Tuesday, September 21, 2010

ဒုက္ကရစရိယာ

ဒုက္ကရစရိယာ ဆိုတာ ကာမဂုဏ်စိတ်ကို ပင်ပန်းဆင်းရဲစွာ တားဆီးခြင်းအကျင့်ဖြစ်ပါတယ်။ မူရင်းကျင့်စဉ်တွေကတော့ တပ အကျင့် ကနေလာပါတယ်။ ကိုယ့်ကိုယ်ကို ဆင်းရဲအောင်လုပ်ပြီး ကာမဂုဏ်ကို တားနိုင်အောင်ကြိုးစားတာဖြစ်ပါတယ်။ ဘုရားလောင်းလဲ မိမိကြားဖူးသိဖူးသမျှ တပကျင့်စဉ်များကို အမျိုးမျိုး ပြောင်းလဲစမ်းသပ် ကျင့်သုံးတော်မူပါတယ်။ တပ တွေမှာ အ၀တ်မ၀တ်ခြင်း၊ အစာမစားခြင်း၊ တစ်လုပ်သာစားခြင်း၊ ရက်ခြားစားခြင်း၊ ဆူးပေါ်အိပ်ခြင်း၊ ရေချိုးခြင်း၊ မီးလြှုံခင်း၊နေပူခံခြင်း၊ ခွေးကဲ့သို့ကျင့်ခြင်း၊ နွားကဲ့သို့ကျင့်ခြင်း စသည့်ကျင့်စဉ်များ ထွန်းကားခဲ့ပါတယ်။အဲဒီကမှ အတ္တကောင်ဝါဒလဲ ပွားလာတယ်။

ဒီ တပ ကတဆင့် ဒုက္ကရစရိယာကျင့်စဉ်များအနက် အလွန်ခေတ်စားထင်ရှားအခက်ခဲဆုံးက ( ၃) မျိုးရှိတယ် ဆိုပါတော့ ။ (၁) စိတ်ကို စိတ်နဲ့ သတ်နည်း (၂) အပ္ပဏာဈာန် (အသက်ရှူမှု ထိန်းချုပ်နည်း) (၃) အစာမစားဘဲ ကျင့်နည်း တို့ဖြစ်ပါတယ်။

ဒီနေရာမှာ ဘုရားလောင်းဟာ ဘာကြောင့်များ ဒီလိုကိုယ်ဆင်းရဲခံတဲ့ တပအကျင့်ဘက် လိုက်ရသလဲ မေးစရာရှိပါတယ်။ဒါ့နေရာမှာ အဲဒီခေတ် မဇ္ဈိမဒေသရဲ့ အတွေးအခေါ် ၀ါဒသမိုင်းနောက်ခံနဲ့ ဂိုဏ်းဂဏများအကြောင်း အနည်းငယ် သိသင့်ပါတယ် ။ ကျမ်းကိုး ။ ဦးရွှေအောင်( ဗုဒ္ဓ၀ါဒ ပေါ်ထွန်းခြင်း ) ၊ What the buddha taugh… by Dr. R. Rahula ၊ အရှင်ဇနကာဘိဝံသ ၊ အရှင်ဥာဏိသာရ တို့၏ ဓမ္မစကြာဆိုင်ရာတရားများ ၊ လယ်တီ ဆရာတော် ၊ မဟာစည် ဆရာတော် ၊ ဖားအောက် ဆရာတော်တို့၏ ဓမ္မစကြာတရားများ စသည် တို့မှ ထုတ်နှုတ်လိုက်ပါတယ် ။ ပလန်းနက်မှာ Kalmond ရေးပေးတာတွေလဲ ပါနေပါလိမ့်မယ်။ ဗုဒ္ဓ၀ါဒ ပေါ်ထွန်းမှု နဲ့ အတွေးအခေါ်ဆိုင်ရာစာတမ်းတွေမှာလဲ ဒီကျင့်စဉ်အကြောင်းပါပါတယ်။

ဝေဒခေတ်ကောင်းစဉ်က ဗြာဟ္မဏတို့သည် ချမ်းသာသုခရရှိရေး၊နတ်ပြည်ရောက်ရေး၊ သံသရာဝဋ်မှ လွတ်မြောက်ရေးတို့အတွက် နတ်ဒေ၀ါများကို ပူဇော်ပသသည့် ယဇ်လမ်းစဉ်ကိုတီထွင်ခဲ့ကြတယ်။ ဗြာဟ္မဏတို့က နိုင်ငံရေးနှင့် ဘာသာရေးအရ အိန္ဒိယဒေသကို လွှမ်းမိုးအုပ်စိုးနိုင်ရန် ဇာတ်စနစ်ခေါ်အမျိုးအနွယ်ခွဲခြားမှု စနစ်တစ်မျိုးကိုလည်း တီထွင်ခဲ့ကြတယ်။ ထိုစနစ်အရ ဝေဒပညာရှင် ဗြာဟ္မဏအနွယ်ဝင်တို့သည် ဘာသာရေးအာဏာပိုင်များ ဖြစ်လာရုံသာမက လူမှုရေး၊ ပညာရေးနှင့် နိုင်ငံရေး နယ်ပယ်များကိုပါ လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့ကြတယ်။ အမျိုးလေးပါးတွင် ဗြာဟ္မဏမျိုးက အမြတ်ဆုံးဖြစ်ကြောင်း၊ဗြဟ္မာကြီး၏ ခံတွင်းမှ ပေါက်ဖွားလာ၍ ဗြဟ္မာနှင့်လူအကြား မရှိမဖြစ်အရေးပါသည့် အဆက်အသွယ်ဖြစ်ကြောင်းဟောပြောကာ လူတန်းစားအာဏာကို ထူထောင်နိုင်ခဲ့ကြတယ်။ သံသရာမှ လွတ်မြောက်ရေး၊ ချမ်းသာသုခ ရရှိရေးအတွက်ယဇ်ပူဇော်ပွဲများ ပြုလုပ်ရာတွင် ဗြာဟ္မဏတို့ မပါဝင်က အထမမြောက်ဟု ဆိုခဲ့ကြတယ်။ ဘုရင်များ၊ သူဌေးသူကြွယ်များ၊ကုန်သည်၊ လယ်သမား၊ ဆင်းရသားပါမကျန် ဝေဒပညာရှင်များ၏ အဆိုအမိန့်ကို ဘုရားတစ်ဆူဂူတစ်လုံး ကိုးကွယ်ခဲ့ကြရပေတယ်။

ဗြဟ္မာဏတို့သည် ထိုကဲ့သို့ ဘာသာရေးနှင့် သက်ဆိုင်သည့် ဘ၀လွတ်မြောက်ရေး၊ ချမ်းသာသုခ ရရှိရေးတို့ကိုလက်ဝါးကြီးအုပ်ထားခဲ့ကြရာ ယဇ်ပူဇော်မှုတွင် မပါမဖြစ် အရာရောက်သူများ ဖြစ်လာခဲ့ကြတယ်။ ယဇ်ပူဇော်ပွဲတစ်ခုကိုစနစ်တကျ စီမံဆောင်ရွက်ရန်အတွက် ဝေဒပညာရှင် ဗြာဟ္မဏတစ်ဦးကို ငှားရမ်းပင့်ဖိတ်သည်ဆိုပါက ငွေကြေအတော်အတန် ကုန်ကျပေလိမ့်မည်။ သာမန်လူတို့ မတတ်နိုင်တော့သည့် အနေအထား ဖြစ်လာတယ်။

အမျိုးဇာတ်ခွဲခြားမှုကိုအကြောင်းပြု၍ ဗြာဟ္မဏတို့က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် အဘက်ဘက်က အသာစီးယူနေကြသည်ကိုလည်းမကျေမနပ် ဖြစ်လာကြတယ်။ ဒီအခါ ဘ၀လွတ်မြောက်ရေးကို အလိုရှိကြသူတို့က အိမ်ရာတည်ထောင် လူတို့ဘောင်ကိုစွန့်ခွာလျက် ဆိတ်ငြိမ်ရာတောအရပ်သို့ ချဉ်းကပ်ကာ အားထုတ်ကျင့်ကြံ ကြိုးပမ်းကြရာမှ တရားဘာဝနာပွားများမှုသဘောပေါ်ပေါက်လာတယ်။ တောထဲတွင် သစ်ပင်အောက်၌ တစ်ကိုယ်တည်း ထိုင်နေရင်း စိတ်မှန်းဖြင့် ယဇ်ပူဇော်မှုပြုခြင်း၊ဗြဟ္မာကို အာရုံပြုခြင်းများ ပြုလုပ်ရာမှ ကသိုဏ်းပေါက်ကာ ဈာန်လမ်းစဉ်ကို တွေ့ရှိကြတယ်။ ဒီလမ်းစဉ်ကိုလဲ ဘုရားလောင်း သင်ခဲ့သေးတယ်ပေါ့ ။ အာဠာရ နဲ့ ဥဒက ဆီမှာ ။ ဒါကြောင့် အာရညကခေတ်ခေါ် တောမှီရသေ့ခေတ်ဦးတွင် ဝေဒလမ်းစဉ် မှေးမှိန်ခဲ့ရတယ်။ ဈာန်ချမ်းသာသည် လောကီအာရုံ ကာမဂုဏ်တို့ထက်အဆပေါင်းများစွာ သာလွန်မြင့်မားလှသဖြင့် ထိုခေတ်တွင် ရသေ့ယောဂီ အရည၀ါသီ တောမှီသူတော်စင်များ အမြောက်အမြား ပေါ်ထွန်းခဲ့တယ်။ အချို့မှာ ဂိုဏ်းဂဏများ တည်ထောင်ကာ တပည့်များစွာကို သင်ကြားပို့ချမှု ပြုကြတယ်။(သာဓက၊ ဥရုဝေလ ကဿပ ရသေ့ဆရာကြီးများ) ဗြာဟ္မဏလမ်းစဉ်တွင်လည်း တရားအားထုတ်မှု လွှမ်းမိုးလာခဲ့တယ်။ဒါပေမယ့် ချမ်းသာစစ် နိဗ္ဗာန်ကို ရနိုင်မယ့် နည်းတွေတော့ မဟုတ်ဘူးပေါ့ ။

ဘုရားလောင်းဆိုတာ ဒီဒုက္ကရစရိယာကျင့်စဉ် တွေ အားလုံးကို လိုက်ကျင့်ရမယ့် တာဝန်ရှိတယ်။ ဘာကြောင့် ဆိုရင် (၂)ချက်ရှိပါတယ်။ (၁) ချမ်းသာစစ် နိဗ္ဗာန်ကို ဒီကျင့်စဉ်တွေနဲ့ မရကြောင်း သက်သေပြဖို့ အကုန်ကျင့်ပြရတယ်။ နောင်တချိန်မှာ ဒီကျင့်စဉ်သမားတွေက ပြောလာမယ်။ ငါတို့ ကျင့်စဉ်ကလဲ နိဗ္ဗာန်ကို ရတာပါပဲကွာ ၊ ငါတို့ အခုရနေပြီးပဲ ၊ ဂေါတမ က ငါတို့ ကျင့်စဉ်ကို မှ စောစောစီးစီး မကျင့်တာ လို့ ပြောလာမှာဆိုးလို့။ အကုန်ကျင့်ရတယ်။ အချိန်ကြာတာ၊ ကျင့်စဉ်ပိုများရတာ ၊ ပိုပင်ပန်းရတာ တွေကတော့ အဲဒီ ဘုရားလောင်းရဲ့ ပြန်ပေးဆပ်ရမယ့် ၀ဋ်ပေါ်မူတည်တယ်။

(၂) ပထမဆုံးဟောရမယ့် ဓမ္မစကြာတရားတော်မှာ အစွန်းနှစ်ပါးရှောင်ဖို့ အလယ်လမ်းစဉ်ကမှ မှန်ကြောင်း သက်သေပြဖို့ အတွက်လဲ ဒီ ဒုက္ကရစရိယာကျင့်စဉ်တွေကို ကျင့်ပြရပါတယ်။

ဒီတော့ ဘုရားဖြစ်ရန်ကျင့်သောအကျင့် မဟုတ်ဘူးနော် ။ ရည်ရွယ်ချက်မတူဘူး။ ဘုရား ဖြစ်ချင်လို့ ကျင့်တဲ့ အကျင့်လို့ ပြောရင်တော့ ရမယ်။

နှစ်ကျိပ်ရှစ်ဆူ

နှစ်ကျိပ်ရှစ်ဆူ ဆိုသည်မှာ ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဓိတ်ပေးသော “ ဒီပင်ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ဘုရားရှင် ၂၈ - ဆူ ကို ဆိုလိုသည်။ မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်း နှင့် စေတီတော် များတွင် နှစ်ကျိပ်ရှစ်ဆူ ဘုရား ဆင်းတုတော် များရှိကြသည်။

အဆူဆူသော ဘုရားရှင်တို့၏ ဖြစ်တော်စဉ်
၁။ ဤကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ၌ ...တဏှင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း၊ မေဓင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ သရဏင်္ကရာ မြတ်စွာဘုရားသည် လည်းကောင်း၊ ဒီပင်္ကရာမြတ်စွာဘုရားသည် လည်းကောင်း ထိုလေးဆူသော မြတ်စွာဘုရားတို့ သည် တစ်ခုတည်းသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကုန်၏။

၂။ ဒီပင်္ကရာမြတ်စွာဘုရား၏ နောက်အဖို့၌ ကောဏ္ဍညမည်သော မြတ်စွာဘုရား သည် တစ်ခုသော သာရကမ္ဘာ၌ တစ်ဆူတည်းသာလျှင် ပွင့်တော်မူ၍ များစွာသော သတ္တ၀ါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။

၃။ ထိုဒီပင်္ကရာမြတ်စွာဘုရားနှင့် ကောဏ္ဍညမြတ်စွာဘုရားတို့၏ အကြား၌ ကမ္ဘာ တို့ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။

၎။ ကောဏ္ဍညမြတ်စွာဘုရား၏ နောက်အဖို့၌ မင်္ဂလမည်သော မြတ်စွာဘုရား သည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ) အားဖြင့် မရေတွက်နိုင်ကုန်။

၅။ မင်္ဂလမြတ်စွာဘုရားသည် လည်းကောင်း၊ သုမနမြတ်စွာဘုရားသည် လည်း ကောင်း၊ ရေ၀တမြတ်စွာဘုရားသည် လည်းကောင်း၊ သောဘိတမြတ်စွာ ဘုရား သည် လည်းကောင်း စက္ခု (ငါးမျိုး) ရှိတော်မူကုန်သော အလင်းရောင်ကို ပြုတော် မူတတ်ကုန်သော ထိုမြတ်စွာဘုရားတို့သည်လည်း တစ်ခုသော သာရမဏ္ဍကမ္ဘာ၌ ပွင့်တော်မူကြကုန်၏။

၆။ သောဘိတမြတ်စွာဘုရား၏ နောက်အဖို့၌ များသော အခြံအရံရှိသော အနောမ ဒဿီ မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ကို ဂဏန်း (သင်္ချာ) အားဖြင့် မရေတွက်နိုင်ကုန်။

၇။ အနောမဒဿီမြတ်စွာဘုရားသည် လည်းကောင်း၊ ပဒုမမြတ်စွာဘုရားသည် လည်းကောင်း၊ နာရဒ မြတ်စွာဘုရားသည် လည်းကောင်း သစ္စာလေးပါးကို သိတော်မူကြကုန်သော အမိုက်မှောင်၏ အဆုံးကို ပြုတတ်ကုန်သော ထိုမြတ်စွာ ဘုရားတို့သည်လည်း တစ်ခုသော ၀ရကမ္ဘာ၌ ပွင့်တော်မူကုန်၏။

၈။ နာရဒမြတ်စွာဘုရား၏ နောက်အဖို့၌ ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် တစ်ခုသော သာရကမ္ဘာ၌ ပွင့်တော်မူလျက် များစွာသော သတ္တ၀ါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။

၉။ နာရဒမြတ်စွာဘုရားနှင့် ပဒုမုတ္တရမြတ်စွာဘုရားတို့၏ အကြား၌လည်း ကမ္ဘာတို့ ကို ဂဏန်း (သင်္ချာ)အားဖြင့် မရေတွက်နိုင်ကုန်။

၁၀။ ကမ္ဘာတစ်သိန်းထက်၌ လောကသုံးပါးကို သိတော်မူသော ပေးလှူဖွယ်ပစ္စည်း ၀တ္ထုတို့ကို ခံတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် တစ်ဆူတည်းသာ ပွင့်တော်မူ၏။

၁၁။ ပဒုမုတ္တရမြတ်စွာဘုရား၏ ဤမှာဘက်ဖြစ်သော ကမ္ဘာသုံးသောင်းထက်၌ သုမေဓမြတ်စွာဘုရား သည် လည်းကောင်း၊ သုဇာတမြတ်စွာဘုရားသည် လည်းကောင်း နျစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။

၁၂။ သုဇာတမြတ်စွာဘုရား၏ ဤမှာဘက်ဖြစ်သော ကမ္ဘာ တစ်ထောင့်ရှစ်ရာထက် ၌ (နိဗ္ဗာန်သို့) ပို့ဆောင်တော် မူတတ်ကုန်သော ပိယဒဿီ အတ္ထဒဿီ ဓမ္မဒဿီ အားဖြင့် သုံးဆူသော မြတ်စွာဘုရား တို့သည် ပွင့်တော်မူကြကုန်၏။

၁၃။ သုဇာတမြတ်စွာဘုရား၏ ဤမှာဘက်၌ ကိုယ်တိုင် သစ္စာလေးပါးကို သိတော် မူကုန်သော ခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူကုန်သော လောက၌ ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော ထိုပိယဒဿီစသော မြတ်စွာဘုရားတို့သည် တစ်ခုသော ၀ရကမ္ဘာ၌ ပွင့်တော်မူကြကုန်၏။

၁၄။ ဤကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ လောကသုံးပါးကို သိတော်မူသော (ကိလေသာ) ငြောင့်ကို နုတ်ပယ်တော်မူတတ်သော အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူ သော သိဒ္ဓတ္ထမြတ်စွာဘုရားသည် တစ်ဆူတည်းသာ ပွင့်တော်မူ၏။

၁၅။ ဤကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ တူသောသူ ရှိတော် မမူကုန်သော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော တိဿမြတ်စွာဘုရားသည် လည်းကောင်း၊ ဖုဿမြတ်စွာဘုရားသည် လည်းကောင်း နှစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။

၁၆။ ဤကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ၀ိပဿီမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ သနားခြင်း ကရုဏာ ရှိတော်မူသော ထိုမြတ်စွာဘုရားသည်လည်း သတ္တ၀ါတို့ကို သံယောဇဉ်အနှောင်အဖွဲ့မှ လွတ်စေတော်မူ၏။

၁၇။ ဤကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ တူသောပုဂ္ဂိုလ် ရှိတော်မမူသော ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော် မမူကုန်သော သိခီမြတ်စွာဘုရားသည် လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရားသည် လည်းကောင်း နှစ်ဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။

၁၈။ ဤဘဒ္ဒကမ္ဘာ၌ ကကုသန်မြတ်စွာဘုရားသည် လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရားသည် လည်းကောင်း၊ ကဿပမြတ်စွာဘုရားသည် လည်းကောင်း သုံးဆူသော မြတ်စွာဘုရားတို့သည် ပွင့်တော်မူကြကုန်၏။

၁၉။ ယခုအခါ ငါသည် ဘုရားဖြစ်တော်မူ၏၊ မေတ္တေယျမြတ်စွာဘုရားသည်လည်း (နောက်၌) ပွင့်တော်မူလတ္တံ့၊ ပညာရှိတော်မူကုန်သော လောကကို အစဉ် သနား စောင့်ရှောက်တော် မူတတ်ကုန်သော ဤငါးဆူသော မြတ်စွာဘုရားတို့သည်လည်း ဤဘဒ္ဒကမ္ဘာ၌ပင် ပွင့် တော်မူကြကုန်၏။

၂၀။ ဤတရားမင်း မြတ်စွာဘုရားတို့၏ လည်းကောင်း၊ အကုဋေမကများစွာသော အခြား တစ်ပါးသော မြတ်စွာဘုရားတို့၏ လည်းကောင်း ထိုဗုဒ္ဓ၀င် အကျင့်လမ်းကို ဟောကြားပြီးလျှင် ထိုမြတ်စွာဘုရားတို့သည် တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန် ပြုတော်မူကြလေကုန်ပြီ။

နှစ်ကျိပ်ရှစ်ဆူ
ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဓိတ်ပေးသော “ ဒီပင်ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ဘုရားရှင် ၂၈ - ဆူ ရှိလေသည်။ ဤဘုရားရှင်များကို နှစ်ကျိပ်ရှစ်ဆူဘုရားများ ဟုခေါ်ဝေါ် ပူဇော်ကြပါသည်။

ဂေါတမ ဘုရားလောင်း ဗျာဒိတ်ခံယူသော ကမ္ဘာမှစ၍ ပွင့်တော်မူသော ဘုရားရှင်များ၏ အမည်တော်တို့ဖြစ်သည်။

(၁) တဏှင်္ကရာဘုရား - ဒုက္ကရစရိယာ ၇-ရက်၊ စရီးပင် (တောင်မရိုးပင်) ဗောဓိ၊ သက်တော်တစ်သိန်း နေတော်မူ၏။

(၂) မေဓင်္ကရာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ပေါက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၃) သရဏင်္ကရာဘုရား-ဒုက္ကရစရိယာ တလ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။

(၄) ဒီပင်္ကရာဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ညောင်ကြပ်ပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၅) ကောဏ္ဍညဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကြောင်လျှာပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၆) မင်္ဂလဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၇) သုမနဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၈) ရေ၀တဘုရား-ဒုက္ကရစရိယာ ၇-လ၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ခြောက်သောင်း။

(၉) သောဘိတဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကံ့ကော်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၁၀) အနောမဒဿီဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ ထောက်ကြံ့ပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၁၁) ပဒုမဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၁၂) နာရဒဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ကြောင်လျာပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၁၃) ပဒုမုတ္တရဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ထင်းရူးပင် ဗောဓိ၊ သက်တော် တသိန်း။

(၁၄) သုမေဓာဘုရား-ဒုက္ကရစရိယာ ၁၅-ရက်၊ ထိန်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၁၅) သုဇာတဘုရား-ဒုက္ကရစရိယာ ကိုးလ ၊ ၀ါးပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၁၆) ပီယဒဿီဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေခတက်ပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၁၇)အတ္တဒဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ စကားပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၁၈) ဓမ္မဒဿီဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ လိပ်ဆူးရွှေပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၁၉) သိဒ္ဓတ္ထဘုရား-ဒုက္ကရစရိယာ ဆယ်လ၊ မဟာလှေကားပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၂၀) တိဿဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ပိတောက်ပင် ဗောဓိ၊ သက်တော် တစ်သိန်း။

(၂၁) ဖုဿဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ သျှိသျှားပင် ဗောဓိ၊ သက်တော် ကိုးသောင်း။

(၂၂)၀ိပဿီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သခွတ်ပင် ဗောဓိ၊ သက်တော် ရှစ်သောင်း။

(၂၃) သိခီဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ သရက်ဖြူပင် ဗောဓိ၊ သက်တော် ခုနစ်သောင်း။

(၂၄) ဝေဿဘူဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ အင်ကြင်းပင်ဗောဓိ၊ သက်တော် ခြောက်သောင်း။

(၂၅) ကကုသန်ဘုရား-ဒုက္ကရစရိယာ ရှစ်လ၊ ကုက္ကိုပင် ဗောဓိ၊ သက်တော် လေးသောင်း။

(၂၆) ကောဏဂုံဘုရား-ဒုက္ကရစရိယာ ခြောက်လ၊ ရေသဖန်းပင် ဗောဓိ၊ သက်တော် သုံးသောင်း။

(၂၇) ကဿပဘုရား-ဒုက္ကရစရိယာ ၇-ရက်၊ ပညောင်ပင် ဗောဓိ၊ သက်တော် နှစ်သောင်း။

(၂၈) ဂေါတမဘုရား-ဒုက္ကရစရိယာ ခြောက်နှစ်ကြာ၊ ညောင်ဗုဒ္ဓဟေပင်ရင်း၌ ပွင့်တော်မူသည်၊ သက်တော် ရှစ်ဆယ် နေတော်မူသည်။

နှစ်ကျိပ်ရှစ်ဆူ ဘုရားရှစ်ခိုး
တ မေ သ ဒီ ကော မံ သု ရေ ၊ သော အ ပ နာ ပ ၊ သု သု ပိ။

အ ဓံ သိ တိ ဖု ၀ိ သိ ဝေ ၊ က ကော က ဂေါ နမာမဟံ ။

ထူးခြားချက်

နှစ်ကျိပ်ရှစ်ဆူသော ဘုရား ကိုယ်တော်မြတ်များသည် တနင်္ဂနွေသား (၄) ဆူ ၊တနင်္လာသား(၄)ဆူ …(၇)နေ့ မှာ ၄-ဆူစီ အတိအကျ ဖြစ်နေကြသည်။

တနင်္ဂနွေ သား (၄) ဆူ - မေဓင်္ဂရာ ၊ သောဘိတ ၊ ပိယဒဿီ ၊ သိခီ ။

တနင်္လာ သား (၄) ဆူ - သရဏှင်္ဂရာ ၊ အ နောမဒဿီ ၊ အတ္ထဒဿီ ၊ ဝေဿဘူ ။

အင်္ဂါ သား (၄) ဆူ - ဒီပင်္ကရာ ၊ ပဒုမုတ္တရ ၊ ဓမ္မဒဿီ ၊ ကကုသန် ။

ဗုဒ္ဓဟူး သား (၄) ဆူ - ကောဏ္ဍည ၊ နာရဒ ၊ သိဒ္ဓတ္ထ ၊ ကောဏဂုံ ။

ကြာသပတေး သား(၄) ဆူ - မင်္ဂလ ၊ ပဒုမုတ္တရ ၊ တိဿ ၊ ကဿပ ။

သောကြာ သား (၄) ဆူ - သုမန ၊ သုမေဓာ ၊ ဖုဿ ၊ ဂေါတမ ။

စနေ သား (၄) ဆူ - တဏှင်္ကရာ ၊ ရေ၀တ ၊ သုဇာတာ ၊ ၀ိပဿီဘုရား ။

(၇) ရက်သား/သမီး ဘုရားရှိခိုး
ကိုယ့်နေ့သား ဘုရားရှင်တွေကို သီးသန့်ရှိခိုးပူဇော်ချင်လျင်-

တနင်္ဂနွေနေ့ဖွား

မေဓင်္ဂရော ၊ သောဘိတောစ ၊

ပိယဒဿီ ၊ သိခီဇိနော ၊

ရ၀ိဝါရေ ၊ အဘိဇာတာ ၊

တေ နမဿမိ သာဒရံ

နမေနာနေန ကမ္မေန

ပေါရဏကံ ၀ါနဿတု

စတုန်နံ ဗုဒ္ဓတေဇေန

သဒါ သုခီ ဘ၀န္တုမေ ။

——————————————————- တနင်္လာနေ့ဖွား

သရဏှင်္ဂရာ ၊ နောမာစ၊

အတ္ထဒဿီစ ၊ ဝေဿဘူ ။

စန္ဒ ၀ါရေ ၊ အဘိဇာတာ ၊

တေ နမဿမိ သာဒရံ

နမေနာနေန ကမ္မေန

ပေါရဏကံ ၀ါနဿတု

စတုန်နံ ဗုဒ္ဓတေဇေန

သဒါ သုခီ ဘ၀န္တုမေ ။

——————————————————- အင်္ဂါ နေ့ဖွား

ဒီပင်္ကရော ၊ ပဒမောစ ၊

ဓမ္မဒဿီ ၊ ကကုသန္ဓော ၊

ဘောမ ၀ါရေ ၊ အဘိဇာတာ ၊

တေ နမဿမိ သာဒရံ

နမေနာနေန ကမ္မေန

ပေါရဏကံ ၀ါနဿတု

စတုန်နံ ဗုဒ္ဓတေဇေန

သဒါ သုခီ ဘ၀န္တုမေ ။

——————————————————- ဗုဒ္ဓဟူး နေ့ဖွား

ကောဏ္ဍညော ၊ နာရဒေါ သတ္တာ ၊

သိဒ္ဓတ္ထ ၊ ကောဏဂမနာ ။

ဗုဒ္ဓ ၀ါရေ ၊ အဘိဇာတာ ၊

တေ နမဿမိ သာဒရံ

နမေနာနေန ကမ္မေန

ပေါရဏကံ ၀ါနဿတု

စတုန်နံ ဗုဒ္ဓတေဇေန

သဒါ သုခီ ဘ၀န္တုမေ ။

——————————————————- ကြာသပတေး နေ့ဖွား

မင်္ဂလော ၊ ပဒုမုတ္တရော ၊

တိဿနာထောစ ၊ ကဿပေါ ။

ဂုရု ၀ါရေ ၊ အဘိဇာတာ ၊

တေ နမဿမိ သာဒရံ

နမေနာနေန ကမ္မေန

ပေါရဏကံ ၀ါနဿတု

စတုန်နံ ဗုဒ္ဓတေဇေန

သဒါ သုခီ ဘ၀န္တုမေ ။

——————————————————- သောကြာနေ့ဖွား

သုမနော ၊ သုမေဓာ ဗုဒ္ဓေါ ၊

ဖုဿ ဇိနောစ ၊ ဂေါတမော ။

သုက္က ၀ါရေ ၊ အဘိဇာတာ ၊

တေ နမဿမိ သာဒရံ

နမေနာနေန ကမ္မေန

ပေါရဏကံ ၀ါနဿတု

စတုန်နံ ဗုဒ္ဓတေဇေန

သဒါ သုခီ ဘ၀န္တုမေ ။

——————————————————- စနေ နေ့ဖွား

တဏှင်္ကရော ၊ ရေ၀တောစ ၊

သုဇာတောစ ၊ ၀ိပဿီကော ၊

သောရီ ၀ါရေ ၊ အဘိဇာတာ ၊

တေ နမဿမိ သာဒရံ

နမေနာနေန ကမ္မေန

ပေါရဏကံ ၀ါနဿတု

စတုန်နံ ဗုဒ္ဓတေဇေန

သဒါ သုခီ ဘ၀န္တုမေ ။

(၇) ရက်သား/သမီး ဘုရားရှိခိုး(မြန်မာပြန်)
တနင်္ဂနွေနေ့ဖွားအတွက်-

(၁) မေဓင်္ဂရော ၊ သောဘိတောစ ၊

ပိယဒဿီ ၊ သိခီဇိနော ၊

ရ၀ိဝါရေ ၊ အဘိဇာတာ ၊

တေ နမဿမိ သာဒရံ

(၂) နမေနာနေန ကမ္မေန

ပေါရဏကံ ၀ါနဿတု

စတုန်နံ ဗုဒ္ဓတေဇေန

သဒါ သုခီ ဘ၀န္တုမေ ။

(၁)မာရ် ငါးပါး ကို အောင်မြင်တော်မူပြီးသော (မေဓင်္ဂရာ မြတ်စွာဘုရား ၊ သောဘိတ မြတ်စွာဘုရား ၊ ပိယဒဿီ မြတ်စွာဘုရား ၊ သိခီ မြတ်စွာဘုရား) တို့သည် (တနင်္ဂနွေနေ့)တွင် ဖွားမြင်တော်မူခဲ့ကြကုန်၏ ။ ထို (တနင်္ဂနွေနေ့ဖွား) ရှင်တော်မြတ် ဘုရားတို့ကို တပည့် တော်သည် ရိုသေစွာဖြင့် ဦးညွတ်ရှိခိုးပါ၏ အရှင်ဘုရား ။

(၂)ထိုသို့ ဦးညွတ် ရိုကျိုးရှိခိုးရခြင်းအကြောင်းကြောင့် ရှေးကစီမံ မကောင်းကံသည် အမှန်ကွယ်ပျောက် ကောင်းကျိုးရောက်ပါစေသတည်း ။ထိုလေးဆူကုန်သော(တနင်္ဂနွေနေ့ဖွား) ရှင်တော်မြတ် ဘုရားတို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် တပည့်.တော်အား အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းစင်စစ် ဖြစ်ပါစေ သတည်း ။

(ကျန်နေ့များ ထို့အတူ သင့်တော်သလိုပြောင်းပြီးမှတ်ရန်)


ဘုရားရှင်တို့၏ ဥာဏ်တော်များနှင့် အသုံးချတော်မူပုံ
(၁) အကြောင်းဟုတ်၊မဟုတ်ကို သိသော ဌာနာဌာန ကောသလ္လ ဥာဏ်တော် (သတ္တ၀ါ တစ်စုံတစ်ယောက် အာသဝေါတရား ကုန်နိုင်၊မကုန်နိုင်(သို့) ရဟန္တာ ဖြစ်နိုင်၊မဖြစ်နိုင်ကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၂)ကောင်းကျိုး ၊ မကောင်းကျိုး ကို သိသော ၀ိပါက ဥာဏ်တော် (ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ အန္တရာယ် (အဟိတ် ၊ ဒွိဟိတ်ပဋိသန္ဓေနေမှု ) ရှိ၊ မရှိကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၃)သတ္တ၀ါတို့လားရာ ၊ရောက်ရာကို သိသော သဗ္ဗတ္ထ ဂါမိနီပဋိပဒါ ဥာဏ် (ပုဂ္ဂိုလ်တစ်ယောက်တွင် ဈာန်၊မဂ်ဖိုလ်ရမှု၌ ပဉ္စာနန္တိရိယကံ ရှိ၊ မရှိ ကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၄) အထူးထူးသော ဓာတ်သဘောများကို သိသော အနေကဓာတု နာနာဓာတု ဥာဏ်တော် ( အထက်ပါ ဥာဏ်(၃)မျိုးနဲ့ ကြည့်ပြီး အန္တရာယ်ကင်းပါမှ ကျွတ်နိုင် ချွတ်နိုင်သော စရိုက်နှင့် ကိုက်ညီမည့် တရားဟော (၀ါ) ကမ္မဋ္ဌာန်းပေးရန် ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၅) သတ္တ၀ါတို့၏ ဆန္ဒအလိုကို သိသော နာနာဓိမုတ္တိက ဥာဏ် (သတ္တ၀ါတို့၏ နှလုံးသွင်းတတ်မှု သဘောထားကို သိပြီး သင့်လျော်သောတရားဟောရန် ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၆) လူတို့၏ ဣနြေ္ဒအနုအရင့်ကို သိသော ဣနြ္ဒိယပရောပရိယတ္တဥာဏ် (သတ္တ၀ါတို့၏ သဒ္ဓါတရားကောင်း၊မကောင်း ကို ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူသည် ။)

(၇) ဈာန်၊၀ိမောက္ခ ၊ သမာဓိ ၊သမာပတ် စသည်တို့၏ ညစ်ညူးကြောင်းကို သိသော ဈာန၀ိမောက္ခ သမာဓိ သမာပတ္တိဥာဏ် တော် (ဤဥာဏ်ဖြင့် ဆင်ခြင်တော်မူပြီးမှ ချွတ်သင့် သည်ဆိုလျှင် သေးကွာသော အရပ်သို့ပင် ကြွရောက် တော်မူပါသည် ။)

(၈)ရှေးဖြစ်ဟောင်း ၊ဘ၀ခန္ဓာဖြစ်စဉ်ကို သိသော ပုဗ္ဗေနိဝါသာနုဿတိဥာဏ် ( ရှေးဘ၀ဖြစ်စဉ်နှင့် အထုံ ၊ပါဂမီစသည်တို့ကို ဤဥာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည် ။)

(၉) သတ္တ၀ါတို့၏ ပဋိသန္ဓေနေခြင်း ၊ စုတေခြင်း တို့ကို သိသော စုတူပပါတ (၀ါ) ဒိဗ္ဗစက္ခု ဥာဏ်တော် ( သတ္တ၀ါတို့၏ လက်တလောစိတ်ဖြစ်စဉ်ကိုလဲ ဤဥာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည် ။)

(၁၀) အာသဝေါတရား ကုန်ရာဖြစ်သော အာသ၀က္ခယ ဥာဏ်တော် (သတ္တ၀ါတို့ အား အရဟတ္တမဂ် တရားပေါက်အောင် တရားဟောရန်အလို့ငှာ ဤဥာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်တော်မူသည် ။)

ဘုရားရှင်တို့၏ တူသောအချက်များ
ဘုရားရှင်တို့၏ တူသော အချက်များ (၃၀) ရှိပါသည် ။

(၁) အလောင်းတော်သည် နောက်ဆုံးသောဘ၀၌ မိခင်ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ နေတော်မူသည်။ (ဒီမှာထူးခြားတာက နတ်ပြည်ကနေ စုတေကြတာပဲ ဖြစ်ပါတယ် ။ အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူတာမျိုးမရှိပါဘူး..တဲ့ ။ ဘာလို့လဲဆိုတော့ ဗြဟ္မာပြည်ကနေ လာရင် ကာမဂုဏ်ကို ရွံမုန်းတဲ့စိတ် အထုံ လူ့ပြည်ကို ပါလာမယ် ။ အိမ်ထောင်ပြုမှာ မဟုတ်ဘူး ။ (တချို. အပျိုကြီး ၊ လူပျိုကြီး တွေလဲ ဗြဟ္မာပြည်က လာလို့ အိမ်ထောင်မပြုတာလို့ ပြောတာပဲ...ဤကားစာကြွင်း)

အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကို ရွံမုန်းနေရင်လည်း မဇ္စိမပဋိပဋာ လမ်းစဉ်ကို တွေ့ဖို့ခက်မယ် လို့ ဆိုပါသည် ။

(၂) မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္ဘင်ဖွဲ့ခွေ၍ အရှေ့သို့ မျက်နှာမူပြီး နေပါသည် ။ (အလောင်းတော်တွေဟာ သာမန်လူ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါ။ အတည့်ပဲနေပါသည်။ မယ်တော်ရဲ. ၀မ်းဗိုက်ဟာလည်း ပူထွက်လာခြင်းမရှိပါ ။ မယ်တော်ဟာ ကိုယ့်သားကို ဗိုက်ကနေ ကောင်းကောင်းမြင်နေရပါသည်။ ချင်ခြင်းတပ်ခြင်း ၊ နာကျင်အော့အန်ခြင်း မရှိပါ ။ အလောင်းတော်တွေဟာ မယ်တော်တွေကို ကိုယ်ဝန်ဆောင်ခြင်းဒုက္ခ မပေးကြပါ ။)

(၃) အလောင်းတော်ကို မတ်တတ်ရပ်လျက် ဖွားသည် ။ (ညစ်ပေမှု မရှိပါ ၊ မိခင်လည်း ကျန်းမာစွာ ရှိရပါသည် ၊ နောက် (၇) ရက်မှာတော့ မိခင် ကံတော်ကုန်ရပါသည် ။ သကျသာကီဝင် ဆိုသည်မှာ ပင်ကိုယ်စွမ်းရည်ရှိသူဟု အဓိပ္ပာယ်ရသည့်အတိုင်း မွေးမွေးခြင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါသည် ။ စောင့်ကြည့်နေကြသော နတ်၊ဗြဟ္မာတွေတောင် မျက်လုံးပြူးကုန်ကြသည်ဟု ဆိုသည်။(ဤကား။ အရှင် ဥာဏိသာရ၏ အဟော)

(၄) တောအရပ်၌သာ ဖွားတော်မူပါတယ်။

(၅) ဖွားပြီးပြီးခြင်း မြောက်အရပ်သို့ ခြေ (၇)လှမ်းကြွကာ…“ဤလောက၌ ငါသာ အမြတ်ဆုံးတည်း ၊ ငါ၏ နောက်ဆုံး ပဋိသန္ဓေ နေရခြင်းတည်း ၊နောက်ထပ် ပဋိသန္ဓေ နေစရာ မလိုတော့ပြီ ”ဟု ကြုံးဝါးတော်မူပါသည်။ (ထိုကာလတွင် အကိုးကွယ်ခံ ဘ၀သို့ ရောက်မှန်းမသိရောက်နေသော ဗြဟ္မာတွေကို အသိပေးကြုံးဝါးခြင်း ဟုဆို၏။ ဂေါတမ ဘုရားလောင်းသည် (၃) ဘ၀၌ ဖွားစမှာပင် စကားပြော၏ ။ မဟောသဓာ ၊ ဝေဿန္တရာ နှင့် နောင်ဆုံးဘ၀ -(သုခမှတ်စု))

(၆) သူအို၊သူနာ၊သူသေ ၊ရဟန်း နိမိတ် (၄)ပါးမြင်၍ သား(၁)ယောက်ဖွားသော ညမှသာ တောထွက်တော်မူကြသည်။ (ထိုနိမိတ်ပြသော နတ်သားကို ဘုရားလောင်း၏ ဆရာ ၅-ယောက် တွင် ၁-ယောက် အပါအ၀င်ဟု သတ်မှတ်သည်။)

(၇) အရဟတ္တဖိုလ်၏ တံခွန်ဖြစ်သော ရဟန်းအဖြစ်ကို ရယူပြီးမှ ဒုက္ကရစရိယကျင့်သည်။ (အရဟတ္တဖိုလ်၏ တန်ဖိုးသည် ရဟန်းမှ မည်သည့် အမျိုးနှင့်မျှ မတန်ဟုဆိုသည်။ လူဝတ်ကြောင် မှ အရဟတ္တဖိုလ်ရလျှင်လည်း ရဟန်းဝတ်ချင်ဝတ်၊ မ၀တ်ချင်လျှင် ပရိနိဗ္ဗာန်စံဝင်ကြရသည်။)

(၈) ဘုရားဖြစ်မည့်နေ့ နွားနို့ဃနာဆွမ်း ဘုန်းပေးတော်မူကြသည်။ (ထိုဆွမ်းတွင် နတ်သြဇာပါတတ်ပြီး ဘုရားဖြစ်ပြီး (၇) ပတ် ၊ (၄၉) ရက်စာ အာဟာရဖြစ်သည်။ ဘုရားရှင်၏ ၀မ်းထဲတွင် အစာခြေလဲ မမြန် ၊ မြန်မြန်လဲ မဆာလောင်ပဲ သမာပတ်ဝင်စားခြင်း ၊ တရားတော်များကို ဆင်ခြင်သုံးသပ်ခြင်းများ အတွက် ကောင်းစွာ ထောက်ပံ့သည်။)

(၉) မြက်အခင်းတွင် ထိုင်တော်မူလျက် ဘုရားဖြစ်သည်။

(၁၀) အာနပါန ကမ္မဌာန်းကို စီးဖြန်းတော်မူကြသည်။ (ဘုရားရှင်တို့သည် အာနပါန ကမ္မဌာန်းဖြင့်သာ သဗ္ဗညုတဥာဏ်တော်ကို ရရှိကြသောကြောင့် ဂေါတမ ဘုရားရှင်သည်လည်း အာနပါန ကိုလွန်စွာ ချီးမွမ်းတော်မူသည်။ မဟာသတိပဌာနသုတ် ( ဒီ-၂ ၊ ၃၁ )၊ မဟာသတိပဌာနသုတ် ( မ-၁ ၊ ၇၀ )၊ တတိယပါရာဇိက ပါဠိ ( ၀ိ-၁ ၊ ၈၉ )၊ အာနာပါနဿတိ သုတ် ( မ-၃ ၊ ၁၂၂ )၊ မဟာရာဟုလောဝါဒသုတ် ( မ-၂ ၊ ၈၈ )၊ ကာယဂတာသတိသုတ် ( မ-၃ ၊ ၁၃၀ ) တို့၌ ဟောတော်မူခဲ့သည်။)

(၁၁) မာရ်စစ်သည်ကို အောင်တော်မူသည် ။

(၁၂) ဗောဓိပလ္လင်၌သာ ၀ိဇ္ဇာ(၃)ပါးစသော ဆအသာဓာရဏ …အစရှိသော ကျေးဇူးတရားအပေါင်းကို ရတော်မူကြပါသည်။

(၁၃) ဗောဓိပင်ရဲ. ထက်ဝန်းကျင်၌သာ သတ္တ သတ္တာယ(၇) ဌာန ကျင့်တော်မူကြသည်။

(၁၄) တရားဦးဟော စိမ့်သောငှာ ဗြဟ္မာမင်းက လျှောက်ရသည် ။ ၇-သတ္တဟ အပြီး ၅၀-ရက်မြောက်နေ့မှာ အဘယ်သူအား တရားဟောရမည်နည်း ၊ အဘယ်သူသည် ခက်ခဲနက်နဲသော ဤတရားများကို ခေတ်ကာလ၏ အယူဝါဒများမှ ခွဲထွက်၍ လျင်မြန်စွာ နားလည်နိုင်မည်နည်း ဟုဆင်ခြင် ကြည့်တော်မူပါသည်။ ဆင်ခြင်တဲ့ နေရာတွင် ဘုရားရှင်များသည် ပကတိမျက်စိကိုပဲ သုံးတော်မူကြတယ်လို့ ဟောသည်။ ပကတိမျက်စိနှင့် ကြည့်တော့ ပထမမှာ ဒီလောက် ခက်ခဲနေတဲ့ တရားတွေကို နားလည်သဘောပေါက်ပြီး စောစောစီးစီး တရားထူးရမယ့် သူကိုမတွေ့ဘူးလို့ ဆိုသည်။ ကိလေသာထူပြောလွန်းတဲ့ လောကကို တရားမဟော၊ တစ်ကိုယ်တည်း ဖိုလ် ချမ်းသာနဲ့ နေတော့မယ် ဆိုတဲ့ စိတ်အကြံလည်း ဖြစ်လာသည်။ ထိုအခါ ဗြဟ္မာမင်းက တရားဦးဟောရန်လျှောက်ရသည်။ ဂေါတမဘုရားရှင်ကိုတော့ မဟာသဟမ္ပတိ ဗြဟ္မာမင်းက တောင်းပန်သည် လို့ဆိုပါသည်။ ဒီဃနိကယ် မှာ ၀ိပဿီ ဘုရားရှင်လည်း ဒီလို ဖြစ်ခဲ့သည်ဟု အတိအလင်း ရေးထားသည်။)

(၁၅) ဣတိပတနမိဂဒါဝုန်တော ၌သာ ဓမ္မစကြာတရားဦးကို ဟောတော်မူကြသည်။

(၁၆) တပို့တွဲလပြည့်နေ့ ၌သာ ပါတိမောက် ပြတော်မူကြသည်။

(၁၇) ဇေတ၀န်မည်သော ကျောင်းတော်၌သာ သီတင်းသုံးကြသည်။ (ပိဋကတ်တော်တွင် (၁၄) ၀ါမြောက်၊ ( ၂၁ ) ၀ါမှ ( ၄၄ ) ၀ါ အထိ (၂၅) ၀ါ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးပါသည်။ ဇာတိမြေ ကပိလ၀တ်မှ နိဂြောဓာရုံကျောင်းမှာ(၁၅) ၀ါမြောက် တစ်ဝါသာ သီတင်းသုံးတော်မူပါသည်။)

(၁၈) သာဝတ္ထိမြို့၌သာ ယမိုက်ပြာဋိဟာ ပြတော်မူပါသည်။ ( ယမိုက်+ပြာဋိဟာ = အစုံစုံ + တန်ခိုး ။ ရေအစုံ၊ မီးအစုံ ဟုဆိုအပ်သော အစုံလိုက် အစုံလိုက် ဖြစ်ပေါ်စေသော တန်ခိုးတော် )

(၁၉) တာဝတိသာ၌သာ အဘိဓမ္မာတရားဟောသည်။

(၂၀) သင်္ကဿနဂိုရ်ပြည်၌သာ နတ်ပြည်မှ သက်တော်မူပါသည်။

(၂၁) ဖလသမာပတ်ကို မပြတ်ဝင်စားတော်မူပါသည်။

(၂၂) နံနက်အခါ ၊ ညဉ့်အခါ တို့၌ ကျွတ်ထိုက်သော ဝေနေယျကို ကြည့်ရှုတော်မူပါသည်။ (နေ့ (၃) ခါ ၊ ည (၃)ခါ ..၆ ခါ ကြည့် ပါသည်။)

(၂၃) အကြောင်းရှိမှ ၀ိနည်းတရားတို.ကို ပညတ်တော်မူပါသည်။ ( ဒီဝိနည်းတွေကို စောစောကတည်းက ကြိုထုတ်ထားရင် ဘယ်သူမှ ရဟန်းဝတ်ရဲ/၀တ်ချင်မှာ မဟုတ်ဘူးဟု ဆိုသည်။ ထို့ကြောင့် ဖြစ်စဉ်ပေါ်လာမှ စည်းကမ်းထုတ်ခြင်း ဖြစ်သည်။)

(၂၄) အတ္ထုပ္ပတ္တိ နဲ့ တိုက်ဆိုင်မှုရှိလျှင် အတိတ်မှ ဇာတ်တရားများကို ဟောသည်။

(၂၅) ဆွေတော် ၊ မျိုးတော်တို့၏ အစည်းအဝေး တရားပွဲများတွင် ဗုဒ္ဓ၀င် ကိုသာဟောတော်မူကြသည်။

(၂၆) ဧည့်သည်ရဟန်းတို့နှင့် တရားစကား ပြောတော်မူကြသည်။

(၂၇) ဒါယကာတို့ ဖိတ်၍ ၀ါဆိုတော်မူသော် ၊ ၀ါကျွတ်လျှင် ဒါယကာတို့ အားပန်ကြားပြီးမှ သာ ထွက်ခွာကြွသွားတော်မူကြသည်။

(၂၈) နေ့စဉ် အခါခပ်သိမ်း ဗုဒ္ဓကိစ္စငါးပါး ကို ပြုတော်မူသည်။

(၂၉) ပရိနိဗ္ဗာန်ပြုအံ့သောနေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူသည်။ (မြတ်စွာဘုရား နောက်ဆုံးဘုန်းပေးတဲ့ဆွမ်းသည် ၀က်သား (၀က်ပျိုသား) ( မဟာအဋ္ဌကထာ၊ PDS dictionary အရ ) နဲ့ မှို ဆိုပြီး (၂)မျိုး ရှိနေသည်။ ပါဠိလို “သူကရမက္တ၀” လို့ခေါ်တဲ့ အရာ(ဘောဇဉ်) ကို ဘုရားရှင် ဘုန်းပေးခြင်းဖြစ်သည်။ ကမ္ဘာပေါ်မှာ ပါဠိ-အင်္ဂလိပ် အဘိဓာန် ၁ ခုကလွဲရင် အခြားသော ဘာသာပြန်တွေမှာ မှို လို့ပဲ အဓိပ္ပါယ် ဖွင့်ကြသည်။ အားလုံး အဘိဓာန် (၅)ခုက ဘာသာပြန်ထားသည်။ မှို ၊ ဆေးပေါင်းစုံဟင်း ၊နူးညံ့လှစွာသော မကြီးမငယ် ၀က်သား၊ ၊မျှစ် (ဥဒါန်းအဋ္ဌကထာအရ)၊ နွားနို့နဲ့ ချက်ထားတဲ့ ထမင်းစားဖွယ် စသည် (၅)မျိုး ရှိနေပါသည်။ မြန်မာဆရာတော်တွေက ထိုရာသီမှာ မှို မပွင့်သေးလို့ ၀က်သားကိုပဲ ယူသည်။ နိုင်ငံတကာမှာကတော့ မှိုကို ယူကြသည်။ အခါမဟုတ်မှိုကို ဘုန်းပေးပြီးတော့ အဆိပ်သင့်တာလို့ ဆိုကြသည်။ ထို့ကြောင့် “သူကရမက္တ၀”ဟာ ဘာသာပြန်ကွဲလွဲမှုရှိနေသည်။ ဘုရားရှင်တို့၏ တူရာ အချက် (၃၀) အရ သားပြွမ်းဆွမ်း ဘုဉ်းပေးတော်မူရမယ်ဆိုတော့ ၀က်သား ဟု ပြောရမှာပါ။)

(၃၀) သမာပတ်ဝင်စားပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူသည်။

ပရိက္ခရာ

ပရိက္ခရာ ဆိုသည်မှာ ရဟန်းတို့၏ အသုံးအဆောင်ကို ခေါ်သည်။ ရဟန်းတော်များ၏ ပရိက္ခရာမှာ ၈-ပါးရှိ၏။

ပရိက္ခရာ ၈-ပါး
၁။ ပတ္တ= သပိတ်
၂။ သင်းပိုင်= အောက်ပိုင်းဝတ် သင်္ကန်း
၃။ ဧကသီ= အပေါ်ပိုင်းဝတ် သင်္ကန်း
၎။ ဒုကုတ်= ၂-ထပ် သင်္ကန်းကြီး
၅။ ကာယ ဗန္ဓန= ခါးပန်းကြိုး
၆။ ၀ါသိက= ခေါင်ရိတ်ဓား
၇။ သူစိ= အပ် အပ်ချီ
၈။ ပရိသာဝန= ရေစစ်

လင်္ကာ

သင်္ကန်းသုံးရပ်၊ သပိတ်၊ အပ်
ပဲခွပ်၊ ရေစစ်၊ ခါးပန်းတစ်။

* သင်္ကန်းသုံးရပ် ဆိုသည်မှာ ဧကသီ၊ သင်းပိုင်နှင့် ဒုကုဋ်လို့ခေါ်သော နှစ်ထပ်သင်္ကန်းကြီး။

သင်္ကန်း (၉) မျိုး
၁. သင်းပိုင် (ခါးဝတ်ရုံ)
၂. ဧကသီ (ကိုယ်ရုံ)
၃. ဒုကုဋ် (နှစ်ထပ် သင်္ကန်း)
၎. အိပ်ရာခင်း သင်္ကန်း
၅. မျက်နှာသုတ်ပုဝါ သင်္ကန်း
၆. ပရိက္ခရာစောဠ သင်္ကန်း (လက်သုတ်၊ ရေစစ်ပုဝါ)
၇. နိသီဒိုင် (နေကထိုင်၊ အခင်း)
၈. မိုးရေခံ သင်္ကန်း (မိုးရေချိုးသောအခါ ၀တ်ရသော သင်္ကန်း)
၉. အမာလွှမ်း သင်္ကန်း (အနာပေါက်သည့် အခါ အတွင်းခံ သင်္ကန်း)
ဤသင်္ကန်း (၉) မျိုးတွင် သင်းပိုင်နှင့် ဧကသီ ကို ဒွိစုံ ဟုခေါ်သည်။
သင်းပိုင်၊ ဧကသီ၊ ဒုကုဋ် ဤသုံးမျိုးကို တိစိဝရိတ် (သင်္ကန်း ၃ ထည်) ဟုခေါ်သည်။

အခြားပရိက္ခရာများ

၁။ ထီး
၂။ ဖိနပ်
၃။ ယပ်တောင်
၎။ နေကထိုင်
၅။ ခြုံထည်
၆။ ဆွမ်းဗူး
၇။ ကိုယ်ပတ်

ယပ်တောင်၊ ထီး၊ ဖိနပ်တို့မှာ
ပရိက္ခရာ (၈) ပါးတွင်မပါဝင်ပါ။ အပူဒဏ်၊ အအေးဒဏ် စသော ရာသီဥတုနှင့် ကျန်းမာရေးအတွက်သုံးရသော အသုံးအဆောင်ပစ္စည်းများဖြစ်ပါသည်။-

Thursday, September 9, 2010

အစ္စရေးနိုင်ငံအကြောင်းတစေ့တစောင်း




အစ္စရေးနိုင်ငံအကြောင်းတစေ့တစောင်း


ကမ္ဘာပေါ်တွင် အစ္စရေးနိုင်ငံသမိုင်းသည်လည်း စိတ်ဝင်စားစရာကောင်းသောသမိုင်း နောက်ခံများတည်ရှိခဲ့ပေသည်။ ထိုသမိုင်း နောက်ခံများထဲမှ စိတ်ဝင်စားဖွယ်ရာကောင်းသော၊သင်ခန်းစာယူဖွယ်ရာကောင်းသော အစ္စရေးနိုင်ငံ၊ အစ္စရေးလူမျိုးများ၏ ကမ္ဘာပေါ်တွင် ရပ်တည်ရှင်သန် နေထိုင်ခဲ့ရပုံများ ကိုမှတ်သားဖွယ်ရာတွေ့ရှိရပေသည်။

အတိတ်သမိုင်း

ဣသရေလလူမျိုးများ

ဣသရေလခေါ်၊ ရေ၀တီခေါ်၊ ရဟူဒီခေါ်၊ ဟေဗြဲခေါ်၊ ဂျူးခေါ်သော လူမျိုးတစ်မျိုးသည်ရှေးဟောင်းခေတ်တွင် အင်ပါယာကြီးတစ်ခုကိုထူထောင်ခဲ့သော လူမျိုးတစ်မျိုး မဟုတ်ခဲ့သော်လည်း ယဉ်ကျေးမှု လူ့အဖွဲ့အစည်းအတွက် အရေးပါအရာရောက်သော ယဉ်ကျေးမှု အမွေအနှစ်များကို ပေးခဲ့သော လူမျိုးဖြစ်သည်။ဣသရေလ သို့မဟုတ် ဟေဗြဲလူမျိုးသည် အာမော်ရီတ၊ ကင်နာနိုက်၊ အာရာမေယန်း လူမျိုးများကဲ့သို့ပင် ဆေးမီတစ်အမျိုးအနွယ်မှပင် ဆင်းသက်လာကြသည် ဟုယူဆခဲ့ကြသည်။ ဣသရေလတို့သည် သိုးအုပ် ဆိတ်အုပ်များကို ထိန်းကျောင်း၍ ရေကြည်ရာ မြက်နုရာလှည့်လည် သွားလာနေသော လူမျိုးတစ်မျိုးဖြစ်သည်။ယနေ့ထက်တိုင် မိမိတို့၏သီးခြားယဉ်ကျေးမှုနှင့် လူမျိုးမပျောက်ပဲ ရှိနေသော ဣသရေလလူမျိုးတို့သည် အာဘရာဟမ်အမည်ရှိသော ပုဂ္ဂိုလ်မှဆင်းသက်လာကြသော လူမျိုးဖြစ်သည်ဟု ယခုတိုင် ဣသရေလလူမျိုးတို့ကယုံကြည်ကြသည်။

ပါလက်စတိုင်း(သို့မဟုတ်) ကာန်နန်ပြည် သို့ရောက်ရှိခြင်း

ဘီစီ ၁၄၀၀ လောက်တွင် လှည့်လည်ကျက်စားနေသောဣသရေလ လူမျိုးများကို ခေါင်းဆောင် ဂျိုးရှူအာက ကွပ်ကဲ၍ ဂျော်ဒန်ကို ဖြတ်ပြီး ပါလက်စတိုင်းသို့ဣသရေလများ ရောက်ရှိလာခဲ့ကြသည်။ ထို့အပြင် အီဂျစ်ကို ဟစ်ကဆိုး လူမျိုးများ ၀င်ရောက်တိုက်ခိုက်ခဲ့စဉ် ကလည်း ဟစ်ကဆိုးတို့နှင့်အတူ ဣသရေလ လူမျိုးများအများအပြားပါသွားပြီး အီဂျစ်ပြည်၌ နေထိုင်ခဲ့ကြသည်။ အီဂျစ်မှ ဣသရေလများသည် မိုးဆက်ခေါ် မောရှေ ခေါင်းဆောင်သည့် ဣသရေလ်များ တစုတရုံးကြီး အီဂျစ်မှထွက်ခွာသွားကာ ပါလက်စတိုင်းသို့ရောက်သွားကြပြီး၊ ထိုပြည်က ဌာနေလူမျိုးများနှင့် ရောယှက်သွားကြသည်။ ကာန်နန်လူမျိုးများ၏ ယဉ်ကျေးမှုနှင့် ဣသရေလတို့၏ ယဉ်ကျေးမှုများလည်း ပေါင်းစပ်တူညီသွားခဲ့ကြသည်။ ဣသရေလလူမျိုးများ တွင်မျိုးရိုးချင်းတူလျက် အုပ်စုအလိုက် (၁၂) မျိုးကွဲပြားလျက်ရှိသည်။

ဣသရေလနိုင်ငံ အစိုးရ


ဘီစီ ၁၀၂၅ နှစ်အထိ ဣသရေလ အမျိုးသားတို့၏ အစိုးရသည် သီအိုကရေစီခေါ် ဘုရားရှိခိုးကျောင်းမှ အုပ်ချုပ်သော ဘာသာရေးအုပ်ချုပ်မှုကိုကျင့်သုံးခဲ့သည်။ ရှေးဦးစွာ မောရှေက လူမျိုးအုပ်စုများကို ထိန်းချုပ်အုပ်ချုပ်ပြီးလျှင် ဘုရားသခင်၏ ပညတ်တော်များကို ဟောပြော၍ ကျင့်ဝတ်နှင့် စည်းကမ်းကို လိုက်နာအောင် ထိန်းသိမ်းခဲ့ကြသည်။

နောင်တွင် လူမျိုးအုပ်စုအလိုက် တရားသူကြီးများ ခန့်အပ်ထား၍ တရားသူကြီးများက အမှုအခင်းများ စီရင်ဆုံးဖြတ်ခြင်း၊ လုပ်ငန်းတာဝန်ခွဲဝေခြင်း၊ ကွပ်ကဲခြင်းတို့ကို တာဝန်ယူခဲ့ကြသည်။ ဣသရေလများသည် အတန်းအစား မခွဲခြားပဲ အများစုပေါင်း လုပ်ကိုင်သော ဘုံလုပ်ငန်းစနစ်နှင့် အကျိုးစီးပွားကို အများကပင် စုပေါင်းခံစားရသည့် လူနေမှုစနစ်ကို တည်ထောာင်ကျင့်သုံးခဲ့သည်။ ထို့နောက်ပိုင်းတွင် အနာဂတ်ကို အမြင်ရသူများဟု ယုံကြည်ကြသော တမန်တော်များ ပေါ်လာပြီး၊ ထိုတမန်တော်များ၏ ဟောပြောအုပ်ချုပ်မှုဖြင့် စည်းလုံးညီညွတ်စွာနေထိုင်ခဲ့ကြသည်။

ဣသရေလနန်းဆက်ပေါ်ပေါက်လာပုံ

ဖီလစ္စတင်း တို့ကပါလက်စတိုင်းကို ၀င်ရောက်တိုက်ခိုက်လာသည် ကိုသူရသတ္တိနှင့် ပြည့်စုံသော သူရဲကောင်း ဆာဦးလ်ကရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်ခဲ့ သောကြောင့် ဆာဦးလ်ကို တမန်တော်များ၏ သဘောတူညီချက်ဖြင့် နန်းတင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ဣသရေလ နိုင်ငံပေါ်ပေါက်လာပြီး ဆာဦးလ်ဘုရင် ကပထမဆုံးမင်းအဖြစ် အုပ်စိုးခဲ့သည်။ ဣသရေလတို့၏ ဘာသာအယူဝါဒ ရည်ရွယ်ချက်မှာ မိမိတို့လူမျိုးတစည်းတလုံးတည်း နေထိုင်နိုင်ရန်ဖြစ်သည်။ ဣသရေလတို့က တဆူတည်းသော ယေဟိုဗာဘုရားကိုသာ စွဲမြဲစွာ ယုံကြည်ကိုးကွယ်ကြသည်။ ဣသရေလတို့သည် ဘုရင်အုပ်ချုပ်ရေးနှင့် ဘုရားကိုးကွယ်မှုကို မရောယှက်ကြပေ။ ဘုရင်များကိုလည်း ဘုရားအဖြစ်မကိုးကွယ်ကြပေ။ ဘုရားသခင် အလိုတော်ကျ ဘုရင်များက ပြည်သူတို့ အကျိုးကို ဆောင်ရမည်ဟုသာ ယုံကြည်ကြသည်။ ဣသရေလတို့သည် စာပေတွင်လည်း ကိုယ်ပိုင်စာပေ ကိုဖန်တီးခဲ့ကြသူများ ဖြစ်ကြောင်း ဘီစီ ၁၄၀၀ ခန့်၌ နောင်တွင် ရောမအက္ခရာဖြစ်လာမည့် မူလအက္ခရာကို ဣသရေလတို့ ကတီထွင်ခဲ့ကြကြောင်း သမိုင်းအထောက်အထားများက သက်သေပြခဲ့သည်။ ပါလက်စတိုင်း၏ မြောက်ဘက်ရှိ ဣသရေလ တို့နှင့် အနွယ်တူ လူမျိုးများ နေသော ဂျူဒါ နိုင်ငံကို ဒေဗစ်ဘုရင် အုပ်စိုးသည်။ ဆာဦးလ်ဘုရင်၏ သားအစ်ရှဘလ် ဘုရင်ကွယ်လွန်သောအခါ ဣသရေလနိုင်ငံ ကဒေးဗစ်ဘုရင်ထံ သစ္စာခံခဲ့သည်။

ဒေဗစ်ဘုရင် ကွယ်လွန်သောအခါ ဆော်လမွန် ဘုရင်နန်းတက်ခဲ့သည်။ ဆော်လမွန်သည် ဥာဏ်ပညာ ထက်မြက်၍ အမြင်ကျယ်သူတစ်ဦးဖြစ်သောကြောင့် ဣသရေလ နိုင်ငံတွင် တိုးတက်မှုအများ အပြားဖြစ်ပေါ်ခဲ့သည်။ ဆော်လမွန်လက်ထက်တွင် စီးပွားကုန်သွယ်ရေး နှင့် ကုန်ထုတ်လုပ်မှုများကိုအားပေးပြီးလျှင် ကူးသန်းသွားလာရေး လမ်းမကြီးများကို ထိန်းသိမ်းစောင့်ရှောက်ပေးသည်။ ဆော်လမွန် လက်ထက်တွင် သတ္တုတူးဖော်မှု နှင့်သတ္တုကျိုချက်မှုများထွန်းကားပြီးလျှင် အပြည်ပြည်နှင့် ကူးသန်းရောင်း ၀ယ်ရေးလည်း ထွန်းကားခဲ့သည်။ ထို့အပြင် ဆော်လမွန်က ပင်လယ်နီတ၀ိုက်၌ ကုန်သွယ်မှုကို အားပေးရန်အတွက် တီယာပြည် ဟီရမ်ဘုရင် နှင့် သဘောတူစာချုပ်ချုပ်ပြီးလျှင် ကုန်တင်သင်္ဘော အမြောက်အမြားကိုလည်း တည်ဆောက်ခဲ့သည်။

သို့သော်ဆော်လမွန်တိုးချဲ့လုပ်ကိုင်သော စီမံကိန်းများမှာ ဇယားမကိုက်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဆော်လမွန်၏ နိုင်ငံသည် သယံဇာတပစ္စည်းများ ရှားပါးပြီးလျှင် တိုးချဲ့သော လုပ်ငန်းများအတွက် ကုန်ကျစရိတ်မှာလည်း အင်မတန်ကြီးမားသောကြောင့် ဖြစ်သည်။ ထို့အပြင် စီမံကိန်းများ အတွက်ကုန်ကျသော စရိတ်များကို နိုင်ငံသားများထံမှ အခွန်ကောက်ခံ၍ ပြည်သူတို့အား အလုပ်ခိုင်းခြင်းတို့ကြောင့် ပြည်သူများက ဆော်လမွန်အပေါ် မကျေမနပ်ဖြစ်ခဲ့ကြသည်။ ဆော်လမွန်ဘုရင် ကွယ်လွန်သောအခါ ဣသရေလသည် ယခင်ကဲ့သို့ပင် တောင်ပိုင်းနှင့် မြောက်ပိုင်းဟု နှစ်ခြမ်းပြန်၍ ကွဲသွားပြီလျှင် မြောက်ပိုင်းက ဣသရေလ နိုင်ငံဖြစ်လာပြီး၊ တောင်ပိုင်းက ဂျူဒါနိုင်ငံဖြစ်လာခဲ့သည်။ ထို့နောက် အေဒီ (၇၀) ရောမလူမျိုးတို့က ဂျေရုစလင်မြို့တော်ကို တိုက်ခိုက်ဖျက်ဆီးရာမှ ဂျူးနိုင်ငံ ပျောက်ကွယ်ခဲ့ရသည်။

ဂျူးလူမျိုးတို့ရဲ့ဘဝ

၁၉ ရာစုနောက်ပိုင်းတွင် ဇီယွန်ဝါဒခေါ် ဂျူးအမျိုးသားရေးဝါဒကို သြစထရီးယား နိုင်ငံသား သီယိုဒိုးဟာဇ်က ဖော်ထုတ်ခဲ့သည်။ ဇီယွန်ဝါဒ၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာအနှံ့ အပြားဂျူးလူမျိုးအတွက် ပါလက်စတိုင်းဒေသတွင် နိုင်ငံတည်ထောင်ရန်ဖြစ်သည်။ ၁၉၁၄ ခုနှစ်တွင်ဖြစ်ပွားသော ပထမကမ္ဘာစစ်အတွင်း အာရပ်တို့က တူရကီတို့ကို ပုန်ကန်ရာတွင် ဗြိတိသျှတို့က အာရပ်တို့ဘက်မှ ကူညီခဲ့သဖြင့် ပါလက်စတိုင်းဒေသကို သိမ်းပိုက်နိုင်ခဲ့သည်။ ၁၉၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး အာသာဂျိမ်းဘဲလ်ဖိုးက ကြေငြာစာတမ်းတစ်ခုကိုထုတ်ပြန်ခဲ့သည်။ ထိုကြေငြာစာတမ်းတွင် ဂျူးလူမျိုးများအတွက် ပါလက်စတိုင်းဒေသ၌ နိုင်ငံတစ်နိုင်ငံတည်ထောင်ပေး နိုင်ရေးနှင့် ပတ်သက်သော သဘောထားကို ဗြိတိသျှအစိုးရက ဖော်ပြခဲ့သည်။

မကြာမီ အာရပ်နှင့် ဂျူးအမျိုးသားများ၏ ပဋိပက္ခမှုပေါ်ပေါက်လာကာ တနေ့တစ်ခြား ပြင်းထန်လာခဲ့ပြီး အကြမ်းဖက်အဓိကရုဏ်းများဖြစ်ပွားခဲ့သည်။ သည်တွင် ဗြိတိသျှအစိုးရက စုံစမ်းရေးကော်မတီရှင် တစ်ရပ်ကိုစေလွှတ်၍ပါလက်စတိုင်းဒေသတွင် ဂျူးလူမျိုးများ အခြေချ ခြင်းကိုတားမြစ်ရာရောက်သည့် စက္ကူဖြူစာတမ်းကို ၁၉၃၀ ပြည့်နှစ်တွင် လော့ဒ်ပတ်စ်ဖီးလ်က ထုတ်ပြန်ခဲ့သည်။ ထိုကြေငြာစာတမ်းသည် ဗြိတိသျှ နှင့်ဂျူးအမျိုးသားတို့၏ဆက်ဆံရေးတွင် အတားအဆီးသဖွယ် ဖြစ်လာသည်။ ဘဲလ်ဖိုးကြေငြာစာတမ်းကိုလည်း ဆန့်ကျင်သကဲ့သို့ ဖြစ်နေသည်။ သို့ဖြင့် ထိုစက္ကူဖြူစာတမ်းကို ပြန်လည်ပြင်ဆင်သည့် ကြေငြာချက်တစ်ရပ် ထုတ်ပြန်ရသည်။ ယင်းကြေငြာချက်အရ ယခင်ကတားမြစ်ထားသည့် ပါလက်စတိုင်း ဒေသအတွင်းသို့ ဂျူးလူမျိုးများ ၀င်ရောက် အခြေချခြင်းကို ပြန်လည်ခွင့်ပြုခဲ့ရသည်။ ထိုအချိန်မှစ၍ ၁၉၃၃ ခုနှစ် တိုင်အောင် အရှေ့ဥရောပနှင့် ဂျာမနီနိုင်ငံတို့မှ ဂျူးများတဖြည်းဖြည်း ၀င်ရောက်လာခဲ့သည်။ ဆက်လက်၍ ၁၉၃၃ ခုနှစ်၊ ဂျာမနီတွင် ဟစ်တလာ အာဏာရရှိသည့် အချိန်မှစ၍ ဂျာမနီနိုင်ငံနှင့် ဥရောပအလယ်ပိုင်း ဒေသတို့မှ ဂျူးလူမျိုးများသည် ပါလက်စတိုင်းဒေသသို့ အလုံးအရင်နှင့် ၀င်ရောက်လာခဲ့သည်။ အာရပ်နယ်မြေရှိ ဗြိတိသျှ စီးပွားရေးရင်းနှီးမြုပ်နှံမှုများနှင့် စူးအက်တူးမြောင်းပတ်ဝန်းကျင်ရှိ ဗြိတိသျှစစ်အခြေခံစခန်းများ လုံခြုံရေးအတွက် ဗြိတိသျှတို့သည် အာရပ်တို့နှင့် ရင်းနှီးမှု ရရန် အဖက်ဖက်မှကြိုးပမ်းခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် ဂျူးလူမျိုးတို့လာရောက်အခြေချခြင်းကို ကန့်သတ်သည့် စက္ကူဖြူစာတမ်းတစ်စောင်ထုတ်ပြန်ခဲ့သည်။

ဂျူးလူမျိုးတို့သည် ဗြိတိသျှအစိုးရက ထုတ်ပြန်သော စက္ကူဖြူစာတမ်းကို မကြေနပ်သော်လည်း ၁၉၃၉ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားလာသောအခါ စက္ကူဖြူစာတမ်းပြဿနာကို ခေတ္တမေ့ပျောက်ထားရသည်။ ဗြိတိသျှတို့နှင့်ပူးပေါင်းကာ ဘုံရန်သူနာဇီဂျာမနီကို တိုက်ခိုက်ခဲ့သည်။ ယင်းစစ်ကြီးပြီးဆုံးတော့မှ ဂျူးတို့သည် ဗြိတိသျှအစိုးကို ပြင်းထန်စွာ ပြန်လည်တိုက်ခိုက်ကြသည်။ ဗြိတိသျှ ဆန့်ကျင်ရေး ပြောက်ကျားလှုပ်ရှားမှုများကို ဂျူးမြေအောက် အဖွဲ့အစည်းသုံးခုဖြစ်သော ဟာဂါနာ၊ အာရ်ဂွန်နှင့် စတန်းဂိုဏ်းတို့က လုပ်ဆောင်သည်။ တစ်နေ့တစ်ခြား အခြေအနေတင်းမာလာ၍ ကုလသမဂ္ဂမှ စေလွှတ်သည့် အဖွဲ့ဝင်(၁၁)ဦး ပါဝင်သော အထူးစုံစမ်းရေးကော်မရှင်က ပါလက်စတိုင်းဒေသကို အာရပ်နိုင်ငံနှင့် ဂျူးနိုင်ငံဟူ၍ ခွဲဝေပိုင်းခြားပေးရသည်။ ဂျေရုစလင် ဒေသကို နိုင်ငံတကာ အစောင့်အရှောက်ခံနယ်မြေအဖြစ် ထားရှိရန် အဆိုပြုခဲ့သည်။ ၁၉၄၇ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံက ယင်းအဆိုပြု ချက်ကို အတည်ပြုခဲ့သည်။ ပါလက်စတိုင်းဒေသ၌ ဆူပူလှုပ်ရှားအကြမ်းဖက်မှုများ၊ မင်းမဲ့စနစ်သဏ္ဍာန် လွှမ်းမိုးလာရာ၊ ၁၉၄၈ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ပါလက်စတိုင်းဒေသမှ ဗြိတိသျှတပ်များ ဆုတ်ခွာ၍၊ ဂျူးလူမျိုးတို့က မိမိတို့၏ ဒေသကို လွတ်လပ်သော အစ္စရေးနိုင်ငံ အဖြစ်ကြေငြာခဲ့သည်။



ထိုဒေသတွင် ယာယီအစိုးရဖွဲ့စည်းပြီး ဂျူးခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေဗစ်ဘင်ဂူရီယန့်အား ၀န်ကြီးချုပ်ခန့်အပ်ခဲ့သည်။ ယင်းသို့ ပါလက်စတိုင်းဒေသကို အစ္စရေးနိုင်ငံတည်ထောင်လိုက်ခြင်းကို အမေရိကန်ပြည်ထောင်စု၊ ဆိုဗီယက်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့က အသိအမှတ်ပြုခဲ့ကြသည်။ အာရပ်နိုင်ငံများ အဖွဲ့ချုပ်က လုံဝလက်မခံခဲ့သည့် အပြင်၊ အာရပ်ပြည်ထောင်စု သမ္မတနိုင်ငံ၊ ဂျော်ဒန်၊ ဆီးရီးယား၊ လီဘာနွန်၊ အီရတ် နှင့် ဆော်ဒီအာရေးဘီးယား နိုင်ငံများက ဆန့်ကျင်ဆန္ဒပြကာ အစ္စရေးနိုင်ငံ ကိုဝိုင်းဝန်းတိုက်ခိုက်ကြ သည်အထိ ကန့်ကွက်ခဲ့ကြသည်။ ကမ္ဘာ့ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကောင့်ဘာနာဒေါ့တ်၏ စေ့စပ်ဖြေရှင်းမှုကြောင့် ၁၉၄၈ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြသည်။ ကောင့်ဘာနာဒေါ့တ် လုပ်ကြံခံရ၍၎င်း၏ ရာထူးကို ဆက်ခံသော ရာလ်ဖိဘန့်ခ်ျလက်ထက် ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အစ္စရေးနိုင်ငံက အာရပ်ပြည်ထောင်စု သမ္မတနိုင်ငံအပါ အ၀င် ဂျော်ဒန်၊ လီဘာနွန်၊ ဆီးရီးယား နိုင်ငံများနှင့် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက်ကို ရိတ်နိုင်ငံပိုင် ရုတ်စ်ကျွန်းတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ဤသို့ဖြင့် ဂျူးလူမျိုးများ သည်ကမ္ဘာ့မြေပုံပေါ်တွင် ဂျူးလူမျိုးတို့အတွက် နေရာတစ်နေရာ ရအောင်ကြိုးစား အားထုတ်ခဲ့ကြသည်။


အစ္စရေးသမ္မတနိုင်ငံ

အစ္စရေး သမ္မတနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသ၌ မြောက်လတ္တီတွဒ် ၂၉ ၂၈ ဒီဂရီစင်တီဂရိတ် နှင့် ၃၃ ၁၄ ဒီဂရီစင်တီဂရိတ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၃၄ ၂၅ ဒီဂရီစင်တီဂရိတ် နှင့် ၃၅ ၃၂ ဒီဂရီစင်တီဂရိတ် အကြားတွင်တည်ရှိသည်။ အစ္စရေးနိုင်ငံ မြောက်ဖက်တွင် လီဘာနွန်နိုင်ငံ၊ အရှေ့မြောက်ဖက်တွင် ဆီးရီးယားနိုင်ငံ၊ အရှေ့ဖက်တွင် ဂျော်ဒန်နိုင်ငံ၊ တောင်ဖက်တွင် အက္ကဘာပင်လယ်ကွေ့၊ အနောက်တောင်ဖက်တွင် အာရပ်ပြည်ထောင်စု သမ္မတနိုင်ငံ၊ အနောက်ဖက်တွင် မြေထဲပင်လယ်တို့ဝန်းရံလျက်ရှိသည်။

မြေမျက်နှာပြင် ပထ၀ီအနေအထားအရ အစ္စရေးနိုင်ငံကို လေးပိုင်းခွဲခြားထားသည်။ ၎င်းတို့မှာ-

၁။ တောင်တန်းဒေသ

၂။ ကမ်းခြေလွင်ပြင်ဒေသ

၃။ ကန္တာရဒေသ

၎။ မြစ်ဝှမ်းဒေသ တို့ဖြစ်သည်။

တောင်တန်းဒေသမှာ မြောက်ပိုင်းတွင်ရှိ၍ ဂယ်လီလီ၊ ဂျူဒါနှင့် ဆမာရီရာဒေသများ ပါဝင်ပြီး အချို့နေရာများတွင် ပေ ၄၀၀၀ခန့်မြင့်မားသည်။ ကမ်းခြေလွင်ပြင်ဒေသမှာ အလယ်ပိုင်းတွင်ဖြစ်၍၊ ဂါဇာရေလက်ကြားမှ အက်စ်ဒရေလွန်-လွင်ပြင်အပါအ၀င် အာခ်ရာမြို့မြောက်ပိုင်းအထိ ကျယ်ပြန့်သည်။ သဲကန္တာရဒေသမှာ ဘာရှီဘာမြို့ တောင်ပိုင်းမှ အက္ကဘာ ပင်လယ်ကွေ့အထိ ကျယ်ဝန်းသည့် တရိဂံ ပုံသဏ္ဍာန်ရှိသောနီဂေ့ဒေသဖြစ်သည်။ ဂျော်ဒန်မြစ်ဝှမ်းဒေသတွင် ဟူလာဒေသ၊ တိုင်တီးရီးယပ်စ်ဒေသနှင့် ပင်လယ်သေ အနောက်တောင်စွန်းဒေသများ ပါဝင်သည်။



နိုင်ငံအကျယ်အ၀န်း စတုရန်းမိုင်ပေါင်း (၇၉၉၃) ခန့်ရှိသည်။အစ္စရေးနိုင်ငံသည် ပူအိုက်ခြောက်သွေ့သော ရာသီဥတုနှင့် ဆောင်းရာသီ မိုးရွာသော မြေထဲပင်လယ်ရာသီ ဥတုမျိုးရှိသည်။ တစ်နိုင်ငံလုံးအပူချိန်မှာ ၄၀ ဒီဂရီဖာရင်ဟိုက်မှ ၁၀၀ ဒီဂရီ ဖာရင်ဟိုက်အတွင်း ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အောက် ချိုင့်ဝှမ်းဒေသများတွင် အပူရှိန်လွန်စွာ ပြင်းထန်ပြီး ၁၀၀ ဒီဂရီ ဖာရင်ဟိုက်ကျော်သည်။ မိုးရေချိန်မှာ ဒေသတစ်ခုနှင့် တစ်ခု လွန်စွာကွာခြားသည်။ မြောက်ပိုင်းရှိ ဂယ်လီလီ အထက်ပိုင်းတွင် နှစ်စဉ်ပျှမ်းမျှ မိုးရေချိန် လက်မ ၄၀ ကျော်ရွာသွန်းသည်။ တောင်ဖက်စွန်းရှိ အီလတ်မြို့တွင် ၄ လက်မခန့်သာရွာသွန်းသည်။ ဆောင်းရာသီတွင် ဂျေရုစလင်မြို့၌ ဆီးနှင်းများလက်မပေါင်းများစွာ ထူထပ်အောင် ကျဆင်းသည်။ ဂယ်လီလီ ထက်ပိုင်းတွင်မူ ပေပေါင်းများစွာထူထပ်အောင်ကျဆင်းသည်။

အစ္စရေးမြို့တော်မှာ တဲလ်အဗစ် ဖြစ်သည်။ ထင်ရှားသောမြို့ကြီးများမှာ ဟိုင်ဖာ၊ ဂျေရုစလင်၊ ဘာရှီဘာ၊ အက်ရှ်ဒေါ့ဒ်၊ အက်ရှ်ကလွန် နှင့် လော့ဒ်မြို့တို့ဖြစ်သည်။ မော်တော်ကားလမ်းမှာ မိုင်ပေါင်း (၂၅၀၀) ခန့်ရှိသည်။ အီလတ်မြု့မှ ဟိုင်ဖာမြို့ထိ ဖောက်လုပ်ထားသော လမ်းမကြီးသည် ပင်လယ်နီ နှင့် မြေထဲပင်လယ်ကို ဆက်သွယ်ထား၍ အစ္စရေးနိုင်ငံ၏ စူးအက်တူးမြောင်းဟု တွင်သည်။ မီးရထားလမ်းမှာ မိုင်ပေါင်း (၄၅၄) မိုင်မျှ ရှိသည်။ ရေကြောင်းလမ်းမှာ အဓိက သင်္ဘောဆိပ်သုံးခု ရှိသည်။ ခေတ်မီ၍ အကြီးကျယ်ဆုံးသော ဆိပ်ကမ်းမှာ ဟိုင်ဖာသင်္ဘောဆိပ်ဖြစ်သည်။ဇင်းမ် ရေကြောင်းကုမ္ပဏီ သည် အစ္စရေးနိုင်ငံ၏ အကြီးဆုံးသော သင်္ဘောဆိပ်ကုမ္ပဏီဖြစ်သည်။ ကုန်သွယ်သင်္ဘောများကို အစဉ်တိုးချဲ့လျက်ရှိသည်။ ၁၉၆၅ ခုနှစ်တွင်စတင် အသုံးပြုခဲ့သော အက်ရှ်ဒေါ့ဒ်သင်္ဘောဆိပ်သည် နီဂေ့ဒေသမှ ထွက်သော တွင်းထွက်ပစ္စည်းများကို တင်ပို့ရာ သင်္ဘောဆိပ်လည်း ဖြစ်သည်။ တတိယသင်္ဘောဆိပ်မှာ အစ္စရေးနိုင်ငံ တောင်ဖက်စွန်းရှိ အီလတ်မြို့တွင်တည်ရှိ၍ အာရှ၊ အာဖရီက နိုင်ငံများနှင့် ကုန်သွယ်သည့်သင်္ဘောဆိပ် ဖြစ်သည်။

အစ္စရေးနိုင်ငံ၏ ပြည်ပလေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို အဲလ်အဲလ် လေကြောင်းကုမ္ပဏီက ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ လေကြောင်းကုမ္ပဏီ(၁၄) ခုနှင့်ဆက်သွယ်ထားသည်။ တဲလ်အဗစ်မြို့အနီးရှိ လော့ဒ်မြို့တွင် နိုင်ငံတကာလေဆိပ် ရှိသည်။ ပြည်တွင်းလေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို အဲလ်အဲလ်လေကြောင်း ကုမ္ပဏီ၏ ဌာနခွဲဖြစ်သော အာကီယာက ဆောင်ရွက်သည်။ ပြည်တွင်းလေဆိပ်များမှာ ဟိုင်ဖာ၊ ဂျေရုစလင်၊ ဂယ်လီလီ၊ ဟာဇ်လီယာ၊ မဆာဒါနှင့် အီလတ်တို့ဖြစ်သည်။

အစ္စရေး လူဦးရေ သုံးသန်း အနက် ၈၉ ရာခိုင်နှုန်းသည် ဂျူးလူမျိုးများဖြစ်သည်။ ကျန်လူဦးရေမှာ အာရပ်လူမျိုးများ ဖြစ်သည်။ ဟီဘရူး နှင့်အာရပ်ဘာသာစကားတို့သည် တရားဝင်ရုံးသုံး ဘာသာစကားများဖြစ်သည်။ အင်္ဂလိပ်ဘာသာစကား ကိုစီးပွားရေးရာ ကိစ္စများတွင် အသုံးပြုသည်။ ကိုးကွယ်သော ဘာသာမှာ ရဟူဒီ ဘာသာ၊ အစ္စလာမ် ဘာသာနှင့် ခရစ်ယာန်ဘာသာတို့ ဖြစ်သည်။

လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင်ရရှိပြီး ၊ ၁၉၄၉ ခုနှစ်၊ မေလ ၁၁ရက်နေ့တွင် ကုလသမဂ္ဂ၀င်နိုင်ငံဖြစ်လာသည်။ ၎င်းတို့အလံမှာ အဖြူခံပေါ်တွင် အလျားလိုက် အပြာစင်းနှစ်ခု အထက်အောက်ပါရှိပြီး အလယ်တွင် ဒေးဗစ်ဘုရင်၏ တံဆိပ်ဖြစ်သော ထောင့်ခြောက်ခုပါ ကြယ်ပွင့်ပါရှိသည်။ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများ ပညာရေး ရန်ပုံငွေ အဖွဲ့ နှင့် ကုလသမဂ္ဂငြိမ်းချမ်းရေး ကွပ်ကဲကြီးကြပ်ရေး အဖွဲ့များထားရှိကာ နိုင်ငံတာကာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ထားသည်။



စီးပွားရေး

အစ္စရေးနိုင်ငံ၏ စီးပွားရေးမှာ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်တို့ ပေါင်းစပ်ရောနှောလျက် ရှိသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဖြင့်လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းများလည်း ရှိသည်။ ပြည်တွင်း အဓိက စီးပွားရေးလုပ်ငန်းမှာ သတ္တုတူးဖော်ရေး လုပ်ငန်းဖြစ်သည်။ ကမ္ဘာအနှံ့အပြားရှိ ဂျူးလူမျိုးအဖွဲ့များက ငွေကြေးလက်ဆောင်ပေးခြင်းဖြင့်၎င်း၊ အစ္စရေးအစိုးရထံမှ စာချုပ်များ ကိုဝယ်ယူခြင်းအားဖြင့် ၎င်းအစ္စရေးနိုင်ငံ၏ စီးပွားရေးကို ကူညီထောက်ပံ့ကြသည်။ အမေရိကန်ပြည်ထောင်စုမှ ထောက်ပံ့ငွေနှင့် ကုလသမဂ္ဂ အတတ်ပညာဆိုင်ရာ ထောက်ပံ့မှုများကိုလည်း ရရှိခဲ့သည်။ အစ္စရေးပေါင်ငွေကို ငွေကြေးအဖြစ် အသုံးပြုသည်။

၁၉၇၀ ပြည့်နှစ်၊ ကုလသမဂ္ဂခန့်မှန်းခြေစာရင်း အရ တမျိးသားလုံး၏ ကုန်ထုတ်လုပ်မှု တန်ဖိုးစုစုပေါင်းမှာ အစ္စရေးပေါင် ၁၈၉၀ ကုဋေတန်ဖိုးရှိသည်။သယံဇာတ အဓိကတွင်းထွက် ပစ္စည်းများမှာ ပိုတက်ရှိနှင့် ဘရိုမင်းတို့ဖြစ်သည်။ ထို့ပြင် ရေနံ ၊စိန်၊ ကြေးနီ၊ ဖော့စ်ဖိတ်၊ မင်းဂနီးစ်၊ သံရိုင်း၊ ဆား၊ သဘာဝဓာတ်ငွေ့၊ လချေးတို့ကိုတူးဖော်ရရှိသည်။ အဓိက စိုက်ပျိုးရေး လုပ်ငန်းမှာ ရှောက်၊ သံပုရာ နှင့် စပျစ်စိုက်ပျိုးရေး တို့ဖြစ်သည်။ သံလွင်၊ ဆေး၊ ဟင်းသီးဟင်းရွက်၊ ငှက်ပျော ၀ါဂွမ်း၊ ကြံ၊ အာလူး၊ မြေပဲတို့ကိုလည်း စီးပွားဖြစ် စိုက်ပျိုးသည်။ စိုက်ပျိုးရေးတွင် ရေသွယ်ယူစိုက်ပျိုးခြင်းနှင့် အခြောက်စိုက်ပျိုးခြင်းဟူ၍ နှစ်မျိုး ဖြစ်သည်။

သိုးနွား ကိုစီးပွားဖြစ်မွေးမြူကြသည်။ သိုးကိုအသားစားရန်အတွက်နှင့် သိုးမွေးအတွက် သီးသန့်မွေးမြူသည်။ မြေထဲပင်လယ်၊ ပင်လယ်နီ နှင့် အတ္တလန္တိတ် သမုဒ္ဒရာတို့တွင် စနစ်တကျ ငါးဖမ်းခြင်းအပြင် ကင်နာရက်အိုင်နှင့် ရေကန်ကြီးများကို တူး၍လည်း ငါးမွေးမြူရေးကို လုပ်ကိုင်ကြသည်။ စိန်၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ စားကုန်သောက်ကုန်များ၊ ဓာတ်သတ္တုပစ္စည်းများ၊ တွင်းထွက်ပစ္စည်းများ၊ စက်မှုလုပ်ငန်းထွက် ကုန်များကို ပြည်ပသို့တင်ပို့သည်။ စက်မှုလုပ်ငန်းဆိုင်ရာ ကုန်ကြမ်းများ၊ စက်ပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ စားကုန်သောက်ကုန်များ ၊ စိုက်ပျိုးရေးဆိုင်ရာ ပစ္စည်းများ ၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ ယာဉ်နှင့်ယာဉ်အပိုပစ္စည်းများ၊ သင်္ဘောများ နှင့်လေယာဉ်ပျံများကို ပြည်တွင်းသို့တင်ပို့ တင်သွင်းသည်။

ပညာရေး

အသက် ၅ နှစ်မှ ၁၄ နှစ်အတွင်း ကလေးများအတွက် အခမဲ့ မသင်မနေရ ပညာရေးစနစ် ပြဋ္ဌာန်းထားသည်။ အင်္ဂလိပ်ဘာသာမှာ အဓိကနိုင်ငံခြားဘာသာဖြစ်ပြီး အချို့ကျောင်းများတွင် ပြင်သစ်ဘာသာကိုသင်ကြားသည်။ ဂျူးဘာသာသင်ကျောင်းများတွင် ဟီးဘရူးဘာသာကို သင်ကြားပြီး အာရပ်ဘာသာ သင်ကျောင်းများတွင် အာရပ်ဘာသာကို သင်ကြားစေသည်။ ဟီဘရူးဘာသာ သင်ကျောင်း ၄၉၈၂ ကျောင်း ရှိသလို၊ အာရပ်ဘာသာသင် ကျောင်း ၃၇၄ ကျောင်းခန့်ရှိသည်။ တက္ကသိုလ်များမှာ တဲလ်အဗစ် တက္ကသိုလ်၊ ဂျေရုစလင်တက္ကသိုလ်၊ ရာမတ်ဂန်ဘာအီလန် ဘာသာရေးတက္ကသိုလ်၊ ဟိုင်ဖာစက်မှုတက္ကသိုလ်၊ ရက်ဟိုဗောက်ဝီးဇ်မင်းသိပ္ပံတက္ကသိုလ်တို့ရှိသည်။ ကျောင်းသားများ အတွက်အသက် (၁၄) နှစ်မှစ၍ကျောင်းပိတ်ချိန်တို့ကို အထူးအသုံးပြုခါ စစ်ပညာသင်ကြားစေ သည်။ လက်နက်ကိုင်၍ စစ်ပညာ အခြေခံကို သင်ကြားပြသည်မှလွဲ၍ အခြားသင်ကြား သည်မှာ စကောက်သင်တန်းနှင့် ဆင်တူရိုးမှားများဖြစ်သည်။

ကျန်းမာရေး

ပြည်သူ့ ကျန်းမာရေးအတွက် ကျန်းမာရေး ၀န်ကြီးဌာနက တာဝန်ယူသည်။ ဟစ်စတာဒရုဒ်မြို့တွင် ကူပတ်ဟိုလင် ကျန်းမာရေးအာမခံ ရန်ပုံငွေအသင်းသည် အစ္စရေးနိုင်ငံ၏ အကြီးမားဆုံးသော ကျန်းမာရေး အဖွဲ့အစည်းဖြစ်သည်။ ထိုအဖွဲ့အစည်းက ဆေးရုံများ၊ ဆေးပေးခန်းများ၊ ဆေးဆိုင်များ၊ ဓာတ်ခွဲခန်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့များ နှင့် ဆေးဖက်ဆိုင်ရာ သုတေသနဌာနတို့ကို ဖွင့်လှစ်ထားသည်။

ကာကွယ်ရေး

နိုင်ငံတော် စစ်မှုထမ်း ဥပဒေအရ အသက်၁၈ မှ ၂၆ နှစ်အတွင်း အမျိုးသားတိုင်း ၂နှစ်နှင့် ခြောက်လစစ်မှုထမ်းရပြီး၊ အိမ်ထောင်မပြုသေးသော အမျိုးသမီးတိုင်း ၂ နှစ် စစ်မှုထမ်းရသည်။ အစ္စရေးတပ်မတော်တွင် သုံးမျိုးသုံးစားရှိသည် ……..

၁။ အမြဲတမ်းစစ်တပ်(Regular Army)

တပ်မတော်သားအဖြစ် အမှုထမ်းနေကြသော အင်အားဖြစ်သည်။

၂။ ပြည်သူ့စစ်မှုထမ်း(National Service)

အရွယ်ရောက်သူတိုင်း စစ်ထဲမ၀င်မနေရ ဥပဒေအရ ခေတ္တတာဝန်ထမ်းဆောင် ရသူများဖြစ်ပြီး၊ တာဝန်ပြီးဆုံးချိန်တွင် အမြဲတတမ်းတပ်သို့ ၀င်ရောက်သူများမှ အပ ကျန်သူများ အရပ်သားအဖြစ်သို့ ပြန်ရောက်ကြသည်။

၃။ အရံစစ်တပ်(Reserve Service)

ပြည်သူ့စစ်မှုထမ်းပြီးဆုံးသူများ၊ ၎င်းပြင်ပြည်သူ့စစ်မှုထမ်းအတွက် ခေါ်ယူရန် အသက်ပိုင်းကျော်လွန်ပြီးသူများအားလုံးသည် အရံတပ်စစ်မှုထမ်းများဖြစ်ကြသည်။ ယောင်္ကျား (၄၉) နှစ်၊ မိန်းမ (၃၄) နှစ်ထက် အသက်ကျော်လျှင် စစ်အတွင်းမှလွဲ၍ စစ်မှုထမ်းမခေါ်နိုင်ပေ။

ထိုသုံးမျိုးမှာ အရွယ်ရောက်သော (၁၈) နှစ်မှစ၍ တိုင်းသူပြည်သား ယောင်္ကျား-မိန်းမများ ပါဝင်ကြသည်။ ခလေးများအတွက် (၁၄) နှစ်မှစ၍ ကျောင်းပိတ်ချိန်တို့ကို အထူးအသုံးပြုကာ စစ်ပညာသင်ကြားစေသည်။

အုပ်ချုပ်မှု

လွတ်လပ်သော သမ္မတနိုင်ငံအဖြစ် အုပ်ချုပ်သည်။ နက်ဆက်လွှတ်တော်တွင် နိုင်ငံရေး အာဏာရှိသည်။ လွှတ်တော်သက်တမ်းမှာ လေးနှစ်ဖြစ်ပြီး အဖွဲ့ဝင် ၁၂၀ ကို ပြည်သူလူထုက အချိုးက ကိုယ်စားလှယ်ရွေးချယ်တင်မြှောက်သည့် စနစ်ဖြင့် ရွေးကောက်တင်မြှောက်ရသည်။ ၀န်ကြီးချုပ် နှင့် ၀န်ကြီးအဖွဲ့ပါဝင်သော အစိုးရအဖွဲ့သည် လွှတ်တော်ကို တာဝန်ခံရသည်။ လွှတ်တော်က ရွေးချယ်တင်မြှောက်သော ငါးနှစ်သက်တမ်းရှိ သည့် သမ္မနိုင်ငံ၏ အကြီးအကဲဖြစ်သည်။ အစ္စရေးနိုင်ငံတွင်အက္ခရာတင်ထားသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ သီးခြားမရှိပေ။ ပါလီမန်သည် ဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲပြဋ္ဌာန်း ရန် အဆိုပြုချက်များကို ပယ်ချခဲ့ပြီး သီးခြားဥပဒေများ ပြဋ္ဌာန်းရင်းဖြင့် ဖွဲ့စည်းဖြစ်ပေါ်လာမည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ထားရှိရေးကို မဲပေးဆုံးဖြတ်ကြသည်။

အစ္စရေးကာကွယ်ရေး ၀န်ကြီးဌာနကို အတွင်းဝန်များရုံးနှင့် (General Staff) ရုံးဟူ၍ နှစ်နေရာခွဲထားသည်။ အတွင်းဝန်များရုံးတွင် အရံတပ်စစ်မှုထမ်းများ အမှုထမ်းလျက် ဘဏ္ဍာရေးဌာန၊ လူအင်အားဌာန၊ စစ်လက်နက်ပစ္စည်းဝယ်ယူမှုဌာန၊ စစ်ဘက်စက်မှုလက်မှု ထုတ်လုပ်ရေးဌာန၊ ရှာဖွေစီမံရေးဌာန၊ ထောက်ပံ့ရေးဝယ်ယူမှုဌာန၊ စစ်အုပ်ချုပ်ရေးဌာန၊ လူငယ်ဌာန၊ တရားရေးဌာန စသည်တို့ရှိသည်။ General Staff ရုံးတွင် တပ်မတော်သားများ အမှုထမ်းလျက် စစ်ဦးစီးဌာန၊ စစ်ရေးချုပ်ဌာန၊ စစ်ထောက်ချုပ်ဌာန၊ ထောက်လှမ်းရေးဌာနများ ရှိကြပြီး စစ်ဆင်ရေး၊ ဖွဲ့စည်းရေးတပ်များ၊ အုပ်ချုပ်ရေး ထောက်ပံ့ရေး၊ လေ့ကျင့်ရေးစသည့် ဌာနခွဲများ တပ်အမျိုးအစားလိုက်၍ ခွဲခြားထားရှိသည်။ အတွင်းများရုံး သည်အရပ်သားများ နှင့်တိုက်ရိုက်သက်ဆိုင်ပြီး အရံစစ်မှုထမ်းများ အမှုထမ်းလျက်၊ General Staff မှာ စစ်ဘက်၊ တပ်မတော်ဘက်နှင့် တိုက်ရိုက်ပတ်သက်သော ကာကွယ်ရေးဝန်ကြီး၏ ညွှန်ကြားချက်များကို တာဝန်ယူလုပ်ကိုင်ရသည်။ ထို့အပြင်အချို့ဌာနများဖြစ်သော စစ်လက်နက်ပစ္စည်းဝယ်ယူရေး ဌာန၊ ထောက်ပံ့ရေးဝယ်ယူမှုဌာနနှင့် လူငယ်ဌာနတို့၏ ဌာနမှုးများမှာ ယူနီဖောင်းဝတ် စစ်မှုထမ်းများဖြစ်ကြသည်။




အင်အားနည်းသော်လည်းစွမ်းအားမနည်းပါ

အစ္စရေးတပ်မတော်

သဲကန္တာရ နှင့် ကျောက်မြေများဖြင့်သာ ပြည့်လွှမ်းနေသောတည်နေရာ။ နိုင်ငံအကျယ် အ၀န်းအားဖြင့်စတုရန်းမိုင်ပေါင်း ၈၀၀၀ ခန့်သာရှိသော အစ္စရေးပြည်။ လူဦးရေ ၂ သန်းကျော်မျှဖြင့် ၁၉၄၈ ခုနှစ် ၊မေလတွင် ဗြိတိသျှတို့၏ ပါလက်စတိုင်းပြည် ဘုရင်ဒိတ်ထရီ အုပ်ချုပ်ရေး ရုပ်သိမ်းလိုက်သည့် အချိန်တွင် လွတ်လပ်ရေး ကြေငြာနိုင်ခဲ့သည်။

လွတ်လပ်ရေးမရမီကပင် လွန်ခဲ့သော နှစ်ပေါင်း (၃၀) အတွင်း ဗြိတိသျှတို့၏ ဖိနှိပ်ချုပ်ချယ်မှုများကို တော်လှန်ခဲ့ကြသည်။ ကျွန်ုပ်တို့နိုင်ငံကဲ့သို့ အမျိုးမျိုးသော နိုင်ငံရေးလှုံ့ ဆော်မှုများပြုခဲ့သည်။ နိုင်ငံရေး ပဋိပက္ခများရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ပထမ မဟာမိတ်တပ်များ လက်အောက်ခံဂျူးတပ်ကို ဖျက်သိမ်းလိုက်ရာ၊ ထိုစဉ်က အဆောက်အအုံ ကြီးမားနေပြီဖြစ်သော ဟာဂါနာခေါ် မြေအောက်လွတ်မြောက်ရေးတပ်မတော်သို့ အများအပြား ၀င်ရောက်သွားကြပြီး ဗြိတိသျှတို့အား အနှေင့်အယှက် အမြဲပေးခဲ့သည်။ နောက်ဆုံး အမေရိကန်ပြည်၏ အကူအညီဖြင့် ဂျူးများ၏ လွတ်လပ်သောနိုင်ငံ တည်ဆောက်ရေးကိစ္စကို ဗြိတိသျှတို့က ကုလသမဂ္ဂအရောက် ပို့ပေးရသည် အထိ အောင်မြင်ခဲ့သည်။ သို့ဖြင့် ဗြိတိသျှတို့က ပါလက်စတိုင်းပြည်မှ ထွက်ခွာပေးသွားရသည်။ ယင်းသို့ အစ္စရေးနိုင်ငံတွင် လွတ်လပ်ရေးရရှိအောင် စွမ်းဆောင်ခဲ့သော နိုင်ငံရေး ခေါင်းဆောင်မှာ ဆိုရှယ်လစ်ပါတီ အင်အားစုကြီးမားသော (Histadruth) ခေါ် (General Federations of Labour) အဖွဲ့ချုပ်ကြီး ဖြစ်သည်။ ထိုစဉ်က အစ္စရေးနိုင်ငံတွင် နိုင်ငံရေးပါတီ ပေါင်းစုံ ပါဝင်လျက်ရှိသည်။ မာပိုင်းဆိုရှယ်လစ်ပါတီ၊ ဘာသာရေးပါတီ၊ တိုးတက်ရေးပါတီ၊ ကွန်မြူနစ်ပါတီ စသည်တို့ဖြစ်သည်။ ရွေးကောက်ပွဲတွင်မူ တသီးတခြားစီ ပါတီအမည်ဖြင့် ၀င်ရောက်ကြသည့် လွှတ်တော်၏ အမတ်ဦးရေကို တွက်ချက်ရာတွင် အဖွဲ့ချုပ် အမတ်ဟူ၍ မခေါ်ဆိုပေ။ ဆိုင်ရာပါတီ၏ အမည်ဖြင့်သာ ခေါ်ဆိုရေတွက်သည်။ အလုပ်အမှုဆောင် ကော်မတီတွင်သာ ပါတီအသီးသီးမှ ကိုယ်စားလှယ်များ ထည့်သွင်းထားသည်။

မာပိုင်းဆိုရှယ်လစ်ပါတီသည် အင်အားကြီးမားဆုံးဖြစ်လျက် အဖွဲ့ချုပ်ကြီး၏ ကြိုးကိုင် ပါတီဖြစ်ခဲ့သည်။ အစိုးရအဖွဲ့တွင်ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီး စသည်ဖြင့် လူများစုမှာ မာပိုင်းပါတီမှဖြစ်သည်။ ကျန်ရှိသော ရဲဌာန၀န်ကြီး၊ သာသနာရေးဝန်ကြီး၊ ခရီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး နေရာတို့ကို လူနည်းစုပါတီများက ရရှိကြသည်။ အစ္စရေးပြည်အစိုးရသည် နှစ်ပေါင်းများစွာ နိုင်ငံအရေးကြိုးပမ်းမှုဖြင့် ပြည်သူပြည်သားတို့၏ အဖွဲ့အစည်းများမှအာဏာကိုရရှိ၍ တက်ရောက်လာသော အစိုးရဖြစ်သည်။ ထို့ကြောင့်အများ ပြည်သူတို့၏ ကောင်းစားရေး၊ တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပြည်သူပြည်သားတို့၏ အဖွဲ့အစည်းတို့ဖြင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်လာခဲ့သည်။ ထိုဝါဒမှာ အစ္စရေးတို့အား နိုင်ငံတစ်ခုအဖြစ် ကြေငြာနိုင်အောင် အားပေးအားမြောက်လုပ်ခဲ့သော အမေရိကန်နိုင်ငံတွက် သဘောကျသောဝါဒမဟုတ်ပေ။ အမေရိကန်ပြည်တွင် ဂျူးလူဦးရေ (၆)သန်းမျှရှိရာ အစ္စရေးပြည်၏ လူဦးရေထက်(၃) ဆရှိသည်။ စက်မှုလက်မှု တည်ထောင်ခြင်း တွင် ချမ်းသာသော အမေရိကန်ဂျူးများ၏ အကူအညီမှာ သော့ချက်ကြီးပင်ဖြစ်သည်။ တည်ထောင်ထားသော စက်ရုံကြီးများတွင် ၎င်းဂျူးများ၏ ငွေပင်ငွေရင်း (၄၉) ရာခိုင်နှုန်းပါရှိသည်။ ထိုစဉ်က အမေရိကန်အစိုးရသည် အာရပ်နိုင်ငံများကို စီးပွားရေး၊ စစ်ရေးထောက်ပံ့ခြင်းများ ပြုလုပ်နေသည်ကို အစ္စရေးက အပြင်းအထန်ကန့်ကွက်နေချိန် ဖြစ်သည်။ အာရပ်နိုင်ငံတို့ကလည်း အစ္စရေးပြည်သည် ကွန်မြူနစ်နှင့် နီးစပ်သောဝါဒ ထားရှိသည်ဟု ၀င်ရောက်တိုက်ခိုက်ကြစဉ်က အကြောင်းပြခဲ့ဘူးသည်။ နိုင်ငံပေါးချုပ် အစည်းအဝေးများတွင်လည်း အစ္စရေးတို့က အမေရိကန်ဘက်က အမြဲတမ်းမျက်စိမှိတ် ထောက်ခံသည်မဟုတ်၊ ထို့ကြောင့် အမေရိကန်ခေါင်းဆောင်အတော် များများက ခေါင်းမာသော အစ္စရေးကိုသဘောကျနေသည်မဟုတ်ပေ။

ဟာဂါနာခေါ် မြေအောက် တော်လှန်ရေးတပ်သည် အစ္စရေး ကာကွယ်ရေး တပ် (Israel Defence Army) အဖြစ်သို့ လွတ်လပ်ရေးရသည့် အချိန်မှာပင် ပြောင်းလဲလာသည်။ တော်လှန်ရေးတပ်ကို အခြေခံ၍ တည်ဆောက်ခဲ့ရသော တပ်မတော်တွင် ထိုတော်လှန်ရေးတပ်၏ ခေါင်းဆောင်ခဲ့သူများပင် ဦးစီးခဲ့သည်။ လွတ်လပ်ရေးကြေငြာသည် နှင့်တပြိုင်နက် ဘေးပတ်လည်ဝိုင်းနေသော အာရပ်နိုင်ငံအားလုံးက အစ္စရေးပြည်ကို စစ်ကြေငြာ တိုက်ခိုက်ကြရာ၊ လူဦးနေတသန်းမျှပင် မရှိသေးသော နိုင်ငံသည် သန်းပေါင်း (၄၀) မျှရှိသော အာရပ်နိုင်ငံတို့နှင့် ၁၉၄၈-၄၉ ခုနှစ်များတွင် အတော်ပင်မမျှမတ ခုခံတိုက်ခုက်ခဲ့ရသည်။ ဗြိတိသျှ နှင့်တိုက်ခိုက်ရန် မြေပေါ်မြေအောက် စုဆောင်းထားသော အစ္စရေးတပ်များမှာ လက်နက်အကြီးစားဟူ၍မရှိ၊ ချက်ကိုစလိုဗေးကီးယားမှ ၀ယ်ယူထားသော ရိုင်ဖယ်သေနတ်နှင့် မောတာအချို့သာရှိသည်။ အာရပ်နိုင်ငံများက လက်နက်ကြီး၊ငယ်၊ တင့်ကားများ၊ သံချပ်ကာကားများ လေတပ်များ ပါဝင်သည့် စစ်သည်အင်အား ငါးသောင်းဖြင့် စတင်တိုက်ခိုက်သည်။ တစ်နိုင်ငံအတွင်း တစ်နိုင်ငံအတော်ပင် ၀င်ရောက်မိချိန်တွင် ကုလသမဂ္ဂ၏ စစ်ရပ်စဲရေး ဆုံးဖြတ်ချက်ကြောင့် နှစ်ဦးနှစ်ဘက်သက်သာရာရသွားသည်။ ထိုအချိန်မှစ၍ အစ္စရေးတို့သည် နယ်ခြားလုံခြုံရေးကို အထူးဂရုပြုလျက်ရှိကြသည်။ စစ်တပ်များလည်း နယ်ခြားဒေသများတွင် အလုံးအရင်းဖြင့်ထားရှိလေ့ကျင့်စေခဲ့သည်။

အာရပ်နိုင်ငံတို့ဘက်မှလည်း အစ္စရေးပြည်ကို ဘယ်တော့မှ အသိအမှတ် မပြုဟုကြေငြာထားသည်။ အစ္စရေးတပ်မတော် (Israel Defence Army) မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်များကို နာမည်တစ်ခုတည်းဖြင့်ခေါ်ဆိုထားခြင်းဖြစ်သည်။ လွတ်လပ်ရေးရ သည့်နှစ်မှာပင် ယောင်္ကျားမိန်းမ အရွယ်ရောက်သူတိုင်း စစ်ထဲမ၀င်မနေရ ဥပဒေ (National Service Act) ထုတ်ပြန်၍ တိုင်းသူပြည်သားတိုင်း စစ်မှုထမ်းကြရသည်။ လွတ်လပ်ရေးရသည့် အချိန်မှ (၃) နှစ်အတွင်း လူဦးရေ (၂) ဆမျှဖြစ်လာအောင် နိုင်ငံပေါင်း (၅၀) ကျော်မှ အစုလိုက်အပြုံလိုက် ၀င်ရောက်လာကြသူများကို ညီညွတ်သောလူမျိုး တမျိုးတစားတည်း ဖြစ်အောင် ဖန်တီးခဲ့သည်။ ခိုကိုးရာမဲ့၍၎င်း မျိုးချစ်စိတ်ဖြင့် ၎င်းဝင်ရောက်လာကြသူများကို ဘာသာစကားနှင့် ပြောင်းလဲလာသော နိုင်ငံကိုလိုက်၍ တပ်တည်ထောင်ပေးမိခြင်းမရှိရ လေအောင် ရှောင်ရှားလျက် ဂျူးလူမျိုး ဂျူးနိုင်ငံဟူ၍သဘောတရားဝင်လာအောင် ရောထွေး ထည့်သွင်းပေါင်းသင်းဆက်ဆံမှုကို တသားတည်းဖြစ်စေရန်စီမံထားနိုင်ခဲ့သည်။

စစ်မှုထမ်း အက်ဥပဒေ

အစ္စရေးပြည်သည် ကမ္ဘာအရပ်ရပ်မှ ဒေသဓလေ့ပေါင်းမျိုးစုံဖြင့် ဂျူးလူမျိုးများပြောင်း လာ၍ နိုင်ငံတည်ထောင်ခြင်းဖြစ်သည်။ ထိုနိုင်ငံပေါင်း ၅၄ နိုင်ငံမှပြောင်းလာသည့် လူဦးရေကို ဘာသာစကားတခုတည်း၊ ယဉ်ကျေးမှုတရပ်တည်း အဖြစ်သို့ရောက်အောင် ပြောင်းလဲရေးမှာ လွယ်ကူသော အလုပ်မဟုတ်ပေ။ အခြားတိုင်းတပါးမှ ပြောင်းရွှေ့လာကြခြင်းဖြစ်၍ နိုင်ငံသစ်ကို မိမိ၏မြေ၊ မိမိ၏နိုင်ငံဟူ၍စိတ်တွင် ယုံကြည်မှတ်ယူလာစေရန်မှာလည်း ကာကွယ်ရေးအတွက် အရေးကြီးလှသည်။ ယောင်္ကျားမိန်မး အရွယ်ရောက်သူတိုင်းကို စစ်မှုမထမ်းမနေရဟု စီမံထားချက်သည် တစ်နိုင်ငံလုံးကို စစ်အာဏာနှင့် နိုင်ငံဖြစ်အောင် ဖန်တီးထားခြင်းမဟုတ်။ အဓိကရည်ရွယ်ချက်မှာ_

၁။ လူမျိုးခြား ဘာသာဓလေ့ထုံးတမ်းခြားနားနေသော ဂျူးလူမျိုးများကို တစ်မျိုးတည်း၊

ဓလေ့ထုံးတမ်းတစ်ခုတည်း၊ တစည်းတလုံးတည်း ဖြစ်စေရန်။

၂။ စစ်တပ်၏ စက်ယန္တယားကို အသုံးပြု၍ အခြေခံစစ်ပညာအပြင်၊လယ်ယာစိုက်ပျိုး

ရေး နှင့် စက်မှုလက်မှု အသက်မွေးဝမ်းကြောင်းများကို သင်ကြားတတ်ကျွမ်းစေ လျက်နိုင်ငံထူထောင်ရေးတွင် တိုက်ရိုက်အကျိုးရှိစေရန်။

၃။ အမြဲတမ်းစစ်တပ်ကို အတိအကျ လိုသည်ထက်မကြီးမားစေဘဲ အပြင်တွင် မိမိဘာ

သာလုပ်ကိုင်နေထိုင်သော ပြည်သူလူထုကြီးကို အရံတပ်သားများ အဖြစ်အများဆုံး

ထားရှိခြင်း၊ အလှည့်ကျ အမှုထမ်းစေခြင်းဖြင့် ကာကွယ်ရေးတွင်စရိတ်မကြီးစေဘဲ

ထိရောက်စေရန်။

၎။ စစ်ဘေးကျရောက်ပါက နိုင်ငံတစ်ခုလုံးအုံကြွ၍ ချက်ခြင်းစစ်ပြင်ဆင်မှု ထိရောက်စွာ

ပြုလုပ်နိုင်ရန် ရည်မှန်းထားခြင်းဖြစ်သည်။

စာမတတ်သူပပျောက်ရေး၊ ဂျူးလူမျိုးတို့၏ ရှေးဟောင်းဓလေ့ထုံးတမ်းများ၊ ခေတ်မှီသော ဓလေ့ထုံးတမ်းများ တူညီရေး၊ အသက်မွေးဝမ်းကြောင်းပညာ တတ်မြောက်ကြပြီး နေရာချထားပေးနိုင်ရေး၊ မြို့ပြထူထောင်ရေး၊ အမြဲတမ်းစစ်တပ် အတွက် ကုန်ကျငွေ အပိုမကုန်ခြင်း၊ ကာကွယ်ရေးအတွက် အသင့်ပြင်ဆင်မှုရှိရေးတို့သည် စစ်မှုထမ်းအက်ဥပဒေအရ လက်တွေ့ ကျင့်သုံးထားခြင်းဖြစ်သည်။ အရွယ်ရောက်သူများ အဖို့စည်းကမ်းစနစ်တကျရှိသော နိုင်ငံသူနိုင်ငံသားများ အဖြစ်သို့လည်း ရောက်ကြရသည်။ ပြည်သူ့စစ်မှုထမ်းအတွက် အရွယ်ရောက်သူများကို ခေါ်ယူခြင်း၊ မှတ်ပုံတင်စစ်ဆေးခြင်း၊ တပ်မတော်အတွင်း ရောက်ရှိလာကာ စစ်ပညာအခြေခံ ပြီးဆုံးပြီးနောက်၊ စိုက်ပျိုးရေးများမှ စ၍ စိုက်ပျိုးရေးပညာ၊ မွေးမြူရေးပညာ၊ ပန်းဘဲပန်းပုပညာ၊ လျှပ်စစ်ပညာ၊ စက်မှုပညာ၊ လမ်းဖောက်လုပ်ခြင်း၊ သစ်တောပညာ၊ ဓာတ်သတ္တုပညာ၊ လူမှုရေးနှင့် ကျန်းမာရေးပညာ၊ အချက်ပြဆက်သွယ်ရေးပညာ၊ အ၀တ်အထည် ထုတ်လုပ်ရေး ပညာ စသည်ဖြင့်မြို့ပြဘက် ဌာနများမှ တာဝန်အရပ်ရပ်တို့ကိုလက်ခံသင်ကြားပေးပြီး ဆိုင်ရာဌာနဒေသများတွင် အစုလိုက် အပြုံလိုက်နေရာချထားပေးနိုင်ခဲ့သည်။

စစ်မှုထမ်းသက်မှာ ယောင်္ကျား အသက် ၁၀နှစ်မှ ၄၉ နှစ်အထိ၊ မိန်းမ အသက် ၁၈ နှစ်မှ ၃၄ နှစ်အထိ ဖြစ်သည်။ ၁၈ နှစ်မှ ၂၆ နှစ်အထိ ယောင်္ကျားများသည် ၂ နှစ်ခွဲ၊ ၂၇ နှစ်မှစ၍ ၂၉ နှစ်အထိမှာ ၂ နှစ်အမှုထမ်းရသည်။ အရံတပ်အတွက် အသက် ၁၈ နှစ်မှ ၃၉ နှစ် အထိ တစ်နှစ်လျှင် ၃၂ ရက်၊ အသက် ၄၀ မှ ၄၉ နှစ်အထိ တစ်နှစ်လျှင် ၁၄ ရက်အမှုထမ်းရ သည်။ မိန်းမများအတွက် ၁၈ နှစ်မှ ၂၆ နှစ်အထိအတွင်း ၂ နှစ်အမှုထမ်းရပြီး၊ အရံတပ်အတွက် ၁၈ နှစ်မှ ၃၄ နှစ် အထိ တစ်နှစ်တွင် ၃၁ ရက်မျှထမ်းဆောင်ရသည်။

အစ္စရေးနိုင်ငံ၏ စစ်ပြင်ဆင်မှု

အစ္စရေးပြည်၏ စစ်ပြင်ဆင်မှု စီမံကိန်းသည် ဂျာမနီ၏ အလွန်လျင်မြန်သော နည်းစနစ်နှင့် အမေရိကန်၏ စနစ်ဇယားကျနပုံကိုပူးပေါင်း၍ စီမံထားချက်ဖြစ်ပြီး အင်အားကြီး မားသော ရန်သူများဖြင့် ရင်ဆိုင်ရန် အကြောင်းရှိသည့် နိုင်ငံငယ်တစ်ခုအဖို့အသင့်တော်ဆုံး ဖြစ်သည်ဟု ဆိုစမှတ်ရှိသည်။ အမြဲတမ်းတပ်မှာ နိုင်ငံ၏ဘဏ္ဍာရေး၊ စီးပွားရေးအခြေအနေအရ အင်အားကြီးမားနိုင်သည် မဟုတ်သဖြင့် စစ်ပြင်ဆင်မှု စီမံကိန်းသည် အရံတပ်၏ ထိန်းသိမ်းစီမံထားပုံကို အထူဂရုပြုရမည်ဖြစ်သည်။ စစ်အခြေအနေကြုံလျှင် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့တွင် အမြဲတမ်းစစ်သည်များထက် အရံစစ်သည်များက ပိုမို၍လာမည် ဖြစ်သဖြင့် ကောင်းစွာလေ့ကျင့်ပြီးသော အရံစစ်သည်မည်မျှရှိသည်ကို ထည့်သွားတွက်ချက် ရသည်။ အစ္စရေးနိုင်ငံသည် အရံတပ်၏ အင်အားကိုပြည်သူ့စစ်မှုထမ်း အက်ဥပဒေဖြင့် လက်တွေ့တည်ဆောက်လျက်ရှိသည်။ ပြည်သူ့စစ်မှုထမ်းသက်စေ့ရောက်သူတိုင်း အရံတပ် အင်အားသို့ ပြောင်းလွှဲပို့အပ်ခြင်း ခံရလျက် အောက်ပါမူများဖြင့်ဖွဲ့စည်းထားသည်။

၁။ အရံတပ်ဖွဲ့စည်းပုံမှာ ဒေသအလိုက် ဖြစ်သည်။ မည်သည့် နယ်ဘက်မှ တိုက်ခိုက်

လာသည်ဖြစ်စေ၊ အမြဲတမ်းတပ်ကကျေးရွာများရှိ နယ်သူနယ်သားအရံတပ်စစ်မှု

ထမ်းတို့ကို ချက်ချင်းလက်နက်တပ်ဆင်နိုင်ပြီး စစ်ကူအင်အားမရောက်လာမီ ရန်သူ

ကိုထိန်းထားနိုင်ရန် ရည်ရွယ်သည်။

၂။ အမြဲတမ်း တပ်များကို အပြင်းအထန်လေ့ကျင့်ပေးရမည်။ အရေးကြုံ၍ အရံတပ်များ

ကိုဆင့်ခေါ်လိုက်သည့်အခါ အမြဲတမ်းတပ်စစ်သည်များသည် ငြိမ်းချမ်းသော အခါ

ထမ်းရွက်ရသော တာဝန်ထက် တဆင့်သို့မဟုတ် ထိုထက်ပိုမို၍မြင့်သော တာဝန်

ကိုထမ်းရွက်နိုင်ရမည်ဖြစ်သည်။ အဆပေါင်းများစွာ ပိုမိုကြီးမားလာသောတပ်မ

တော်တွင် သော့ချက်ဖြစ်သော အရာရှိ အရာခံ နေရာများကို ဖြည့်တင်းနိုင်အောင်

လေ့ကျင့်ထားပြီးဖြစ်ရမည်။

၃။ အရံတပ်စစ်မှုထမ်းများအား အလျင်မြန်ဆုံး ဆင့်ခေါ်စုရုံးပြီး သတ်မှတ်ထားသော

မြို့ပြကျေးရွာမှ အရံတပ်စစ်မှုထမ်းတို့အား မည်သို့ဆင့်ခေါ်မည်၊ မည်သို့စုရုံးမည်

ကိုကြိုတင်၍ တာဝန်ပေးအပ်ခြင်း ဟောပြောထားခြင်းများရှိရမည်။ စစ်ပြင်ဆင်မှု

လမ်းခရီးနေရာ ဒေသများကို တာဝန်ရှိသူတိုင်းသာ သိရှိထားကြရမည်။

၎။ လက်နက်ခဲယမ်း မီးကျောက်နှင့် အစားအသောက် အ၀တ်တန်ဆာတို့ကို အလျင်

အမြန်ဆုံးနည်းဖြင့် ဖြန့်ဖြူးပေးခြင်း၊ ကြီးမားသော စစ်ပစ္စည်းသိုလှောင်ရေးဌာနများ

တွင်သာ မဟုတ်။ တပ်ရင်း၊ တပ်မဟာ နယ်များအတွင်း၌လည်း အရံတပ်အင်အား

အလိုက် ရန်သူ၏ ပထမ တိုက်ခိုက်ခြင်းကို ခံနိုင်အောင်ထားရှိရမည်။

စစ်ပြင်ဆင်မှု အတွက်ဆင့်ခေါ်သည်နှင့်တပြိုင်နက် အရာရာတွင်စည်းကမ်းစနစ်ရှိ စေရန်ထက် လျင်မြန်စွာ ရန်သူနှင့်ရင်ဆိုင်နိုင်သော အခြေသို့ ရောက်ရှိခြင်းကို ပို၍ ဦးစားပေးရမည်ဟုအားဖြင့်ထားရှိသည်။ ရန်သူနှင့် ရင်ဆိုင်ရောက်ရှိပြီးမှ လိုသောပစ္စည်း၊ လိုသောရိက္ခာ၊ လိုသောလူအင်အားကို နောက်ပိုင်းမှ စီစဉ်ပေးမည်ဟု ဆိုလိုသည်။ ဆင့်ခေါ်ရာတွင်လျှို့ဝှက်ဆင့်ခေါ်နည်း၊ ကြေငြာ၍ ခေါ်ယူနည်းဟု နှစ်မျိုးထားရှိသည်။ မည်သည့်နည်းနှင့် မဆို ထိထိရောက်ရောက်ရှိရန် ကြိုတင်သင်ကြားဟောပြောထားသည်။ လျှို့ဝှက်သောခေါ်ယူနည်းမှာ တပ်များကို တခုစီစကားဝှက်ဖြင့် အမည်ပေးထားပြီး ၎င်းစကားဝှက်ဖြင့် သတ်မှတ်ထားသော ပုံစံများဖြင့် ရေးသား၍ကျေးရွာတာဝန်ခံများမှ တဆင့်တိတ်တဆိတ် လူကိုယ်တိုင်အရောက် လှည့်လည်ပေးပို့ခြင်းဖြစ်သည်။ ဗြောင်ဆင့်ခေါ်ရာတွင် ရေဒီယိုမှ၊ သတင်းစာများမှ တပ်၏ နံပါတ်များကို အသုံးပြု၍ စစ်ပြင်ဆင်မှုပြုလုပ်သည်။ လျှို့ဝှက်ခေါ်ယူနည်းတွင် ကြိုတင်စီစဉ်ထားသည့် အတိုင်း တပ်မဟာရုံးမှ တပ်ရင်းတာဝန်ခံများသို့ ၊တပ်ရင်းတာဝန်ခံတပ်ခွဲ တာဝန်ခံများသို့ တဆင့်ပြီးတဆင့် ကိုယ်တိုင်ကိုယ်ကျ လိုက်လံဆင့်ခေါ်ရသည်။ လူတစ်ဦးက ဆယ်ဦးသို့ အကြောင်းကြား၊ ၎င်းဆယ်ဦးက နောက်ထပ်ဆယ်ဦးစီထပ်မံအကြောင်းကြားစသည်ဖြင့် ချက်ချင်းပြန့်ပွားသွားကာအရံတပ်စစ်မှုထမ်းတိုင်းသို့ ရောက်သွားနည်းဖြစ်သည်။ ကြိုတင် သတ်မှတ်ထားသည့်အတိုင်းပင် ချက်ချင်း ဆင့်ခေါ်ရမည့် မော်တော်ယာဉ်များကိုလည်း လူများနှင့် အတူပင် ဆင့်ခေါ်၍ ကျေးရွာမြို့ပြမှ အရံတပ်စစ်မှုထမ်းများထိ သယ်ယူပို့ဆောင်ရေး ပစ္စည်းများ ရွှေ့ပြောင်းရေးတို့တွင် ပါဝင်ကြရသည်။

စစ်ပြင်ဆင်မှု အမိန့်ရရှိပြီးနောက် ၆ နာရီအတွင်း စစ်လက်နက်ပစ္စည်းများကို တပ်ခွဲများစုရုံးရာ နေရာများသို့ ယူဆောင်သွားကြမည့် လူများ ၊ယာဉ်များရောက်ရှိလာသည်။ ရေတွက်ရမည့်ပစ္စည်းများကို ရေတွက်ခြင်း၊ စစ်ဆေးပေးခြင်းမှာ ၁၂ နာရီမျှကြာလျက် တပ်ခွဲတစ်ခု၏ လက်နက်စစ်ဝတ်တန်ဆာနှင့် ချက်ပြုတ်ရန် အိုးခွက်အထိ ၃ တန်ကားများပေါ်သို့ တင်ပြီးရန် မိနစ် ၃၀ ကုန်သည်။ အရံတပ် စစ်မှုထမ်းများအတွက် မိမိ၏ မြို့ပြကျေးရွာများမှ ထွက်ခွာ၍ သတ်မှတ်ထားသည့် စုရုံးရမည့် နေရာများသို့ သွားရာလမ်းများ၊ ပစ္စည်းများ သယ်ယူလာရမည့်လမ်းများမှာ စစ်ပြင်ဆင်မှု အမိန့်ထုတ်ပြန်လိုက်သော အချိန်မှပင်စ၍ စစ်ဘက်မှ ထိန်သိမ်းထားနေပြီးဖြစ်သည်။ ရှေးဦးစွာ လူများသည် အနီးဆုံးမြို့တွင် စုဝေးလာရောက်ကြရပြီး ထိုနေရာမှ အသင့်စောင့်နေသော ကားများဖြင့် လက်နက်တပ်ဆင်ရန် စုရုံးရာနေရာ အသီးသီးသို့ သွားရောက်ကြရသည်။ ၆ မိုင်ထက်မဝေး လျှင်ခြေလျင်သွားရသည်။


စစ်တို့ရဲ့နောက်ဆုံး


၁၉၄၈ ခုနှစ် ဂျေရုစလင်မြို့ဟောင်းတိုက်ပွဲ၊ ၁၉၆၇ ခုနှစ် အစ္စရေး နှင့် အာရပ်ကမ္ဘာ(၆) ရက်ကြာစစ်ပွဲ၊ ၁၉၇၃ ခုနှစ် မကြေလည်မှုများရဲ့တုန့်ပြန်မှု စသောတိုက်ပွဲများအကြား အစ္စရေး နှင့် အာရပ်နိုင်ငံများသည် တစ်ဖက်နှင့်တစ်ဖက် ပြင်းထန်စွာ အပြန်အလှန်ကျူးကျော် တိုက်ခိုက်ခဲ့ကြလေသည်။ ထိုတိုက်ပွဲများကြောင့် အနောက်အာရှလည်း စစ်တလင်းမြေဖြစ် ခဲ့ရသလို ထိုနိုင်ငံနှင့် ပတ်ဝန်းကျင်နိုင်ငံများလည်း အများအပြား ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ခဲ့ ရလေသည်။ ထိုစစ်ပွဲများအတွင် ကုလသမဂ္ဂ၏ ကြားဝင်စေ့စပ်ဖြေရှင်းပေးမှု များကြောင့်သာ ထိုနိုင်ငံများအကြား ငြိမ်းချမ်းရေး သဘောတူစာချုပ်ချုပ်ဆိုကာ စစ်ပွဲများကိုချုပ်ငြိမ်းစေခဲ့ရ လေသည်။ သို့သော်လည်း ယနေ့ထက်တိုင် ထိုနိုင်ငံများအကြား သွေးတိုးစမ်းမှုများ၊ ရန်စစော်ကားမှုများကား မကြာခဏဆိုသလို ဖြစ်ပေါ်လျက်ရှိနေပေသေးသည်။

ကမ္ဘာပေါ်တွင် ဖြစ်ပေါ်ခဲ့သောစစ်ပွဲများကို ကြည့်လျှင် စစ်အောင်နိုင်သူရော၊ စစ်ရှုံးနိမ့် သူများအတွက်ပါ ဆုံးရှုံးမှုများ၊ ထိခိုက်ကျဆုံးမှုများ၊ ၀မ်းနည်းကြေကွဲစရာ ကောင်းသော ရလဒ် များကို အနည်းနှင့်အများ စစ်အတွင်းပါဝင်ဆင်နွှဲသော နိုင်ငံတိုင်းရရှိခံစားရမည်ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမှု လောကကြီးက အရာရာကိုအဖက်ဖက် မှပြီးပြည့်စုံအောင် ဖန်တီးထားသည် ဆိုသည့်အတိုင်း လောကအတွက် အကျိုးရှိအောင်၊ လောကကြီးလှပအောင် အလှဆင်သူများ အများအပြားရှိသလို၊ လောကကြီးအတွက် အကျိုးယုတ်အောင်၊ အကြီးတန်ယုတ်ဆိုးအောင် ဖျက်ဆီးသူများကလည်း ရှိနေမည်သာဖြစ်ပေသည်။ ထို့ကြောင့်ကျွန်ုပ်တို့ နိုင်ငံနှင့် လူမျိုးများ အနေဖြင့်လည်း ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ကိုမည်သည့် နိုင်ငံကမျှ မစော်ကား၊ မကျူးကျော်နိုင်အောင် စည်းလုံးညီညွတ်စွာ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များဖြင့် ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင် ကြိုးစားအားထုတ်နေထိုင်သွားကြရန် လိုအပ်ပေသည်။




နောက်ဆုံးသုတ

ကျွန်တော်တို့ အနေဖြင့်အစ္စရေးနိုင်ငံအကြောင်းအား ဖတ်ရှုလေ့လာခြင်းဖြင့် အစ္စရေးလူမျိုးတို့ အနေဖြင့် ကမ္ဘာပေါ်တွင် အစ္စရေးဟူသော နိုင်ငံတစ်နိုင်ငံ ပေါ်ပေါက်လာအောင် ခက်ခဲပင်ပန်းစွာ ကြိုးစားအားထုတ်၍ ရပ်တည်ခဲ့ရကြောင်းကိုတွေ့မြင် နိုင်ပေသည်။ အစ္စရေးလူမျိုးတို့ အနေဖြင့် နိုင်ငံမဲ့ လူမျိုး ဘ၀မှ ယခုအခါ ကမ္ဘာပေါ်တွင် ရန်သူများအကြား၌ တည်ရှိနေသော နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ခိုင်ခံ့တည်တံ့စွာ မားမားမတ်မတ် ရပ်တည်နိုင်နေခြင်းမှာ အစ္စရေး လူမျိုးတို့၏မျိုးချစ်စိတ်ဓာတ် ၊ နိုင်ငံချစ်စိတ်ဓာတ် နှင့် အစ္စရေးလူမျိုးခေါ် ဂျူးလူမျိုးတို့၏ စည်းလုံးညီညွတ်မှုရှိခြင်းကြောင့် ဖြစ်ကြောင်းတွေ့ရှိရမည်ဖြစ်ပါသည်။ ဤထဲတွင် ဂျူးလူမျိုးတို့ စည်းလုံးညီညွတ်မှုရှိနေခြင်းမှာ အဘယ်ကြောင့်နည်း…… ဂျူးတို့ အနေဖြင့် နိုင်ငံမဲ့ လူမျိုးများဖြစ်ခဲ့ခြင်း၊ ပါလက်စတိုင်း ဒေသမှ မောင်းထုတ်ခံခဲ့ရခြင်း၊ စစ်အာဏာရှင် ဟစ်တလာလက်ထက် ဂျူးများကို လူမျိုးတုန်း သက်ဖြတ်မှုများပြုလုပ်ခဲ့ခြင်း၊ အစ္စရေးနိုင်ငံ အနေဖြင့် ရန်သူ့နိုင်ငံများ အကြားတွင်တည် ရှိနေခြင်း၊ အစ္စရေးနိုင်ငံ ကမ္ဘာမြေပုံပေါ်မှ ထပ်မံပျောက်ကွယ်သွားမည်ကိုစိုးရိမ်ပူပန်ခြင်း စသည့်အကြောင်းများကြောင့် ဂျုးလူမျိုးတို့၏စိတ်ထဲတွင် ရိုက်ထည့်စရာ မလိုပဲ ငါတို့ စည်းလုံးမှ ဖြစ်မည်ဟူသော စိတ်သည် ဂျူးလူမျိုးတို့၏ စိတ်တွင်စူးနစ်စွဲထင်နေခြင်းဖြစ် ပေသည်။ သို့ကြောင့်လည်း ဂျူးလူမျိုးများ သည်လွတ်ရေး ရပြီးသည်မှစ၍ ကမ္ဘာပေါ်တွင် အစ္စရေးဟူသောနိုင်ငံ ခိုင်ခံ့စွာတည်ရှိနေရေးအတွက် အဘက်ဘက်မှ ကြိုးစားအားထုတ်ခဲ့ကြ သဖြင့် ယခုအခါတွင် အစ္စရေးဟူသော နိုင်ငံသည် ကမ္ဘာပေါ်တွင် ရန်သူ့များ အလယ်၌တည်ရှိ နေသော်ငြားလည်း ကမ္ဘာနိုင်ငံများက လေးစားရလောက်သော နိုင်ငံတစ်နိုင်ငံအဖြစ်မားမား မတ်မတ်ရပ်တည်နိုင်နေပြီဖြစ်ပေသည်။

ကျွန်တော်တို့ နိုင်ငံအနေဖြင့် လည်းအစ္စရေးနိုင်ငံနှင့် အစ္စရေးလူမျိုးတို့၏ စိတ်ဓာတ် နှင့် စည်းလုံးညီညွတ်မှုတို့ကို အတုယူ၍ ကြိုးစားအားထုတ်သင့်ကြောင်းတင်ပြလိုက်ရပါသည်။

ကျမ်းကိုးစာရင်း…

• ကမ္ဘာ့သမိုင်း၏ မှတ်တမ်းများ………

• အာရပ်-အစ္စရေးတို့၏ ကမ္ဘာ့ကျော်အရေးအခင်းများ……..

• အာရပ်-အစ္စရေး(၆)ရက်ကြာစစ်ပွဲ…….

• http://en.wikipedia.org/wiki/Israel

• http://en.wikipedia.org/wiki/History_of_Israel

Wednesday, September 8, 2010

ဗုဒ္ဓသရီရမြတ်အံတော်



ဗုဒ္ဓသရီရမြတ်အံတော်




ဗုဒ္ဓသရီရမြတ်အံတော်သည် သိရိလင်္ကလာနိုင်ငံတွင် မူလကိန်းဝပ်စံပါယ်တော်မူခဲ့ပါသည်။ ၁၅၂၅ ခုနှစ်တွင် သံတွဲမြို့မှ သာသနာပိုင် ဆရာတော်ကြီး ဦးတေဇောသာရနှင့် မြောက်ဦးမြို့မှ မြတန်ဆောင်း ဆရာတော်ကြီးဓမ္မ၀ိသာလတို့အမှူးပြုသည့် သံဃာတော် အပါး(၄၀)တို့သည် သိရိလင်္ကာနိုင်ငံမှ သာသနာပြုပြီးအပြန် ဓမ္မိကသျှင်ရသေ့တစ်ဦးတည်ထားခဲ့သည့် ၀နဘယ တောင်ပေါ်ရှိ ပြိုပျက်နေသည့်စေတီဟောင်းမှ ရောင်ခြည်တော်ကွန်မြူးနေသည့် အံတော်ဓာတ်ကို ဖူးတွေ့ရသဖြင့် ပင့်ဆောင်ယူလာခဲ့ပြီး သံတွဲမြို့စား ဘာစောသိရီ(မင်းဗာကြီး)အားအပ်နှင်းခဲ့ပါသည်။


သံတွဲမြို့ရှိ ရွှေအံတော်စေတီ
ဘုရင်ကြီးသည် သံတွဲမြို့ပေါ်ရှိ ၀ါသုရတောင်ပေါ်၌ အံတော်မြတ်ကို ဌာပနာတည်၌ စေတီတစ်ဆူကိုးကွယ် ခဲ့သည်။ သံတွဲမြို့တွင် ယခုတိုင် အံတော်မြတ်စေတီ ဟုထင်ရှားနေပါသည်။ ဘစောသိရိသည် မြောက်ဦးရွှေမြို့တော်၌ ဘုရင်ဖြစ်လာသည့်အခါ ၀ါသုရတောင်ပေါ်တွင် တည်ထားခဲ့သည့် ဗုဒ္ဓအံတော်မြတ်ကိုပင့်ဆောင်တော်မူပြီး ထိုနေရာဟောင်းတွင် အံတော်ပွားတစ်ဆူဌာပနာထည်၍ ပြန်လည် တည်ထားတော်မူလေသည်။ မင်းရာဇာဘုရင်ကြီးလက်ထက် (၁၅၉၃-၁၆၁၂)ခုနှစ်တွင် အံတော်သိမ်မှ ပုထိုးတော်ကြီးကို တည်ဆောက်ခဲ့ရာတွင် ဤအံတော်ဓာတ်ကို ဌာနပပြု၍ တည်ထားခဲ့လေသည်။ မသမာသူတို့ ခိုးယူမှုကြောင့် အံတော်ပါသွားသည့်အဖြစ်နှင့် ကြုံတွေ့ရသဖြင့် မူလပုထိုးတော်၌ မထားတော့ပဲ ဘုရားပေါ်ကျော်းဟောင်း(စိုင်ပြင်ကျောင်း) ဆရာကြီးထံ အပ်နှံပြီး ပူဇော်ခဲ့ကြပေသည်။

ထိုမှတဆင့်ဘုံကျောင်း (လောကမာရ်အောင်)သို့ ဒေသစာရီကြွရောက်ပြိး ညောင်ပင်ဈေးကျောင်းတိုက် ဟောင်းရှိ ဂန္ဓကုဋီတိုက်တွင် (၄၂)နှစ်တိုင်တိုင် ကိန်းဝပ်စံပ္ပါယ်တော်မူခဲ့လေသည်။
(၂) နှစ်တစ်ကြိမ် အံတော်ဓာတ်ကို ပင့်ဆောင်ပူဇော်ပွဲများပြုလုပ်စဉ် ၁၂၆၃ ခုနှစ်တွင် ပင့်ဆောင်ပူဇော်လာဉ် ညောင်ပင်ဈေးတံတားအရောက်တွင် တံတားကျိုးကျသွားသဖြင့် ပင့်ဆောင်လာသည့် ဝေါယဉ်နှင့်အတူ အံတော်ဓာတ်မှာ ရေထဲသို့ ကျဆင်းသွားခဲ့ပေသည်။ နည်းမျိုးစုံဖြင့် ရှာဖွေသော်လည်း မတွေ့ရှိကြပေ။ တောင်ရပ်အုပ်စု ငခြောက်ဈေးရပ်ကွက်မှ ဆေးဆရာကြီးဦးတက်ခါးဖြူသည် အနီးတွင်ရှိသည့် ရက္ခတောင်ပေါ်တွင် ရောင်ခြည်တော်ကွန့်မြူးနေသည့် အံတော်ဓာတ်ကို ထူးဆန်းစွာတွေ့မြင်ရလေသည်။ အံတော်ဓာတ်ကို ၁၂၆၃ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်နေ့ မွန်းလွဲ (၁)နာရီခန့်တွင် ဗန္ဓုလကျောင်းတိုက် (ယခု စန္ဒမုနိဘုရားကြီးကျောင်း)ဆရာတော်ကြီး ဦးပုညလက်သို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။
စွယ်တော်မြတ်သည် လုံးဝန်းခြင်း၊ စင်ကြယ်ခြင်း၊ သန့်ပြန့်ခြင်း၊ ထက်မြက်ခြင်းနှင့်အတူ ဖြူဖွေးခြင်းအင်္ဂါ ၄ ရပ်နှင့်အညီ ဘုရားရှင်၏ သရီရဓာတ်မွေတော်ဖြစ်သည့် အံတော်မြတ်မှာ ယခုအခါ စန္ဒာမုနိကျောင်းတိုက်တွင် ကိန်းဝပ်စံပါယ်လျက်ရှိပါသည်။
စန္ဒမုနိ ဘုရားကြီးကျောင်းသည် မြောက်ဦးမြို့တွင် ဘုရားဖူးလေ့လာသူများလာရောက်ကြည်ရှုမှုတွင် အဓိကကျသည့်နေရာတစ်ခုဖြစ်ပါသည်။ သမိုင်းဝင်ရှေ့ဟောင်းဆင်းတုတော်များ၊ ရခိုင်ဒင်္ဂါးများနှင့် ရှေ့ဟောင်းပစ္စည်းအမျိုးမျိုးတို့ကို စုဆောင်းပြသထားပါသည်။


များအောင်၊ မြောက်ဦးဘုရားစေတီပုထိုးများ၊နှင့် ဧည့်လမ်းညွှန်စာအုပ်မှ ကူးယူကိုးကားဖော်ပြထားပါသည်

Arakan (အာရကန်)





Arakan


Arakan [အာရကန်]


The land that is known as Arakan by the foreigners is called ‘Rakhaing-pray’ [ရခိုင်ပြည်] by its own peoples, Rakhaing-thars (Arakanese) [ရခိုင်သား]. The word “Arakan” was a derivation of the ancient word “Arakha-de-sha” [အာရက ဒေသျှ] (the land of Arakan) which is found in line forty of Anandachandra inscriptions of Shitethaung pillar.

Rakhapura [ရကပူရ]

Rakhapura [ရကပူရ] is the former name of Rakhaing-pray [ရခိုင်ပြည်]. Arakanese people today do not use the term 'Rakhapura' to mention their land. But, every Arakanese love the word “Rakhapura” [ရကပူရ] as they assume that it is a unique word for only Arakanese in this universe. It can also be found in both classical and modern Arakanese plays, poetry and songs.

Both Rakhapura and Rakhaing-pay means the land that is owned and inhabited by the Arakanese.


Rakhaing [ရခိုင်]

According to the Arakanese chronicles, the word ‘Rakhaing’ [ရခိုင်] was originated from Rakhapura [ရကပူရ] and it means the original inhabitants of Rakhapura [ရကပူရ].

Arakhadesha [အာရကဒေသျှ] > Rakhasa [ရကသျှ] > Rakkha [ရက] > Rakkhaing [ရကိုင်] > Rakhaing [ရခိုင်]
In Pali [ရပါဠိ] the word ‘Rakhaing’ [ရခိုင်] is used to honour the people who love their nation, and preserve their national heritage, and their traditional ethics or morality [သီလ].


History
The Arakanese history records the early Arakanese to migrate in Arakan and settled down in their true land since time immemorial. The independent and sovereign Buddhist Kingdom of Arakan had been splendidly flourishing from 3325 B.C. till the Burman invaders occupied it in 1784.

The history of Arakan can be divided in to four major period throughout its thousand-years-long history. They are:

- Dhannyawaddy Period
The 1st Dhannyawaddy Period (King Marayu, BC. 3325 – BC. 1483)
The 2nd Dhannyawaddy Period (King Kanrazagree, BC. 1483 – BC. 580)
The 3rd Dhannyawaddy Period (King Chandra Surya, BC. 580 - AD. 326)
- Vesali Period (King Dvan Chandra, AD. 327 – AD. 1018)

- Laemro Period (King Nga Tone Munn, AD. 1018 – AD.1406)

- Mrauk-U Period (King Munn Saw Mwan, AD.1430 – 1784)

Dhannyawaddy Era [ဓည၀တီခေတ်]

The 1st Dhannyawaddy Period (BC. 3325 – BC. 1483)

According to the legend, Dhanyawadi [ဓည၀တီနိုင်ငံတော်] (the first independent Arakan kingdom) was established in 3325 B.C by King Maryu [မာရယု] (the Arakanese legendary hero-ancestor). It is said that King Rarayu [မာရယု] had married the daughter of the chief of Mro [မြို] tribe and had founded Dhanyawadi [ဓည၀တီနိုင်ငံတော်] after defeating the bilus [ရခိုင်] (demon-like creatures) who arrived earlier in the area.



Religion
Buddhism was introduced into Arakan during the lifetime of Buddha himself. According to Arakanese chronicles, Lord Buddha, accompanied by his five hundred disciples, visited the city of Dhannyawadi (Grain blessed) in 554 B.C. King Chandra Suriya (Sun and Moon) and all the people converted to Buddhism and became Buddhists since then. The king requested Lord Buddha to leave the image of Himself to commemorate the event before he left Arakan and Lord Buddha consented it. This was the famous Mahamuni (Great Sage) image, known throughout the Buddhist world and desired by kings who sought to conquer the country in order to carry away this powerful prize. The history of this image is entwined with that of Arakan. After casting the Great Image Mahamuni, Lord Buddha breathed upon it which resembled the exact likeness of the Blessed One.

The tradition of the origin of the Mahamuni image can be interpreted as an allegorical account of the introduction of Buddhism to Arakan. The first evidence we have of Buddhism is in the early sculpture of the Mahamuni shrine at Dhanyawadi.

Arakanese, to show their utmost respect to King Chandra Suriya who had donated Mahamuni Shrine and introduced Buddhism into Arakan, have been using the signs of Sun and Moon as the most sacred symbols throughout the history until today.

These symbols can be found in all ancient coins of Arakan, as well as present-day flag and seal of Rakhaing state under Burma.



The Lost of Chittagong and Twelve Bengal Districts

Even though Arakan had reached zenith of power in the Bay when it was under the rule of the skilled and powerful kings, the country's glory and fame has steadily declined when it was succeeded and ruled by the unqualified kings. Chittagong and other districts of Bengal were invaded and occupied by the Moghal in 1666 AD.

The Lost of Arakan Kingdom, its nation and national identity

After the Moghal invaded and annexed part of the Arakanese territories, internal instability and dethroning of kings had happened very often in Arakan Court. Taking opportunity in the overall weakness inside the country, the Burmese King U Wine violated the good-friendly neighbour's ethics and dispatched his invading forces into Arakan in mid-November, 1784 and occupied it by the end of 1784.

The national independence of Arakan and sovereignty of the Arakan Kingdom were lost on 31 December 1784 (7 waxing day of Pratho 1146 AE.) when it was invaded and subjugated by the Burman King Maung Wyne. The people of Arakan became enslaved. The national flag hoisted in honour of the nation on the top of the Royal Assembly Hall was dropped. The dignity, the honour and the prestige of the Rakhine as a FREE NATION had terminated immediately after loss of independence.


Area of Arakan

Arakan is situated among India in the North, Burma in the East and People's Republic of Bangladesh in the West. To the south, it extends up to Haigri Islands and is bounded on the southwest by the Bay of Bengal.

The area of Arakan was more than 20,000 sq. ml. till the British period. But, Burmese ruler, without the consent of Arakanese people, split up a north western Arakan Hill Tracts area bordering India and a southern most part of Arakan (from Kyauk Chaung River to Cape Negaris) from the Arakan mainland. Due to these partitions, the present day total area of Arakan was reduced to 18, 500 sq. ml and it comprise less than half of historic Arakan territory.

The Rakhine State of Burma

The Rakhine state, consisting 17 townships was created by the then Burmese Socialist Programme Party (BSPP) government led by General Ne Win after granting Arakan region the state status. But it was done by the Burmese for administrative purposes.

Today area of Arakan is located between Lat. 16' 00" N- Lat. 21' 20" N and Long. 92' 20" E- Long. 95' 20" E. Arakan is known as one of the poorest states under so called Union of Burma ruled by military junta called SPDC (State Peace and Development Council) with its official name, Rakhine State.

Arakanese, however, use the term "Arakan" to mean the area which was historically and traditionally known as Arakan before the 1784 Burmese invasion. Despite over 200 years of Burmese occupation of Arakan, the Arakanese peoples refuse to be conquered and subjugated by the Burmese. Arakan independent movement started just after it lost independent and is carrying on until now.

ရခိုင်ဖားပြုတ်ကေ၀တ္ထု

ရခိုင်ဖားပြုတ်ကေ၀တ္ထု

ဖားပြုတ်ကေတကောင်၊ အုံးဘောင်စီးလျှက်၊ ဖြားရီတက်တွင်၊ ချောင်းကိုဝင်၍လာလတ္တံ။ ထိုရောအခါ၊ ချောင်းကမ်းသာတွင်၊ ပြားဇီးပင်တကိုင်းတွင်နားလျှက်၊ ပန်ဇင်းငှက်က၊ ခင်ပွန်းမိတ်ဆွေ၊ ဖားပြုတ်ကေ၊ ဇာပြည်ဇာရွာ၊ ဇာကလာဟု၊ သေချာစစ်စစ်မိန်းလတ္တံ။ ပန်ဇင်းမိန်းလေ၊ ဖားပြုတ်ကေက၊ တိုင်းပြည်မြို့ရွာ၊ လှည့်လို့လာဟု ဖြေလတ္တံ။

ထိုသို့ဖြေခါ၊ တိုင်းပြည်မြို့ရွာ၊ ကြားခပါသည်၊ ပဇာသတင်းထူးသနည်းဟု မိန်းလတ္တံ။ ထိုသို့မိန်းခါ၊ ဖြေသည်မှာကား၊ သမုဒ္ဒရာ၊ သီတာရီမြီ၊ မိုးလီမုန်တိုင်း၊ အုံမှိုင်းမှိုင်းနှင့်၊ တော်လဲပဲ့တင်၊ ငလျှင်မြီကြီးလှုပ်လတ္တံ။ ထိုသို့လှုပ်ခါ၊ ကျွန်းဒီပါမှာ၊ ကမ္ဘာကျောက်ကြီးကွဲလတ္တံ။ ထိုသို့ကွဲခါ၊ တွင်းမှာမြောက်တောင့်၊ ခုနှစ်တောင့်လည်းကျိုးလတ္တံ။ လူလည်းလေးစု ကွဲလတ္တံ။

ထိုသို့ဖြေခါ၊ ပန်ဇင်းငှက်ကမိန်းပြန်သည်မှာ၊ အိုအိုမိတ်ဆွေ၊ ဖားပြုတ်ကေ၊ အကယ်စင်စစ်၊ ထိုသို့ဖြစ်မူ၊ ငရို့သူငါ၊ ပဇာပြုလုပ်ရမည်နည်းဟု မိန်းလတ္တံ။ ထိုသို့မိန်းခါ၊ ဖားပြုတ်ကေက၊ အိုအိုမိတ်ဆွေ၊ ပန်ဇင်းငယ်၊ အကယ်စင်စစ်၊ ထိုသို့ဖြစ်မူ၊ ကြီးသူဝမ်းခေါင်း၊ ငယ်သူအောင်း၊ တကြောင်းထိုတွင်၊ ချမ်းသာအင်ကိုမြင်လိမ္မည်ဟု ဖြေလတ္တံ။ ထိုရောခါဝယ်၊ ပန်ဇင်းငယ်က၊ ကြောက်ဘွယ်စရာ၊ ကြားရပါသည်၊ ညခါတိုင်ပြီး၊ ကြောက်အားကြီး၍၊ ငှက်ကြီးရောင်းရင်၊ အိပ်ရာတွင်၌၊ ၀မ်းတွင်းဝင်မည်ကြံလတ္တံ။

ကြံစည်ထိုခါ၊ ပြုသောခါတွင်၊ ရောင်းရင်ငှက်ကြီး၊ လန့်အားကြီး၍၊ သံကြီးကျော်ကျော်အော်လတ္တံ။ သံကြီးကျော်ကျော်၊ မြည်ဟစ်အော်က၊ မျောက်ကျော်မက္ကဋ၊ နီထသစ်ပင်၊ သပြုပင်၌၊ လက်တွင်ကိုင်ပြီး၊ သပြုသီးကို၊ စားမည်ပြုထ၊ လန့်ကြောက်လှ၍၊ လက်မှလွတ်သော်၊ အောက်တွင်နီထ၊ တောဆတ်မ၏၊ နောက်ကုန်းပေါ်တွင်ကျလတ္တံ။

ထိုသို့ကျလျှင်၊ နာကြင်လန့်ကြောက်၊ ခြီစုံပေါက်၍၊ လားမြောက်ပြီးခုန်၊ နွယ်ခြုံပေါင်းမြက်၊ တောကြက်သာယာ၊ ဥပေါက်ခါဖြင့်၊ နီရာသိုက်မြုံ၊ ပြစ်ပြစ်ကုန်အောင်၊ နင်းတုံဖြိုဖျက်၊ ထောင်းထောင်းညက်၍၊ တောကြက်မမှာ၊ စိတ်ပူဆာ၍၊ လမ်းမှတွိဆုံ၊ တောခြအုံကို၊ ပြစ်ပြစ်ကုန်က၊ ပြိုတုံခြပေါင်း၊ ထောင်သောင်းမက၊ တောဝက်မ၏၊၊ ၀ပ်ထနီရာ၊ ရောက်လီပါသော်၊ ၀မ်းမှာရင်ဖတ်၊ မလွတ်နို့သီး၊ ခြကြီးခြငယ်၊ ကိုက်လေကုန်က၊ ပြီးတုံလူးလာ၊ ၀က်မမှာလည်း၊ နာကြင်အီးလတ်၊ ပြီးမလွတ်သော်၊ ဆာမွတ်ဝမ်းစာ၊ တောင်ယာလုပ်ရင်း၊ စပါးခင်းကို၊ ၀င်၍ထိုခါစားလတ္တံ။

ဝင်၍စားကာ၊ နီတုံပါက၊ ယာတွင်ထွင်လုပ်၊ ငမဲတုတ်လျှင်၊ တွိလီမြင်သော်၊ ယာသျှင်တသီး၊ ယာသူကြီးကို၊ အပြီးတိုင်ကြားပြောလတ္တံ။ အပြီးတိုင်မြောက်၊ ငမဲတုတ်ရောက်က၊ ငမဲတုတ်ကျာ၊ ယာကလာကေ၊ ယာမှာစပါး၊ မှည့်ဗျာလားဟု မိန်းလတ္တံ။ မိန်းငြားသောခါ၊ မဲတုတ်ကျာက၊ မှည့်ကားမှည့်ယက်၊ အစပတ်လည်၊ မျောက်ဖျက်တေ၊ အလယ်တရိုး၊ ၀က်ငယ်တိုးဟု ပြောလီသောခါ၊ တောင်ယာပိုင်နင်း၊ သူကြီးမင်းက၊ ချက်ချင်းမကြာ၊ ယာမှာစားလျှက်၊ ထိုဝက်မကို၊ ဖမ်းရယူခီ၊ လားကတ်လီဟု စီလတ္တံ။

ဖမ်းရယူခီ၊ လားကတ်လီက၊ ယာတွင်ထွင်လုပ်၊ ငမဲတုတ်က၊ သုတ်သုတ်ပြန်လာ၊ ယာမှာစားထ၊ တောဝက်မကို၊ ကြော့ကွင်းထောင်လျှက်၊ လက်ရဖမ်းယူ၊ ယာမူပိုင်နင်း၊ သူကြီးမင်းကို၊ လျှင်မြန်မနှေးပီးလတ္တံ။

ပီးအပ်လီကေ၊ လုပ်ထွေကိုင်ခင်း၊ ယာပိုင်မင်းက၊ တောတွင်းနီထ၊ တောဝက်မကို၊ ငါသာပိုင်နင်း၊ စပါးခင်းကို၊ ပဇာတွက်ကြောင့်၊ စားသနည်းဟု မိန်းလတ္တံ။ မိန်းလီသောခါ၊ ဘာသာဘာဝ၊ ကျွန်ဝက်မသည်၊ အိပ်ထနီရာ၊ ခြများစွာလျှင်၊ ရောက်လာဆိတ်ဆွ၊ ကိုက်ခဲကြ၍၊ ပြီးထယှောင်ခွာ၊ မလွတ်သာကေ၊ ရောက်ရာရောက်မိ၊ ဟိစီဘိဟု၊ ပြီးလီသောခါ၊ လမ်းမှာတွိပြီး၊ တောမျောက်ထီးက၊ အဆွေဝက်မ၊ ပဇာကြောင်းကြောင့်၊ ပြီးသနည်းဟု မိန်းသောကာလ၊ ကျွန်ဝက်မမှာ၊ ခြကိုက်ပါသည်၊ ပြောလီသောခါ၊ တောင်ယာလုပ်ခင်း၊ စပါးခင်းကို၊ ၀င်၍တလီ၊ စားပါခီဟု၊ ဆိုခြင်းပြုက၊ မချိခန္ဓာ၊ နွမ်းရိပါ၍၊ ၀မ်းမှာဆာမွတ်၊ တွိလတ်အစာ၊ စပါးယာကို၊ ၀င်ကာမသွေ၊ စားမိသည်ဟု ဖြေလတ္တံ။

ဖြေဆိုတုံက၊ စစ်ချက်ရ၍၊ ခြမကိုခေါ်၊ မိန့်ဆိုအာဏာ ပီးလတ္တံ။ ပီးလီသောခါ၊ မကြာခဏ၊ တောခြမနှင့်၊ များလှခြပေါင်း၊ ထောင်းသောင်းမက၊ ရောက်လာကြ၍၊ စစ်မမိန်းခါ၊ ကျွန်မမှာလျှင်၊ များစွာစုပုံ၊ ခြသိုက်အုံကို၊ အကုန်ဖြိုဖျက်၊ တောကြက်ယက်၍၊ ပျက်လီထောင်သောင်း၊ ခြအပေါင်းရို့၊ နီဖို့နေရာ၊ မဟိပါ၍၊ လားလာကုန်က၊ တောဝက်မ၏၊ အိပ်ထနီရာ၊ ရောက်လီပါ၍၊ ကိုက်ရသည်သာ၊ ဖြစ်ပါသည်ဟု ဆိုလတ္တံ။

မှန်ရာကိုပင်၊ စစ်တန်းဝင်၍၊ သို့စင်ဖြစ်ထ၊ တောဝက်မကို၊ အရခေါ်ခီ၊ အပြင်းစီက၊ တောနီကြက်မ၊ ခေါ်ထလာရောက်၊ ရှိတော်မှောက်သို့၊ ရောက်လတ္တံ။ ရှိမှောက်မသွေ၊ ရောက်တုံပေက၊ ဟေတောကြက်မ၊ ခြများနီရာ၊ အုံကိုသာလျှင်၊ ပဇာကြောင်းကြောင့်၊ ယက်သနည်းဟု မိန်းလတ္တံ။ မိန်းလီသောခါ၊ တောမှာနီထ၊ တောကြက်မက၊ ကျွန်မမှန်စွာ၊ ကြက်ဘာသာဖြင့်၊ သိုက်မှာဥပေါက်၊ ဥများမြောက်ကို၊ စောင့်ယှောက်နီရာ၊ ဆတ်မလာ၍၊ မညှာမထောက်၊ ခြီကျောက်ကန်လန်၊ မှောက်လှန်အသိုက်၊ ဖျက်ဆီးပစ်က၊ ကျွန်ကြက်မမှာ၊ စိတ်ကပူဆာ၊ မနီသာကေ၊ လားလာတွိကြုံ၊ တောခြအုံကို၊ အကုန်ပြစ်ပြစ်၊ ယက်ဖြိုပစ်ဟု ဖြေလတ္တံ။ ထိုသို့ဖြေခါ၊ တောဆတ်မကို၊ အရဖမ်းခီ၊ ဆင့်လီအာဏာ၊ စီသောခါလျှင်၊ မကြာခဏ၊ တောဆတ်မလျှင်၊ ရှိတော်ပြင်သို့ ရောက်လတ္တံ။

ရောက်လီသောခါ၊ မိန်းစစ်ရာတွင်၊ အသင်ဆတ်မ၊ ပဇာကြောင်းကြောင့်၊ ကြက်မနီတုံ၊ ဥသိုက်မြုံကို၊ အကုန်ပြစ်ပြစ်၊ နင်း၍ပစ်သည်၊ ဖြေရမည်ဟု ဆိုလတ္တံ။ ဆိုလီသောခါ၊ ဆတ်ရို့ဘာသာ၊ ညအခါတွင်၊ တောမှာပေါက်ရောက်၊ ကြီးမြောက်သစ်ပင်၊ သပြုပင်အောက်၊ အိပ်မည်ဟုပင်၊ နီလီကျင်သော်၊ သစ်ပင်ထက်က၊ မက္ကဋဟု၊ မျောက်ကနီပြီး၊၊ သပြုသီးနှင့်၊ အပြီးထိုခါ၊ ချပစ်ပါသော်၊ ကျွန်တော်မ၏၊ ကျောက်သားနောက်ကုန်း၊ ဘုံးဘုံးကျရာ၊ လန့်ကြောက်ကာဖြင့်၊ ပြီးလာခုန်ထွက်၊ တောကြက်သိုက်မြုံ၊ နင်းမိတုံက၊ ပျက်စီးရသည်၊ ဒေါသစိတ်ထွက်၊ နင်းဖျက်သည်သာ၊ မဟုတ်ပါဟု၊ ကြောင်းရာစကားပြောလတ္တံ။ ပြောငြားလီက၊ မက္ကဋကို၊ အရရှိတော်၊ ခေါ်ရမည်ဟု၊ အပြင်းတခါ စီလတ္တံ။

မျောက်ကိုတဖန်၊ ခေါ်ခီပြန်က၊ မိန်းမြန်းစစ်ချက်၊ မျောက်ဆိုချက်မှာ၊ ကျွန်တော့်ဘာသာ၊ ညဥ့်အခါတွင်၊ သပြုပင်၌၊ ကိုင်တွင်နီပြီး၊ သပြုသီးကို၊ စားမည်ပြုခါ၊ နီလီပါသော်၊ သံဝါကြီးလှ၊ ရောင်းရင်မက၊ လန့်ကြောက်စရာ၊ ဟစ်အော်ပါက၊ လန့်ကြောက်လှ၍၊ လက်မှာကိုင်ပြီး၊ သပြုသီးလျှင်၊ လက်မှလွတ်ကာ၊ ကျလီပါက၊ နာကြင်ရ၏၊ ဒေါသစိတ်ထွက်၊ ရည်ရွယ်ချက်ကား၊ မဟုတ်ပါဟု ဆိုလတ္တံ။

ထိုသို့ဆိုခါ၊ တောင်ယာပိုင်သျှင်၊ ယာသခင်က၊ သံလျှင်ကြီးလှ၊ ရောင်းရင်မကို၊ အရခေါ်ခီ၊ စီလတ္တံ။ ထိုသို့စီခါ၊ သံဝါကြီးလှ၊ ရောင်းရင်မလည်း၊ ယာသျှင်ရှိမှောက် ရောက်လတ္တံ။ ထိုသို့ရောက်ခါ၊ မိန်းစစ်ရာတွင်၊ သင်ရောင်းရင်မ၊ ကြီးလှအသံ၊ တောလုံးညံအောင်၊ ပဇာဖြစ်၍၊ အော်သနည်းဟု မိန်းလတ္တံ။

ထိုသို့မိန်းခါ၊ သံဝါကြီးထ၊ ရောင်းရင်မက၊ ငှက်ရို့ဘာသာ၊ သစ်ပင်ထက်မှာ၊ အိပ်ပျော်နီဆိုက်၊ ထိုအခိုက်တွင်၊ ငှက်ငယ်ပန်ဇင်း၊ ကျွန့်ဝမ်းတွင်းသို့၊ ၀င်မည်ဟုပင်၊ ပြုပျင်သောခါ၊ ကြောက်လန့်စွာဖြင့်၊ အော်ရပါသည်၊ သတ္တ၀ါများမြောင်၊ ကြောက်လန့်အောင်ဟု၊ ကြံဆောင်ခြင်းကား၊ မဟုတ်ပါဟု ဆိုလတ္တံ။

ထိုသောခါဝယ်၊ ပန်ဇင်းငယ်ကို၊ ရှိတော်မှောက်သို့၊ အရောက်ထိုခါ၊ ခေါ်လတ္တံ။ ယာသျှင်ရှိမှောက်၊ ပန်ဇင်းရောက်က၊ သင်ပန်ဇင်း၊ ငှက်ရို့ဘာသာ၊ မဟုတ်ပါဘဲ၊ သံဝါကြီးထ၊ ရောင်းရင်မ၏၊ ၀မ်းတွင်းကိုသာ၊ ၀င်ဖို့ရှာသည်၊ ပဇာကြောင်းရင်း၊ ဟိသနည်းဟု မိန်းလတ္တံ။

မိန်းလီသောခါ၊ ဖြေသည်မှာကား၊ ကျွန်တော့်ဘာသာ၊ ချောင်းသာမြစ်နား၊ ဇီးကိုင်းဖျားတွင်၊ နီပါသောခါ၊ ကျွန့်မှာမိတ်ဆွေ၊ ဖားပြုတ်ကေက၊ ဖြားရီတက်မှာ၊ အုံးဘောင်စီးလျှက်၊ ၀င်၍လာကေ၊ အဆွေဖားပြုတ်၊ ဇာပြည်ဇာရွာ၊ ဇာကလာကေ၊ ဇာဇာသတင်း၊ ထူးသနည်းဟု၊ မိန်းလီသောခါ၊ ကျွန်တော့်မိတ်ဆွေ၊ ဖားပြုတ်ကေက၊ သမုဒ္ဒရာ၊ သီတာရီမြီ၊ မိုးလီမုန်တိုင်း၊ အုံးမှိုင်းမှိုင်းနှင့်၊ တော်လဲပဲ့တင်၊ ငလျှင်မြီကြီးလှုပ်လိမ္မည်၊၊ ထိုသို့လှုပ်ခါ၊ ကျွန်းဒီပါမှာ၊ တွင်းမှာမြောက်တောင့်၊ ခုနှစ်တောင့်လည်း၊ ကျိုးလိမ္မည်၊၊ လူလည်းလေးစု၊ ကွဲလိမ္မည်၊၊ ကြီးသူဝမ်းခေါင်း၊ ငယ်သူအောင်း၊ တကြောင်းထိုတွင်၊ ချမ်းသာအင်ကို၊ မြင်လိမ္မည်ဟု၊ ပြောလီသောခါ၊ ကြောက်သည်အားနှင့်၊ ကြီးသူရှာကေ၊ ရောင်းရင်ဝမ်းသို့၊ ၀င်ဖို့အမှန်၊ ကြံပါသည်ဟု ဆိုလတ္တံ။

ထိုသို့ဆိုခါ၊ ယာကိုစိုးနင်း၊ ယာပိုင်မင်းက၊ ဖားပြုတ်မိုက်ကို၊ ခေါ်ရမည်ဟု စီလတ္တံ။ စီလီသောခါ၊ ဖားပြုတ်ထံသို့၊ တမန်ထိုခါ လားလတ္တံ။ တမန်ရောက်လစ်၊ ဖားပြုတ်မိုက်က၊ ထိုကိုယောင်ယောင်၊ ဒေယောင်ယာင်နှင့် နီလတ္တံ။

ထပ်ခါထပ်ခါ၊ ခေါ်များလာ၍၊ မနီသာကေ၊ ခုန်ကာစိုက်စိုက်၊ လိုက်၍လည်းလာ၊ ရှိမှာရောက်၍၊ စစ်မိန်းပါကေ၊ မာယာပရိယာယ်၊ လွန်ဆန်းကြယ်၍၊ ရယ်ဘွယ်စရာ၊ ပြုသည်မှာကား၊ ခြီလက်ပြောင်းပြန်၊ မျက်ဆံသီသုတ်၊ ဖားပြုတ်ကေမှာ၊ လျှာကိုထုတ်လို့၊ သီရုပ်ပျင်ကာ၊ အဖြာဖြာနှင့်၊ မာယာပရိယာယ်၊ ညာဏ်ဆန်းကြယ်စွာ၊ ပြလီသောခါ၊ ယာကြီးသခင်၊ စပါးသျှင်က၊ အမြင်ကတ်ကေ၊ ဖားပြုတ်ကေကို၊ လိမ်လည်ပြောမှု၊ ကျောက်နှင့်ထုဟု၊ ပီးသည့်အာဏာ၊ လက်မရွန့်ရို့၊ ထုပြန်ပါကေ၊ ကျောက်နှင့်ထုယင့်၊ ဖားပြုတ်ကေမှာ၊ ကြောတက်ယင့်လည်း တက်လတ္တံ။

ထိုသည်အခါ၊ ပါးစခံတွင်း၊ ဖားပြုတ်ကေမှာ၊ သွီးဖျင်းဖျင်းနှင့်၊ ခုန်ကာခုန်ကာ၊ လားလီပါကေ၊ လမ်းမှာတွိငြား၊ လူအများက၊ အဆွေဖားပြုတ်၊ နီလွန်းလှပါ၊ ဇာကလာဟု၊ မိန်းခါကာလ၊ သူကြီးမြီတိုင်း၊ ကျေးကိုင်းရွာစား၊ အိမ်သို့လား၍၊ ကွမ်းစားရသည်၊ အိုမိတ်ဆွေဟု၊ ဖားပြုတ်ကေကဆိုလတ္တံ။ ။

(ဤတွင် ဖားပြုတ်ကေ၀တ္ထုဆုံးပါလီ၏။ မဆုံးသိမ့်ကေ ကျန်ရေလူတိဆက်ပြောပါလီ။)

သမိုင်းကြောင်းကိုလေ့လာစီချင်သည်

ရခိုင်ကမ်းမြောင်ဒေသသည် ဘင်္ဂလားပင်လယ်အောင်နှင့် ဆက်စပ်လျက်ဟိပြီး၊ ပင်လယ်လှိုင်းကြီးလှိုင်းငယ်ရို့သည် ကမ်းသောင်နဖူးသို့ တဘုန်းဘုန်းရိုက်ခတ်လျက်ဟိသည်။ ရခိုင်ကုန်းတွင်းဒေသတွင် မြစ်ချောင်းအင်းအိုင် အလွန်ပေါများပြီး မြစ်ချောင်းများသည် ပင်လယ်ထဲသို့ စီးဝင်သည်။ မြောက်ပိုင်းရှိ (နတ်မြစ်၊ မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်) များတွင် မြစ်လက်တက်ပေါင်းများစွာဟိသည်။ တောင်ဘက်၌ မြစ်တို၊ ချောင်းတိုများသည် အရှိမှအနောက်သို့ စီးဆင်းသည်။

ထင်ရှားသောမြစ်ချောင်းများမှာ (ဒလက်ချောင်း၊ အမ်းချောင်း၊ မအီချောင်း၊ လမူးချောင်း၊ ဆားပြင်ချောင်း၊ တန်းလွဲချောင်း၊ တောင်ကုတ်ချောင်း၊ သဌေးချောင်း၊ ပြည့်ချောင်း၊ သံတွဲမြစ်၊ ကျိန်တလီချောင်းနှင့် ဂွချောင်း) ရို့ဖြစ်သည်။ ရခိုင်မြစ်ချောင်းများတွင် ဖြားရီအတက်အကျဟိသည်။ ဖြားအတက်တွင် ပင်လယ်ငါးများသည် ကုန်းတွင်း မြစ်ချောင်းများသို့ ဒိုးယိုပေါက်ဝင်ရောက်၍ ရခိုင်ပြည်တွင် သားငါးပုဇွန်အလွန်ပေါများသည်။

ရှုတိုင်းသာစွ ရခိုင်မြီ

ကဗျာဆရာရို့က ရခိုင်ဒေသကို “ရိုးမတောင်ဆိုင်း၊ ပင်လယ်ဝိုင်း၍၊ ရှုတိုင်းသာစွ၊ ရခိုင်မြီ” ဟူ၍လည်းကောင်း။ “မြီပြင်ကျယ်ဝင်း၊ လယ်ယာခင်းနှင့်၊ အင်းအိုင်မြစ်ချောင်း၊ ပင်လယ်ကြောင်းနှင့်” ဟူ၍လည်းကောင်း။ “ကျယ်ပြန့်လှစွာ၊ ကျွန်းဦးမြီမှာ၊ သပြီခလို့၊ ရောင်မြ၀ီဝီ၊ အောင်ခြင်းညံ၍၊ အောင်သံကျူးလို့၊ ဇမ္ဗုဒီမှာ၊ သညီဝေါဟာ၊ ထောပနာနှင့်၊ သြဘာသောင်းသောင်း၊ သတင်းပေါ်၍၊ နင်းကျော်ဘိကေ၊ သရီချောင်းတွင်၊ မင်းကောင်းကြိမ်ဖန်၊ ဗဟိုရ်ညံ၍၊ စည်သံရိုက်ဟီး၊ ရွှေနန်းဆောင်ဖြင့်၊ ပြောင်ပြောင်ညီးကေ၊ မြို့ကြီးဓညာ” စသည်ဖြင့်လည်းကောင်း စာဖွဲ့ဆိုထားကြပါသည်။

ငါးများရခိုင်အခေါ်

ဤရီဤမြီနှင့်အတူ ရှိပဝေသဏီကပင် ရခိုင်ငါးများသည် ရခိုင်သားများနှင့်အတူ ဒိုးတူပေါင်ဖက် နီထိုင်လာခသူများဟု ဆိုချင်ပါသည်။ ရခိုင်များသည် မြစ်ချောင်းအင်းအိုင် ပင်လယ်ဝိုင်းလျှက် မွီးဖွားလာကြသူများဖြစ်ရာ တနည်းအားဖြင့် ရခိုင်ငါးမျိုးစုံနှင့်အတူ ၀ိုင်းရံကြီးပြင်းလာသူများပင် မဟုတ်ပါလား။ ရခိုင်ငါးများတွင် ကိုယ်စီကိုယ်စီ ရခိုင်အခေါ်နာမ ဟိပြီးသားဖြစ်ပါသည်။

ငါးသရွဲမင်းကျား၊ ဘီသျှပ်တရာ၊ ငါးခွေးပနီ၊ ပင်လယ်ငါးခူ၊ ငါးသလဲထိုး၊ သင်ပေါင်းထိုး (ခေါ်) သင်္ဘောထိုး၊ ငါးတောက်တူ၊ ငါးချိုင့်ကြား၊ ငါးပတုန်၊ ဒေါင့်ဒနာ၊ ငါးရင်းကုန်း၊ ရုဇနား၊ ငါးကန့်ဗျိုင်၊ ငါးကုန်းညို၊ မျက်ဆံကျယ်၊ ငါးဒါးလွယ်၊ ငါးပသွင်၊ စံလှမေ၊ ငါးဒလာ၊ ငါးသရွဲ၊ ငါးစရိုင်း၊ ငါးနုသန်း၊ ငါးနံ့သာ၊ ငါးစလုံး၊ ငါးဝမ်းပူ၊ ငါးရစ်မ၊ ငါးပယုံ၊ ငါးကန်သား၊ ငါးသပွေ၊ ၀ါမရှီ၊ ငါးလ၀ါ၊ ငါးပါးသျှင်း၊ ငါးနီတူ၊ ဗရဲဂါး၊ မျှိုင်သျှေ၊ စွန်သျှေ၊ဖက်သျှေ၊ ခသျှာ၊ အာဖာ၊ ဘာသျှား၊ ငါးဆူ၊ ငါးဝ ၊ ရိုးရည်၊ ငါးညို့၊ ရီခူ၊ ရီမျောက်၊ ရီကြက်၊ ဒေါင်းပြောက်၊ ပဂျင်း စသည့် ငါးအမည်များမှာ ရခိုင်သံပီသလှပါသည်။

အခြားရခိုင်ငါးများမှာ ငါးသတစ်၊ လက်ခွာ၊ ငါးတန်၊ ငါးမြင်း၊ ငမန်း၊ လိပ်ကျောက်၊ ပြင်သာလိပ်၊ ငါးရံ့၊ ငါးခူ၊ ငါးပြီ၊ ငါးရက် ၊ ငါးစွယ်၊ ငါးကြေး၊ ငါးဖယ်၊ ငါးခုံး၊ ဂဏန်း၊ ကြက်ဖားပုစွန်၊ ရီလားပုစွန်၊ ရွှေပုစွန်၊ ကျောက်ပုစွန်၊ ပုစွန်တက်၊ ပုစွန်စိတ် စသည်ဖြင့် အသီးသီးဟိသည်။

ရခိုင်ဒေသဥတုရာသီ

ရခိုင်ဒေသသည် လီပြင်းပြီး မိုကြီးသောဒေသဖြစ်သည်။ နှစ်စဉ် မိုးရီချိန်လက္မ (၂၀၀) ကျော် ရွာသည်။ ဒေသအခေါ် (ရမ်းပေါက်လီ၊ ဆင်ခေါင်းလီ၊ ကတ္တရန်လီ) ရို့မှာ ရခိုင်ပင်လယ်လီများဖြစ်သည်။ နွီခေါင်ခေါင် လဆန်းလဆုတ် ဖြားသီရက်များမှာတောင် ရခိုင်မြစ်ချောင်းများသည် သိသိသာသာ ရီလျော့ကျလားလေ့မဟိပါ။ မိုးတွင်းခါဆိုလျှင် “၀ါဆိုဝါခေါင်၊ ရီဖောင်ဖောင်” ဆိုရေပိုင် ရခိုင်မြစ်ချောင်းများသည် ရီဖြိုးလျှက်ဟိပါသည်။

ထို့ကြောင့် ရခိုင်ငါးများသည် ရခိုင်ရီကိုကြိုက်ပြီး ရခိုင်ရီတွင်ပျော်သည်။ ရခိုင်ငါးများသည် ရခိုင်ရီမြီသဘာဝနှင့် ရခိုင်လူမျိုးများကိုခွဲခွာ၍ အခြားတပါးသို့ လားချင်လိုစိတ်ဟိမည်မထင်ပါ။ ၀ိသမလောဘသားများ မထောက်မညှာ ဖမ်းဆီးယူလားသည့်အခါမှသာ ပါတော်မူဘ၀သို့ ရောက်လားမည်ဖြစ်ပါသည်။

ပတ်ဝန်းကျင်ကို နှံ့နှံ့စပ်စပ်သိ

ရှိရခိုင်များသည် မိမိရို့ပတ်ဝန်းကျင်ဟိ ရခိုင်ငါးများအကြောင်းကို နှံ့နှံ့စပ်စပ် သိထားဟန်တူပါသည်။ ရခိုင်သားများ၏ဓလေ့စရိုက်နှင့်ဖြစ်စဉ်များကိုလည်း ရခိုင်ငါးများသည် အတွင်းသိမြင်ထားသူများဖြစ်ပေလိမ့်မည်။ နိစဉ်လူမှုကိစ္စများ၌ ရခိုင်သားများနှင့် ရခိုင်ငါးများသည် အကျွမ်းတ၀င် တွိဆုံမြဲဖြစ်သည်။ ရှိခေတ်ဦးကပင် ရခိုင်သားဘ၀၌ ရခိုင်ငါးများသည် တစင်းထင်ဟပ်နီကြောင်းတွိရပါသည်။

ရခိုင်သမိုင်းအရ ၀ါသုဒေ၀မင်းနောက် ဗြဟ္မဏရာဇာမင်းဆက်၌ ဘီစီ (၃၃၂၅) မတိုင်မှီကာလက ကစ္ဆပနဒီမြစ်၏အရှိဘက် (၉၉) မြို့။ အနောက်ဘက် (၉၉) မြို့ တည်ဟိခသည်။ အရှိဘက်မြို့များအနက် (ငါးရန့်ချောင်းမြို့) နှင့် အနောက်ဘက်မြို့များအနက် (ငါးတန်သရဲမြို့) ဟူ၍ ရခိုင်ငါးနာမည်များနှင့် မှည့်ခေါ်ထားသည်ကို တွိရပါသည်။

ဒင်္ဂါးမှာခတ်နှိပ်ထား

ရခိုင်ဒင်္ဂါးသမိုင်းကိုလေ့လာလျှင် အမည်ထိုးပါဟိသော အစောဆုံးဒင်္ဂါးမှာ ဒေ၀စန္ဒြဒင်္ဂါး ဖြစ်ပါသည်။ ခန့်မှန်းသက္ကရာဇ် အေဒီ (၃) ရာစုနှင့် (၄) ရာစု စဦးပိုင်းလောက်က သွန်းလုပ်ခသော စာထိုးမပါ ပတုန်း (အမြီး) ပါဟိသည့် ပင်လယ်ခရုပုံ ခပ်နှိပ်ထားသည့်ဒင်္ဂါးအချို့မှာ နိုင်ငံခြားပြတိုက်များ၌ ဟိပါသည်။ ယင်းဒင်္ဂါးများကို စန္ဒြားမင်းများသွန်းလုပ်ခပြီး၊ ရှိအကျဆုံးဖြစ်မည်ဟု ပါမောက္ခသုတေသီ ဆရာကြီးဦးစံသာအောင်က ခန့်မှန်းထားခပါသည်။ ဤသို့ဆိုလျှင် ရခိုင်ငါးများသည် နှယ်နှယ်ရရမဟုတ်။ ရခိုင်သမိုင်းနှင့်အတူ ဖွားတော်ဖွားဖက်ဖြစ်သည်ကို တွိရသည်။

ယိုင်းသာခြင်း

ရခိုင် အဘုချေသားချော့ ယိုင်းသာခြင်းများ၌ “အမျည်မျည်၊ မှိုဟင်းခူးဇောင်လားကတ်မည်၊ မှိုဟင်းလဲခူး၊ စူးလဲစူး၊ အစူးလည်းထွင်၊ အိမ်ကိုလည်းရောက်၊ အထွဋ်တင်၊ ငယ်လင်စားဖို့၊ မျောက်လက်ညှိုး၊ ကုလားပုစွန်၊ ညှီနံ့နံ့နှင့်၊ အကျွန်မစား၊ ရွှေလင်ပန်းမှာ၊ ကြင်းလို့ထား” ဟူ၍တမျိုး။ “နင့်ဘားဘာ လူယဉ်ကျေးက လောင်းတစင်းနှင့် လားလတ်တေ၊ သားငါးရှာဖို့လားလတ်တေ၊ နင့်ဘားဘာလာကေ၊ ပုစွန်တုတ်ကို အီးယောင်ပြုတ်လို့ ကျွေးပါ့မည်” ဟူ၍တဖုံ လေ့လာတွိသိရပါသည်။

ငါးနှင့်နွယ်သည့် နာမည်မှဲ့ခေါ်

ရခိုင်သမက်တက် ထိမ်းမြားမင်္ဂလာပွဲများတွင် ချက်ပြီးသား ပုစွန်တုတ်နှစ်ကောင်၊ ဘဲဥနှစ်လုံးစသည်ရို့ ပါဝင်ပါသည်။ ရခိုင်နာမည်တချို့တွင် ငါးနှင့်နွယ်သော၊ (ယက်သဲအောင်၊ ချောင်းနားအောင်၊ ငါးလုံးချေ၊ ဖားချေ၊ စံလှမေ) စသည့်ဝေါဟာရနာမများကို တွိရပါသည်။ ကနိ ရခိုင်ပြည်ကျွန်းရွာနာမည်များတွင်လည် (ငါးရန့်ချောင်းရွာ၊ ငမန်းရဲကျွန်း။ ငါးစရိုင်းချောင်းကျွန်း၊ ငါးပြီကျွန်း၊ ငါးပြီတက်ရွာ၊ တံငါရွာ) စသည်ဖြင့် တွိရပါသည်။

ရခိုင်သားများသည် ငါးနှင့်ပတ်သက်သော စကားပုံများကို ကနိတိုင် ခုံမင်သုံးစွဲနီသည်ကို တွိရပါသည်။ “ငါးမဟိလို့ မျှိုင်စွံ”၊ “ပုဇွန်ဖြူ ငါးမဟုတ်၊ ဆင်းရဲသူ လူမဟုတ်”၊ “ဖွတ်မီးကျောင်းဖြစ်၊ မြစ်ချောင်းမချမ်းသာ” စသည်ဖြင့်ဖြစ်ပါသည်။

ရှိရခိုင်းများသည် ပန်းဝှက်တမ်း ကဇတ်လေ့ဟိပါသည်။ ပန်းဝှက်ရာတွင်လည်း ရခိုင်ငါးများပါဝင်သည်။

ငါးစရိုင်းသျှေ ၀မ်းပူ၊ အအူမဟိပါ။ (၀ခွက်၊ ရီအိုး)
အ၀ီးကလာမဲမဲ၊ အိမ်မှာရောက် ရဲရဲ။ (ဂဏန်း)
ထိုဖက်ဒေဖက် လှော်တက်နန့်၊ အလယ်ဂေါင်မှာ ရွက်တိုင်နန့်။ (ငါးစရိုင်း)

အ၀ီးရောက်ရခိုင်အချို့သည် ရခိုင်အစားအစာ၊ ရခိုင်အာဟာရများကို အာသီသဖြစ်ကာ တမ်းတလေ့ဟိပါသည်။ တမ်းတသည့် အစားအစာများမှာ ရခိုင်ငါးပိ၊ သင်္ဘောထိုးပါသည့် ရခိုင်မုန့်တီ၊ သံတွဲမှ ငါးနီတူခြောက်၊ ရမ်းဗြဲမှ လက်ခွာခြောက်၊ စစ်တွေမှ ရွှေပုဇွန်ခြောက် စသည်ရို့ဖြစ်သည်။ ရခိုင်တချို့ မိမိရို့၏အဆွေ ရခိုင်ငါးနာမည်များကိုမိပျောက်ကာ တခြားအရပ်သုံး ငါးနာမည်နာမများကို လျှာတွိအာတွိ ခေါ်လျှက်ဟိကတ်ပါသည်။

ရခိုင်ငါးများမြင်ပါက “ငါးစိမ်းမြင်၊ ငါးကင်ပစ်” ဟု စိတ်ဆိုးဆိုးဖြင့် အပြစ်တင်ကောင်း တင်ပါလိမ့်မည်။ ရခိုင်သားများသည် ရခိုင်ငါးများအကြောင်း မမိအပ်ပါ။ ရခိုင်ငါးများနှင့် ရခိုင်ငါးနာမည်များကို သတိရနီခြင်းပင်လျှင် အဖရခိုင်ပြည်ကို သတိရနီခြင်း မဟုတ်ပါလား။

ယခုအခါ ရခိုင်ချောင်း၊ မြစ်၊ ပင်လယ်များတွင် ၀ိသမလောဘသားတချို့သည် နည်းမျိုးစုံဖြင့် ဖမ်းဆီးယူငင်နီသဖြင့် ရခိုင်ငါးများသည် ကြောက်ကြောက်လန့်လန့် နီထိုင်ကတ်ရပါသည်။ ရခိုင်ရီပြင်သို့ နိုင်ငံခြားငါးများဖြစ်သည့် ကုလားပုစွန်နန့် ပလာတူးရို့သည် စုပြုံကျူးကျော်ဝင်ရောက်နီသဖြင့် ရခိုင်ငါးများသည် အယင်ကပိုင် မချောင်လည်ကြပါ။ ဖီးအန္တရယ် အရိပ်အခြေကြည့်ဗျာ တိမ်းယှောင်လားလာနီကတ်ရပါသည်။

တနိသ၌ ကုလားတန်မြစ်ဝ လေးချိုင့်တောင်အနားမှာ ငါးသရွဲမင်းကျားတကောင်နှင့် သင်ပေါင်းထိုး (ခေါ်) သင်္ဘောထိုးတကောင် တွိဆုံကတ်ပါသည်။

မင်းကျား ။ ။ ငါလည်း တချိန်က မင်းပိုင် အဆီတ၀င်းဝင်းနန့် အကောင်ကြီးကြီးဖြစ်ဖူးရေ။ အဂုခါ အကြောင်းမလှ ပိန်ကျလားစွာ။

သင်္ဘောထိုး ။ ။ မင်းအရုပ်နန့် ငါ့ပိုင်ယှောင် ဖြစ်ဖူးရေဆိုစွာ ငါမယုံဝေး။ မင်းပါးစက အာခေါင်ပြဲပြဲနန့်။

မင်းကျား ။ ။ မယုံလည်းနီ။ အာခေါင်ပြဲနီစွာက “မချိလို့ သွားဖြဲ” စွာ။ အယင်က ငါလည်း ငါးမင်းတကာ မင်းထဲမှာ (မင်းကျား) ဖြစ်ဖူးရေ။ အခုလည်း ငါ့ကို (မင်းကျား) လို့ခေါ်ရေ။
ယင်းသို့ စကားပြောငြင်းခုံနီသည်ကို မနီးမ၀ီးတွင်ဟိသည့် ရှိမှီနောက်မှီ ပြင်သာလိပ်မကြီးတကောင်ကြား၍ ကြားက၀င်ပြောသည်။

ပြင်သာလိပ်မကြီး ။ ။ မင်းရို့နှစ်ယောက်ပြောစွာ အားလုံးကြားရေ။ သင်္ဘောထိုးလည်း မင်းကျားပြောစွာ မယုံမဟိကဲ့။ ဖြစ်နိုင်မဖြစ်နိုင် ယုတ္တိယုတ္တာနန့်ပြောကေ ယုံရရေ။ ငါက ရခိုင်ပြည်မှာ နီလာစွာ အံတိုလားယာ။ အကြောင်းကြုံလို့ ရှိဟောင်းနောက်ကြောင်း ပြန်ပြောပြမည်။ နားထောင်။

ဘုရားမပွင့်ခင်က ၀ါသုဒေ၀ညီနောင်တကျိပ်ရို့တည်ထောင်သောဒွါရာဝတီ (သံတွဲ) ပျက်သုဉ်းလားပြီးနောက် ကုလားတန်မြစ်ဝှမ်းတွင် ရှိဝေသာလီမြို့ဟောင်းကို တည်ထောင်သည်။ ဝေသာလီခေတ်ဦးမင်းဆက်သည် ဘီစီ (၅၃၁၆) မှစလတ်ရာ ဗြဟ္မဏရာဇာမှ ဗြဟ္မသိဒ္ဓိမင်ထိမင်း (၂၆) ဆက် နှစ်ပေါင်း (၁၉၉၀) တိုင်အောင် ရှည်ကြာသည်။ ယင်းနောက် မာရယုမင်းသည် ဓည၀တီမြို့ကိုတည်၍ ဓည၀တီခေတ်ကို ဘီစီ (၃၃၂၅) မှအစပြုထူထောင်သည်။ ဓည၀တီခေတ်သည် (ပထမ ၊ ဒုတိယ၊ တတိယ) စသည်ဖြင့် အေဒီ (၃၂၇) ထိ တည်တံ့သည်။ မာရယုမင်းသည် လှဲအတတ် ၊ လှံအတတ်၊ သံလျှက်အတတ်၊ ကျွမ်းကျင်တတ်မြောက်ပြီး နှလုံးရည်လက်ရုံးရည်ဖြင့် (၆၂) နှစ်တိုင်တိုင် ထီးနန်းစိုးစံသည်။ (မင်းနံလှနှင့် နီလဂုဏ်) မင်းရို့လက်ထက် ဆင်ကောင်ရေအလွန်များပြီး ပြည်သူရို့လည်း ဆင်အတတ် မြင်းအတတ် ထူချွန်တတ်မြောက်သည်။ ဤခေတ် အေဒီ (၁) ရာစုနှင့် (၂) ရာစုနှစ်များတွင် နိုင်ငံခြားနှင့် ကူးသန်းရောက်ဝယ်ဖောက်ကား အလွန်ကြွယ်ဝချမ်းသာသည်။ ဖရုံကာကျွန်းမှာ ဘရုက္ဆကမည်သောသင်္ဘောဆိပ်ကြီးတခု ဟိခသည်။ ဖရုံကာကျွန်းကို မင်းရို့ငါရို့နီရာကလှမ်းကြည့်ကေ လင်းလို့ကြောင်းလို့မြင်ရရေ။

သင်္ဘောထိုး ။ ။ ဟုတ်တေ။ အယင်က ငါရို့အဖိုးပြောစွာကြားဖူးရေ။ ဖရုံကာကျွန်းနားမှာ နိုင်ငံခြားသင်္ဘောတိ ရက်ပြတ်ရက်ပြတ်ဖြတ်လားကတ်တေလတ်။

မင်းကျား ။ ။ ယေကေ မမြင်ဖူးကေလဲ့ ကြောင်းကျိုးပြောပြစွာနန့် မင်းယုံလာဗျာမဟုတ်လား။ ဆက်ပြောပါလိပ်မကြီး။

လိပ်မကြီး ။ ။ ဓည၀တီခေတ်ကလည်း တတိယမင်းဆက်တည်ထောင်သူ စန္ဒြသူရိယမင်းလက်ထက် ဘီစီ (၅၅၄) မှာ ဗုဒ္ဓသျှင်တော်သည် ရခိုင်ပြည်သို့ ကြွရောက်တော်မူသည်။ ဗုဒ္ဓကြွရောက်လာကြောင်း ကျောက်တော်မြို့အနီး၊ တောင်ပေါက်ကြီးကျောက်စာမှာ ဗြဟ္မအက္ခရာ၊ ပါဠိဘာသာဖြင့် ရွီးထိုးထားခသည်။ ဗုဒ္ဓသျှင်တော်ကိုယ်စား မဟာမြတ်မုနိရုပ်ရှင်တော်ကို သွန်းလုပ်ခသည်။ ယင်းခေတ်ကပင် ရခိုင်ပြည်မှာ ဗုဒ္ဓဘာသာထွန်းကားလာစွာဖြစ်သည်။ ဤခေတ်၏ရုပ်ကြွင်းသက်သီအဖြစ် ဓည၀တီမြို့တော်သည် ကနိတိုင် အထင်အရှားဟိနီသိမ့်သည်။

ဓည၀တီပျက်ပြီးနောက် အေဒီ (၃၂၇) နန်းတက်သော မဟာတိုင်းစန္ဒြား (ဒွေင်စန္ဒြား) သည် ဝေသာလီကျောက်လှေကားမြို့ကိုတည်၍ ဝေသာလီခေတ်ကို စတင်ထူထောင်သည်။ ဘုရင်သည် အမြော်အမြင်ဉာဏ်ပညာကြီးပြီး နိုင်ငံတော်ကို ခိုင်ခန့်အောင်လုပ်ဆောင်သည်။ တစ်ရာ့တစ်ပါးသောမင်းရို့ကို အောင်မြင်တော်မူသည်။ ဝေသာလီမင်းများသည် ဘုန်းတန်ခိုးကြီးအလွန်ကြီးသည်။

တိုင်းစန္ဒြးမင်းလက်ထက် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးမြောက်များစွာ သွန်းလုပ်သည်။ ပန်းအတတ် (၁၀) မျိုး၊ ကြီးသွန်းအတတ်၊ ကျောက်ဆစ်အတတ်ရို့ကို တတ်မြောက်သည်။ ရခိုင်အက္ခရာစာပီနှင့် ယဉ်ကျေးမှုတိုးတက်ထွန်းကားသည်။ ဤခေတ်တွင် အာနန္ဓစန္ဒြားမင်းသည် ရှိဖိုးဖီးစိုင်လာ နန်းစဉ်ကို ကျောက်စာရွီးထိုးပြုခသည်။ ဤကျောက်စာမှာ ရခိုင်သမိုင်း၌ အလွန်တန်ဖိုးကြီးပြီး၊ ကနိတိုင် မြောက်ဦးမြို့ သျှစ်သောင်းဘုရားခြီရင်းတွင် ဟိသည်။ စူဠစန္ဒြားမင်းလက်ထက် အေဒီ (၇၃၃) အေဒီ (၇၆၉) တွင် ရခိုင်ရီတပ်အင်အားအလွန်တောင့်တင်းသည်။ ဝေသာလီမြို့ကျောက်လှီကားတွင် နိုင်ငံခြားသင်္ဘောများစွာဆိုက်ကပ်၍ ကုန်သွယ်ရောင်းဝယ်မှုပြုသည်။ လက်ဟိဝေသာလီရွာတွင် နန်းရာကုန်းဟိသည်။ အေဒီ (၈၀၀) ကျော်တွင် သျှမ်း (မဂို) ဖျက်၍ ဝေသာလီပျက်သည်။

ယင်းနောက် လေးမြို့ခေတ် (အေဒီ ၈၁၈- အေဒီ ၁၄၃၀) ကိုတည်သည်။ နန်းတည်အရပ်ကို ကုလားတန်မြစ်ဝှမ်းမှ လေးမြို့မြစ်ဝှမ်းသို့ ရွှိပြောင်းသည်။ လေးမြို့ခေတ်တွင် မင်းစိုင်ပေါင်း ပေါင်း (၆၀) ဟိသည်။ မြို့တော်များမှာ (ပဉ္စာ၊ ပရိန်၊ ခြိတ်၊ စမ္ပ၀က်၊ နေရစ္စရာ၊ တောင်ငူနှင့် လောင်းကြက်) မြို့များဖြစ်သည်။ ထင်ရှားသောဘုရင်များမှာ (မင်းရင်ဖြူ၊ ကောလိယ၊ ဒဿရာဇာ၊ အလောမာဖြူနှင့် မင်းထီး) ရို့ဖြစ်သည်။ ဤခေတ်သည် မြန်မာနိုင်ငံ၏ပထမပုဂံခေတ်၊ ဒုတိယပုဂံခေတ် ၊ အင်းဝခေတ်များနှင့် ခေတ်ပြိုင်ဖြစ်သည်။

နောက်ဆုံး မြောက်ဦးခေတ် (အေဒီ ၁၄၃၀-၁၇၈၅) ကို တည်ထောင်သည်။ မြောက်ဦးမြို့ကိုတည်စဉ် မင်းစောမွန်ကွယ်လွန်သည်။ နောက်မင်းများဆက်လက် ပြုပျင်တည်ဆောက်သည်။ မင်းဗာကြီးလက်ထက် ဘင်္ဂါ (၁၂) မြို့ကိုအောင်မြင်တော်မူ၍ ရန်အောင်ဇေယျ (ခေါ်) သျှစ်သောင်းဘုရားကြီးကို တည်ထားကိုးကွယ်သည်။ နိုင်ငံတော်ကို လက်အောက်ခံဘုရင် (၁၂) ပါးနှင့်အုပ်ချုပ်သည်။ မင်းဖလောင်း၊ မင်းရာဇာရို့လက်ထက်၊ ရခိုင်အင်ပါယာအထွတ်အထိပ်သို့ရောက်လတ်ပြီး ရီတပ်အင်အား အလွန်တောင့်တင်းသည်။ ဤခေတ်တွင် နိုင်ငံခြားသို့လည်း ပညာတော်သင်စေလွှတ်သည်။ သီဟိုဠ်သို့လည်း သာသနာပြုစီသည်။ ရီကြောင်းအားဖြင့် ပေါ်တူဂီနှင့် ဒတ်(ခ်ျ) များက ရခိုင်ပြည်ကို ရန်စောင်မှုပြုသည်။ မြောက်ဦးခေတ်တွင် ရခိုင်စာပီယဉ်ကျေးမှု လွန်စွာထွန်းတောက်သည်။ အေဒီ (၁၇၈၅) ခု၊ မဟာသမတမင်းလက်ထက် မြန်မာအမရပူရဘုရင် ဗဒုံမင်း တိုက်ခိုက်သိမ်းယူ၍ ရခိုင်ပြည်ကြီးပျက်သုဉ်းသည်။

ရခိုင်ရို့သည် ရခိုင်နိုင်ငံတော်ကြီးကို မာရယုမင်းမှအစပြု၍ မဟာသမတမင်းအဆုံးတိုင် မင်းဆက်ပေါင်း (၂၅၆) ဆက် နန်းစံနှစ်ပေါင်း (၅၀၀၀) ကျော်၊ (ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး) စသည်ဖြင့် ခေတ်ကြီး (၄) ခေတ် ရခိုင်ဧက္ကရာဇ်နိုင်ငံတော်ကြီးထူထောင်လျှက် နီထိုင်အုပ်ချုပ်လာလတ်သူများဖြစ်သည်။

ပြောစွာလည်း တအောင့်ကြာလားဗျာ။ တအောင့်နားလိုက်အုံးမည်။ အေလောက်ဆို ရခိုင်အကြောင်း အကျဉ်းသိဖို့။ ငါပြောစွာယုံယင့်လား။

မင်းကျား။ ။ ကျွန်တော်ယုံပါရေ။ အယင်ရခိုင်တိ ကောင်းစားခကေလဲ့ အခု သူတောင်းစားဖြစ်လားပါဗျာ။ “အယင်က ကျင်သန်၊ အခု ပြင်ခံ” ဖြစ်လားပါဗျာ။

သင်္ဘောထိုး။ ။ အခုပိုင် ကြောင်းကျိုးယှင်းပြလို့ ငါလည်းယုံပါရေ။ ငါရို့ အဖိုးအဘောင်တိ စိုင်ဆက်ပြောလာရေစကားကို သတိရရေ။ အေဒီ (၁၆၁၅) လောက်က ပေါ်တူဂီတိသောင်းကျန်းလို့ ရခိုင်ပြည်ကို ပင်လယ်ကြောင်းလာတိုက်တေ။ ရခိုင်ဘုရင် မင်းခမောင်းက ပြန်တိုက်ဖျက်နိုင်ခရေ။ ယင်းခါက ငါရို့သင်ပေါင်းထိုးငါးတိလည်း ရီထဲမှာ ရီငုပ်သင်္ဘောယှောင်ကူးလို့ ရခိုင်ဖက်က ကူတိုက်တေ။ ယင်းအချိန်ကစလို့ ငါရို့ကို ရခိုင်သားတိက (သင်္ဘောထိုး) လို့ ခေါ်ရေ။

ကိုင်း.. ယုံကေယုံ၊ မယုံကေနီ။

နောက်ဆုံး တိုတိုတုတ်တုတ် နိဂုံးချုပ်မည်။ မင်းရို့ငါရို့ ကိုယ့်သမိုင်းကြောင်း ကိုယ်သိဖို့လိုရေ။ မမိဖို့လိုရေ။

(သာမြ)

ရခိုင်သဟာယအသင်း အမှတ် (၄) မှ ကူးယူဖော်ပြပါသည်။

ကျမ်းကိုးစာအုပ်များ

၁။ ဓည၀တီရာဇ၀င်သစ်။
၂။၁၉၆၈ ခုထုတ် ရခိုင်ညွှန့်ဖူးမဂ္ဂဇင်း။
၃။ ဦးလှဒင် (ဘာသာပြန်) ရတနာရွှေမြေ၀တ္ထု။
၎။ ဦးစက္ကိန္ဒရွီး ရခိုင်ယဉ်ကျေးမှုများ အမှတ် (၁) ၊ (၂)၊ (၃)
၅။ ဦးစံသာအောင်ရွီး အာနန္ဒစန္ဒြ။
၆။ ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီထုတ် ပြည်နယ်ဖြစ်စဉ်သမိုင်း (ပထမတွဲ)။
၇။ ဦးစောလှအောင်ရွီး၊ မဟာမုနိ၊ စက်ဘုရားသမိုင်း (အကျဉ်းချုပ်)။

Tuesday, September 7, 2010

န၀ရူပ 'ဗျာလ'


န၀ရူပ 'ဗျာလ'


ကမ္ဘာဦးကတည်းက လူမျိုးတိုင်း ဘာသာတိုင်း၌ ၄င်းရို့၏ ဒဏ္ဍာရီ ဆန်သော အထိမ်းအမှတ် သင်္ကေတ ရုပ်ထုများ ဟိခကြသည်။ အလားတူပင် ရခိုင် လူမျိုး၌လည်း ဒဏ္ဍာရီဆန်သော အထိမ်းအမှတ် သင်္ကေတ ရုပ်ထု တစ်ခုဟိသည်။ သို့ရာတွင် ယင်းရုပ်ထုကို ကမ္ဘာကပင် မဆိုထားနှင့် မြန်မာနိုင်ငံ၌ပင် လူအများစုက မသိကြသိမ့်ပါ။ ၄င်းရို့ကို ရှိဟောင်း ဇာတီပုထိုးများ၏ ကျောက်ဆစ်လက်ရာများတွင် ပုံသဏ္ဍာန် အမျိုးမျိုးဟိသော ရှိဟောင်းလက်ရာ အမွီအနှစ်အဖြစ် တွိ့နိုင်ပါသည်။ ယင်း သတ္တ၀ါကို ရခိုင် လူမျိုးရို့က “ဗျာလ” ဟုခေါ်ဆိုကြသည်။ အဆိုပါ သတ္တ၀ါ မှာရခိုင် လူမျိုးရို့၏ရှိရိုး စဉ်ဆက် တစ်လျှောက် ဟိခသော ဒဏ္ဍာရီဆန်သော သတ္တ၀ါဖြစ်သည်။


ယင်း ‘ဗျာလ’ ကို သတ္တ၀ါ ကိုးမျိုး၏ ကောင်းမြတ်သော ခွန်အား စွမ်းအင်ဟိသော သတ္တ၀ါရို့၏ အစိတ် အပိုင်းများနှင့် ပေါင်းစပ် ထားသည်။ယင်းသို့ သတ္တ၀ါ ကိုးမျိုး၏ အစိတ် အပိုင်းများနှင့် ပေါင်းစပ် ထားခြင်းကြောင့် ‘န၀ ရူပ ဗျာလ’ ဟုလည်းခေါ်သည်။ အဆိုပါ ‘န၀ ရူပ ဗျာလ’ ရုပ်တွင် ပါရေသတ္တ၀ါ ကိုးမျိုး၏ အစိတ်အပိုင်း များမှာ -

• ၁. ဆင်နှာမောင်း
• ၂. သမင်မျက်လုံး
• ၃. ကြံ့ဂြို
• ၄. ကြက်တူရွေး(ကျီး)လျှာ
• ၅. ခြူး (ငါးကြင်းကွက်)
• ၆. ဒေါင်းအမြီး
• ၇. မြင်းနားရွက်
• ၈. ကျားအစွယ်
• ၉. ခြင်္သေ့လက်ဝါး တို့ဖြစ်သည်။
ထိုကဲ့သို့ ထူးခြားသော စွမ်းအင်ဟိရေ အစိတ်အပိုင်းများကို တစ်ကောင်တည်း ဖြစ်အောင် ပေါင်းစပ် ထားခြင်းမှာလည်း ဗျာလ သတ္တ၀ါ ၏ ထူးခြားမှုကို ရည်ညွှန်းထားရေ အဓိပ္ပါယ် ဖြစ်သည်။ ဗျာလတွင် ပါရေအစိတ်အပိုင်းများ အနက် ကြက်တူရွေး (ကျီး) လျှာသည် စကား ပရိယာယ် ကြွယ်ဝခြင်းကို လည်းကောင်း ၊ ဒေါင်းအမြီးသည် လှပ တင့်တယ် ခြင်းကို လည်းကောင်း ၊ မြင်း နားရွက်သည် အကြား အာရုံ ထက်မြက်ခြင်း ကိုလည်းကောင်း ၊ သမင်မျက်လုံး သည် အမြင်အာရုံ စူးရှခြင်းကို လည်းကောင်း ၊ငါး(ခြူး) ၏ ကိုယ်ထည်သည် လျင်မြန် ဖျတ်လတ်ခြင်းကို လည်းကောင်း ၊ ကြံ့ဂြို ၊ ကျားစွယ် ၊ခြင်္သေ့ လက်ဝါး ၊ ဆင်နှာမောင်း သည် စွမ်းအင် ကြီးမားခြင်းတို့ကို လည်းကောင်း အသီးသီး ကိုယ်စားပြုပါသည်။

အဆိုပါ သတ္တ၀ါ ကိုးမျိုးရို့၏ အစိတ်အပိုင်းဖြင့် တန်ဆာ ဆင်အပ်သော သတ္တ၀ါအား ထားခြင်းဖြင့် “အဗျာလော- ဘေးဥပါဒ်ကို မဖြစ်စီတတ်ဘဲ ၊ လာဘော - လာဘ်လာဘကိုသာ ဖြစ်စီတတ်၏“ ဟု ရခိုင်လူမျိုးရို့ ယုံကြည်ထားကြသည်။

ဗျာလကို ရခိုင် ဝေသာလီခေတ် သာသနိက အဆောက်အအုံ များတွင် စတင်တွိ့ ရသည်။ ယင်းထက် ရှိကျသော ရုပ်ထုများလည်း ဟိကောင်း ဟိနိုင်ပါသိမ့်သည်။ မင်္ဂလာ အခမ်းအနားများ၌ သုံးစွဲသော အသုံးအဆောင် ပစ္စည်းများတွင် အနည်းငယ် တွိ့ရပါသည်။ ရခိုင်လူမျိုးရို့၏ ရှိဟောင်း အထိမ်းအမှတ် တခုဖြစ်သော ‘န၀ ရူပ ဗျာလ’ ကို ကျောင်းကန်၊ ဇာတီ ပုထိုးများတွင် လည်းကောင်း ၊ ထင်ရှားသော အဆောက် အဦး များတွင် လည်ကောင်း၊ စွမ်းအင် ကိုးမျိုး ပေါင်းစု ထားသော အစောင့် အယှောက် သတ္တ၀ါ အဖြစ် ထားလေ့ဟိပါသည်။

ရခိုင်ရိုးရာစည်တော် စတင်ပေါ်ပေါက်လာရခြင်းအကြောင်း


ရခိုင်ရိုးရာစည်တော် စတင်ပေါ်ပေါက်လာရခြင်းအကြောင်း


ရက္ခပူရတိုင်း ဓညဝတီရခိုင်ပြည်ကြီးတွင် တူရိယာအနီဖြင့် ရှိပဝေသဏီကာလ ဒွါရာဝတီ ဝါသုဒေဝမင်းလက်ထက်ကပင် စည်တော်တီးလျှက် သုခုမအနုပညာရိုးရာကို နန်းတွင်းယဉ်ကျေးမှုအဖြစ် စတင်တီထွင် ပေါ်ထွန်းလာခခြင်းဖြစ်ပါသည်။ ရခိုင်လူမျိုး၊ ရခိုင်ပြည်ဟု စတင်တည်ထောင်ခသော ဥတ္တရမဓူရမြို့တော်သည် သာဂရမင်း၏ ညီတော် ဥဿပရမင်းသည်(ကံသမင်း)၏ သမီးတော် (ဒေဝဂမ္ဘာ)မင်းသမီးနှင့် ထီးနန်းစိုးစံစဉ် ထူးခြားသော ဘုန်းသမ္ဘာနှင့်ပြည့်စုံသော သားတော်တကျိပ်ရို့ကိုဖွားမြင်တော်မူသည်။ ၎င်းမင်းသားရို့သည် ဆင်ပြောင်ငါးစီးအားနှင့် ပြည့်စုံတော်မူကြ၏။


၎င်းမင်းသားရို့မှာါသုဒေဝမင်း၊ ဗလဒေဝမင်း၊ သူရိယဒေဝမင်း၊ စန္ဒာဒေဝမင်း၊ အဂ္ဂိဒေဝမင်း၊ မစ္စုဒဒေဝမင်း၊ ဝရုဏ္ဏဒေဝမင်း၊ ရောဟနေယျဒေဝမင်း၊ ပဋမပဏ္ဍိတဒေဝမင်း၊ အင်္ဂုရဒေဝမင်း ဟူ၍ သားတော်တကျိပ်နှင့် သမီးတော်အဉ္ဇနဒေဝီရို့ ဖြစ်ကြသည်။ ၎င်းဝါသုဒေဝညီနောင် တကျိပ်ရို့သည် ဒွါရာဝတီ(အာကာပျံဝဲမြို့သံတွဲ)ကို စောင့်ယှောက်သော မြို့စောင့်ဘီလူးမကြီးရန်အား နှိမ်နှင်းပြီးသော် သိမ်းပိုက်စိုးစံတော်မူကြလီသည်။

ထိုအချိန်ကာလကပင် ကဿပဘုရားသခင်သာသနာ ဆုပ်ကပ်ကာလဖြစ်သည်။ ထိုအချိန်ကာလတွင် ဟိမဝန္တာတောကြီး တောင်ကြီးများထဲမှာ အလွန်ကျော်ဇောထင်ရှားသော (ကုဏ္ဍရ)အိုင် (သက္ကဋဂူ)တွင်းကြီးတွင် ခိုအောင်းနီသော ပုဇွန်ကြီးတကောင်သည် များစွာကြီးထွားသန်မာလျှက် လွန်စွာကြောက်မက်ဖွယ် ကောင်း ကာ သူ၏လက်မ (ခြီမ) နှစ်ခုဖြင့် လာသမျှသော ရီသတ္တဝါ၊ ကုန်သတ္တဝါအပေါင်းရို့အား ညှပ်သတ်ဖြတ်လျှက် သီစီရလီသည်။

ထိုကာလမကြာမြင့်မီ ဟိမဝန္တာတောကြီးအတွင်း၌ အင်မတန်ခွန်အားဗလနှင့်ပြည့်စုံသော ကြောက်မက်ဖွယ်ကောင်းသော (ဆင်ဟတ္ထိ)ကြီးတကောင်သည် ထင်ရှားပေါ်ပေါက်လာ လီသည်။ ၎င်းဆင်ကြီးသည် အဆိုပါ (သက္ကဋဂူ)တွင် မင်းမူနီသော ပုဇွန်ကောင်ကြီးအား နင်းသတ်လျှက် လက်မ(ခြီမ)ကြီးနှစ်ချောင်းကို နှာမောင်းဖြင့် ချိုးဖဲ့ကာ မြစ်ထဲသို့ပစ်ချ လိုက်လီသည်။

ထိုအခါ လက်မကြီးနှစ်ချောင်းကို အသူရာမင်း ဆယ်ယူရဟိလီသဖြင့် စည်ကြက်ကာတီး ခတ်လီရာ ငြိမ့်ညောင်းသာယာဖွယ် အသံစုံဖြစ်ပေါ်လာလီသဖြင့် ထူးဆန်းစွာသော အသူရာနတ်စည်တော်ကို သိကြားမင်းက တိုက်ခိုက်သိမ်းပိုက်ကာ ယူဆောင်လားခသည်။

ကျန်သော တချောင်းသော ပုဇွန်လက်မ(ခြီမ)ကြီးသည် အစဉ်အတိုင်း ဂင်္ဂါမြစ်ဖျားက တဆင့် ပင်လယ်သို့မျောပါလာပြီးသော် လီပြင်းတိုက်ခတ်လီသောကြောင့် ဒွါရာဝတီ မြစ်ကမ်းနဖူး၌ ရီချိုးနီကြကုန်သော ဝါသုဒေဝမင်းညီနောင် တကျိပ်ရို့သည် ဆယ်ယူရဟိကြလီကုန်၏။

ထိုပုဇွန်လက်မ(ခြီမ) တက္ကဋကို စည်တော်ကြက်လျှက် နန်းတော်တွင်တီးခတ်ကြလီရာ အင်မတန်ထူးခြားအံ့သြဖွယ်သော သံစုံတီးလျှက် ပေါ်ထွန်းလာပြီးသော် သာယာငြိမ့် ညောင်းဖွယ်သော အသံစုံလင်စွာဖြင့် ပေါ်ထွန်းလာလီသဖြင့် အသံစည်တော်နှင့် ကိုက်ညီအောင် သာခြင်း အခြင်းများဖော်လျှက် သုခုမပညာပြောင်မြောက်စွာဖြင့် စပ်ဆိုကာ သီဆိုက,ကွက်ထွင်ပြီး (စည်တော်ကြီးကို စတင်တီးခတ်ကြလီသည်။)

သို့ဖြစ်လီသောကြောင့် ရခိုင်ရာဇဝင်တော်ကြီးလင်္ကာ၌ အောက်ပါအတိုင်း ဖော်ပြထားပါသည်။

(ရိုးညွတ်ခပ်သိမ်း ရန်စစ်ငြိမ်း၍ မုဒိမ်း၊ ဓားပြ၊ ခိုးသူစသည် လန့်ထကြောက်ညှင်း ရန်မျိုးစင်မှ သောင်းခွင်ကြော်ကြား ထိုမင်းများတို့ (ရို့) ပျော်ပါးမြူးဆန်း မြို့ရွှင်ပျံ၌ ခြွေရံမှန်ပျင်း များလူရှင် (သျှင်)နှင့် နေ(နီ)ကျင်ပေါင်းရုန်း ဇမ္ဗူလုံးကို သိမ်းကျုံးဆည်ရ အဖို့ပြု၍ တခုမကြွင်း လုပ်ခွန်သွင်းလျှက် စံခြင်းများစွာ ထိုအခါ၌ မည်သာခေါ်ထ ကုဏ္ဍရဟု အိုင်းမက်၌ဝယ် ကြောက်မက်ဖွယ်သား၊ ကြီးကျယ်သန်လှ သက္ကဇူလို(ပိုင်) ပွပွသမ္ဘာ ဖူးငုံအာသာ၊ ပွင့်လာဘုန်းဟိ ဆင်ဟတ္ထိလျှင် နင်းဘိတန်းခိုး ရှတ်ရှတ်(ယှတ်ယှတ်)ကျိုးက စွယ်ကျိုးဘိန္န မြစ်သို့ချသော် လက်မထရံ မျိုးလေထုံ၍ ကြိတ်ကြိတ်ထိုခါ အသူရာတို့(ရို့) မဟာသမုတ် လှိုင်းခတ်ဖြုတ်က ဝရမ်ရေ(ရီ)ကြောင်း ဝင်လေ(လီ)ချောင်းသော် တချောင်းအကြွယ်(ကြွီ) ဆယ်ရဲလေ(လီ)၏။ မြဲတွယ်သည်မှ ဝှန်ပေါက်ပြဲသား၊ စည်မစည်ကြီး စည်သီရိဟု ပြုပြီးကုန်မှ၊ ဝါသဝနှင့် တွေ့(တွိ့)ကြရန်မှေ နတ်စစ်မြေ(မြီ)၌ ရှုံးလေ(ယှုံးလီ)ရကား ပါယ်စွန့်သွား(လား)သား သိကြားတမူ ရလေ(လီ)ယူမှ ဟိန်းဆူကျော်ကြား အလမ္ဗဟု တွင်ထအမည် သိနားလည်လော့၊ ထိုစဉ်အမျိုး အတူကျိုး၍ ရေ(ရီ)ရိုးလယာ မျောကြရာတွင် ဂင်္ဂါမြစ်ကြောင်း ပါလေ(လီ)သျှောင်း၍ တချောင်းကိုမူ ကျွန်းဇမ္ဘူဝယ် ရိပ်ဖြူဆောင်းဆောင်း တကျိပ်ပေါင်းသား၊ မင်းဇော်ပြီးဒသ သာဒကတို့(ရို့)၊ ဒွါရာဝတီ မြို့တောင်ဆီဝယ်၊ နဒီမြယဉ် ကမြူစဉ်၌ ဝဲရေ(ရီ)ချမ်းမြိုက်၊ ဆယ်ခွာလိုက်ဝယ်၊ တန့်ရိပ်မြည်လျက် မြောက်စည်ကြက်၍၊ မပျက်တီးက၊ သံဝှန်းဖြန့်သည်၊ ဒီ(ဒေ)ကျွန်းဇမ္ဘူ လွှမ်းပတ်တည်း။) ဟူ၍ပင်ပါဟိလီသည်။

သို့ဖြစ်ပါ၍ (စာရွီးသူအနီဖြင့်) ရခိုင်စည်တော် တီးခတ်ရန်အလို့ငှါ ခြီဆင်းရတုအဖြစ် အောက်ပါအတိုင်း ရွီးစပ်တင်ပြအပ်ပါသည်။

(ရက္ခမဏ္ဍိုင် ပြည်ရခိုင်လေ ရခိုင်ညွန့်ဖူး ကြယ်သောက်ရှူးသို့၊ ကွန့်မြူးဂုဏ်ရောင် သေလာတောင်ဆိုင်း၊ ပြိုင်းကရိုင်းတည်း၊ အုံ့မှိုင်းဝီဝီ၊ ကမ်းခြေ(ခြီ)ဒေသ၊ မဏ္ဍလဝယ် ဝံသမျိုးမှန် တန်းခိုးလျှံ၍ ဝါသုဒေဝ ဒသပါတက ညီနောင်လှတို့(ရို့)၊ ဒွါရာဝတီ၊ မြို့သင်္ဂီကို၊ စိုးစံပိုင်သ၊ ထိုစဉ်ကပင်၊ ပုဇွန်လက်မ ကုဏ္ဍဟု နာမထင်ပေါ်၊ မြတ်စည်တော်ကို၊ ရာဇာရာဇ နရိန္ဒနှင့် ဒလိန္ဒဆုံး၊ တပြုံးပြုံးရွှင်၊ မင်္ဂလာခန်း၊ ရီစင်ဖြန်း၍၊ ထုံးတမ်းစိုင်လာ၊ ခိုင်အမာလေ၊ ရိုးရာမပျက်၊ ဒေနိမ့်ထက်တိုင်၊ တမြိုင်မြိုင်ကေ၊ ရခိုင်စည်ခြင်း၊ သံသာညှင်းဖြင့် မယွင်းဇာတိ သွီးမာန်ဟိအောင်၊ ကြံဆောင်ရည်စူး၊ မြတ်စည်တော်တီး ဗျာယ်ခတ်ကေ (ဗြိန်းလေး စောင်းစောင်း ဗြိန်း။၃)
……………….
ဝန်ခံချက်။ ။
သမိုင်းဆရာကြီး ဓညဝတီ အောင်ဇေယျ ရွီးရေ “ရက္ခပူရကြေးမုံကျမ်း” (ဒုတိယအကြိမ်ပုံနှိပ်) စာအုပ်မှထုတ်နှုတ်၍ှ မူရင်းမြန်မာဘသာမှ ရခိုင်ဘာသာ သို့ပြန်ထားခြင်းဖြစ်ပါသည်။ (ခြီ၊ ကြွီ၊ ရီ ) အစဟိရေ ဝေါရတိရာဖြစ်သင့်ရေလို့ ဒေဆောင်းပါးကိုပြန်လို့တင်ပြသူအနီနှင့်ယူပါသည်။ ယကေလေ့ မူရင်ရာဇဝင်လာ အတိုင်းသာ တင်ပြလိုက်ပါသည်။ ရခိုင်သူ/သားတိုင်း ကိုယ့်စာပီကိုတန်ဖိုးထား မြတ်နိုးနိုင်ကတ်ပါစီ။