကြောက်ယှောင်၊ လောင်ပူရဲရဲ၊ ရှားမီးခဲသို့၊ ၀မ်းထဲချဲ့ချဲ့၊ အမျက်မဲ့လည်း၊ တုန်လဲ့ရွံ့ရှာ၊ ကြောက်ကုန်ရာနှင့်၊ ပြင်းစွာအမျက်၊ ထွက်တပြီးကာ၊ ကြက်သီးထ၀ှန်၊ အူချာမွှန်မျှ၊ အလွန်အကြူး၊ ကြောက်မိန်းမူးလျှက်၊ ဆူးဆူးရားရား၊ အမျက်အားကို၊ တရားစွဲကိုင်၊ မချုပ်နိုင်သည်း၊ စိတ်ခိုင်တည်တံ့၊ ဆင်ခြင်ဝံ့၍၊ မ၀ံ့နှစ်ဆစ်၊ ကြိမ်ဖန်စစ်၍၊ အပြစ်အလျောက်၊ သုံးကြိမ်မြောက်မှ၊ သေလောက်လျော်ဖီး၊ မင်းဒဏ်ပီးလည်း ၊ ကွပ်ရေးဖန်များ စီနှင့်မင်း။

၃၃. ခပ်သိမ်းပြည်သူ၊ လူများထိပ်မိုး၊ ရီမြီစိုးထ၊ ပြည့်ဖြိုးချမ်းသာ၊ ကျင့်ရာအများ၊ ခုနစ်ပါးလျှင်၊ စီးပွားစင်စစ်၊ များသည်ဖြစ်၍၊ သျှင်ချစ်ဘုရား၊ မင်းတို့အားကို၊ ဟောထားခဲ့သည်၊ ခုနှစ်မည်ကာ၊ လူ့ပြည်စောင့်တတ်၊ နတ်ကိုမြတ်နိုး၊ အမျိုးဆွီနီး၊ သက်ကြီးရိုသေ၊ ပြည်နီရွာသူ၊ နိုင်ထက်မူဖြင့်၊ မယူသားမြီး၊ မှုရီးတိုင်ပင်၊ ညီညွတ်အင်နှင့်၊ လာချင်ထက်ဝန်း၊ ရဟန်းပုဏ္ဏား၊ သိမ်းပကားဖြင့်၊ တရားမယွင်း၊ ဖြည့်တင်းကျွေးမွီး၊ မလာသိမ်းသော်၊ နီးဝီးရပ်သား၊ သူရို့အားကို၊ မလားစီအောင်၊ ကျေးဇူးဆောင်လျှက်၊ ပြည်ထောင်အရေး၊ ရှိကတွေးသည်၊ ပညတ်မလွန်၊ လမ်းမှန်စိုက်စိုက်၊ ရာထင်လိုက်လျှက်၊ တိမ်ထက်လှစ်ထွန်း၊ လအ၀န်းသို့၊ လေးကျွန်းရိပ်မှောင်၊ ဘုန်းအရောင်ဖြင့်၊ ပြောင်ပြောင်ဝင်းဝါ၊ ငြိမ်းချမ်းသာ၍၊ ပြည်ရွာတိုင်းကား ပွားစီမင်း။

၃၄. သမ္ဘာရင့်ဖြိုး၊ ရှိးကောင်းကျိုးကြောင့်၊ တန်ခိုးထွန်းလျှံ၊ လူ့ထိပ်စံသား၊ ဘုန်းချွံရန်နည်၊ မင်းရို့သည်ကား၊ အရှည်ရေးရာ၊ မြင်နိုင်စွာသား၊ လိမ်မာက၀ိ၊ ပညာဟိကို၊ ပီတိချစ်ပြင်း၊ နှလုံးသွင်း၍၊ ဆိုခြင်းထွက်သံ၊ နားပါးခံလျှက်၊ ထုံးစံနည်းနာ၊ တိုင်ပင်ရာ၏၊ ဥာဏ်ဝါကွန့်မြူး၊ ဂုဏ်ဖြင့်ထူးသား၊ ကျေးဇူးရောင်ငြိ၊ ပညာဟိနှင့်၊ ပြည်ကြီးသေဌီနင်း၊ ပြည့်သျှင်မင်းရို့၊ မကင်းစီရာ၊ ဥပမာကား၊ ရတနာဂူ၊ နန္ဒမူ၌၊ မဉ္စူပန်းလား၊ ကျော်ထင်ယှားအံ့၊ နှစ်ပါးပေါင်းဖက်၊ အကျိုးနက်အံ့၊ ထမ်းရွက်ဆောင်ပြု၊ ပြည်ထဲမှုကြောင့်၊ စိငုမြင်ပြီး၊ ပညာကြီးကို၊ ထုံးတီးစုံရီး၊ ပုံစံမီး၍၊ ကျင့်ရေးလွန်စိတ် ဖြာစီမင်း။

၃၅. ဆင်မြင်းရထား၊ ခြီသည်အားနှင့်၊ လေးပါးစစ်အင်၊ စစ်ဘုရင်လည်း၊ မွမ်းဖြင်ဖြီးထွေ၊ များလှစီလော့၊ အနီမကျ၊ ရန်စစ်ထသော်၊ ဖြဖြလိုက်လံ၊ စစ်ဦးနှံမှ၊ ရွံ့လေရွံ့ရွံ့၊ နောက်မ၀ံ့တည့်၊ ဖို့ရွံ့ညည်းတည်း၊ ကြောက်ရွံ့သည်း၍၊ သရည်းလီဖွယ်၊ ရန်စစ်သွယ်လိမ့် ၊မပြယ်လီသိမ်း၊ စစ်မက်ကြိမ်းမူ၊ ပွန်းတီးမှုဆောင်သူရဲခေါင်ကို၊ ဆင်ပြောင်မုန်တပ်၊ မင်းစီးအပ်၍၊ နောက်ထပ်အများ၊ ဆင်မြင်းပြားလျှက်၊ ရှိဖျားတည်တွင်၊ စစ်စီရင်လော့၊ စစ်ဆင်သုံးပါး၊ အဖျားဖြီးထပ်၊ ပွင့်ချပ်ကြာသွင်၊ ဆင်လည်းချွန်းတည်း၊ မြင်းလည်းဇက်ချုပ်၊ ခြီသည်အုပ်လျှက်၊ စစ်ရုပ်အ၀န်း၊ ကော့ယွန်းတက်ဟန်၊ လှည်းသဏ္ဍာန်သို့၊ တတ်ပွန်းနားဝင်၊ စစ်ရေးဆင်၍၊ အောင်မြင်စိမ့်ထွေ၊ ဥကပဒေဖြင့်၊ စစ်မြီအရပ်၊ စစ်မှူးကွပ်လျှက်၊ ရွပ်ရွပ်ထိုးခုတ်၊ ကြက်ရဲစုတ်သို့၊ အားထုတ်ကြိုးပမ်း လွန်စီမင်း။

၃၆. သာများမစ္စ၊ စသည်အင်္ဂါ၊ ခုနစ်ဖြာကို၊ ပြည်ရွာပြကတိ၊ စုံစိလျှင်းအောင်၊ ပြည်ထောင်ဟူက၊ ပြည်ကိစ္စကို၊ လုံ့လဖြီးထူ၊ နှလုံးမူလော့၊ ရန်သူကြောက်ဖွယ်၊ နက်ဝန်းကျယ်သား၊ ပင်လယ်ကျုံးမြောင်း၊ ရီနီကောင်းလျှက်၊ ရဲလောင်းရင်တား၊ တံခါးတုရိုဏ်၊ ကြံ့ခိုင်မြို့ကို၊ တသိန်းဖြိုလည်း၊ မပြိုနိုင်မူ၊ ကြီးကျယ်ထုနှင့်၊ မျက်ယှုလှတင့်၊ တန်ဆောင်ဆင့်၍၊ သွယ်မြင့်ပြဆောင်၊ မြားမြောင်လက်နက်၊ မြို့ထက်ပတ်လျှောက်၊ စစ်တဲဆောက်၍၊ ရင်လျှောက်ပတ်ကုန်း၊ သူရဲပုန်းက၊ စသည်မကျန်၊ တံခွန်လောက်လွှဲ၊ စူးရဲကစ၊ အနီကျလျှင်၊ သဗ္ဗကိရိယာ၊ မြို့တန်ဆာလည်း၊ များစွာပြည့်နှက်၊ ကြံစည်နက်လျှက်၊ ကြမ်းခက်ရဲမာန်၊ ခြင်္သေ့ဟန်သို့၊ ရန်ကိုကဲမိုး၊ မိုးနှယ်ကြိုး၍၊ တန်ခိုးကျော်ထင် ရှားစီမင်း။

၃၇. အမျိုးလေးပါး၊ ပုဏ္ဏားပုဏ္ဏေး၊ သဌီးသကြွယ်၊ ကုန်သွယ်သူပင်၊ သူထင်သူရှား၊ ပြည်နီများလျှက်၊ စပါးဆန်ရီ၊ ပြည့်လွန်စီလည်း၊ ပြောင်းပဲလူးဆတ်၊ အထပ်ထပ်လျှင်၊ အလပ်မြီနည်း၊ လုပ်ကြံဆည်းမှ၊ ပစ္စည်းဖြင့်ပြီး၊ ပြည်ကြီးလက္ခဏာ၊ ရီဆာလောက်ငံ့၊ စိနှံသိုထား၊ ဆီးသမားနှင့်၊ ဟူးရာမကွာ၊ တတ်လိမ္မာသား၊ ရေးရာပွန်းတီး၊ မတ်ကြီးကြံထက်၊ တုံ့ဖက်တိုင်ပင်၊ မြော်မြင်ကျိုးကြောင်း၊ ခင်ပွန်းကောင်းတည့်၊ စောလောင်းကျင့်အပ်၊ စောင်မကွပ်လျှက်၊ ထူထပ်တိုင်းကား၊ အောင်ခြင်းများလီ၊ ပြည်ထောင်နီမျိုး၊ လုပ်ဆောင်ကြိုးလော့၊ မြင်းရိုးဆင်သည်၊ စစ်ကျင်လည်သား၊ ခိုင်ကျည်သူရဲ၊ ရန်မဖဲကို၊ ချစ်မြဲမြတ်လည်း၊ ကျေးလက်ပီး၍၊ သိမ်းမွီးဖြည့်တင်း၊ ဖြန့်ဖြူးခြင်းဖြင့်၊ လွန်းမင်းချစ်သနား တည်စီမင်း။

၃၈. အခေါင်ကြငှန်း၊ လူ့ထိပ်ထွန်းသား၊ ဦးစွန်းအချာ၊ မင်းတကာရို့၊ ပမာပုံခင်း၊ ခြင်္သေ့မင်းနှင့်၊ ကျင့်ခြင်းအညီ၊ တူကြစီလော့၊ လေးထွေအရိုး၊ ခြင်္သေ့မျိုးတွင်၊ တန်ခိုးကြီးခေါင်၊ တောသုံးထောင်ကို ၊စိုးပိုင်နှိမ်နင်း၊ စွမ်းအားပြင်းသည်၊ သားမင်းမြတ်စွာ၊ ကေသရာလျှင်၊ အခါနိစ္စ၊ သဘာဝဖြင့်၊ သူရဇာတိ၊ ရဲခြင်းဟိသည်၊ မိမိအစာ၊ ရှာလိုခါမှ၊ နီရာကျောက်ဂူ၊ ထွတ်လက်ပြူသော်၊ ရန်သူယှုကြည့်၊ ငဲ့လှည့်မျက်စောင်း၊ ခြိမ်းမောင်းဟောက်သံ၊ မြူးထူးစံမှ၊ ချွံချွံစိုက်စိုက်၊ သားကိုလိုက်၍၊ သတ်ကိုက်စီးနွံ၊ သွီးသံသောက်တုတ်၊ အားကိုထုတ်၍၊ ကိုက်ဆုတ်နှိပ်နယ်၊ ကြီးငယ်မဟူ၊ လူများထိပ်လယ်၊ စိုးစံပယ်သည်၊ ဘုန်းကြွယ်ရာဇာ၊ ကျင့်အပ်စွာ၊ ရေးရာမျှော်ယှု၊ ခပ်သိမ်းမှုကို၊ ဗဟုကိစ္စ၊ ဟူသမျှလျှင်၊ လုံ့လပည်းတူ၊ အားကိုမူဖြင့်၊ ရန်သူစဲ၍၊ ပြည်ထဲပွင့်လင်း သာစီမင်း။

၃၉. နရာဓိပတိ၊ သိဒ္ဓိထွဋ်တင်၊ မြတ်ဆုံးတင်သည်၊ ပြည့်သျှင်ဘုန်းလှိုင်၊ ကျင့်နည်းခိုင်၍၊ ဥဗျိုင်းငှက်တူ၊ ကျင့်တော်မူသော်၊ ဖြူသည်အဆင်း၊ မွှီးရောင်ဝင်းသား၊ လိုင်ကျင်းခြီရှည်၊ ထိုငှက်သည်ကား၊ ဖွေနီအစာ၊ လှည့်ပတ်ရှာ၍၊ မြစ်သာမြစ်လောင်း၊ ချောင်းမြောင်းကမ်းနား၊ သွားလာမွိညက်၊ ငြိမ်သက်ဣိနြေ္ဒ၊ ထွေရှုစိမ့်စီ၊ မိန်းမိန်းနီလျှက်၊ ရီမှာပွက်ကျင်၊ ငါးကိုမြင်သော်၊ ခုန်မင်လျှပ်လျှပ်၊ ရအောင်ဟပ်သို့၊ ပြည့်ကွပ်လူမှူး၊ စောရန်ငူးလည်း၊ ဆူးဆူးကျင့်မူ၊ ဗျိုင်းမတူလျှင်၊ ဟူဟူသရွေ့၊ အဓလေ့ဖြင့်၊ အမွိစောင့်ယှောက်၊ သာလျောက်ဖြည်းဖြည်း၊ ကျင့်သိပ်သည်းလျှက်၊ တိုင်တည်းသမှု၊ မြော်ကြည့်ယှုမှ၊ အန်တုအန်ပ၊ အစထော်လော်၊ ပေါ်သည်အကြိုက်၊ ကွပ်ညှပ်လိုက်၍၊ နောက်၌ရန်မလာ စီနှင့်မင်း။

၄၀. ဗာဟုဗလ၊ စသည်တွက်ရီ၊ အားငါးထွေဖြင့်၊ တိုင်းပြည်သေဌီနင်း၊ မင်းရို့သော်သာ၊ ပြည့်နိုင်ရာဟု၊ မြတ်စွာဘုရား၊ ဤလူများကို၊ ဟောကြားမိန့်မြွက်၊ ရွှေနှုတ်နက်ဖြင့်၊ မပျက်စီအောင်၊ ကျေးဇူးဆောင်လော့၊ လူဘောင်လူ့ထွဋ်၊ လူမင်းမြတ်တို့၊ ဆင်မှတ်တန်းဆာ၊ ရတနာသို့၊ မကွာမြဲတည်၊ အင်ငါးမည်တွင်၊ အထွဋ်တင်သား၊ မျက်ရှင်အလား၊ ပညာအားဖြင့်၊ စီးပွါးမြင်နိုင်၊ မြဲကြောင်းကိုင်၍၊ ပြည့်လှိုင်ကျေးဇူး၊ အထူးထူးထွင်၊ အမှူးစင်စစ်၊ ရှိလားဖြစ်လျှက်၊ အပြစ်ခွာယှောင်၊ အကျိုးဆောင်သား၊ တက်ခေါင်လိမ္မာ၊ မတ်ပညာကို၊ စီပါသုံးစွဲ၊ ကိုယ်၌မြဲကာ၊ ငရဲမလား၊ ရှိယှုလားလျှက်၊ မြတ်ဖျားနိဗ္ဗာန်၊ ခရီးညွှန်လျှက်၊ သမန္တစက်၊ အမြင်နက်သား၊ ပွားတတ်ပညာ၊ မတ်လိမ္မာအား၊ ဆရာတစ်ဆူ၊ တိုင်ပင်မူလျှက်၊ ဆုံးမခက်သား၊ သူပျက်တစ်ယောက်၊ ပါယ်မကြောက်ကို၊ နှင်ခြောက်ခြိမ်းမောင်း၊ စီးတစ်ချောင်းလျှင်၊ ထောင်းထောင်းညက်ညက်၊ မျက်နှာဖျက်၍၊ ရန်ဘက်မညှာတာ စီနှင့်မင်း။

၄၁. အပ္ပမေယျ၊ အနန္တလျှင်၊ ဆုံးစမတင်၊ ကမ်းမမြင်သား၊ ရီပြင်ဝန်းကျယ်၊ ပင်လယ်မြစ်မ၊ သမုဒ္ဒ၌၊ ငါးရာ့ငါးစင်း၊ မြစ်ခပင်းရို့၊ စင်းလျှင်းမရှာ၊ စီးဝင်လာသို့၊ ချမ်းသာခေါင်ရောက်၊ မင်းဖြစ်မြောက်က၊ ထပ်လှောက်ရတနာ၊ များလှစွာသား၊ ဥစ္စာရွှေငွေ၊ အထွေအပြား၊ အပါးပါးလျှင်၊ ၀တ်စားတန်ဆာ၊ လိုရာရာတည့်၊ မကြာမတင်၊ ရောက်လာလျှင်လည်း၊ လိုချင်သမှု၊ မပြုလေကျင်၊ ပြည်ကြီးသျှင်ရို့၊ ဆင်ခြင်ကောင်းစွ၊ စိတ်လောဘကို၊ တရာ့တစ်စင်း၊ ထီးဆောင်းမင်းရို့၊ လက်ရင်းကျပ်သို၊ ကျွန်ပြုလိုလျှင်၊ သို့ကိုသော်လည်း၊ နည်းသည်နှင်နှင်၊ လိုအင်ပြည့်ခဲ၊ မရောက်ရဲတည်း၊ ပြည်ထဲသေဌီနင်း၊ မင်းတို့ဘုန်းအား၊ စည်ပင်ပွား၏၊ ပြည်သားပြည်သူ၊ ပြောထူပစ္စည်း၊ ဖြင်ပည်းခိုင်ဖြီး၊ ကြွယ်မြောက်ပြီးမှ၊ သစ်သီးခိုင်ညွတ်၊ မှည့်မှဆွတ်သော်၊ ကောင်းမြတ်ရသာ၊ ချိုမြိန်စွာသို့၊ ပမာထို့ဟန်၊ မှည့်ခါတန်မှ၊ တုတ်ခွန်ခိုင်ပြွတ်၊ ပြည်သီးဆွတ်လျှက်၊ အလွတ်မစား၊ အချို့ထား၍၊ အများကျွေးမွီး၊ ၀ီငှပီးသည်၊ ကျင့်ရေးတတ်လိမ် မာစီမင်း။

၄၂. ၀သုန္ဒရာ၊ မြေမျက်နှာထက်၊ ကြမ္မာရှေးဘုန်း၊ ကုသိုလ်မှုန်း၍၊ ခါဆုန်းချိန်သင့်၊ ကြာနှယ်ပွင့်သား၊ ရင့်သည့်တေဇ၊ တန်ခိုးပလျှက်၊ လူများမျက်စိ၊ နရာဓိတို့၊ ဂတိလေးပါး၊ မမှားစီအောင်၊ ကျေးဇူးဆောင်၍၊ တည်ထောင်ကမ္ဘာ၊ အစစွာက၊ ဆရာမနု၊ ရသေ့ပြုသား၊ လူမှုဆုံးဖြတ်၊ ဓမ္မသတ်နှင့်၊ ညီညွတ်မယွင်း၊ စောင့်စည်းခြင်းဖြင့်၊ ခပင်းမျက်နှာ၊ မနာအားပါး၊ နှစ်ဘက်သား၏၊ အကြားလယ်မှန်၊ ချိန်ခွင်မှန်သို့၊ ဧကန်ကျကျ၊ မီးမြန်းမှလျှင်၊ မဆမတွေး၊ ရှုံးနိုင်ပီးလော့၊ အရေးအလျောက်၊ မဖောက်မှန်ကန်၊ ကျမ်း၌မှန်သား၊ ရှိးလွန်နည်းမှီး၊ ထုံးတည်းမှတ်သား၊ ပိုင်းခြားအဟုတ်၊ စက်သွားခုတ်သို့၊ စုတ်စုတ်ထွင်းထွင်း၊ ကြံထိုးယွင်းလျှက်၊ စင်းစင်းမတ်မတ်၊ တရားဖြတ်၍၊ လူနတ်ကောင်းချီး ငြာစီမင်း။

၄၃. မဟီပတိ၊ ယသဿိဟု၊ မြီကြီးသခင်၊ စီးစိမ်ပြင်သား၊ ကျော်ထင်လူ့ပြည်၊ မင်းရို့သည်လျှင်၊ အရှည်မမျှော်၊ မတော်အလျား၊ မိလျော့ငြား၍၊ တရားမစောင့်၊ မဖြောင့်မစင်း၊ အကျင့်ယွင်းမူ၊ ထိုမင်းလက်ထက်၊ မြီကြီးလျှက်လည်း၊ သက်ခသြဇာ၊ အောက်မှာရွိလီ၊ ထဲတဗွီ၌၊ နီဘိရကား၊ အမြားပည်းဖြင်၊ ရောက်လှည့်ကျင်သား၊ သစ်ပင်သစ်သီး၊ မကြီးလုံးဖန်၊ အမွန်ရသာ၊ သြဇာမဟိ၊ ပျက်သိသိတည့်၊ ထို့ပြီးအပ၊ ဆီးဝါးစသည်၊ တေဇမထက်၊ ပျက်ခဲ့ရသာ၊ စားလီပါလည်း၊ အနာလွတ်ခဲ၊ ရွိရွိရဲလျှက်၊ ကောင်းမြဲမကောင်း၊ မိုးလီနှောင်း၍၊ သောင်းခကောက်ပင်၊ ပျိုးမရှင်တည့်၊ ပြည့်သျှင်မင်းကြီး၊ တရားမှီးမူ၊ မြီကြီးရသာ၊ သြဇာတိုးတက်၊ ချိုမြက်သစ်သီး၊ အကြီးလုံးလှ၊ ဆီးဝါးစသည်၊ တေဇထက်မြတ်၊ ရောဂါလွတ်၍၊ ရွာဆွတ်မိုးကောင်း၊ ကောက်မသောင်းတည့်၊ မင်းကောင်းရို့ကြောင့်၊ တရားစောင့်လော့၊ သျှစ်သောင်းမြီပြင်၊ ရန်ကိုသင်လျှက်၊ ပြည်တွင်းပြည်သူ၊ ခပ်သိမ်းလူလည်း၊ ဆုယူများစွာ၊ ချစ်ကြင်နာ၍၊ မေတ္တာမိုးကြီး ရွာစီမင်း။

၄၄. လင်္ကာဒီပ၊ သီဟဠဟု၊ နာမပြဋ္ဌာန်း၊ သီဟိုကျွန်း၌၊ ထွန်းသည်နီသွင်၊ တန်ခိုးထင်သား၊ သင်္ခဗောဓိ၊ အမည်ဟိသည်၊ မင်းကြီးကျင့်ထူ၊ နှလုံးမူလော့၊ နတ်လူချစ်ပြင်း၊ ထိုသည့်မင်းကား၊ စောင့်ခြင်းတရား၊ မယွင်းမှားတည့်၊ ခိုးသားပူလောင်၊ ခေါင်သည့်မိုးနှင့်၊ နတ်ဆိုးဘီလူး၊ စားကြူးလူသား၊ ဘေးသုံးပါးကို၊ သိကြားနတ်တိုင်၊ ဓိဌာန်လှိုင်လျှက်၊ အသက်စွန့်စား၊ ပြည်သူများကြောင့်၊ ဖိတားပျောက်စီ၊ မိုးကောင်းစီ၏၊ ကျင့်ထွေလိုလား၊ မတတ်ငြားလည်း၊ ရှိုးရှာဆိုးကောင်း၊ ကျိုးတကြောင်းမျှ၊ မင်းကောင်းမှန်ကဲ၊ ကျင့်မူရဲလော့၊ ဖောက်လဲတတ်စွာ၊ သက်ခန္ဓာကား၊ အခါမြင့်ရှည်၊ မတည်နိုင်ဘဲ၊ ကျေးဇူးသော်မူ၊ သူတော်လူရို့၊ ပြောမူမြင့်ကြာ၊ ချီးမွမ်းရာလျှင်၊ ကမ္ဘာပတ်လုံး၊ ပြောမဆုံးတည့်၊ ရှိထုံးနည်းခိုင်း၊ ကောင်းကျင့်လှိုင်း၍၊ လူတိုင်းအံ့အဲ၊ ချီးမွမ်းကဲလျှက်၊ မြင့်မြဲကျေးဇူး ကြာစီမင်း။

၄၅. သဟဿနေတ္တ၊ ၀ါသ၀ဟု၊ သက္ကသူရိန်၊ ဒေ၀ိန်ထွဋ်ထား၊ မိုးသိကြားလျှက်၊ တရားစောင့်သူ၊ ကျင့်ကောင်းလူကို၊ ရေးယူစိမ့်ငှာ၊ လေးမျက်နှာ၌၊ သွယ်ကာရန်ထောက်၊ နတ်လေးယောက်ကို၊ စောင့်ယှောက်ပိုင်းခြား၊ အမြဲထားသို့၊ တိုင်းကားအုပ်စိုး၊ ပြည်ထိပ်မိုးသား၊ တန်ခိုးထွန်းလင်း၊ လရို့မင်းလည်း၊ ကျင့်ခြင်းထို့တူ၊ ဆင်းရဲသူအား၊ ကလူညှဉ်းဆဲ၊ မခဲစိမ့်ငှာ၊ ရပ်မျက်နှာကို၊ ကွယ်ကာစိမ့်ကြောင်း၊ ကျင့်ကောင်းမွန်ရည်၊ သဘောတည်လျှက်၊ ကြံစည်နက်နဲ၊ မှုထမ်းရဲသား၊ ခက်ခဲရေးရာ၊ လိမ္မာတတ်မြောက်၊ မတ်လေးယောက်အား၊ လက်အောက်မှာထား၊ လေးဖို့ခြား၍၊ လေးပါးဒိသာ၊ ရပ်ခန်းဝါ၌၊ ပြည်ရွာကိစ္စ၊ ဟူသမျှကို၊ ဆုံးမကံမြစ်၊ အပြစ်မကောင်း၊ မပီးကောင်းဟု၊ အကြောင်းစုံစမ်း၊ ရှိကျင့်တမ်းဖြင့်၊ မှုထမ်းအစေ၊ ကွပ်ညှပ်ပေ၏၊ လူ့ဆွီသိကြား၊ လူမင်းဖျားလည်း၊ လေးပါးထပ်တူ၊ ပမာယူလျှက်၊ ပြည်သူစောင့်ယှောက်၊ မတ်လေးယောက်နှင့်၊ အံ့လောက်လူ့ဘောင်၊ ပြည်ထဲဆောင်၍၊ ပြည်ထောင်ကြောက်ရွှံ့ ယှားစီမင်း။

၄၆. အခါတပါး၊ မြင်မိုရ်ဖျား၌၊ သိကြားနီရာ၊ စစ်ပြုလာသည့်၊ ပြင်းစွာမျက်သျှိန်၊ အသူရိန်ကို၊ ဒေ၀ိန်သက္က၊ စီးချင်းချ၍၊ ဒေ၀သဘာ၊ သုဓမ္မာဟု၊ သာသည်ဇရပ်၊ အမိုးရပ်တွင်၊ နောင်ကြပ်အမြဲ၊ တုပ်၍ဆွဲသော်၊ ဆဲဆဲရေးရေး၊ ဟစ်ကြွီးရွီရွတ်၊ တတွတ်တွတ်လျှင်၊ အပတ်တကုတ်၊ ကြမ်းကြုတ်စကား၊ နတ်မင်ဖျားကို၊ နွားနှင့်အတူ၊ ငရဲသူဟု၊ ကလူကစာ၊ ဆဲရေးရှာလျှက်၊ မျက်မထွက်တည့်၊ ဆိုဘက်မထိုက်၊ ယင်းသူမိုက်ဟု၊ မှတ်ပိုက်သောထွေ၊ သီးခံစီ၏၊ ရွှေမြေရပ်စည်၊ ရွှေနန်တည်သား၊ နတ်ပြည်သေဌီနင်း၊ သိကြားမင်းလျှင်၊ ခံပြင်းသီးညည်း၊ အမျက်နည်း၍၊ ရီကြီးတောတောင်၊ အာဏာဆောင်သား၊ ဘုန်းခေါင်ထွန်းလင်း၊ လူရို့မင်းလည်း၊ ပုံခင်းကျမ်းလာ၊ ထိုထိုစာ၌၊ ပြင်းစွာအမျက်၊ မထွက်ဖို့ရာ၊ ချုပ်မြစ်ထာလော့၊ ပညာတိုင်တည်း၊ မျက်မာန်နည်းလျှက်၊ လူလည်းပြောဟော၊ နတ်ချစ်မောသည်၊ ကျော်စော ချီးအံ့ သြစီမင်း။

၄၇. လောကသာရ၊ ကျမ်းဂန္တ၌၊ ဓမ္မရသာ အလင်္ကာဖြင့်၊ တန်းဆာလည်းဆင်၊ ဖွဲ့စီရင်လျှက်၊ ကျမ်းမြင်ထွေပြား၊ အပါးပါးတည့်၊ များသည့်ထုံးနည်း၊ မှတ်ဖွယ်ချည်းလျှင်၊ ပမည်းပမာ၊ နည်းနာနယ၊ ပွတ်ပုံချသို့၊ ခတ္တိယရာဇာ၊ ဇနာဓိပ၊ ဘူပါလဟု၊ လောကထွဋ်ဖျား၊ မင်းရို့အားကို၊ စီးပွါးချမ်းသာ၊ ဖြစ်စိမ့်ငှာလျှင်၊ ပညာသေတ္တု၊ စည်းရုံးပြုလျှက်၊ ကျင့်မူဆန်းပြား၊ ဆုံးမကြားသော်၊ ကောင်းဖျားမွန်ရည်၊ ကျော်စောသည်ကား၊ အမည် ရာဇာသာရတည်း။….။

လောကသာရ ဆုံးမစာ (ရခိုင်သူမြတ်) (မူကြမ်း) (ပထမပိုင်း )

၁. ကြားပိမ့်သူမြတ်၊ အများမှတ်စိမ့်၊ ဟိတတ္တိက၊ သြ၀ါဒဖြင့်၊ ဆုံးမပီးလီ၊ နားဝင့်စီလော့၊ နီသို့ထင်ယှား၊ ဘုရားတရားသင်္ဃာ၊ ရတနာထွဋ်ထား၊ မြတ်သုံးပါးကို၊ ဦးဖျားထွဋ်ထက်၊ အမြဲရွက်ဆို၊ စုံမက်သဒ္ဒါ ကြည်စီမင်း ။

၂. အသက်ရှည်စွာ၊ အနာမဲ့ကြောင်း၊ ကောင်းလှစီချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား၊ မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊ ပေါ်လွင်မပြု၊ ကောင်းရာတုလျှက်၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စီမင်း။

၃. သူကြီးမိဘ၊ ဆရာစသား၊ စိုးရသခင်၊ ကျေးဇူးသျှင်သို့၊ ပြစ်တင်မောင်းမဲ၊ ရိုက်ပုတ်ဆဲလည်း၊ ၀မ်းထဲယုံ့ယုံ့၊ ယုန်လျှင်ကျုံ့သို့၊ ဆိုတုံ့မ၀ံ့၊ စောင်းမာန်ညံ့ ၍၊ ကြောက်ရွံ့ရိုသေ၊ သီးခံထွေဖြင့်၊ ကောင်းနီနှလုံး ယဉ်စီမင်း။

၎. ဆန္ဒာဒေါသ၊ ဘယာမောဟ၊ အပါယ်ကျသား၊ ဓမ္မလေးမည်၊ ဂတိတည်လျှက်၊ နတ်ပြည်လူ့ရွာ၊ ချမ်းသာကောင်းမွန်၊ စံစုန်ဆန်၍၊ နိဗ္ဗာန်ရောက်ကြောင်း၊ ကျင့်ကောင်းသီလ၊ လှူဒါနနှင့်၊ ပုညလယ်မြီ၊ စိုက်ကြဲထွေဖြင့်၊ ပျိုးခြီအပင် စည်စီမင်း။

၅. ကိုယ်နှုတ်နှလုံး၊ စောင့်သုံးမြဲစွာ၊ သတ္တ၀ါကို၊ မေတ္တာသက်စီ၊ လှူဖို့ဝီ၍၊ စိတ်စီကြည်သန်၊ သဘောမှန်သား၊ ပစ္စုပ္ပန်သံသရာ၊ ချမ်းသာစီးပွါး၊ နှစ်ပါးမြင်တတ်၊ သူတော်မြတ်ကို၊ မပြတ်ချစ်ခင်၊ မိတ်ကျွမ်းဝင်ရ၊ မြဲပင်စင်းလျှင်း ပေါင်းယှဉ်မင်း။

၆. ပညာမျက်စိ၊ မြင်မဟိရ မသိတရား၊ အယူမှားလျှက်၊ စီးပွားမမျှော်၊ ကျိုးမပေါ်သား၊ သူတော်မဟုတ်၊ ယုတ်သည့်စရိုက်၊ လူသူမိုက်ကို၊ မကြိုက်မချစ်၊ ရန်သူစစ်သို့၊ မနှစ်သက်ပဲ၊ ဝီးစွာချဲ၍၊ အမြဲခွာယှင်း ဖဲကြဉ်မင်း။

၇. ပါဏာတိပါတ်၊ မသတ်သူ့အသက်၊ ခိုးဝှက်မမူ၊ မယူသီစာ၊ အိမ်ယာမမှား၊ မုသားမဆို၊ ကိုယ်ကိုနှိမ့်ချ၊ စောင့်သီလနှင့်၊ ဒါနလှူဝတ်၊ ရက်မချွတ်လျှင်၊ မပြတ်ဆောက်တည်၊ ဆုကြီးရည်၍ ၊ မကြည်ခိုက်ရန်၊ သူကျူးလွန်လည်း၊ စောင်မာန်မပြင်း ယဉ်စီမင်း။

၈. မိခင်ဖခင်၊ ကျေးဇူးသျှင်ကို၊ ချစ်ခင်မြတ်နိုး၊ ဂူပထိုးသို့၊ ရှိခိုးဦးတင်၊ ကြည်လင်မြတ်လေး၊ သိမ်းမြန်းမွှီး၍၊ လုပ်ကျွေးခယ၊ ရိုတုတ်ကွလျှက်၊ ကြီးထ(လှ)သက်အို၊ မျိုးဆွီကိုလည်း၊ ကြည်ညိုညွှတ်တိမ်း၊ ပိုက်ထုပ်သိမ်း၍၊ ခပ်သိမ်းမယွင်း ငြိမ်းစီမင်း။

မိခင်ဖခင်၊ ကျေးဇူးသျှင်ကို ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့ ရှိခိုးဦးတင်၊ ကြည်လင်မြတ်လေး လုပ်ကျွေးခယ၊ ရိုတုပ်ကွလျှက် ကြီးလှသက်အို၊ မျိုးဆွီကိုလည်း ကြည်ညိုညွတ်တိမ်း၊ ပိုက်ထုပ်သိမ်း၍ မယိမ်းစင်းလျှင်းငြိမ်းစီမင်း --။ (အဘိုးသျှင်စာသား)

၉. စတုဒိသာ၊ လေးမျက်နှာမှ၊ ရောက်လာအများ၊ ပုဏ္ဏားရဟန်း၊ ဆွမ်းပန်းချို့တဲ့၊ ရိက္ခာမဲ့ကို၊ ယူခဥစ္စာ၊ အိမ်လှောင်ခါ၌၊ လွယ်ကာထားယူ၊ ထိုသည့်သူသို့၊ လိုတူမှတ်သား၊ သနားမြတ်လည်း၊ ၀တ်စားပီး၍၊ ကျွေးမွီးထံရင်း ငြိမ်းစီမင်း။

၁၀. အနိစ္စနှင့်၊ ဒုက္ခအနတ္တာ၊ သုံးပါးလက္ခဏာ၊ မချာအောက်မိ၊ တစိစိလျှင်၊ အလေ့အထ၊ ကွပ်ဆုံးမ၍၊ ပဉ္စခန္ဓာ၊ ငါးဖြာနာမ်ရုပ်၊ ဖြစ်ချုပ်ကြိမ်ဖန်၊ စက်ဝဟန်သို့၊ ဖန်တလဲလဲ၊ ၀ဋ်ဆင်းရဲကို၊ ၀မ်းထဲသံဝေ၊ ထိတ်လန့်ထွေဖြင့်၊ ရိုသေသည်းတွင်း ကျိန်းစီမင်း။

၁၁. လောဘဒေါသ၊ မောဟသူပျက်၊ နိတိုင်းဖက်၍၊ အမျက်လည်းလွန်၊ တဖျင်သန်လျှင်၊ ပြီးလွန်ဖင်ဖင်၊ အာရုံမြင်က၊ ခင်ခင်မွတ်မွတ်၊ လိုက်တုံတတ်သား၊ ထူးပွတ်မဆိုင်း၊ စိတ်ဆင်ရိုင်းကို၊ သုံးပိုင်းမချာ၊ ယဉ်စိမ့်ငှာလျှင်၊ ပညာထိန်း၍ မှိန်းစီမင်း။

၁၂. လယ်လုပ်ကုန်သွယ်၊ ရောင်းဝယ်မြီချ၊ တွက်ဆစိတ်ပြား၊ အပါးပါးလျှင်၊ အပွားအရင်း၊ လတွင်းတက်တိုး၊ ထမ်းပိုးနှစ်လည်၊ ချသည်မပြတ် အိမ်ထောင်ဝတ်ဖြင့်၊ အမှတ်မြဲမြံ၊ လုပ်ကြံကြိုးစား၊ ကျွဲနွားဆိတ်ဝက်၊ ၀မ်းဘဲငှက်နှင့်၊ ကြက်ကမကြွင်း၊ သိမ်းမွီးပြင်းလျှက်၊ များခြင်းစုံစီ၊ တန္ဒီပယ်ရှောင်း၊ ထပ်ကာလောင်းလျှက်၊ ပဲပြောင်းစပါး၊ ကျီပြည့်ထား၍၊ ခွက်ပြားရွှေငွေ၊ ဆည်းပူးထွေဖြင့်၊ မျိုးဆွီမှီတင်း ကြွယ်စီမင်း။

၁၃. ထုံးတီးနည်းနာ၊ အဖြာဖြာ၌၊ ပညာရှာမှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လလျှက်၊ တုပ်ကွပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်၊ စာပီတတ်ကြောင်း၊ တချောင်းချောင်းလျှင်၊ ခြိမ်းမောင်းသီးခံ၊ ဆရာ့ထံ၌၊ သင်အံ့ကျက်သိ၊ တနိတပါး၊ မှတ်သားပါလီ၊ ၀မ်းထဲခြွီ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို၊ ဆည်းပူးသန့်ယှင်း ကျေစီမင်း။

ထုံးမှီးနည်းနာ၊ အဖြာဖြာ၌ ပညာရှာမှီး၊ မကြီးသက်ရွယ် အငယ်သော်က၊ ကြိုးလုံးလလျှက် တုပ်ကွပုဆစ်၊ ဆရာစစ်သို့ ကြောက်ချစ်ရိုသီ၊ စာပီတတ်ကြောင်း တချောင်းချောင်းလျှင်၊ ငြိမ်အောင်းသည်းခံ ဆရာထံ၌၊ သင်အံမှတ်သိ တနိတခြား၊ ပွားများစုံစီ ၀မ်းထဲခွီ၍၊ တလီတထူး ဂုဏ်ကျေးဇူးကို ဆည်းပူးသိမြင်ကြွယ်စီမင်း ။ (အဘိုးသျှင်စာသား)

၁၄. ဘိုးဘီးစဉ်ဆက်၊ မပျက်သုံးစွဲ၊ ကျင့်မြဲလုံ့လ၊ စာရိတ္တဖြင့်၊ မိဘအလိုက်၊ စရိုက်ကျင့်ရိုး၊ အမျိုးနွယ်လျဉ်၊ စောင့်စည်းကြဉ်၍၊ အယှဉ်အပေါင်း၊ ခင်ပွန်းကောင်းနှင့်၊ သူဟောင်းသက်ကြီး၊ ထုံးနည်းတီးကို၊ မငြီးမငွေ့၊ ကျက်မှတ်လေ့လျှက်၊
ခြောက်သွိစကား၊ စပ်ကြားသူပျက်၊ ကုန်းတိုက်ဖျက်လည်း၊ ရက်ရက်မယုံ လွယ်နှင့်မင်း။

၁၅. သူတော်တကာ၊ တတ်စရာသား၊ အဌာရသ၊ သိပ္ပအပြား၊ အတတ်များကို မှတ်သားသတိ၊ ပညာဟိရို့၊ တတ်သိအပ်စွ၊ ထိုသိပ္ပကို၊ နှံ့မျှလုံခြုံ၊ မတတ်တုံလည်း၊ တစုံတစ်ခု၊ တတ်အောင်ပြု၍၊ လူမှုအိမ်ထောင်၊ စီးပွါးဆောင်လော့၊ ညဥ့်မှောင်မသိ၊ ကြက်မျက်စိသို့၊ မိမိကိုယ်ဖို့၊ အတတ်ချို့လည်း၊ သူရို့ပြစ်တင်၊ ဆင်းရဲမြင်အံ့၊ ထင်ထင်မျက်မြော်၊ မကော်ရော်သည်၊ အိုသော်သူမရယ် စီနှင့်မင်း။

၁၆. ဃရာဝါသ၊ သမ္ဗဓဟု၊ ကိစ္စမြားမြောင်၊ လူရို့ဘောင်၌၊ အိမ်ထောင်သက်မွီး၊ ခြနှယ်ပြီးသား၊ လူရေးကျေစွာ၊ အဖြာဖြာကို၊ လိမ်မာအတတ်၊ ချားရဟတ်သို့၊ လှည့်ပတ်ပြီးမှ၊ ကြံတွက်ဆလျှက်၊ လုံ့လပင်စည်၊ အရင်းတည်လျှက်၊
ခက်ရှည်ပညာ၊ ချမ်းသာအသီး၊ ကြီးစရွိရွိ၊ အဓလေ့ဖြင့်၊ မမိမကျန်၊ လူမှုပွန်လျှက်၊ စောင်းမာန်မဲ့ဆုံး၊ တော်ဖြောင့်သုံး၍၊ နှလုံးသန့်စင် ကြွယ်စီမင်း။

၁၇. လေးကျွန်းထိပ်ခေါင်၊ မြင်းမိုရ်တောင်နှင့်၊ ယှဉ်ဆောင်နှိုင်းလည်း၊ အတိုင်းမသိ၊ ကျေးဇူးဟိသည်၊ အမိကားတိုက်၊ သိုက်ကားမယား၊ သားကားနွယ်ဆက်၊ ခက်လက်မျိုးဆွီ၊ ကျွန်ခြွေရွှေနှင့်၊ အုပ်ထွေမကွဲ၊ လူခပဲအား၊ ဆင်းရဲဖျောက်ပယ်၊ ချမ်းသာကယ်၍၊ လူဝယ်လူကောင်း၊ ဖြစ်တော်ချောင်းဟု၊ လူပေါင်းပြောပ၊ ချီးမွမ်းရလျှက်၊ ကြောင့်ကြ ဘေးဘျမ်း၊ ဖျောက်နိုင်စွမ်းသား၊ စိတ်ဝန်းဖြောင့်တန်း၊ ဆွီခင်ပွန်းကို၊ ချစ်ပန်းနံ့မပြယ် စီနှင့်မင်း။

၁၈. စိမြေ့သိပ်သည်း၊ ရွိရွိဆည်းလော့၊ စရည်းအိုးခွက်၊ ကြီးစွာလျက်လျှင်၊ စဉ်စက်ကျများ၊ ပြည့်သောလားသို့၊ ပျား၏နည်းထုံး၊ မှတ်ကျင့်သုံး၍၊ ခြပုန်းတောင်ပို့၊ ဖို့သည်းခြင်းရာ၊ လူလိမ်မာရို့၊ ဥစ္စာဆည်းထွေ၊ တတ်လှစီလော့၊ ကြွက်သီတခု၊ အရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး၊ သဌီးထုံးကို၊ နှလုံးမူလျှက်၊ ကြံစည်နက်ကို၊ သူ့ထက်ကုံးကယ် ကြွယ်စီမင်း။

၁၉. လုံ့လပညာ၊ လိမ်မာတတ်တုံ၊ ဆင်စွယ်စုံသို့၊ ကိုယ်လုံမြဲမြံ၊ ကောင်းအောင်သံသား၊ လုပ်ကြံသေသပ်၊ ယောက်ျားမြတ်ရို့၊ မှတ်သည့်အတိုင်း၊ ပြည့်လှိုင်းချမ်းသာ၊ စီးပွားရှာအံ၊ ပညာချို့တဲ့၊ လုံလမဲ့ဟု၊ ကဲ့ရဲ့သင်္ဂြိုဟ်၊ သူများဆိုလည်း၊ ကိုယ်ကိုမချစ်၊ အကျင့်ညစ်သား၊ အပြစ်ဖွဲ့ပို့၊ လူသွမ်းရို့ကား၊ မည်သို့မသိ၊ ပျင်းရိရိလျှင်၊ ရှိသည်ကိုယ့်ဖို့၊ ကုသိုလ်ပို့က၊ ငါရို့နီရာ၊ စီးပွားလာအံ့၊ ကြမ္မာကိုယ်ချည်း၊ မှတ်ထင်ရည်း၍၊ ကျင့်နည်းညံ့ဆုံး၊ သူပျက်ထုံးကို၊ နှလုံးမငြိတွယ် စီနှင့်မင်း။

၂၀. ကျောင်းတော်ခရီး၊ လမ်းမကြီး၌၊ ပင်ထီးပညောင်၊ မြစ်တထောင်နှင့်၊ မြားမြောင်ခက်လက်၊ ရွက်လည်းစိပ်စိပ်၊ စိစိသိပ်လျှက်၊ ရိပ်လည်းမြိုင်မြိုင်၊ လီမနိုင်လျှင်၊ ပင်ခိုင်သီးမှည့်၊ အပြည့်ကျီးငှက်၊ စားလျှက်သောင်းသဲ၊ မှီဝဲလူဗိုလ်၊ ရိပ်ခိုအများ၊ ခရီးသွားရို့၊ နားနီပျော်ရွှင်၊ ထိုသစ်ပင်ကား၊ ၀င်လာသောသူ၊ ခပ်သိမ်းလူကို၊ ပူဆာငြိမ်းအောင်၊ စီးပွားဆောင်သို့၊ လူ့ဘောင်ကောင်ကြွယ်၊ လူကုံကယ်လည်း၊ ထိုနှယ်လည်းကောင်း၊ ဖြစ်တုံချောင်း၍၊ မျိုးပေါင်းဆွီပါး၊ လူအများကို၊ သနားကြင်နာ၊ စီးပွါးရှာ၍၊ မေတ္တာမကင်း၊ မ,စ ခြင်းဖြင့်၊ ထံရင်းမှီကိုး ကွယ်စီမင်း။

၂၁. ပျူပျူငှာငှာ၊ လူတကာကို၊ သာသာချိုချို၊ ချစ်ဖွယ်ဆို၍၊ စိုစိုပြည်ပြည်၊ ကျင့်မူနည်ဖြင့်၊ လည်လည်ပတ်ပတ် ၊လောက၀တ်၌၊ ပြတ်ပြတ်သားသား၊ အပြားပြားလျှင်၊ မှုများခပ်သိမ်း၊ ဆောင်တိုင်းငြိမ်းလျှက်၊ သူစိမ်းသူကျက်၊ ပေါင်းဖက်သရွိ၊ မိဘတွိသို့၊ မွိမွိလျော်လျော်၊ ပျော်ပျော်ပါးပါး၊ နှုတ်ချိုပျားနှင့်၊ ၀တ်စားထောက်ပံ့၊ ဖြန့်ဖြူးနှံ့လျှက်၊ အလွန့်ကျွန်ကျေး၊ ဆွီသားမြီးကို၊ ကျွေးမွီးမညှိုး ငယ်စီမင်း။

၂၂. လောကသာရ၊ ကျမ်းအစ၌၊ ဆုံးမစကား၊ မျိုးလေးပါးကို၊ မှတ်သားစိမ့်ငှာ၊ ပျို့လင်္ကာဖြင့်၊ နည်းနာထွေပြား၊ ထုံးပေါင်းကြားသည်၊ တခြား ပထမပိုင်းတည်း။…….။

ရခိုင့်အောင်လံ


ကြားပိမ့်ဗိုလ်လူ အံ့ချီးမူသော၊ သောင်းယူဇနာ မြေမျက်နှာထက်၊ မြောက်မှာ အာသံ တောင်ယံသီဟိုဠ်၊ နောက်ကို လှည့်လည် မရွံ့ ပြည်နှင့် ၊ ဦးတည်ပိုင်းခြင်း ပင်လယ်ဆင်းအောင်၊ စိုးမင်းတကာ ညီညွတ်ရာသည်၊ သာယာရွက်ဆောင် ရန်တိုင်းအောင်သည်၊ ဘုန်းခိုးဓမ္မရာဇာ ဥက္ကဟုခ်မျိုး၊ သမုတ်ရိုးလျင်၊ စိုးစံသောအခါ၊ ရက္ခပူရ ဓညမြို့ ကြီး တိုင်းလုံးထီးကို၊ ပြီးစီးခန့် ရှည်၊ ရွှေနန်းတည်၍ အောင်စည်ညံညံ၊ ဘိသိတ်စံက ၊ ကျော်ဘိသတင်း သောင်းလုံးချင်းမျှ၊ မြင်းလည်းသိန္ဒ၀ န၀ဆဒ္ဒန်၊ ရန်မာန်ပယ်လှဲ့  ခြင်္သေ့ကေသရီ၊ အောင်နီအောင်ဖြူ ပဉ္စရူကို၊ ကြည်ဖြူနှစ်သက် နတ်တို့ ဆက်က၊ ဘုန်းကြက်သရေ မိုးနှယ်စွယ်၏၊ ရွှေငွေရတနာ ပဒေသာသီး၊ ပြီးစီးစေတက် နတ်သမတ၊ စောင့်သီလနှင့်ဣန္ဒ၀ဇီရာ၊ အလင်္ကာရ အစဖြန့် ချီ၊ သီရိဓဇ ချိုမြသာယာ၊ နောက်ပိတ်မှာလည်း၊ မဟာသုဓမ္မ၊ ရာဇာဂုရု၊ ရုံးကာစု၍၊ မျက်ရှုခတ်နှိပ်၊ ရွှေတံဆိပ်ကို၊ စိတ်စိတ်ကြည်နူး၊ ရွှေနန်းဦး၌၊ ရွှင်မြူးကြည်ဖြူ၊ လှူတော်မူက၊ နတ်လူတကာ ကောင်းချီးငြာလျက်၊ သာယာမြတ်နိုး၊ မေတ္တာဖြိုး၍၊ နေမျိုးမှန်စွာ မြေသြဇာလည်း၊ ရာသာပြည့်နက် အောင်ဆုခတ်၍၊ ရာသက်တည်ကြောင်း၊ မျိုးသစ်လောင်းသည်၊ ရိုက်သျှောင်းပဲ့တင်ငြိမ့်ငြိမ့်တည်း။


ရခိုင်ပြည် ရှေးခေတ် အောင်လံတော်ပုံ


ရခိုင့်သမိုင်းသစ် စာအုပ်က ကူးယူရွီးထားပါရေ။

မဟာပညာကျော်

တနိသောအခါ ပြည့်သျှင်မင်းဖလောင်းကြီးသည် မဟာမုနိဘုရားကို ဖူးမြော်ကြည်ညိုရန်ထွက်တော်မူသည်။ မင်းကြီးဝတ်ဆင်တော်မူသော ပတ္တမြားလက်စွပ်သည်ကျွတ်၍ ရီထဲသို့ကျလတ်သည်။ လက်စွပ်ကို ငါးတကောင်ရ၍မျိုသည်။ တလမျှဟိလတ်သောအခါ ထိုငါးကို တံငါတယောက်ရသည်။ ငါးဝမ်းမှလက်စွပ်ကို တံငါရသည်။ တံငါယောက်ျားသည် ကြောက်လန့်ခြင်းကြောင့် လက်စွပ်နှင့်အတူ ငါးကိုပါဆောင်ယူလာပြီးမင်းကြီးထံဆက်သည်။ မင်းကြီးက အမတ်ပညာကျော်ကိုမီးတော်မူရာ အမတ်ကြီးလျှောက်ထုံးမူကား-

အသျှင်မင်းမြတ်။ လက်စွပ်တော်ရီသို့ကျသောအခါ၌ ငါးသည်မျိုယူသိမ်းထားသည်။ ထိုငါးသည် မိမိအသက်ကို အသီခံလျှက် တံငါထံဝင်ရောက်သည်။ ထိုငါးမှ လက်စွပ်ကို တံငါရ၍ ဆက်သလာရသည်။ ဤအရာကိုထောက်၍ မှန်တိုင်းလျှောက်ရပါသော် ဥာဏ်နည်းသူရို့ ငြိုငြင်ရာသောအကြောင်းဟိပါသည်။



အသျှင်မင်းကြီး။ ဘုန်းကျက်သရေကြီးကျယ်ကြောင်းကို ပြည်သူအများသိထင်စီပြီးမှ ခုနှစ်လနှင့်ပြီးအောင် စီစဉ်ပါမည်- လျှောက်လတ်သော် ပတ္တမြားကိုယူလျှက် သားတစ်အတွင်း၌မြှုပ်သည်။ ထိုပတ္တမြားသားတစ်ကို အရွယ်သင့်တော်အောင်လှီးပြီး အခြားသားတတုံးများနှင့်အတူရော၍ ကြဲထားလတ်သည်။ ထိုသားတများကို ကျီးစွန်များချီယူကြလီရာ ပတ္တမြားဟိသောသားတစ်လည်းပါလားသည်။ ဆယ်ရက်ခန့်ကြာသောအခါ ထိုစွန်ငှက်ကို ငှက်ခတ်သားရို့ရဟိသည်။ စွန်ဝမ်းမှပတ္တမြားကိုရ၍ ငှက်ခတ်သားသည် စွန်ကောင်နှင့်အတူတကွ ပတ္တမြားကို မင်းထံဆက်သရောက်လာပြန်သည်။ ယင်းသို့နောက်မှ မထင်ရှားသူတယောက်အား ပတ္တမြားကိုအပ်၍ ရောင်းစီသည်။ ကုလားတယောက်သည် အသပြာတရာပီးပြီး ထိုပတ္တမြားကိုဝယ်ယူသည်။ ထိုကုလားသည် ပတ္တမြားကိုရွှေနှင့်ကွင်းရန် ပန်းတိမ်သည်တဦးထံအပ်သည်။ ထိုလက်စွပ်ကွင်း၍ပြီးလျှင် ပန်းထိမ်အိမ်၌ ကုလားသို့မအပ်မှီ သူခိုးခိုး၍ပါလားသည်။ ကုလားသည် လက်စွပ်ကိုရလိုမှုနှင့် မင်းထံလျှောက်ထားလာသည်။ မင်းကြီးက အမှုကိုအမတ်ကြီးသို့အပ်သည်။ အမတ်ကြီးလည်း အမှုကိုစစ်ဆီးရာ လက်စွပ်အကြောင်းကိုသိရသည်။ အမတ်ကြီးလည်း ပြီးအောင်စီရင်မည်ဟုဆိုလျှက် ဆိုင်းငံ့၍နီလတ်သည်။

ပန်းထိမ်အိမ်မှ လက်စွပ်ခိုးယူသောသူသည် မြစ်ဆိပ်၌ရီချိုးသောအခါ လက်စွပ်ကိုချွတ်၍ တနီရာ၌ထားလတ်သည်။ ထိုလက်စွပ်ထားရာအပါး၌ ကြွက်တွင်းတခုဟိသည်။ ကြွက်သည် တွင်းမှထွက်လာပြီးအစာရှာရာ လက်စွပ်ကိုတွိပြီး ယူလားလျှက် တွင်းသို့ဝင်လားသည်။ တရားသူကြီးကျွန်တယောက်သည် ကြွက်သားစားလို၍ ကြွက်ရှာရန်လားသည်။ ထိုသူသည် အဆိုပါကြွက်တွင်းကိုတွိ၍ တူးလတ်သည်။ ကြွက်တွင်းဟိ ပတ္တမြားလက်စွပ်ကို ရလတ်သည်။ ထိုသူသည် ပတ္တမြားလက်စွပ်ကိုမထားဝံ့သဖြင့် မိမိသခင်ဖြစ်သူ တရားသူကြီးထံ အပ်နှံထားလတ်သည်။ တရားသူကြီးသည် လက်စွပ်ကိုမြင်လျှင် ပြည့်သျှင်မင်းကြီးလက်စွပ်ဖြစ်သည်ကိုသိပြီး အကြံဖြင့် ၀မ်းသာအားရသည်။ အမတ်မဟာပညာကျော်သည် ခုနှစ်လနှင့် တံငါမှု၊ ဌက်ခတ်မှု၊ ကုလား ပန်းတိမ်မှုများကို စီရင်မည်ဟု မင်းထံလျှောက်ထားသူဖြစ်သည်။ အထက်အမွီမှုတွင်လည်း ဓမ္မသတ်ကိုပယ်၍ ငါရို့စီရင်သောအမှုကိုဖျက်ခသည်။ တရားသူကြီးသည် မဟာပညာကျော်ကို အငြိုးဖြင့်အရှက်ခွဲရန် အကြံဖြစ်လတ်သည်။ သို့နှင့်လက်စွပ်ကို ခုနှစ်လလွန်ပြီးမှ မင်းထံဆက်မည်ကြံလျှက် လုံခြုံစွာ ထုပ်သိမ်းထားလတ်သည်။ တရားသူကြီး အခြားအိမ်သို့ထွက်လားခိုက် မယားဖြစ်သူသည် လက်စွပ်ကို ထုတ်ယူကြည့်သည်။ အိပ်ချင်သည်ဖြစ်၍ လက်စွပ်ကိုအနီးတွင်ထား၍ အိပ်ပျော်လားသည်။ ထိုအခိုက်
ကျီးတကောင်ရောက်လာပြီး လက်စွပ်ကိုချီယူလားကာ အသိုက်၌ထားသည်။ တရားသူကြီးသည် အိမ်သို့ပြန်ဝင်လာပြီးလက်စွပ်ကို ကြည့်ရှုစစ်ဆေးရာ မိမိထားရာတွင်မတွိ၍ မယားကိုမီးသည်။ မယားလည်း ကွယ်၍သာဆိုသဖြင့် လင်မယားရန်ရှက်တင်ဖြစ်ကြသည်။ သို့ကြောင့် လင်မယားကွာယှင်းလိုကြောင်း မင်းကြီးထံလျှောက်ထားသည်။ မင်းကြီးလည်းအမှုကို အမတ်ကြီးသို့အပ်၍စီရင်စီသည်။ အမတ်ကြီးသည် တရားသူကြီးမယားအား အမှုရင်းကို စုံစိအောင်စစ်ဆေးမီးမြန်းသည်။ လက်စွပ်ပျောက်လီသော အကြောင်းဖြစ်သည်ကိုသိရသည်။

ထိုအခါအမတ်ကြီးက အမှုကိုစီရင်ပီးပါမည်။ ဆိုင်းငံ့ပါဦးဆို၍နီလတ်သည်။ ထိုသောကာလ တနိတွင် ကျောင်းသားသူငယ်တဦးသည် ကျီးသိုက်ကိုမြင်သဖြင့်တက်ပြီး၊ ကျီးသိုက်ကိုနှိုက်ရာ လက်စွပ်ကိုရသည်။ ကျောင်းသားငယ်သည် လက်စွပ်ကို ဆရာဘုန်းကြီးသို့ပီးအပ်သည်။ ထိုဘုန်းကြီးလည်း ရတနာဖြစ်သည်၊ မင်းနှင့်ထိုက်သောဥစ္စာရာဖြစ်သည်။ မင်းအားဆက်မည်ဟူ၍ ပြည့်သျှင်မင်းကြီးထံဆက်သသည်။ မင်းကြီးလည်း အမတ်ပညာကျော်ကိုခေါ်၍ လက်စွပ်ရကြောင်းပြသည်။ အမတ်ကြီးသည် လက်စွပ်ကို သားတစ်၌ထည့်၍ ငှက်စာကျွေးသော လက်စွပ်ရက်ကစ၍ တွက်စစ်သော်ရက်ပေါင်း (၁၉၀) ဟိပြီဖြစ်ကြောင်း သိလတ်သည်။ စီရင်ရန် ရက် (၂၀) သာလိုတော့သည်။ အမှုကိုစီရင်တော့မည့်အကြောင်း မင်းကြီးအားလျှောက်ထားသည်။

အမတ်ကြီးသည် ဘုန်းကြီးအား လက်စွပ်မည်သို့ရကြောင်းမီးလျှောက်လီသည်။ ဘုန်းကြီးက တပည့်သူငယ်ရကြောင်းပြောပြသည်။ သူငယ်ကိုမီးရာ ကျီးသိုက်မှရကြောင်း အမတ်ကြီးထံလျှောက်ဆိုသည်။ ကျီးသိုက်ကို သူငယ်ပြ၍သိလတ်လျှင် ညအခါ ကျီးဖိုကျီးမစုံကိုရအောင်ဖမ်း၍ လက်စွပ်တော်နှင့်တူသော လက်စွပ်တကွင်း လုပ်ဆောင်စီသည်။ ထိုလက်စွပ်ကို ကျီးနှုတ်သီး၌ မြဲစွာချဉ်လျှက် နံနက်သောအခါလွှတ်သည်။ ကျီးဖိုကျီးမပျံလားရာသို့ မင်းစေလုလင်များကိုကြည့်စီသည်။ ကျီးဖိုကျီးမရို့သည် စားနီကျဖြစ်သော တရားသူကြီး အိမ်တွင်နားသည်။ တရားသူကြီးမယားသည် ပျောက်လားသောလက်စွပ်ကို ကျီးနှုတ်သီးတွင်ပါလာသည်ဟူလျှက် အုတ်အုတ်ကျက်ကျက်လိုက်ကြ၍ ကျီးကိုဖမ်းကြောင်း အမတ်ကြီးထံ မင်းစေရို့လျှောက်လာသည်။ အမတ်ကြီးသည် တရားသူကြီးလင်မယားကိုခေါ်ယူပြီး မီးမြန်းလတ်သည်။ ကျီးနှုတ်သီး၌ပါလာသောလက်စွပ်ကို သင်ရို့ဇာမှာက ရသနည်းမီးရာ အိမ်မှာစေသောကျွန်ကပီးအပ်၍ ရကြောင်းပြောသည်။ ထိုကျွန်ကိုအပ်စီ၍မီးစစ်ရာ ကြွက်တွင်း တူးရာကရကြောင်းလျှောက်ထားသည်။ ထိုကြွက်တွင်းကိုပြစီ၍သိလတ်သော် ထိုအရပ်၌ လူမပြတ်ချထားစောင့်နီစီပြီး ကြည့်ရှုရန်အခိုင်းထားသည်။

ထိုအခါ အထက်ခိုးသားသည် အဖော်များနှင့်ရီချိုးရန်လာပြန်သည်တွင် သည်အရပ်၌ မိမိလက်စွပ်ချထားရာမှ ပျောက်လားကြောင်း အဖော်များသို့ပြောဆိုသည်။ ထိုစကားကို မင်းစေကြားသိသော် ထိုသူအားခေါ်ယူလားပြီး၊ အမတ်ကြီးထံပီးအပ်သည်။ အမတ်ကြီးက ထိုသူကိုစစ်မီးသည်။ ပျောက်လားသောလက်စွပ်ကို ဇာကရသနည်း။ မှန်ကန်စွာထွက်ဆိုရမည်ပြောလတ်သော် ပန်းတိမ်အိမ်တွင် ခိုးရာမှရသော လက်စွပ်ဖြစ်ကြောင်းလျှောက်ထားသည်။ ထိုပန်းတိမ်ကို ခေါ်ယူ၍မီးရာ သင်္ဘောသားကုလားအပ်သောပစ္စည်းဖြစ်ကြောင်း၊ ကုလားကိုမီးရာ- အသပြာတရာပီး၍၀ယ်ရကြောင်းများကို လျှောက်ထားကြသည်။ အမတ်ကြီးလည်း အကြောင်းစုံသိပြီးဖြစ်သောအခါ ထိုအကြောင်းများကို မင်းကြီးအားလျှောက်ထားလီပြီးမှ အမှုကိုစီရင်ထုံးသော်ကား- လက်စွပ်တော်ရီသို့အကျတွင် မြီလက်မခံ၍ ငါးသိမ်းထားသည်။ ထိုငါးကိုတံငါရသည်။ ထိုတံငါလက်စွပ်ကိုမြင်လျှင် မထားဝံ့၍ မင်းထံဆက်သလာသည်များမှာ မြီပိုင်ရီပိုင်တိုင်းနိုင်ငံအတွင်း၌ဟိသောသူရို့သည် အစိုးရအသျှင့် ကျွန်တစေသာဖြစ်ကြသည်။ လက်စွပ်တော်ကို တံငါဆက်၍ရသည့်နောက်ပိုင်း ထိုလက်စွပ် မင်းလက်သို့မရောက် ပျောက်လတ်သော် တံငါကပီး၍ရသောကြောင့် လက်စွပ်တန်ဘိုးကို တံငါသို့ မင်းကပီးသင့်သည်။ တံငါဆက်လာသည့်နောက် ထိုလက်စွပ်သည် သတ္တ၀ါမျိုးစုံထံရောက်မှ မပျောက်မဆုံး ဆက်သလာရောက်ပြန်ရသည်။ တရားကျမ်းဂန်၌ သူတော်ကောင်းရို့ဥစ္စာကို ရီမှာပစ်လည်းမနစ်။ မီးမှာပစ်လည်းမချစ်- ဟူ၍ဆိုသော ရှိဟောင်းပညာဟိရို့ဆိုသောစကားဟိသည်။ အသျှင်မင်းတရားကြီး ဘိသိက်ခံတော်မူရာ အင်္ဂါပြည့်စုံ တရားစောင့်ထိန်းတော်မူသည်ဖြစ်၍ လူနတ်ကြည်ညိုသောကြောင့် သုံးကြိမ်တိုင်အောင် လက်စွပ်တော်ကို နတ်ရို့ညွှန်ရာ လူလာ၍ပို့ဆက်လာရသည်။

ရဟန်းသော်ကား တရားနှင့်လျှော်သည်ဖြစ်၍ ပစ္စည်းလေးပါးမြဲစီသင့်ပါသည်။ တံငါနှင့်ငှက်ခတ်သမားမှာ ကိုယ်နှင့်မထိုက်သောအရာကို သိတတ်သောသဘောဟိသူဖြစ်၍ မင်းဘဏ္ဍာထိန်းအပ်သော ကျွန်ကောင်းလက္ခဏာဝင်သည်။ တရားသူကြီးမှာ ကြွက်နှင့်တူသည်။ ပန်းတိမ်မှာ စွန်နှင့်တူသည်။ ကုလားမှာ ငါးနှင့်တူသည်။ ခိုးသူမှာ ကျီးနှင့်တူသည်။ ထိုငါးစသောသတ္တ၀ါလေးကောင်ရို့ ဒဏ်ရောက်သည့်နည်းတူ ကုလားစသော လူလေးဦးရို့ မင်းပြစ်သင့်ရာသည်ဟူ၍ စီရင်လတ်သော် နွီကာလစင်ဖြစ်လျှက် မိုးကြီးသည်းထန်စွာ ရွာလီသောကြောင့် မင်းကြီးလည်းအားရတော်မူ၍ ဆင်တော်မူသောလက်ကောက်ကို မဟာပညာကျော်အမတ်သို့ တရားဆုပီးတော်မူ၏။

(မဟာပညာကျော်လျှောက်ထုံး)