Wednesday, April 27, 2011

ဥိးမြဝါ ဒုံးယိမ်း

ရက္ခမဏ္ဍလတိုင်းမြတ်ကျော် ပညာဟိများပေါ်ပေါ်
ပညာကျော် ပညာကျော် တိုင်းအသိ ကဝိအမော်
တိုင်းသိအကျော် တိုင်းသိအကျော် တိုင်းသိအမော်
အမတ်တော်လည်း (ဝိမလ)၂ ရဲစွမ်းရေ(ဥိးမြဝါ)၂
(စာဆိုမှာ)၂ မင်းညိုပါလေး....။

(ဥိးမြဝါ)၂ အသက်ကိုစွန့် ပျာယ် လားရေလားလေ
ဘုရင်ကြိးနှင့်ပြည်သူအများ သောကပူပင်ပွါးရေလေးလေ
ရက္ခမဏ္ဍလတိုင်းကိုလ အံမတုနိုင် တခြားနိုင်ငံ
အာဇာနီဇာနီသွီးယေက ပြေငြိမ်းလီပြန် ငြိမ်းလီပြန်
ပူဇော်ဖို့ ရေးဈာပနပွဲ ဖောင်တောာ်တင်ပျာယ် ဆွဲရေလေးလေ
(ဆွဲရေလေး) ၂ ဆွဲပါရေလေးလေ......။

မင်္ဂလကြက်သရေစုံစွာ တေဇာထွန်းရေ
ဇမ္ဗူဒီပါလက်ယာကျွန်းမှာ မော်ကွန်းတင်ခရေ
လေးဝတီထင်ရှားပါလှရေ ဘုရားမြတ်စွာဗျာဒိတ်ပိးခရေ
ဖိးဘယာဝိးလို့  စည်ပင်သာလှရေ...။

ဇမ္မူဒီပါလက်ယာကျွန်းမှာ နီရောင်လရောင် ထိန်ပြောင်လင်းရေ
ရက္ခမဏ္ဍဓညဝတီ ငါ့ရို့ ဌာနီ ရွှီပြည်ကြိးကို
စန္ဒသူရိယဓိဌာန်ပြုလို့  ငါရို့ ဘုရားကြွချီလာ
ထိုစဉ်အခါပြိုင်စံယှားရေ ငါရို့ အမတ် ပညာကျော်
ဝိမလခေါ်သုခမိန်ကြိးနှင့် ပညာဝံသငလက်ရုံး
မျိုးရခိုင်ဘုန်း မိုးသို့ ချုံး
ယိုးဒယားနှင့်တိုင်းဟံသာ ဒေလီပဆာအာသံရို့ မှာ
ဘဏ္ဌာတော်မြတ်ဆက်ရရှာ (ငါရို့ ဘုန်းရောင် နီသို့ အလား)
ငါရို့ ပြည်ငါရို့ မျိုး ငါရို့ ဘုရင် ( ငါရို့ ဘုန်းရောင် နီသို့ အလား)
ရာဇာကြိးနှင့် မြတ်မင်းဘာ (စောမွန်ဘွဲ့ မှာ ယဉ်နုပါ၏)
(ဥိးမြဝါလေးစားပါယင့်)၃....။

(ကွယ်လွန်သူ ဥိးစံကျော်ထွန်းရွိးစပ်သည်။)