ရခိုင်ရိုးရာ ရက်ကန်းခတ်နေပုံ
ရခိုင်ရိုးရာ ရက္ကန်းစင်များတွင် အောက်ပါပစ္စည်းများ ပါဝင်ကြပါသည်။
၁။ ယိုင်မောင်း
၂။ ယိုင်စင်ပျဉ်
၃။ လက်လိပ်
၎။ လက်ခတ်
၅။ လက်ခတ်ကြိုး
၆။ ယိုင်သွား
၇။ နွယ်တံ
၈။ နွယ်စူး
၉။ ယိုင်ကြိုး
၁၀။ မျောက်
၁၁။ မျောက်ကြိုး
၁၂။ လက်ရုံးတန်း
၁၃။ ရခူသွား
၁၄။ ရွန်း
၁၅။ ရွန်းသိး
၁၆။ ကျော့ဝါးလုံး
၁၇။ ဂေါင်းတိုင်
၁၈။ နှပ်
၁၉။ နှပ်ကြိုး
၂၀။ ခြေနင်း
၂၁။ ခြေနင်းကြိုး
၂၂။ ရွက်ဖေါက်
၂၃။ ရီခွက်ချေ
၂၄။ ရီတိုက်
၂၅။ နှပ်တံ
၂၆။ နှပ်သိး……စသည်တို့ ဖြစ်ပါသည်။
ရှေ့နှစ်ပေါင်းများစွာက ရခိုင်ရိုးရာရက္ကန်းလုပ်ငန်းကို မိသားစုအလိုက်လက်ဆင့်ကမ်းသင်ယူလေ့လာ တတ်ကျွမ်းလုပ်ဆောင်ခဲ့ကြ၏။ ဝါဂွမ်းပင်များကို ကိုယ်တိုင်စိုက်ပျိုးပြိး ဝါဂွမ်းများကိုရယူ၏။ ဝါဂွမ်းမှတဆင့် ဝါကိုဖန်၏။ ထိုမှတဆင့် ခြည်ခင်ထိပြုလုပ်၏။ သစ်ခေါက်များကိုကြိုချက်ပြိး ရောင်ဆေးရည်းပြုလုပ်၏။အနက်ရောင်၊ သစ်ခေါက်ရောင်၊ ပိန္နဲရောင်၊ အဝါရောင်ဆေးရည်းပြုလုပ်၏။ ထိုဆေးရည်ဖြင့်ခြည်ခင်များကို လိုသောအရောင်ဆိုးပြိး အရောင်ခြည်ခင်ပြုလုပ်၏။ မိမိရက်လုပ်လိုသော ရိုးရာများအလိုက် အခြေခံပြိးရက်လုပ်ကြ၏။ ဆေးရောင်မှာ ခိုင်ခံ့၏။
ရခိုင်ရိုးရာရက္ကန်းစင်များသည် အနည်းဆုံးအနံ(၄၄)လက္မ ရက်လုပ်ကြ၏။ အနံကြိးကွင်းကျယ်များဖြစ်ကြသည်။ ရက်လုပ်ရာတွင် အနုဆင်(လူငယ်ဝတ်)၊ အလတ်ဆင်(လူလတ်ဝတ်)၊ အရင့်ဆင်(လူကြိးဝတ်) ဟူ၍ ခွဲခြားရက်လုပ်၏။ အပျိုဆင်၊ အအိုဆင်၊ အချေဆင်(လူငယ်ဆင်) ခွဲခြားထား၏။ အဆင်အမျိုးမျိုးရှိ၏။
၁။ စက်ဝိုင်းဆင်
၂။ လေးထောင့်(ကျူထရံဆင်)
၃။ အစင်း(ပတ်လည်ဆင်)
၎။ အတွန့် လှိုင်းချိတ်
၅။ ပွင့်ဖြူချိတ်
၆။ ကျူထရံနှင့် ပတ်လည်ချိတ် စသည်တို့ ဖြစ်သည်။
ရခိုင်ရိုးရာ ရက္ကန်းရက်ရာတွင် ခြည်ခင်များကို တဆင့်ပြိးတဆင့် သန့် စင်ရ၏။ အစာထည့်ရ၏။ (ထမင်းရည်၊ ကော်ရည်စသည်ဖြင့်) အစာတင်ရ၏။ တဖန်သန့် စသင်ရ၏။ (ချား)ခေါ် ခြည်ရစ်တို့ ဖြင့် တဖန်ပြုလုပ်ရ၏။ ထို့ ကြောင့်ရက္ကန်းရှည်၏။ ထို့ နောက် ယိုင်ဘောင်ကိုယူ၍ ရက္ကန်းစင်ပေါ်တွင် ဘေးနှစ်ဖက်တင်ထားရ၏။ အစဖက်တွင် လက်ယှက်ဖေါက်ထားသော ကျော့ နှစ်လုံးရှိ၏။ ပထမဆုံးယိုင်သွားတွင် ခြည်ကိုသွင်းပြိး နှပ်ကောက်ရ၏။ ယိုင်သွားတွင်ခြည်ကိုသွင်းသည့်အခါ လူနှစ်ဥိးလိုသည်။ တဥိးမှာ ရက္ကန်းတန်းရှေ့လက်ယှက်နားတွင်ထိုင်ရ၏။ အခြားတဥိးမှာ ရက္ကန်းတန်းနောက်ဖက် ထိုင်ပျဉ်ပေါ်တွင်ထိုင်ရ၏။ ပထမ လက်ယှက်မှခြည်ကွင်းကို ရက္ကန်းတန်းရှေ့ဖက်တွင်ထိုင်သူက ကမ်းပေးသည့်အခါ ထိုင်ပျဉ်ဖက်က လူက ယိုင်သွားကြားတွင် ဂျိတ်ကိုလျိုသွင်းပြိး အခေါက်လိုက် ချိတ်ယူရသည်။ ယိုင်သွားတွင် ခြည်ပင်များသွင်းပြိးမှ နှပ်ကောက်ရ၏။ ပထမချားတွင် ထည့်သွင်းထားသော ခြည်ခင်မှ နှပ်ခြည်ကိုယူရ၏။ ရှေ့ဖက်ကျသော ကျော့ ဝါးလုံးအတိုင်း အနံဆုံးအောင်လျို၍ ညာဖက်မှ စသွင်းရ၏။ ခြည်ပင်များဆုံးသော် ဘယ်ဘက်မှနေ၍ နှပ်ကျဉ်ဒေါင့်ထိပ်ဖက်ရှိ နှပ်သိးတံထားသည့်နေရာတွင် နှပ်သိးတံတခုထားပြိး နှပ်ခြည်ပင်၊ နှပ်ကျဉ်တောင့် ထိပ် နှပ်သိးတံတို့ ကို နှစ်ပတ်ကျော့၍ ချဉ်နှောင်ရ၏။ ပြိးလျှင် ဝါးလုံးကို တပတ်ကျော့ပြိး တဖန်ထိပ်နှပ်တံတွင် ကျော့သကဲ့သို့  နှစ်ကျော့၊ နှစ်ကြိမ်ချဉ်နှောင်ရ၏။
နောက်တဖန် ဝါးကျဉ်တောင့်တဖက်သို့  ပြန်ပတ်ယူပြိး နှပ်သိးတံတွင် ယခင်နည်းအတိုင်း နှစ်ကျော့၊ နှစ်ကြိမ်ချဉ်ရ၏။ နှပ်ခြည်တပတ် ပတ်တိုင်း အတိုင်ခြည်တပင်စီ နှပ်ခြည်တွင်ပါဝင်အောင် ခြည်ပင်ကြားမှ နှပ်ခြည်ကို ခွဲယူရ၏။ နှပ်ကောက်ရာတွင် တကျော့တကြိမ်၊ နှစ်ကျော့တကြိမ် ရှည်၍ကောက်ယူရသည်။ နှပ်ကျဉ်တောက်ကို ရှေ့သို့ ရွေ့ယူသွားပြိး နှပ်ပင်များကို တဖြည်းဖြည်းချွတ်ထားခဲ့ရ၏။ နှပ်ကောက်ပြိးသောအခါ ဝါးလုံးအလယ်မှ နှပ်သိးတံထည့်သောနေရာတွင် ထိးဝါးရိုးကိုထည့်လျက် နှပ်သိးတံနှင့်ချဉ်နှောင်ရ၏။ ထိုနည်းအတိုင်း နှပ်ကောက်ပြိးပါက ဒုတိယအကျော့ ဝါးလုံးကြားတွင် နှပ်ခြည်ပင်သွင်းယူပြိးနောက် တတိယတပင်ကောက်ယူရပြန်သည်။ နှပ်နှစ်ပြန်ကောက်ယူပြိး ရက္ကန်းတန်းတွင်လက်ယာဖက်မှစ၍ ယခင်တပြန်စီ ကောက်ယူထားသော နှပ်များကို(၁၀)ပင်စီခန့် ”ကျော့”မှဖော်ပြိးပေါ်လာသော နှပ်ပွင့်များကြားတွင် အတိုင်ခြည်ပင်ပါအလျော့၍ နှပ်ခြည်ကိုသွင်းယူရသည်။ ဤကဲ့သို့  အနံဆုံးအောင် ကောက်ယူရသည်။
ပထမ ‘နှပ်’ တပြန်ကောက်ထားပြိးသော် ရက္ကန်းတန်းရက်၍ပြိးဆုံးသောအခါ အဆုံး လက်ယှက်ဖြစ်သော ခြည်ကွင်းများကျန်နေသည်။
နောက်တတန်းရက္ကန်းရှည်ပြိးသောအခါ ယခင်လက်ကျန်ရှိနေသော ‘လက်ဆာ’(မြိတ်ဆာ) နှင့် လက်ညိုး၊ လက်မ ထိပ်တွင် ပြာမှုန့်ကိုင်၍ အသစ်ခြည်ကွင်းနှင့် အဟောင်းခြည်ကွင်းတို့ ကို ထိပ်ဆက်ပြိး ဖြတ်ရသည်။ “နှပ်” တခါကောက်ထားပြိးလျှင် ရက္ကန်းတန်းတတန်းတွင် လုံဂျီ(၁၂)ထည်စီပါသော ရက္ကန်းတန်း (၄)တန်းတိုင်အောင်ရက်လုပ်ရသည်။
ရခိုင်ရိုးရာ ကျား+မ အထည်များတွင်-
၁။ စိန်တပွင့်
၂။ စိန်လက်စွပ်
၃။ စိန်နားကပ်
၎။ လေးပွင့်ဆိုင်
၅။ လေးမည်ဆင်
၆။ ပန်းတက်၊ ပန်းလှ အချိတ်များမှာ နာမည်ကျော်သော ရိုးရာလုံဂျီများ ဖြစ်ကြ၏။
ဤရှေ့ရိုးရာ မိသားစုလက်ဆင့်ကမ်း ပညာကို ထိမ်းသိမ်းထားကြရန်လိုအပ်ပါသည်။ရခိုင်အမျိုးသားရိုးရာ ပညာတရပ်အနေဖြင့် မပျောက်မပျက် စောင့်ရှောက်နိုင်ကြပါစေရန် ရည်ရွယ်ချက်ဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
ရေးသားသူ
ထွန်းဝင်း
(ရန်ကုန်တက္ကသိုလ်)
ရခိုင်ရိုးရာ အထည်တချို့ ကိုဖေါ်ပြလိုက်ပါသည်။