Tuesday, May 31, 2011

ရခိုင်ပြည်က ရှေးဟောင်းအမွေအနှစ် စင်ကာပူဘုန်းကြီး လက်ဝယ်ရောက်ရှိ

စင်ကာပူနိုင်ငံ ဗုဒ်ဓအံတော်သိမ်ကျောင်း ၀က်ဆိုက်တစ်ခုဖြစ်တဲ့ http://www.btrts.org.sg/Index_About_Us_Sacred_Relics.htmlရဲ့ ဖော်ပြချက်အရ၊ မြန်မာနိုင်ငံ ရခိုင်ပြည် မြောက်ဦးမြို့က အများသူငါက မြတ်စွာဘုရားရဲ့ အံတော်ဓာတ် တစ်ဆူလို့ အစဉ်အလာ လက်ခံထားကြတဲ့ အံတော်ဓာတ် တစ်ဆူဟာ ယခု စင်ကာပူနိုင်ငံက ဘုန်းကြီး ရှီဖာကြောင် (Shi Fazhau) ရဲ့ လက်ထဲကို ရောက်ရှိလို့ နေပြီဖြစ်ပါတယ်။ ဘုန်းကြီး ရှီရဲ့ ၀က်ဆိုက်အရတော့ မြောက်ဦးမြို့က ဘုန်းတော်ကြီး ဦးစက္ကပါလ(ဗန်ဓုလဘုန်းတော်ကြီးကျောင်းထိုင်)က သူ့ကို လက်ဆောင်ပေးလိုက်တာပါတဲ့။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံက သမိုင်းဝင် အမွေအနှစ်တစ်ခု ကို ယခုလို လက်ဝယ်ထားတာဟာ ဘုန်းတော်ကြီး ရှီအတွက် ၀ိနည်းသိက္ခာနဲ့ ညီတဲ့ လုပ်ရပ်တစ်ခု တော့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံ ရှေးဟောင်းပစ္စည်းအက်ဥပဒေအရ အခုလို နှစ်ပေါင်းများစွာ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ ပစ္စည်းတစ်ခုခုကို မြန်မာပြည်ကနေ ပြည်ပနိုင်ငံတစ်ခုသို့ တရားမ၀င် ယူဆောင်သွားခြင်းဟာ ဥပဒေနဲ့ ငြိစွန်းနေလို့ပါပဲ။ဘုန်းကြီး ရှီဖာကြောင်က လက်ဆောင်ရရှိတယ်လို့ သူ့ဝက်ဆိုက်မှာတော့ ဆိုထားလေရဲ့။ ဒါပေမဲ့ မြန်မာပြည်ရဲ့ ရှေးဟောင်းပစ္စည်းတစ်ခုဟာ တစ်ဦးတစ်ယောက်ပိုင် ပစ္စည်းမဟုတ်ဘဲ ပြည်သူလုထု အားလုံးပိုင်ဆိုင်တဲ့ သမိုင်းအမွေ ဖြစ်တယ်ဆိုတာ ဘုန်းကြီး ရှီ သိဖို့ ကောင်းပါတယ်။ ဗုဒ္ဒဘာသာဝင်တွေ အထွတ်အမြတ်ထားရာ အံတော်ဓာတ်ဟာ စောစောက ပြောခဲ့တဲ့ မြောက်ဦးမြို့က ဘုန်းကြီး တစ်ဦးတစ်ယောက်တည်း ပိုင်ဆိုင်တာ မဟုတ်ပါဘူး။ ဗုဒ္ဒဘာသာဝင် မြန်မာပြည်သူ အားလုံးနဲ့ သက်ဆိုင်တာပါ။ ဒါကြောင့် မြောက်ဦးက ဘုန်းကြီးအနေနဲ့ မိမိတို့ရဲ့ အမွေအနှစ်ကို ပြည်ပဘုန်းကြီးတစ်ပါးကို လက်ဆောင် မပေးနိုင်သလို ဘုန်းကြီး ရှီအနေနဲ့လဲ လက်ဝယ်ပိုင်ဆိုင်ဖို့ မသင့်လျော်ပါဘူး။ မြန်မာပြည် ရှေးဟောင်းပစ္စည်းအက်ဥပဒေအရ အခုလို မြန်မာပြည်ကခိုးထုတ်သွားတာဟာ အပြစ်ရှိတဲ့ လုပ်ရပ်တစ်ခုလဲ ဖြစ်ပါတယ်။စစ်တွေနဲ့ မြောက်ဦးက ရရှိခဲ့တဲ့ သတင်းများအရကတော့ စောစောက ပြောခဲ့တဲ့ အံတော်ဓာတ်ကို မြောက်ဦးဘုန်းကြီးဆီကနေ စင်ကာပူဘုန်းကြီး ရှီဖာကြောင် ၀ယ်ယူသွားခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင် မင်းနေပြည်တော် ဖြစ်ခဲ့ဖူးတဲ့ မြောက်ဦးမြို့မှာ အများက အံတော်လို့ လက်ခံထားကြတဲ့ အံတော်ဓာတ် နှစ်ဆူရှိပါတယ်။ တစ်ခုက ၁၆ ရာစု ဘုရင်မင်းဗာကြီး တည်ထားခဲ့တဲ့ အံတော်သိမ်မှာ ကိန်းဝပ်တဲ့ အံတော်ဖြစ်ပြီး၊ နောက်တစ်ခုကတော့ ပုဂံတောင်က အံတော်ဖြစ်ပါတယ်။ အံတော်နှစ်ခုစလုံးဟာ စောစောက ပြောခဲ့တဲ့ မြောက်ဦးမြို့က ဘုန်းတော်ကြီးကျောင်းထိုင်ရာ ဘုန်းကြီးကျောင်းမှာ ကိန်းဝပ်ခဲ့ပါတယ်။အဲဒီ အံတော်နှစ်ဆူစလုံးကို ၂၀၀၂ ခုနှစ်တုန်းက ရှီဖာကြောင်က ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။ ပုဂံတောင်က အံတော်ကို ယူဆောင်သွားစဉ်က ဘယ်သူမှ မရိပ်မိလိုက်ကြပေမဲ့၊ ဒုတိအကြိမ် ဘုန်းကြီးရှီရဲ့ တပည့်များ အံတော်သိမ်က အံတော်ကို သယ်ယူရာမှာတော့ စစ်တွေလေဆိပ်မှာ စစ်ထောက်လှမ်းရေးက ဖမ်းမိလိုက်ပါတယ်။ဒါပေမဲ့ ရှီဖာကြောင်ဟာ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ အနီးကပ်ရင်းနှီးတာကြောင့် ဘာအရေးယူခြင်းမှ မခံခဲ့ရပါဘူး။ မြောက်ဦးက ဘုန်းကြီးလဲ အဲဒီနှစ်အကုန်မှာ ပျံလွန်ခဲ့ပါတယ်။ ဘုန်းကြီးပျံတော့ သူ့ရဲ့သေတ္တာထဲမှာ သိန်းပေါင်းများစွာသော ငွေတွေကို တွေ့ရပါတယ်တဲ့။ ရှီဖာကြောင် ၀ယ်ယူသွားခဲ့တဲ့ အထောက်အထားတွေ ဖြစ်တယ်လို့ဆိုပါတယ်။မြတ်စွာဘုရားရဲ့ အံတော်ဓာတ်လို့ပြောနေကြတဲ့ အဲဒီ အံသွား စင်ကာပူကိုရောက်ရှိသွားပြီး၊ ၀က်ဆိုက်မှာ ကြေညာလိုက်စဉ်မှာ တော့ သွားဖက်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခတွေကြားမှာ လေ့လာသုံးသပ်စရာ တစ်ခု ဖြစ်သွားခဲ့ပါတယ်။ Dr Pamela Craig, (University of Melbourne/ School of Dental Science, Australia) နဲ့ Professor David Whittaker (Cardiff University, Britain) တို့ကတော့ အခု အံသွားဟာ လူတစ်ယောက်ရဲ့ အံသွား မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။ အဲဒီ သုံးသပ်ချက်က ၂၀၀၇ ခု ဇူလိုင် ၁၅ ရက်နေ့ထုတ် The Nation သတင်းစာမှာ ပါရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံ ကန်ဒ တက္ကသိုလ်က ရခိုင် သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းကလဲ မြတ်စွာဘုရားရဲ့ အံတော်အစစ်ဆိုတာနဲ့ ပတ်သက်လို့ သံသယရှိကြောင်း wao-mail group မှာ ဖော်ပြခဲ့ပါတယ်။အခုတင်ပြနေတာက ဗုဒ္ဒွရဲ့စစ်မှန်တဲ့ အံတော် ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာကို ပြောနေတာ မဟုတ်ပါဘူး။ ဒီပစ္စည်းဟာ ရှေးဟောင်း အမွေအနှစ်ပစ္စည်း ဖြစ်ပါတယ် ဆိုတာကို တင်ပြနေတာပါ။အခု စင်ကာပူကို ရောက်နေတဲ့ အံတော်ဓာတ်မူလကိန်းဝပ်ခဲ့ရာ ပုဂံတောင်စေတီဟာ မြောက်ဦးခေတ် (၁၄၃၀-၁၇၈၄ အေဒီ) အတွင်း တည်ထားခဲ့တာဖြစ်လို့ ဒီအံတော်ဓာတ်ရဲ့ ကိုးကွယ်မှု သက်တမ်းဟာ အနည်းဆုံး နှစ်ပေါင်း နှစ်ရာ ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရှေးဟောင်း ပစ္စည်းအက်ဥပဒေအရ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်း ရှိတဲ့ မည်သည့်ပစ္စည်းကို မဆို ရှေးဟောင်းပစ္စည်းလို့ သတ်မှတ်ပါတယ်။ ဒါကြောင့် အခုစင်ကာပူ ၀က်ဆိုက်က တရားဝင်ကြေညာနေတဲ့ ရခိုင်ပြည် မြောက်ဦးမြို့က အံတော်ဟာ ရှေးဟောင်းပစ္စည်း ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး။ဒီတော့ခါ မြန်မာပြည်ရဲ့ သမိုင်းဝင် အမွေအနှစ်ဖြစ်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို စင်ကာပူဘုန်းကြီး ရှီဖာကြောင် တရားမ၀င်ယူဆောင်သွားတဲ့ လုပ်ရပ်တစ်ခုဟာ ဥပဒေနဲ့ မငြိစွန်းနေဘူးလားဗျာ။ ။ ကိုင်း…. စင်ကာပူက ရွှေမြန်မာတွေဘာလုပ်ကြမှာလဲ။ သွားပြီးတော့ပဲ ဖူးကြမလား၊ ဥပဒေကြောင်းအရပဲ ကန့်ကွက်ကြမလား။ ။

မူရင်းကိုဖေါ်ပြလိုက်ပါရေ။
The Origin of Buddha Tooth Relic Temple

In 1980, Ven. Cakkapala, abbot of the renowned Bandula monastery in Mrauk-U, Myanmar, resolved together with five male devotees to go up the Bagan Hill at Mrauk-U to restore a collapsed stupa and a large statue of the Buddha. In the process of clearing up the debris, they discovered a Tooth of the Buddha within a stupa of pure gold, and also found various other relics of the Buddha. The discovery was not made known publicly.

In mid-January 2001, members of the Preparatory Committee for the Bandula Monastery were preparing to build a Buddhist hall and a two-storey Exhibition Hall for Ancient Buddhist Cultural Relics. Faced with great difficulties in fund-raising, they appealed to Ven. Shi Fazhao for financial assistance. Moved by the Committee’s spirit of commitment to Buddhism, Ven. Shi Fazhao gladly agreed to their request.


In mid-August 2001, the Preparatory Committee escorted Ven. Shi Fazhao and his devotees to pay reverence to the Buddha Tooth Relic (discovered more than 200 years) at the Bandula Monastery, and to meet the abbot Ven. Cakkapala. The two eminent monks felt close to each other right from the start, such that they shared extensively with each other their experiences in furthering the Dharma. In early 2002, Ven. Cakkapala came to Singapore, Malaysia and Thailand for a visit on Ven. Shi Fazhao’s invitation. As he visited both the Golden Pagoda Buddhist Temple and Metta Welfare Association (founded by Ven. Shi Fazhao), he came to the profound understanding that the compassion of this friend of his extended beyond just helping to restore stupas in Myanmar – indeed, it was sown widely all over Singapore and the region.

On August 4, 2002, Ven. Cakkapala decided to hand over the Buddha Tooth Relic (which he had reverently enshrined for 22 years) to Ven. Shi Fazhao to be safeguarded. He exhorted the new guardian that, should the opportunity arise, he is to build a monastery for the relic, so that Buddhists from everywhere may gather in Singapore to pay reverence to it. These people, it was hoped, may in this way connect with the Buddha and hence increase in blessings and wisdom. Ven. Cakkapala passed away peacefully on December 11, 2002.
Having been so urged by Ven. Cakkapala, Ven. Shi Fazhao found himself being tested. To get things started, he resolved to be secluded in a one-year Dharma Lotus Blossom Retreat. Thanks to blessings from the Triple Gems, Ven. Shi Fazhao conceived during the retreat not only the name “Buddha Relic Tooth Temple (Singapore)”, but also an architectural style based on the Buddhist mandala and integrated with the art culture of Buddhism in the Tang dynasty. Naturally, the classical ethos of the building has to be matched with a site with a long history. Loaded with significance for early Chinese immigrants, and also being the locus of the roots of Chinese culture here, Chinatown became one of the places under consideration for the building of the new Temple.

Monday, May 23, 2011

ရခိုင်တို့ အားဖိနှိပ်ခဲ့သည့် ဗမာမြို့ ဝန်များ

ရခိုင်ပြည်မြောက်ဥိးမြို့ ၌ ဗမာပဒေသရာဇ်တို့ ၏ ရခိုင်နိုင်ငံသားများအပေါ် ဖိနှိပ်ကျွန်ပြုရန်တာဝန်ပေးအပ်ခြင်းခံရသော ဗမာလူမျိုး မြို့ ဝန် (၉)ယောက်တို့ ၏ အမည်စာရင်း။
(၁)အန္ဒပကျန်၊ရခိုင်သက္ကရာဇ်(၁၁၄၆-၁၁၅၀)အထိ(၄)နှစ်
(၂)အနောက်ဘက်တိုက်ဝန်၊ရခိုင်သက္ကရာဇ်(၁၁၅၀-၁၁၅၂)အထိ(၂)နှစ်
(၃)ပုသိမ်ဝန်၊ရခိုင်သက္ကရာဇ်(၁၁၅၂-၁၁၅၃)အထိ(၁)နှစ်
(၄)တိုင်းတားဝန်အာဏာကျော်ထင်၊ရခိုင်သက္ကရာဇ်(၁၁၅၃-၁၁၅၅)အထိ(၂)နှစ်
(၅)မောင်ကျော်လှ၊ရခိုင်သက္ကရာဇ်(၁၁၅၅-၁၁၅၇)အထိ(၂)နှစ်
(၆)စိန်ဘူး၊ရခိုင်သက္ကရာဇ်(၁၁၅ရ-၁၁၈၁)အထိ(၁၈)နှစ်
(ရ)နော်ရထာ၊ရခိုင်သက္ကရာဇ်(၁၁ရ၅-၁၁၈၁)အထိ(၆)နှစ်
(၈)မောင်ကြာရိုး၊ရခိုင်သက္ကရာဇ်(၁၁၈၁-၁၁၈၄)အထိ(၃)နှစ်
(၉)တရုပ်ဝန်စံပျော်၊ရခိုင်သက္ကရာဇ်(၁၁၈၄-၁၁၈၆)အထိ(၂)နှစ်တို့ဖြစ်ကြသည်။
ရခိုင်ပြည်မြောက်ဥမြို့တော်၌မြို့တော်ဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြသောအထက်ဖေါ်ပြ
ပါဗမာမြို့ဝန်တို့သည်ရခိုင်လူမျိုးတို့အားရက်စက်ဖိနှိပ်စွာအုပ်ချုပ်ခဲ့ကြရုံသာမကအစုလိုက်အ
ပြုံလိုက်လူသတ်မှု့များစွာတို့ကိုကိုယ်တိုင်ကျူးလွန်ခဲ့ကြသောမကောင်းဆိုးဝါးမိစ္ဆာများ။
လူသတ်ကောင်များသာဖြစ်ကြပေသည်။

ရခိုင်ပြည် ရမ်းဗြဲမြို့ ၌ဗမာပဒေသရာဇ်တ်တို့၏ ရခိုင်နိုင်ငံသားများ
အပေါ်ဖိနှိပ်ကျွန်ပြုရန် တာဝန်ပေးအပ်ခြင်းခံရသော ဗမာလူမျိုး မြို့ ဝန်(၂၁)ယောက်တို့ ၏အမည်စာရင်း။
(၁)နရသမိုင်းကျော်၊ရခိုင်သက္ကရာဇ်(၁၁၄ရ-၁၁၄ရ)အထိ(၁)နှစ်
(၂)ရဲတိုက်ဝန်၊ရခိုင်သက္ကရာဇ်(၁၁၄၈-၁၁၄၉)အထိ(၂)နှစ်
(၃)လင်္ကျာရွှေတောင်၊ရခိုင်သက္ကရာဇ်(၁၁၅၀-၁၁၅၂)အထိ(၃)နှစ်
(၄)မဘဲစား၊ရခိုင်သက္ကရာဇ်(၁၁၅၃-၁၁၅၅)အထိ(၃)နှစ်
(၅)တိုင်းတားဝန်၊ရခိုင်သက္ကရာဇ်(၁၁၅၆-၁၁၅ရ)အထိ(၂)နှစ်
(၆)လယ်ကိုင်းစား၊ရခိုင်သက္ကရာဇ်(၁၁၅၈-၁၁၅၉)အထိ(၂)နှစ်
(ရ)သမန်းရဲဖျား၊ရခိုင်သက္ကရာဇ်(၁၁၆၀-၁၁၆၀)အထိ(၁)နှစ်
(၈)လယ်ကိုင်စား၊ရခိုင်သက္ကရာဇ်(၁၁၆၁-၁၁၆၃)အထိ(၃)နှစ်
(၉)ရဲမက်တံခွန်၊ရခိုင်သက္ကရာဇ်(၁၁၆၄-၁၁၆၄)အထိ(၁)နှစ်
(၁၀)ကျော်ထင်ရာဇာ၊ရခိုင်သက္ကရာဇ်(၁၁၆၅-၁၁၆ရ)အထိ(၃)နှစ်
(၁၁)သာဝတ္ထိစား၊ရခိုင်သက္ကရာဇ်(၁၁၆၈-၁၁ရ၀)အထိ(၃)နှစ်
(၁၂)ရွှေတော်သီလ၊ရခိုင်သက္ကရာဇ်(၁၁ရ၁-၁၁ရ၂)အထိ(၂)နှစ်
(၁၃)လင်္ကျာစည်သူ၊ရခိုင်သက္ကရာဇ်(၁၁ရ၃-၁၁ရ၆)အထိ(၄)နှစ်
(၁၄)နေမျိုးသူရ၊ရခိုင်သက္ကရာဇ်(၁၁ရရ-၁၁၈၀)အထိ(၄)နှစ်
(၁၅)မဟာနော်ရထာ၊ရခိုင်သက္ကရာဇ်(၁၁၈၁-၁၁၈၁)အထိ(၁)နှစ်
(၁၆)မောင်ရွှေအိုး၊ရခိုင်သက္ကရာဇ်(၁၁၈၂-၁၁၈၂)အထိ(၁)နှစ်
(၁ရ)ရွှေဓါးမှူး၊ရခိုင်သက္ကရာဇ်(၁၁၈၃-၁၁၈၃)အထိ(၁)နှစ်
(၁၈)ရဲမက်ကျော်ထင်၊ရခိုင်သက္ကရာဇ်(၁၁၈၄-၁၁၈၄)အထိ(၁)နှစ်
(၁၉)ဒါဝတ်ကယ်၊ရခိုင်သက္ကရာဇ်(၁၁၈၅-၁၁၈၅)အထိ(၁)နှစ်
(၂၀)မောင်သာကြွယ်၊ရခိုင်သက္ကရာဇ်(၁၁၈၆-၁၁၈၆)အထိ(၁)နှစ်
(၂၁)မောင်စံရာ၊ရခိုင်သက္ကရာဇ်(၁၁၈ရ-၁၁၈ရ)အထိ(၁)နှစ်တို့ဖြစ်ကြသည်။
ရခိုင်ပြည်ရမ်းဗြဲမြို့၌မြို့တော်ဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြသောအထက်ဖေါ်ပြပါ
ဗမာမြို့ဝန်တို့သည်ရခိုင်လူမျိုးတို့အားရက်စက်ဖိနှိပ်စွာအုပ်ချုပ်ခဲ့ကြရုံသာမကအစုလိုက်
လူသတ်မှု့များစွာတို့ကိုကိုယ်တိုင်ကျူးလွန်ခဲ့ကြသောမကောင်းဆိုးဝါးမိစ္ဆာများလူသတ်
ကောင်များသာဖြစ်ကြပေသည်။ ။
ရခိုင့်အားမာန်(စာစောင်-၁)

Tuesday, May 17, 2011

ရခိုင်စာပေ မှတ်တမ်း

ရခိုင်ရာဇဝင်များ
၁.ဗျာသတ်ရာဇဝင် (ပီ=အမျိုးသားပြတိုက်၊လန်ဒန်)
၂.ဝိမလရာဇဝင် (ပီ)
၃.ငမည်းရာဇဝင် (ပီ= အမျိုးသားစာကြည့်တိုက်၊ ရန်ကုန်)
၎.ဓညဝတီအရေးတော်ပုံ (ပီ=အမျိုးသားစာကြည့်တိုက်၊ရန်ကုန်)
၅.မင်းရာဇာကြီးစာတမ်း (ပီ=အမျိုးသားစာကြည့်တိုက်၊ရန်ကုန်)
၆.ဒိုးဝေရာဇဝင် (ပီ)
၇.ငလက်ရုံးရာဇဝင် (ပီ)
၈.မဟိံသကရာဇဝင်
၉.မဟာဝိဟိကရာဇဝင်
၁၀.ကျားစွပ်ရာဇဝင်
၁၁.ကြောင်သုံးဆယ်ရာဇဝင်
၁၂.ကျောက်ရိုးရာဇဝင်
၁၃.ရာဇဝင်ဟောင်းရာဇဝင်တော်ကြီး
၁၄.ကြခတ်ရာဇဝင်
၁၅.မောင်ပုံရာဇဝင်
၁၆.ဘိုးလူရာဇဝင်
၁၇.ရခိုင်ရာဇဝင်သစ် (ပုံနှိပ်=အသျှင်စန္ဒမာလာလင်္ကာရ)
၁၈.ရာဇက္ကမသင်္ခေပကျမ်း (ပုံနှပ်=အသျှင်စန္ဒမာလာလင်္ကာရ)
၁၉.ဓညဝတီရာဇဝင်သစ် (့ပုံနှိပ်=ဦးပဏ္ဍိ)
၂၀.ဓညဝတီရာဇဝင်သစ် (ပုံနှိပ်=ဦးဉာဏ)
၂၁.ရခိုင်မဟာရာဇဝင်တော်ကြီး (ဦးသာထွန်းအောင်)
၂၂.ရခိုင်ရာဇဝင် (ဦးအောင်သာဦး)
၂၃.ရခိုင်ရာဇဝင် (ရခိုင်-မြန်မာပဏ္ဍိ ဦးဦးသာထွန်း)
၂၄.ရခိုင်ရာဇဝင်ကြီးထွက်ကျဉ်း (မောင်သျှင်ကျော်ဇံ)
၂၅.ရခိုင်ရာဇဝင် အကျဉ်းချုပ် (သန်းထွန်း)
၂၆.ရှီးထုံးရာဇဝင်လင်္ကာ
၂၇.ရခိုင်ရာဇဝင်လင်္ကာ
၂၈.ရခိုင်ရာဇဝင်လင်္ကာ (ဦးစံတင်)
(ရခိုင်ရာဇဝင်ပေါင်း (၄၈) စောင်ဟိသည်ဟူ၏)


အရေးတော်ပုံများ
၁။ဓညဝတီအရေးတော်ပုံ (ဒွါရာဝတီဆရာတော်)
၂။မင်းရာဇာကြီးအရေးတော်ပုံ



လျှောက်ထုံးများ
၁။မဟာပညာကျော်လျှောက်ထုံး
၂။ကဝိကျော်အမတ်လျှောက်ထုံး


ဓမ္မသတ်များ
၁။ရွှီမျှဉ်းဓမ္မတ်
၂။မနုဓမ္မသတ်
၃။ဓမ္မဝိလာသဓမ္မသတ်
၎။နပင်လယ်ဓမ္မသတ်
၅။ယုဓမ္မသတ်
၆။ဓမ္မသတ္တသင်္ခေပ


မော်ကွန်းများ
၁။ထောက်တည်မော်ကွန်း
၂။နရာဓိပတိမော်ကွန်း
၃။မေဓပညာမော်ကွန်း
၎။သျှင်နာဂိန္ဒမော်ကွန်း
၅။သျှစ်သောင်းဘုရားတည်မော်ကွန်း


ကြိုးတန်းလင်္ကာများ
၁။ဗုဒ္ဓဝင်ကြိုးတန်းလင်္ကာ
၂။ဝိဓူရကြိုးတန်းလင်္ကာ


ပျို့များ
၁။လောကသာရပျို့ (အသျှင်အဂ္ဂသာရ၊လေးမြို့)
၂။ရာဇသာရပျို့ (အသျှင်အဂ္ဂသာရ၊လေးမြို့)
၃။ဓမ္မသာရပျို့
၎။နက္ခတ်ပျို့
၅။သက်ရောက်ပျို့


ဧချင်းများ
၁။မှောက်တော်ဧချင်း (အဒူမင်းညို၊မြောက်ဦး)
၂။စန္ဒဝိဇယစစ်အောင်ဧချင်း


ရတုများ
၁။သုဝဏ္ဏဒေဝီလျှိုးလိုက်ရတု (သုဝဏ္ဏဒေဝ၊ဝေသာလီ)
၂။ကဝိကဏ္ဍပါသနကျမ်းမှရတုများ (သုဝဏ္ဏဒေဝီ၊ဝေသာလီ)
၃။တောင်ညိုဗွီချာရတု (စောယဉ်မိ၊မြောက်ဦး)
၎။မောင်ရို့ဌါနီရတု (နရနု၊မြောက်ဦး)
၅။ကာလဝကချီရတု (မဟာပညာကျော၊မြောက်ဦး)
၆။ဥက္ကာပျံဖွဲ့ရတုများ (ဥက္ကာပျံ၊မြောက်ဦး)
၇။တောင်တွင်မြင့်မိုရ်ချီရတု (နန်းတွင်းမိညို၊မြောင်ဦး)
၈။နဝပဘာချီရတု (နရပတိ၊မြောက်ဦး)
၉။လွမ်းဟုန်ခြင်းကောင်းချီရတု (လင်္ကျာမြန်ဂူတာ၊မြောက်ဦး)
၁၀။သျှစ်သောင်းလေးထောင်ချီရတု (နရအဘယရာဇာ၏စာဆို၊မြောက်ဦး)
၁၁။ရခိုင့်အောင်လံတော် (သီရီမလ္လာမိပန်းရံ၊မြောက်ဦး)
၁၂။မင်းသားအမှန်ချီရတု (မင်းသားကြီးရွှီဘန်း၊အင်္ဂလိပ်)
၁၃။တောက်သားနောင်လာချီရတု (ဒေးဝန်အောင်ကျော်ရွှီ၊အင်္ဂလိပ်)
၁၄။ဥဒါန်းမကျေချီရတု (မြို့သူကြီးအောင်ကျော်ဇံ၊အင်္ဂလိပ်)
၁၅။မောင်ဖွဲ့မယ်ဖွဲ့ရတု
၁၆။ကျေးစေရတု
၁၇။မိုးဖွဲ့ရတု
၁၈။၁၂ လ ရာသီရတု
၁၉။ရတုအဟောင်းအသစ်များ


လင်္ကာများ
၁။ဗျည်း (၃၃) လုံးလှီလှော်သံဟန်စွာ့လေလင်္ကာ
၂။ဇာတ်ကြီးဆယ်ဘွဲ့လင်္ကာ
၃။နေမိလင်္ကာ
၎။မဟာပညာကျော်ဆယ့်နှစ်လရာသီလင်္ကာ
၅။ဥက္ကာပျံဆယ့်နှစ်လရာသီဖွဲ့လင်္ကာ
၆။မဟော်သဓာလင်္ကာ
၇။ဝေဿန္တရာလင်္ကာ
၈။ဘူရိဒတ်လင်္ကာ
၉။မဟာဗုဒ္ဓဝင်လင်္ကာ
၁၀။ကာဠုဒါ-မင်းနန္ဒ-ဇနပဒကလျာနီလင်္ကာ
၁၁။အရိန္ဒမာလင်္ကာ
၁၂။ဥတေနလင်္ကာ
၁၃။မာတေနလင်္ကာ
၁၄။သုဝဏ္ဏဂုမ္ဘာနန့် အရိန္ဒမာလင်္ကာ
၁၅။ပေါရိသာဒလင်္ကာ
၁၆။ကော်ကာနုလင်္ကာ
၁၇။သေနင်္ဂဗျူဟာလင်္ကာ
၁၈။ရခိုင်ရာဇဝင်လင်္ကာ
၁၉။ရာဇပုံလင်္ကာ
၂၀။မဟာမုနိရာဇဝင်လင်္ကာ
၂၁။မြို့တည်လင်္ကာ
၂၂။ရှီးထုံးရခိုင်ရာဇဝင်လင်္ကာ
၂၃။ပါရာလင်္ကာ
၂၄။ကျီးကဏန်းဒူးကဏန်းကျောက်စာလင်္ကာ


ကာချင်းများ
၁။လှိုင်းစရာကာချင်း


လွမ်းချင်းများ
၁။ရာသီဘွဲ့လွမ်းချင်း


လူးတားများ
၁။မှောက်တော်လူးတား
၂။ရဲဖော်လူးတား



အန်ချင်းများ
၁။ကကြိုးအန် (ခေါ်) ဗျည်း (၃၃)လှီလှော်သံအန်ချင်း
၂။အလောင်းတော်တောထွက်အန်ချင်း
၃။ဆရာထွန်း၏ဗျည်း(၃၃)လုံးအန်ချင်း

သာစွလေလင်္ကာများ
၁။ဝိသကြုံသိုက်ကျောက်ရိုးသာစွလေလင်္ကာ (ပီ)
၂။ရခိုင်ရာဇဝင်သာစွလေလင်္ကာ (ပီ)
၃။သာစွလေလင်္ကာသစ်များ


ဘွဲ့များ
၁။စန္ဒြားဘွဲ့
၂။ပိုးဝါဘွဲ့
၃။မင်းစောမွန်ဘွဲ့
၎။ထာမရာဘွဲ့


အဲးများ
၁။ဥက္ကာအဲး


အထောက်စာတမ်းများ
၁။ကျွဲမင်းအထောက်စာတမ်း
၂။မိန်းမယုတ်၊မိန်းမပုပ်အထောက်စာတမ်း


သိုက်နိဒါန်းစာများ
၁။ဘုရားဗျာဒိတ်သိုက်စာ
၂။နတ်သား(၉၉)သိုက်စာ
၃။နတ်သမီး(၉၉)သိုက်စာ
၎။ဝိသကြုံသိုက်ကျောက်ရိုး
၅။ပင်လယ်နိဒါန်းသိုက်ကျောက်ရိုး
၆။ဂဝံပတိသိုက်စာ
၇။ဘားဗူသိုက်စာ
၈။ဗားမဲ့သိုက်စာ
၉။သိကြားသိုက်စာ
၁၀။ဖားပြုတ်သိုက်စာ


ငစည်ခြင်းများ
၁။ငစည်ခြင်းများ


ဇမ်းခြင်းများ
၁။တောဓလေ့ဇမ်းခြင်းများ


တိုက်သာခြင်း
၁။ယောင်္ကျား၊မိန်းမတိုက်သာခြင်း (တန်းခိုးဆရာထွန်း)


အရွေ့တုများ
၁။သိန်ကန်မိန်တွင်ချီ (သုဝဏ္ဏဒေဝီ၊ ဝေသာလီ)
၂။ဥက္ကာပျံ၏ဆယ်နှစ်လရာသီ (ဥက္ကာပျံ၊မြောက်ဦး)
၃။မင်းသားကြီး၏အရွေ့တုများ (မင်းသားကြီးရွှီဘန်း၊အင်္ဂလိပ်)
၎။ဒေးဝန်ကြီး၏အရွေ့တုများ (ဒေးဝန်ကြီးအောင်ကျော်ရွှီ၊အင်္ဂလိပ်)
၅။မြို့သူကြီး၏အရွေ့တုများ (မြို့သူကြီးအောင်ကျော်ဇံ၊အင်္ဂလိပ်)
၆။ဥတေနအရွေ့တု
၇။ကုသအရွေ့တု
၈။အရွေ့တုအဟောင်းများ


အခါစာ၊သြဘာစာများ
၁။ခေတ်သစ်သြဘားစာများ
၂။ခေတ်သစ်အခါစာများ


ကျမ်း ဝတ္ထုများ
၁။ကဝိကဏ္ဍကျမ်း (ပီ၊စောပြည့်ညို၊မြောက်ဦး)
၂။ကဝိကဏ္ဍပါသဏကျမ်း (ပီ၊သုဝဏ္ဏဒေဝီ၊ဝေသာလီ)
၃။ကဝိဗန္ဓကျမ်း (ပီ၊သျှင်သီလဝံသ၊မြောက်ဦး)
၎။ကြမ္မာဒိုက်မင်းကြီးဝတ္ထု (ပီ)
၅။ရာဇသံဓိပတိကျမ်း (ပီ)
၆။တတောပဒေသကျမ်း (ပီ)
၇။အပါဒါန်ကျမ်း (ပီ)
၈။အဓီမာသ်ကျမ်း (ပီ)
၉။နက္ခတ်ဗေဒင်ကျမ်း (ပီ)
၁၀။သင်္ချာကျမ်း (ပီ)
၁၁။ဆီးကျမ်း (ပီ)
၁၂။မင်းကြီးစောမွန်မီး၊ဟူးရားရို့အဖြေကျမ်း (ပီ)
၁၃။ဝင်သုံးဆယ်ကျမ်း (ပီ)
၁၄။ဂေါတမပုရာဏ်ကျမ်း
၁၅။ကာလီဒါသ၏သုတဗောဓဆန်းကျမ်း (ပီ)
၁၆။ကာမန္တကီစစ်ကျမ်း (ပီ)
၁၇။ဇာတာတော်ကျမ်း
၁၈။ရာဇပုံကျမ်း
၁၉။စစ်ကျမ်းများ


ဘိသိက်စာများ
၁။ကဝိကျော်အမတ်ကြီး၏လျောက်ထုံးဘိသိက်စာ (ပီ၊လောင်းကြတ်)
၂။မြောက်ဦးခေတ်နှောင်းပိုင်းဘိသိက်စာများ


မေတ္တာစာများ
၁။ကင်းဆရာ၏မေတ္တာစာများ (ပီ)
၂။အသျှင်လင်္ကာရထေရ်၏မေတ္တာစာများ (ပီ)
၃။ဆရာထွန်း၏မေတ္တာစာများ
၎။ရှီးဟောင်းမေတ္တာစာများ


ဟောစာများ
၁။မဟောသဓာဟောစာ (ပီ)
၂။တေမိဟောစာ (ပီ)
၃။စကားပဒေသာနန့်ဗုဒ္ဓဝင်ဟောစာ (ပီ)
၎။ကထိန်နုတ်ထွက်ခန်းဟောစာ
၅။မိတ္တေယျအနာဂတာဝင်ဟောစာ (ပီ)
၆။ဘုန်းကြီးငိုခြင်းရှည်ဟောစာ
၇။တေးထပ်ကွန့်အမျိုးမျိုး
၈။အံသိုက်သံချပ်အမျိုးမျိုး
၉။ပတိဏ္ဏစာတမ်းမျိုးမျိုး
ပြဇတ်များ
၁။ရွှီမဉ္ဇူနတ်မေ ကိန္နရာပြဇာတ်
၂။ဘယကုမ္မာပင့်ကူပြဇာတ်


ဟာသပြဇာတ်များ
၁။ငစည်ဟာသပြဇာတ်


ဒုံးချင်းများ
၁။ဦးမြဝါဒုံးချင်း
၂။မာရယုဒုံးချင်း
၃။ကာလပေါ်ဒုံးချင်းများ



သံပေါက်များ
၁။ကဝိကဏ္ဍပါသဏကျမ်းမှသံပေါက်များ
၂။ဥတုဘောဇနသံပေါက် (အသျှင်စန္ဒမာလာ)
၃။ဆရာထွန်း၏သံပေါက်များ
၎။သိုက်နိဒါန်းလာကျောက်ရိုးသံပေါက်
၅။ပျို့ဟုခေါ်သောသံပေါက်များ


သံဂျပ်များ
၁။ပြိုင်လောင်းသံဂျပ်
၂။သင်္ကြန်သံဂျပ်
၃။ရထားပွဲသံဂျပ်
၎။ဟန်သိုဏ်းသံဂျပ်
၅။သမက်တက်သံဂျပ်
၆။ဆရာထွန်း၏သံဂျပ်များ


သဘာဝတေးကဗျာများ
၁။ဆန်ဖွပ်
၂။မောင်းနင်း
၃။ဟင်းခူး
၎။ငါးရှာ
၅။နွားကျောင်း
၆။ကျွဲကျောင်း
၇။ဖောင်စီး
၈။တလင်းလယ်
၉။ဘုရားလား
၁၀။ဗိုင်းငင်
၁၁။ဝါငင်
၁၂။ရက်ကန်းရက်
၁၃။သားချော့
၁၄။နက္ခတ်တာရာ စသည်ရို့နန့်ပတ်သက်သော သဘာဝတေးကဗျာများ


သာချင်းများ
၁။ပဒုမ္မဝတီသာချင်း
၂။ယိုင်းသာချင်း
၃။တိုက်သာချင်း
၎။ပိုဒ်စုံသာချင်း
၅။အောင်ဗလခေါ်တိုက်သာချင်း
၆။မျောက်နန့်လူသားမယားလုသာချင်း
၇။သူရိယ ကဉ္ဇနဒေဝီ ငှက်ချီသာချင်း
၈။အလောင်းတော်မဟာဝေဿန်ဇာတ်တော်သချင်း
၉။မဟောသဓာသာချင်း
၁၀။ရုတ္တီလမုသီသာချင်း
၁၁။လူဝံမောင်နှမသာချင်း
၁၂။ကြိုးကြာသာချင်း
၁၃။အလောင်းတော်ဆဒ္ဒန်ဆင်မင်းသာချင်း
၁၄။စန္ဒကိန္ဒရီသာချင်း
၁၅။စန္ဒကုမ္မာသာချင်း
၁၆။အလောင်းတော်နာရဒသာချင်း
၁၇။ပဒကုသလသာချင်း
၁၈။ဒွေးမယ်နော်သာချင်း
၁၉။ဓမ္မဝိဇယနန့်သုဝဏ္ဏသာချင်း
၂၀။ဗုဒ္ဓဝင်သာချင်း
၂၁။ဘူရိဒတ်သာချင်း
၂၂။ဥဒိန္နသာချင်း
၂၃။မင်းကုသသာချင်း
၂၄။ပဋါစာရီနန့်မောင်ဒါသသာချင်း
၂၅။အလောင်းတော်ဖောင်မျှောနာရဒသာချင်း
၂၆။သျှင်မွန်လှသာချင်း
၂၇။ဝံသာနုလွမ်းမပြေသာချင်း
၂၈။ကော်ကာနုသာချင်း
၂၉။ပန်းရွှီမြိုင် နန်းကေခိုင်သာချင်း
၃၀။ရာမလောင်းလျှာ မယ်သီတာသာချင်း
၃၁။မိုးပန်းဝေ သာချင်း
၃၂။သာချင်းတိုများ သာချင်းသစ်များ

Thursday, May 5, 2011

ဥသြရီသောက် ထိးနန်းပျောက်

မြန်မာကျူးကျော်စစ်ကို (၄၅)ရက်ကြာ ခုခံတိုက်ခိုက်ပြီးနောက် ၁၇၈၄-ခုနှစ် ဒီဇင်္ဘာလ ၃၁-ရက်နိန့်မှာ ရခိုင်ပြည်ကြီးနန့်တကွ ရုပ်ရှင်တော် မဟာမြတ်မုနိ အသိမ်းခံလိုက်ရသည်၊ မြန်မာများသည် ရခိုင် ရွီနန်းတော်၊ ပိဋကတ်တိုက်တော်။ ဘုန်ကြီးကျောင်းအကြီး (၃၀) အငယ် (၃၀ဝ၀)ကျော်ကို မီးလျှို့ဖျက်ဆီးခသည်၊ ရခိုင်တပြည်လုံး ဖူးဖူးရောင်သော လူသီကောင်များဖြင့် ပြန့်ကြဲလျက်ဟိသည်၊ နှစ်ပေါင်း (၅၀ဝ၀)ကျော် ကိုယ့်ထီးကိုယ့်နန်းနန့် နီထိုင်လာခသော ရခိုင်နိုင်ငံတော့် တိုင်းသားပြည်သူများမှာ ကူမည့်သူမဟိ ဖီးလွတ်ရာကို ထွက်ပြီးကတ်ရသည်၊ မြန်မာများသည် ပုခက်တွင်းသား အချေသူငယ်ရို့ကိုပါမချန် သတ်ဖြတ်သည်၊ ရခိုင်မှတ်တမ်းများတွင်

“အချေသငယ်အစိတ်ကေရို့။ ပြုံရယ်ရွင်ဘိ။ မိမသိကို။ မွီးမိထံမှ ယူပြီးမှလျင်။ ကျလာမလွဲ။ နှစ်စိပ်ကွဲလို့ ရဲရဲသွီးစက် အထွက်၏။ တချက်မြီနှစ်လှန်ကိုစိုက်ကာ ခံလိုက် တုံလျှင် ရင်ကဝင်၏ဟု တွိရပါသည်၊ အသတ်ခံရသော ရခိုင်သားရို့ကို “တင်းဝါးပန်းခိုင် တမြိုင်မြိုင်ရခိုင်လူအလောင်းး” ဟု မှတ်တမ်းတင်ထားခသည်၊

ဂဏန်းသင်္ချာအလို (၇)သန်းကျော်သည်၊ မြန်မာတိ သတ်ဖြတ်ခသည်ကို အစွဲပြုလို့ဂေါင်းပုံပြင် (မြောက်ဦး)။ လူသတ်ဂျိုင်(မြောက်ဦး)။ ရီတက်ရီကျသောအခါ သောင်ပြင်တွင် အစုလိုက်အပြုံလိုက် ချိုင်နှောင်ပနာ သတ်ခသောကြောင့်ရီအကျတွင် ဖြူနီသော အလောင်းကောင်တိကို မြင်ရသောကြောင့် ပြင်ဖြူမော် (မြောက်ဦး)။ အချေသူငယ်ရို့ကို အရှင်လတ်လတ် ပေါင်ကိုဖဲ့ပနာ သတ်ခသောကြောင့် ပေါင်ဖဲ့ရွာ(မာန်အောင်) လက်ကိုဖြတ်ပနာ တောင်နှယ်ပုံထားသောကြောင့် လက်ပုံတောင်(မာန်အောင်)။ ရီကန်တွင် လူအပြည့်သတ်ပနာ ပုံထားသောကြောင့် သီဘေးကန်(ပေါက်တော)။ လက်ပံပြားလူသတ်ကန်(ပေါက်တော)။ သွီးချောင်း(တောင်ကုတ်)။ လူအသားတိကိုခွတ်ဖြတ်ပနာ ပုံထားသောကြောင့် အသားပုံရွာ (ပုဏ္ဍျွာာန်း) စသည်စသည်ဖြင့် နာမတွင်သည်၊

နှစ်ပေါင်း(၄၀)လုံးလုံး ရခိုင်အမျိုးတုံးလားအောင် သတ်ဖြတ်ခသည်၊ မာန်အောင်မြို့တမြို့တည်းတွင် အသတ်ခံရသည်ကိုမှတ်တမ်းတင်ထားသည်မှာ
“လူငယ်တသောင်း၊ လူကြီးးပေါင်းမူ
သျှစ်သောင်းအစွန်း၊ တသိန်းမှန်း၏
မယွန်းထိုခါ၊ သီကုန်ပါ၏
သိမ်းကာယူက၊ ပြည်အင်းဝသို့
ပါရလီငြား၊ လူယောင်္ကျင်္ားနှင့်
မပြားမှန်းထ၊ လူမိန်းမကို
ရွီကြလီသော်၊ နှစ်သိန်းကျော်၏
ကြားသော်မြင်ခါ၊ ကြောက်ဖွယ်သာတည်းး” ဟုဖြစ်သည်၊
၁၈၂၆-ခုနှစ် ဗြိတိသျှလက်အောက် ကျရောက်ရသောအခါ မြန်မာလက်အောက် နှစ်(၄၀) ငရဲစခန်းသည် တခန်းရပ်ခသည်၊ကျူးကျော်သူ မြန်မာရို့ကို နှင်ထုတ်ကာ အင်္ဂလိပ်ရို့ တဖန်အုပ်ချုပ်သည်၊ သို့သော် အင်္ဂလိပ်အုပ်ချုပ်ချိန်တွင် ရခိုင်ပြည်မှာ လူမကျန်ခ၊ ရခိုင်နိုင်ငံတခုလုံးသည် သုသာန်တစပြင်ပမာ တောကြီးမျက်မဲဖြစ်နီလီတော့သည်၊

အင်္ဂလိပ် အကာအကွယ်ကြောင့် သီကံမရောက် သက်မပျောက်ပဲ ရခိုင်တချို့ ဘင်္ဂလားနယ်တွင် ကျန်ရစ်သည်၊ ထိုသူများထဲမှ(၅)သောင်းခန့်ကို ပြန်ခေါ်ယူကာ ရခိုင်ပြည်တွင် ပြန်လည်နီရာချထားသည်၊ သခင်ပြောင်းသော ကျွှန်ဘဝသည်ပင် ရခိုင်ရို့အဖို့ ကံထူးကံမြတ်ဖြစ်သည်၊ မြန်မာများ. လူမျိုးရေးမုန်းတီးမှုဖြင့် မျိုးဖြုတ်သတ်ဖြတ်ခြင်းမှ လွတ်မြောက်ခရသည် မဟုတ်ပါလား၊

ကျွှန်ဘဝတဖြစ်လှဲကို ရခိုင်ရို့က “ခေတ်ကောင်းခါကယင်”ဟု တင်စားခေါ်ဝေါ်ကြသည်၊ မှန်ပါသည်၊ မြန်မာလက်အောက် နှစ်(၄၀)လုံးလုံး ဒုက္ခရောက်နီသော ရခိုင်သားရို့သည် ရီနစ်သား တုံးဆွဲမိသကဲ့သို့ အသက်သျှုဖြောင့်ခရသည်၊ ကိုယ့်အိုးကိုယ့်အိမ်ပြန်နီခွင့်ရခသည်၊ တနည်းဆိုရလျင် ဗြိတိသျှရို့၏ အကာအကွယ်ကို ရခိုင်ရို့ရသည်၊ ရခိုင့်စာပီ ပြန်လည် နလန်ထူလာနိုင်သည်၊ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့် ဟိသဖြင့် အတော်အသင့် ချမ်းသာလာကြသည်၊ ခေတ်ပညာကိုလည်း သင်ကြားခွင့်ရလာသည်၊ ဘွဲ့ထူးဂုဏ်ထူးတိကို ဆွတ်ခူးနိုင်ခသည်၊ အင်္ဂလိပ်ခေတ်တွင် ရာထူးကြီးတိကို ရခိုင်သားတိထမ်းဆောင်နိုင်ခသည်ဟု အိုင်စီအက်စ် ဦးကျော်မင်းက မှတ်တမ်းရွီးဖူးခသည်။

ရခိုင်ကျွှန်သက် (၁၀၁)နှစ် တင်းတင်းပြည်သောနိန့် ၁၈၈၆-ခု။ ဇန်နဝါရီလ ၁-ရက်နိန့်မှာ ဗမာတပြည်လုံး အင်္ဂလိပ်လက်အတွင်းသို့ကျရောက်ရသည်၊ ၀ဋ်ကြွီးပြန်လည်သည်၊ ရခိုင့်အမျိုးသား ဆရာတော်အသျှင်ဥတမသည် မြန်မာပြည်၏ လွတ်လပ်ရေးမျိုးစိကို ဦးစွာပထမ အစချသည်၊ ဝံသာနုစိတ်ဓါတ်ကို နိုးဆွပီးသည်၊ အကြိမ်ကြိမ် ထောင်ကျအ ဖမ်းခံခရသည်၊ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရန် ရခိုင်ဂေါင်းဆောင်တိသည် မြန်မာရို့နန့်တန်းတူကြိုးပမ်းခသည်၊ အချောင်မခို ဂျောင်မခိုခပါ၊မင်းသားကြီးရွီဘန်းသည် အင်္ဂလိပ်ကို စတင်တော်လှန်ဖို့ကြိုးပန်းသည်ကို မြန်မာမှတ်တမ်းမှာမဟိ။ဖက်ဆစ်ဂျပန်ကို ရခိုင်က အယင်တော်လှန်သည်၊ ၁၉၄၅-ခု။ မတ်လ ၂၇-ရက်နိန့် မြန်မာက ဂျပန်ကို တော်လှန်သောအခါ ရခိုင်ပြည်တွင် ဂျပန်မဟိပါယာ၊ ရခိုင်ရို့သည် ကိုယ်အားကိုယ်ကိုး တော်လှန်ခြင်းဖြစ်သည်၊ ဗမာတပ်မတော်မှ ရိုင်ဖယ်တလက် အကူအညီမယူပါ၊ ဂျပန်အဆုတ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရခိုင်ပြည်သို့ ရောက်လာသည်၊ ဆရာတော်အသျှင်ဦးစိန်န္တာ ကျင်းပသော ကြာအင်းတောင် ညီလာခံကို တက်ဖြစ်သည်၊ အလံနီပါတီမှ ဦးအောင်သန်းက ဗိုလ်ချုပ်အောင်ဆန်းကို လူသတ်မှုဖြင့် တရားစွဲသည်(အသေးစိတ်ကိုဘုံပေါက်သာကျော်၏ တော်လှန်ရေးခရီးဝယ် စာအုပ်တွင်ဖတ်ပါ၊) စစ်တွေကြက်ကိုင်းတန်တွင်“ရခိုင်တကျပ်၊ ဗမာတကျပ်၊ သျှမ်းတကျပ်” တရားကိုဟောသည၊် စည်းရုံးလို့မရသဖြင့် “မြွီပွီးနန့်် ရခိုင်ကိုတွိကေ ရခိုင်ကိုအယင်သတ်ရမည်”ဟုမြန်မာပြည်တွင် ဝါဒဖြန့်သည၊်
သခင်စိုး၊ သခင်သန်းထွန်း၊ ကွန်မြူနစ်အဖွဲ့တိကလည်း ဆရာတော် အသျှင်ပညာသီဟကို ဗမာပြည် လွတ်လပ်ရီးရကေ ရခိုင်ကိုလည်း လွတ်လပ်ရီးပီးဖို့မန္တာလေးမဟာမုနိကိုလည်း ပြန်ပီးဖို့လို့လိမ်သည်၊ ရိုးသားသော ရခိုင်ခေါင်းဆောင်ရို့က မြန်မာမျက်လှည့်ကို ယုံကြည်သည်၊လွတ်လပ်ရီးရလာသည်၊ သို့သော် မြန်မာ့လွတ်လပ်ရီးဖြစ်သည်၊ ရခိုင်နန့်မဆိုင်ပါ၊ သျှမ်းနန့်မဆိုင်ပါ၊ မွန်နန့်မဆိုင်ပါ၊ ကရင်နန့်မဆိုင်ပါ၊ တိုင်းရင်းသားတိကို ကလိမ်ကကျစ်လုပ်ပနာရခသော လွတ်လပ်ရီးဖြစ်သည်၊ ဗိုလ်ချုပ်အာင်ဆန်းပြောသော ရခိုင်တကျပ်။ မွန်တကျပ်။သျှမ်းတကျပ်။ ဗမာတကျပ်မူသည် တိုင်းရင်းသားတကျပ် ဗမာအားလုံးဖြစ်လာသည်၊တိုင်းရင်းသားတိ တကျပ်။ တကျပ်စီ ရသောအခါ မြန်မာ (၇)ကျပ် အိပ်ဝင်သပိတ်ဝင် ပင့်သကူ အချောင်ရသည်၊ (ယခု DVB အသံလွင့်ဌါနတွင် မြန်မာအသံက တရက်ကို (၄၅)မိနစ် ရသောအခါ တိုင်းရင်းသားတမျိုးစီက တပတ်လုံးမှ (၁၅)မိနစ်ရသည့် ဥပမာနန့် အလားတူသည်။တနည်းပြောရလျှင် ရခိုင်ရို့သည် မြန်မာတိအောက် နောက်တကြိမ် ကျွှန်ဇာတ်အသွင်း ခံလိုက်ရသည်၊မြန်မာရို့သည် သမိုင်းစိုဉ်တလျှောက် ရခိုင်လူမျိုးအပေါ်မည်သည့်အခါမှ ကောင်းကျိုးမပီးခပါ၊
ဗိုလ်ရန်အောင်ခေါင်းဆောင်သော ဗမာ့တပ်မတော်သည် မောင်ဝိုင်းတပ်အပြီး နှစ်ပေါင်း (၁၁၆)နှစ် အကြာတွင် ရခိုင်ပြည်တွင် ပထမဆုံး ခြီချလာသည်၊ ၁၉၄၂-ခုနှစ်တွင် ကုလားရန်ကိုကြောက်လို့ ထွက်ပြီးလာသော ရခိုင်(၄၀ဝ)ကျော်ကို ဗိုလ်ရန်အောင်သည် အကူအညီမပီးဘဲ သင်္ဘောကိုမြုတ်ပနာ လုပ်ကြံလိုက်သည်၊မြန်မာပြည် လွတ်လပ်ရီးရပြီး လွတ်လပ်သော မြန်မာပြည်တွင် ပါလီမာန် ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည်ဟုဆိုသည်၊ ပါလီမာန်တွင် ရခိုင်သားရို့ လွပ်လပ်စွာပြောဆိုခွင့်။ တင်ပြခွင့်ကားရသည်၊ သို့သော် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကား မရ။ ၁၉၅၂-ခုနှစ်တွင် တောပန်ဇင်း၊ အခစား (ကျောက်တော်)။ မကျဉ်းကုန်း (မာန်အောင်နယ်)စသော ရွာတိကို ရွာလုံးကျွတ် သတ်ဖြတ်ပြီး ဦးနုက ရခိုင်သားရို့ကို ဒီမိုကရေစီနန့် မိတ်ဆက်ပီးသည်၊ ဦးနု၏ ဒီမိုကရေစီသည် ရခိုင်သားရို့အဖို့ ခါးသီးလှသည်၊မြောက်ဦးမြို့ နန်းရာကုန်းထက်မှာ ရခိုင်မျိုးချစ် ထွန်းလှအောင်ကို မြန်မာစစ်တပ်က ကျားထိုးသတ်ပစ်သည်၊ ရခိုင်နိုင်ငံတော်သည် ဂျပန်ထက် အဆပေါင်းများစွာဆိုးသော မြန်မာလက်အောက်သို့တဖန် ကျရောက်ရသည်။
၁၉၅၈-ခုနှစ်တွင် ဖဆပလ နှစ်ခြမ်းကွဲသည်၊ ပြည်နယ်ပြသနာပေါ်လာသည်၊ ဦးနုခေါင်းဆောင်သော တည်မြဲ ဖဆပလက သူ့ပါတီကို မဲပီးကေ ရခိုင်ပြည်နယ် ပီးမည်ဟု လိမ်သည်၊ သန့်သျှင်းဖဆပလ ဘဆွေက
“ပြည်နယ် မပေးနိုင်ဘူးး ခင်ဗျားတို့ကို ကျန်တဲ့ဟာကိုဘဲ ပေးနိုင်မယ်” ဟု ပြောင်တိုက်စိန်ခေါ်သည်၊ရခိုင်သားရို့သည် ပြည်နယ်အဆင့်ကိုပင် မြန်မာရို့ပါးက လက်ဖြန့်တောင်းခံရသော သူတောင်းစားဘဝ ကျရောက်ခရသည်၊ပြည်နယ်လိုချင်သော ရခိုင်သားရို့ သည် မျက်စိမှိတ်ပနာ၊ ရတည မဲအပါအဝင် အမတ်နီရာ (၉)ခုစလုံးကို ဦးနုအား ပုံအောလိုက်သည်၊၁၉၆၀-ပြည့် ဖေဖေါ်ဝါရီလ ရွီးကောက်ပွဲတွင် ဦးနုပါတီအနိုင်ရသည်၊ သို့သော် ရခိုင်သားရို့ ပြည်နယ်မရ၊ ဒုတိယံပိ အလိမ်ခံရသည်၊ ရခိုင်သားရို့မှာ အရှက်လည်းရ ဝမ်းလည်းကြီးရသည်၊ “ဦီးးနုကတိ တည်ပါစီ။ ရခိုင်ပြည်နယ်အယင်ပီး” ဟုသာ ငယ်သံပါအောင်အော်စွာ လိုင်ခြောင်းကွဲသည်၊ ဝင်သီးနာသည်၊ရခိုင်က ပြည်နယ်တောင်း။ သျှမ်းက ဖယ်ဒရယ်မူတင်လာသောအခါ ဦးနုသည် ဟန်မဆောင်နိုင်ဖြစ်ကာ နေဝင်းကို အာဏာလွဲအပ်လိုက်ရသည်၊ မြန်မာရို့ ပင်ကို ဘီလူးရုပ်ကို ပြရတော့သည်၊ အောင်ဆန်း “တကျပ်ကို နေဝင်းက လုယူလားသည၊် ထိုခါ မြန်မာက (၁၄)ကျပ်ရပနာ တိုင်းရင်းသားရို့မှာ ဝလုံးကွင်းသည်၊၁၉၆၇-ခုနှစ် သြဂုတ်လ ၁၃-ရက် ဥပုလ်နိန့် စစ်တွေမြို့တွင် ရခိုင်သား (၃၀ဝ)ရာကျောက်ကို နေဝင်း စစ်တပ်က ပစ်သတ်လိုက်သည်။ “ဘားဗူဟိယင့် ဆန်ဟိယင့်၊ ဒိုးးကျီဟိယင့် ရီဟိယင့်” ဘဝင်မြင့်သော ရခိုင်သား၊ နေဝင်းလက်အောက် ထမင်းငတ်လို့ သူတောင်းစားဖြစ်ရသည်၊
မြဆန်စက်ရှိမှာ ရခိုင်သားတိ ခွီးသီ ဝက်သီ သီကတ်ရသည်၊ “မသီပီပါသိမ့် အသက်ဟိသိမ့်ရေ” ဆိုကေလည်း မလွတ် အရှင်လတ်လတ်မြီမြုတ်ခံရသည်၊ မဆလ လက်အောက် ရခိုင်တမျိုးသားလုံး စာရိတ်တပျက်စီးပြီးကေ ရခိုင် လူညွန့်တုံးသည်၊ညီအစ်ကိုပါဟု မြန်မာရို့  လိမ်လို့မရ၊ ရခိုင်နန့် မြန်မာသည် တသီးတခြားစီဖြစ်သည်၊ ရခိုင်လူမျိုးသည် သမိုင်းစိုင်ဆက် ကိုယ့်ထီးကိုယ့်နန်း ရာဇဝင်နန့်လာသော လူမျိုးတမျိုးဖြစ်သည်၊ မြန်မာရို့သည် မွန်ကတဆင့် ဗုဒ်ဓဘာသာဖြစ်သည်၊ မြန်မာရို့  အရည်းကြီးရဟန်း ကိုးကွယ်ချိန် ရခိုင်ပြည်မှာ နှစ်ပေါင်းတထောင်ကျော် ဗုဒ္ဓဘာသာ အမြစ်တွယ်ပြီးဖြစ်သည်၊ဧရာဝတီမြစ်သည် ကပ္ပလီပင်လယ်ထဲသို့ စီးဝင်သည်၊ ကုလားတန်မြစ်သည် ဘင်္ဂလားပင်လယ်ထဲသို့ စီးဆင်းသည်၊ ရခိုင်နန့် မြန်မာသည် မြီလည်းမတူ၊ ရီလည်းမတူ။ လူလည်းခြားသည်၊ ၈၈-အရေးအခင်းဖြစ်လို့ ဗမာတပြည်လုံး ကျကျက်ရိုက်သောအခါမှာ ရခိုင်ပြည်ကိုလည်း ကူးစက်လာသည်၊ ပြီးယှောင်ခရသော ရခိုင်သားများမှာ ဘောက်သာလိုက်၊ ထောင်ကျသားလည်းမကန်၊ သတ်ခံရသူလည်းမနည်း၊ ၁၉၉၀-ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပါတီ ALDက အမတ်(၁၁)နိန်ရာရသည်၊ အဖိုးဦးသာထွန်း ထောင်ထဲမှာ အသတ်ခံရသည်၊ များမကြာ။ ရခိုင်ပါတီ အဖြိုခံရသည်၊ ရခိုင်ဂေါင်းဆောင်တိကိုဖမ်းဆီး ထောင်ချသည်။ NLD ပါတီက မဲဆွယ်တရား ဟောနိုင်ချိန်တွင် ရခိုင်သားရို့မှာ ယောင်လို့ပင် ဟလို့မရ၊ ပြောမိဆိုမိကေပင် မျက်ကန်းမျိုးချစ်။ အမြင်ကျဉ်းသူတိအဖြစ် တံဆိပ် အရိုက်ခံရသည်၊ ကျဉ်းမြောင်းသော မြန်မာလူမျိုးငယ် ဝါဒအောက်မှာ ရခိုင်သားရို့ဘဝ စုန်းစုနိပ် မြုတ်ရပါတော့သည်၊၁၉၇၄-ခုနှစ် ဖွဲ့စည်းပုံကို နေဝင်း (၉၉)ရာနှုန်း ထောက်ခံမဲရသည်ဟုလိမ်ပနာ အတည်ပြုခသည်၊ အခုလည်း လိမ်လည်ပနာ အတည်ပြုထားသည်၊ အောင်ဆန်း က”မြွီပွီးနန့် ရခိုင်ကိုတွိကေ ရခိုင်ကိုအယင်သတ်ရမည်ဟု”ပြောဖူးသည်။ ရခိုင်စည်းရုံးရေးခရီး အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က ”ကျမတော့ ရခိုင်တွေကို ချစ်မိသွားပြီ” ဟုဆိုသည်။ အသူ့ကို ယုံရဖို့လဲ။
၂၀၁၁-ခုနှစ် ဒီဇင်္ဘာလ (၃၁)ရက်နိန့်တွင် ရခိုင်ကျွှန်သက်အနှစ်(၂၂၇) နှစ် တင်းတင်းပြည့်သည်၊ ရခိုင်ပညာတတ်တိ စိုင်းစားပါ၊ ပညာမတတ်သူတိလည်း စိုင်းစားပါ၊ ရခိုင်အရိုး တောင်ပုံယာပုံဖြစ်လားဗျာယ်၊ယခုတဖန် ရခိုင်ကံကြမ္မာသည် အကျွှန်ရို့၏ ဂေါင်းထက်သို့ ကျရောက်လာဗျာယ်ဖြစ်သည်။ ရခိုင်ပညာတတ်တိ။ ပညာဟိတိ။ ပညာမဲ့တိ အားလုံး သတိထားကတ်ပါ၊ မြန်မာရို့ဖေါ်စပ်တေ ဝမ်းနှုတ်ဆီး အမျိုးမျိုးကို သောက်ဖူးခပါဗျာယ်၊ ရခိုင်ရို့ တခုတည်းသော အန္တိမပန်းတိုင်သည်ကား ပဇာဖြစ်ပါသနည်း၊ ရခိုင်အချုပ်အခြာအာဏာ ရခိုင်လက်တွင်းရောက်ဟိရေးဖြစ်သည်၊သမိုင်းကြောင်းကိုပြောကေ ပဒေသရာဇ်အချင်းချင်း စစ်ခင်းခကတ်သည်ဟုသာ စကားလှဆိုသည်၊ သို့သော် မြန်မာရို့သည် ပဒေသရာဇ်များ သိမ်းယူခသော နယ်မြီတိကို အပိုင်ရလိုသည်၊ ကဘာမကျီမသာမြီဟု ကြွေးကြော်ပနာ ဘုရင့်နောင်။ ကျန်စစ်သား။ အလောင်းဘုရား စသည်ဖြင့် အခြောက်တိုက် ရန်စောင်းနီတတ်သည်၊ ပညာပီးရဖို့ အချိန်ကိုရောက်လာပါဗျာယ်၊ ကနိန့် အချိန် ရခိုင်သားရို့သည် မည်သို့မျှ မတုံ့ပြန်သိမ့်ကေလည်း မုန်တိုင်းသည် ကြိမ်းဝါးဖို့အတွက် အားယူတာစူလျှက်ဟိသည်။

Sunday, May 1, 2011

သီရိသုဓမ္မ္မရာဇာ၏နန်းတက်ပွဲအခမ်းအနား

ဤဆောင်းပါးသည်ပေါ်တူဂီဘုန်းကြီးဆေဘက်စတီယံမန်နရိတ်(SEBASTIEN

MANRIQUE)ရေးသားသော"THE CORONATION OF KING THIRITHUD

DAMMA"ဆောင်းပါးကိုပြန်ဆိုချက်ဖြစ်သည်။မန်နရိတ်သည်(၁၃၆၀)ပြည့်နှစ်တွင်အိန္ဒိယ

မှတဆင့်ရခိုင်ပြည်သို့ရောက်ရှိလာခဲ့ပြီးမြောက်ဥရွှေမြို့တော်တွင်(၅)နှစ်တိုင်တိုင်နေထိုင်

သွားခဲ့သည်။ထိုအချိန်တွင်ရခိုင်ပြည်၌သီရိသုဓမ္မရာဇာစိုးစံနေခိုက်(၁၆၂၂-၁၆၃၈)အချိန်

ဖြစ်လေရာမန်နရိတ်သည်ရခိုင်ဘုရင်၏လက်အောက်ခံဘုရင်ငယ်(၁၂)ပါးနှင့်သီရိသုဓမ္မ

ရာဇာဘုရင်တို့၏နန်းတက်ပွဲအခမ်းအနားကို(၁၆၃၄-၃၅)မျက်ဝါးထင်ထင်မြင်တွေ့ ခဲ့ရသ

ဖြင့်နှောင်းလူတို့အတွက်မှတ်တမ်းတစ်စောင်ရေးသားခဲ့သည်။

ထိုမှတ်တမ်းအရသီရိသုဓမ္မရာဇာသည်မြောက်ဥရွှေနန်းကိုစိုးစံအုပ်ချုပ်ပြီးနောက်(၁၂)နှစ်

ခန့်အကြာတွင်နန်းတက်ပွဲပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ထိုသို့ပြုလုပ်ခြင်းမှာနန်းတက်ပွဲကျင့်

ပပြီးကာလမကြာမှီကံတော်ကုန်မည့်အကြောင်းမြင်သည်ဟူ၍ပုဏ္ဍားဖြူပုဏ္ဍားညိုတို့ကအ

ဟောရှိသောကြောင့်ဟုအဆိုရှိခဲ့သည်။

မန်နရိတ်သည်ယင်းမှတ်တမ်းကိုနန်းတက်ပွဲကျင့်ပပြီး(၁၅)နှစ်ခန့်အကြာတွင်မှရေးသားခဲ့

ကြောင်းသိရှိရသည်။သူ၏မှတ်တမ်းတွင်ဘုရားဆင်းတုနှင့်နတ်ရုပ်၊ဘုန်းကြီးနှင့်ပုဏ္ဍားတို့ကို

မကွဲပြားဘဲလွဲမှားရေးထားသည်ကိုလည်းတွေ့ ရှိရသည်။

မည်သို့ပင်ဖြစ်စေမန်နရိတ်၏မှတ်တမ်းသည်လွန်ခဲ့သောနှစ်ပေါင်း(၃၆၀)ခန့်ကစိုးစံခဲ့သော

ရခိုင်ဘုရင်များ၏နန်းတက်ပွဲအခမ်းအနားကိုတတ်နိုင်သမျှအသေးစိတ်ဖေါ်ပြထားသော

ကြောင်းရခိုင်နိုင်ငံ၏အတိတ်သမိုင်းကိုလေ့လာလိုက်စားသူ၊သုတေသနပြုနေသူများအတွက်

တန်ဖိုးမဖြတ်နိုင်သောမှတ်တမ်းတစ်စောင်ဖြစ်သည်ဟုယုံကြည်သည်။

(၁)တိုင်းပြည်သို့ ကြေငြာခြင်း။

ဘုရင်မင်းမြတ်၏ရာဇဘိသေကမင်္ဂလာသဘင်ဆင်ယင်ကျင့်ပမည့်အကြောင်းကိုလွန်ခဲ့သော

(၆)လခန့်ကပင်ပြည်သူအများသို့အသိပေးကြေငြာထားပြီးဖြစ်ရာဘိသိုက်ပွဲတော်မတိုင်မှီည

ချမ်းအချိန်တွင်ကားရွှေနန်းတော်ရင်ပြင်၌ကြီးမားသောအမြောက်လက်နက်များကိုအချက်

ပေါင်းများစွာပစ်ဖေါက်လျှက်ပြည်သူအများကြားသိစေရန်တရားဝင်ကြေငြာလိုက်လေသည်။

ထို့နောက်နန်းတော်ဆောင်ပြဿာဒ်အသီးသီးတို့၌ဆီမီးတနးဆောင်များထွန်းညှိ၍အထူးထူး

အပြားပြားသောတူရိယာတို့ဖြင့်တီးမှုတ်ဖြေဖျော်ကြလေသည်။

ပွဲတော်နေ့အာရုံမတက်မှီအချိန်တွင်ရွှေနန်းတော်အတွင်းရှိဆောင်နန်းဘုံမြင့်အသီးသီးတို့၌

အရောင်မျိုးစုံသောအလံတို့ဖြင့်တံခွန်ကုက္ကားများတလူလူစိုက်ထူထားသည်ကိုမြင်တွေရ၏။

ထို့နောက်တွင်ကားလွန်ခဲ့သောညဥ့်ကကဲ့သို့ပင်တူရိယာမျိုးစုံတီးမှုတ်သံများပေါ်ထွက်လာ

၏။တူရိယာသံများမှာပဋ္ဌမတွင်နှလုံးစိတ်ဝမ်းအေးချမ်းစေသောငြိမ့်ငြောင်းသာယာသည့်အ

သံများစွာကိုတီးမှုတ်ကြပြီးလျှင်နောက်ပိုင်းတွင်မူစိတ်ဓါတ်အားမာန်တက်ကြွစေသောသေ

နင်္ဂပျူဟာတူရိယာများကိုတီးမှုတ်ကြလေသည်။တချိန်တည်းလိုပင်နားကွဲလုမတတ်သော

အမြောက်သေနပ်သံများပေါ်ထွက်လာပြန်၏။နောက်များမကြာမှီအာရုဏ်ကျင်း၍မိုးစင်စင်

လင်းသောအခါတွင်ပြည်သူအပေါင်းတို့သည်ဝတ်ကောင်းစားလှများကိုဝတ်ဆင်ကြလျှက်မြို့

တော်လမ်းမများသို့အလျှိုလျိုအသကအသကထွက်လာကြရာမြင်ကွင်းတစ်ခုလုံးမှာပျော်ရွှင်

စရာအတိဖြစ်နေလေတော့၏။

မှူးမျိုးမတ်နွယ်များနှင့်ရာထူးဋ္ဌာနန္တရရှိထားသူများကရွှေနန်းတော်၌စုရုံးရောက်ရှိနေကြ

လေသည်။တူရိယာဂီတသံများဆူညံစွာတီးမှုတ်နေသည့်အကြားမှဆင်ကြီးတစ်ကောင်

ရောက်ရှိလာ၏။ထိုဆင်ကြီးအားကကြိုးတန်းဆာစုံလင်စွာဆင်ယင်ထားပြီးလျှင်အစွယ်နှစ်

ချောင်းတွင်လည်းအဖိုးတန်ကျောက်မျက်ရတနာများစီခြယ်ထားသောအစွယ်ခွေးများဖြင့်လှ

ပစွာကွပ်ထားလေ၏။ဆင်၏ကျောကုန်းပေါ်တွင်မူငွေသားဖြင့်ပြုလုပ်ထားသောဆင်ပေါင်းက

ကိုတင်၍ထားလေသည်။ဆင်ပေါင်းက၏မျက်နှာစာလေးဘက်တို့တွင်အကာအရံဟူ၍ရွှေ

ငွေတို့ဖြင့်ပြုလုပ်ထားသောအစိမ်းရောင်ကန့်လန့်ကာများထားရှိ၏။အထဲတွင်မူကျောက်မျက်

ရတနာမျိုးစုံစီခြယ်ထားသောရွှေလင်ပန်းတစ်ခုရှိပြီးလျှင်ရာဇဘိသေကမင်္ဂလာပွဲတော်ကြေ

ငြာချက်ပါဝင်သောဘုရင်မင်းမြတ်၏စာချွန်တော်ကိုလင်ပန်းပေါ်တွင်တင်၍ထားလေသည်။

ဆင်ပေါင်းက၏ရှေ့တွင်စစ်ကဲတစ်ဦးထိုင်လျှက်လိုက်ပါလာ၏။ထိုပုဂ္ဂြိုလ်သည်ရွှေပြားများကပ်

ထားသောအဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထား၏။၎င်း၏ရှေ့တွင်မူဆင်ထိန်းသည်မိမိ၏ထိုင်နေ

ကျနေရာ၌ထိုင်လျှက်ရှိလေသည်။ဆင်ထိန်းသည်အနီရောင်ပိုးဝတ်စုံကိုဝတ်ထားပြီးလျှင်သူ

၏လက်ထဲတွင်ချွန်းကိုကိုင်ထား၏။စစ်ကဲစီးလာသောဆင်၏နောက်တွင်စစ်ဆင်(၃၂)ကောင်

လိုက်ပါလာကြ၏။ထိုဆင်များအားလည်းရွှေငွေရတနာများဖြင့်ကကြိုးတန်းဆာဆင်ယင်ထား

ကြ၏။၎င်းတို့၏ကျော့ကုန်းပေါ်တွင်မူသစ်သားဖြင့်ပြုလုပ်၍ငွေပြားကပ်ထားသောဆင်ပေါင်း

ကများကိုတပ်ဆင်ထားလေသည်။ထိုဆင်များ၏လည်ပင်းတွင်ငွေခေါင်းလောင်းများဆွဲထား

ပြီးအစွယ်များတွင်မူငွေစွယ်ခွေးများစွပ်ထားလေသည်။

စစ်ဆင်များ၏ကျော့ကုန်းပေါ်မှဆင်ပေါင်းကအသီးသီးတို့တွင်ရောင်စုံပိုးသားအလံ(၄)ခုကျစီ

စိုက်ထူထားရာလေထဲတွင်အလံများတဖြတ်ဖြတ်လှုပ်ခတ်နေသောကြောင်း၎င်းတို့၏ပူအိုက်

သောခန္ဒာကိုယ်ကြီးများအားယပ်ခတ်ပေးနေသကဲ့သို့ရှိနေလေသည်။

အဆိုပါဆင်တန်းကြီးများအရှေ့မှဆင်တစ်ကောင်ပေါ်တွင်မူစည်တီးသမားစီး၍လိုက်ပါလာ

လေ၏။ဆင်ကိုပိုးသားဒွါဒရာများဖြင့်ဆင်ယင်ထားပြီးလျှင်စည်တီးသမားကမူအစိမ်းရောင်

ဝတ်စုံကိုဝတ်ဆင်ထား၏။စည်တီးသမားသည်စည်ကြီးကိုအဆက်မပြတ်တီးခတ်လျှက်ရှိ၏။

ယင်းတို့အားလုံး၏ပတ်ပတ်လည်တွင်ကားမြန်မာများ၊မဂိုများနှင့်ဥဿာပဲခူးသားများဖြင့်ဖွဲ

စည်းထားသောမြင်းသည်တော်(၆၀၀)တို့ကလိုက်ပါ၍လာကြ၏။မြင်းသည်တော်တို့သည်အ

ရောင်မျိုးစုံပိုးသားဝတ်စုံတို့ကိုဝတ်ဆင်ထားကြပြီးလျှင်၎င်းတို့၏မြင်းများကိုလည်းအလား

တူပင်ဆင်ယင်ထားကြ၏။ထိုအချိန်တွင်ပင်တူရိယာဂီတသံမျိုးစုံတို့ကိုစည်းဝါးညီညီဖြင့်တီး

မှုတ်ကြရာနားထောင်၍မငြိမ်းနိုင်အောင်ပင်ရှိလေတော့သည်။ယင်းဆင်တန်းမြင်းတန်းကြီး

တို့နောက်မှများပြားလှသောလူအုပ်ကြီးသည်တသီတတန်းကြီးလိုက်ပါလာကြသဖြင့်လမ်း

များကိုဖြတ်ကူး၍မရနိုင်အောင်ပင်ရှိနေတော့၏။

ယင်းသို့လျှင်ဆင်တပ်၊မြင်းတပ်နှင့်လူအုပ်လူတန်းကြီးသည်ဦးတည်ရာသို့ချီတက်သွားကြပြီး

နောက်မဏ္ဍပ်ကန္နားများထိုးထားသောနေရာသို့ရောက်လာခဲ့လေသည်။မဏ္ဍပ်များကိုလှပ

စွာမွမ်းမံပြင်ဆင်ထားကြသည့်အပြင်အဖိုးတန်ကောဇောကြီးများကိုလည်းခင်း၍ထားကြ၏။

ဤနေရာသို့ရောက်လာသောအခါဆူညံနေသောလူအုပ်ကြီးသည်ရုပ်ခြည်းငြိမ်သတ်သွား

ကြပြီးဂီတသံများလည်းပိတ်သွားလေတော့သည်။ထို့နောက်"ဘိသိက်ပွဲတော်ကြေငြာစာ

တမ်း"ကိုပြည်သူအများကြားသိအောင်ဖတ်ကြားလေတော့သည်။

ထို့နောက်ဂင်္ဂါမြစ်မှမြစ်ရေကိုခတ်ယူရန်အလှို့ငှါလှေမြန်တော်(၂)စင်းကိုစေလွှတ်လိုက်လေ

သည်။ဤခရီးမှာရခိုင်ပြည်မှ(၁၂)ရက်၊(၁၅)ရက်ခရီးဖြစ်၏။၎င်းတို့ကဂင်္ဂါမြစ်ကိုမြင့်မြတ်

သောမြစ်ဟူ၍ယုံကြည်ကြသည့်အတိုင်းရခိုင်ဘုရင်မှားကလည်းဂင်္ဂါမြစ်ရေဖြင့်ရှေးဦးစွာရေ

ချိုးသန့်စင်ပြီးမှသာလျှင်ဧကရာဇ်မင်းမြတ်၏သရဖူကိုခံယူထိုက်သည်ဟုယုံကြည်ကြ၏။

(၂)မင်းညီမင်းသားများအားဘိသိက်သွန်းပွဲ။

မြောက်ဥရွှေမြို့တော်နှင့်တကွရခိုင်ပြည်တ၀ှမ်းလုံးတွင်ဘိသိက်ပွဲတော်ကိုကြေငြာခဲ့ကြပြီး

နောက်(၆)လမြောက်သောအခါနိုင်ငံတ၀ှမ်းရှိမင်းညီမင်းသား၊မင်းမျိုးမတ်နွယ်များနှင့်ရာ

ထူးရာခံ၊ကလန်သံဗျင်း၊အားလုံးတို့သည်ရွှေနန်းတော်သို့စုရုံးရောက်ရှိလာကြလေသည်။

ဤနိုင်ငံမှဘုရင်များသည်မိမိကိုယ်တိုင်ဧကရာဇ်သရဖူကိုမခံယူမီမင်းညီမင်းသားမူးမျိုးမတ်

နွယ်(၁၂)ပါးတို့အားရှေးဥိးစွာဘိသိက်သွန်းပေးရိုးအစဉ်အလာရှိ၏။ဘိသိက်သွန်းပွဲများကို

(၂)ရက်တိုင်တိုင်ကျင့်ပပြုလုပ်ကြလေသည်။

ဘိသိက်ခံမည့်မင်းညီမင်းသားများသည်ထိုရက်များအတွင်းမြို့တော်တခွင်သို့ကုန်းကြောင်း

တစ်ကြိမ်၊ရေကြောင်းတစ်ကြိမ်၊(၂)ကြိမ်တိုင်တိုင်ခရီးထွက်လေ့ရှိကြရ၏။နိုင်ငံတော်၏ရာ

ထူးဂုဏ်သိရ်အကြီးမြင့်ဆုံးမင်းညီမင်းသားအများစုရောက်ရှိလာကြသောအခါဘုရင်မင်း

မြတ်သည်ဘိသိက်မင်္ဂလာစတင်ကျင်းပရန်အချိန်အခါကိုဆုံးဖြတ်ချက်ချမှတ်တော်မူလေ

သည်။သို့ဖြင့်တညဥ့်တာကုန်ဆုံး၍နေ့သစ်ဆန်းလာသောအခါအာရုဏ်တက်အချိန်တွင်

ခေါင်းလောင်းကြီးကိုအကြိမ်ပေါင်းများစွာတီးခတ်လျှက်မြောက်သေနပ်များလည်းပစ်ဖေါက်

ကြ၏။ထိုကာလသည်(၁)နာရီခန့်မျှကြလေသည်။

ယင်းကာလလွန်မြောက်ပြီးသောအခါအချက်ပြအထိမ်းအမှတ်အဖြစ်ဖြင့်ခေါင်းလောင်းထိုး

သံတချက်ထွက်ပေါ်လာပြန်၏။ထိုအချိန်တွင်ရခိုင့်နန်းတော်၌ရာထူးဋ္ဌာနန္တရရှိကြသောမင်း

ညီမင်းသားများမူးမျိုးမတ်နွယ်နှင့်စစ်သူကြီး၊စစ်ဗိုလ်စသူတို့သည်ရွှေနန်းတော်ကြီး၏ခန်းမ

ဆောင်အတွင်း၌တစုတဝေးတည်းစုရုံးကြလေ၏။ရွှေနန်းတော်ခန်းမဆောင်ကြီးမှာကျယ်

ဝန်းသည်နှင့်အမျှကြမ်းခင်းမှမျက်နှာကြက်မကျန်အဖိုးတန်ကျောက်မျက်ရတနာပိုးဖဲကတ္တီ

ဘာတို့ဖြင့်အဆန်းတကြယ်အလှချယ်ထားသဖြင့်ရှုမ၀အောင်ပင်ကြက်သရေရှိလှပေသည်။

ခန်းမဆောင်ကြီး၏အလည်တည့်တည့်တွင်ခန်ဲးမင့်တံခါးပေါက်ကြီးတခုရှိ၍ယင်းတံခါးပေါက်

အပေါ်မှအဖြူရောင်ကတ္တီဘာသားကိုမဏ္ဍပ်သဖွယ်မိုးလျှက်ထားလေသည်။ကတ္တီဘာသား

ပေါ်တွင်လည်းအပြာရောင်နီလာပွင့်ကြီးများစီခြယ်ထားသောရွှေကြယ်ပြားများကိုကွပ်ထား

လေ၏။ကတ္တီဘာအမိုး၏ဘေးဘက်လေးတန်အစွန်အဖျားများတွင်လည်းရွှေပန်းဖွားများပြု

လုပ်ထားရှိပြီးလျှင်ဖြူဖွေးလှပသောပုလဲလုံးကလေးများကိုအစီအရီသီကုံး၍ထား၏။

ဤအပြင်အဆင်သည်တံခါးပေါက်ပေါ်မှတွဲလောင်းချထားသောအလားတူအဖိုးတန်ကတ္တီ

ဘာသားနှင့်အလွန်ပင်လိုက်ဖက်လှပေ၏။

တံခါးပေါက်အတွင်းဘက်တွင်ကားအလွန်နုညံ့လှပသောရွှေဇာလွှာကိုကန့်လန့်ကာသဖွယ်

ကာထားလေသည်။ခန်းမဆောင်ထဲမှစင်မြင့်ပေါ်တါင်မူရွှေကြိုးများဖြင့်ကြက်ထားသောစည်

ကြီးတစ်လုံးကိုတင်၍ထားလေ၏။ဤသို့သောပွဲတော်မျိုးတော်စည်တီးသမားသည်သူ၏တာ

ဝန်ကိုဝတ္တရားမပျက်အောင်ဆောင်ရွက်ရသည်မှာလည်းအစဉ်အလာတစ်ရပ်ပင်ဖြစ်သည်။

သတ်မှတ်ထားသောအျိန်သို့ရောက်၍စည်တီးသမားသည်စည်ကြီးကိုနောက်ဆုံးတချက်တီး

ခတ်လိုက်ချိန်တွင်ပဆစ်ဒူးတုတ်ထိုင်နေကြသောပရိသတ်အားလု့းတို့သည်ရှိခိုးဦးတင်အရို

အသေပြုကြပြီးနောက်မတ်တပ်ရပ်၍နေရာယူကြလေသည်။

ထိုအချိန်တွင်ဘုရင်မင်းမြတ်သည်ရွှေနှင့်ပုလဲများဖြင့်စီခြယ်ရက်လုပ်ထားသောမြစိမ်းရောင်

ဝတ်ရုံတော်ကိုဝတ်ဆင်ကာခန်းမဆောင်အတွင်းသို့ကြွမြန်းတော်မူလာလေသည်။ဘုရင်မင်း

မြတ်၏လည်ပင်းတွင်အဖိုးတန်ပုလဲကုံးများကိုတစ်ရစ်ပြီးတစ်ရစ်ဆင့်ကာဆင့်ကာဝတ်ထား

ပြီးလျှင်လင်္ကျာဘက်တွင်မူရွှေယပ်ကိုကိုင်ဆောင်ထား၏။ရွှေယက်တွင်အစိမ်းရောင်မြများ

ကိုကွပ်ကြားကွပ်ကြားစီချယ်ထားသဖြင့်ဘုရင်မင်းမြတ်၏၀တ်ရုံတော်အရောင်နှင့်အလွန်တ

ရာပင်လိုက်ဖက်တင့်တယ်လှပေသည်။

ထို့နောက်ဘုရင်မင်းမြတ်သည်ငွေလှေကားထစ်(၆)ဆင့်ရှိသောပလ္လင်ပေါ်မှငွေသလွန်ပေါ်၌

ထိုင်တော်မူလေသည်။သလွန်တဖက်တချက်တွင်သားမွှေးယပ်ကိုကိုင်ဆောင်ထားကြသော

အပျော်တော်ကလေးတို့နှစ်ဦးရပ်လျှက်ဘုရင်မင်းမြတ်အားညင်သာစွာဖြင့်ယပ်ခတ်ပေး၍နေ

ကြလေသည်။ရာဇပလ္လင်ပတ်လည်တွင်အ၀ါရောင်ဝတ်ရုံတို့ကိုဝတ်ထားပြီးဒေါက်ချာဆောင်း

ထားသောပုဏ္ဍား(၃၀)ရပ်လျှက်ရှိကြလေသည်။ပလ္လင်ပေါ်တွင်ဘုရင်မင်းမြတ်ထိုင်တော်မူပြီး

သောအခါဆိုင်းဝိုင်း(၃)၀ိုင်းမှတူရိယာမျိုးစုံးဖြင့်တီးမှုတ်ဖြေဖျော်ကြလေသည်။တူရိယာများ

နှင့်တွဲဘက်လျှက်တေးသီချင်းမျိုးစုံတို့ကိုလည်းသာယာနာပျော်ဘွယ်သီဆိုကြလေ၏။သို့ရာ

တွင်ရခိုင်ဘာသာ၊မြန်မာဘာသာဖြင့်၊မွန်ဘာသာတို့ဖြင့်အလှည့်အလှယ်ကျစီသီဆိုကြသော

ကြောင်းဤမျှအဆင့်အတန်းမြင့်မားသောဝေါဟာရများကိုအကျွန်ုပ်သည်လုံးဝနားမလည်

နိုင်အောင်ဖြစ်ရလေ၏။

တေးဂီတတို့ဖြင့်တနာရီခန့်မျှဖြေဖျော်ကြပြီးသောအခါချောမောလှပသောအပျိုတော်က

လေး(၂၄)ယောက်ဝင်ရောက်လာလေသည်။သူတို့သည်အစိမ်းရောင်နှင့်အဖြူရောင်ဝတ်ရုံ

တို့ကိုဝတ်ဆင်၍ခေါင်းပေါ်တွင်စီးပုံများဆောင်း၍ထားကြလေသည်။သူတို့၏လက်ထဲတွင်

မူတူရိယာအမျိုးမျိုးတို့ကိုကိုင်ဆောင်ထားကြပြီးလျှင်တခါတရံနှစ်စုခွဲ၍သော်လည်းကောင်း

တခါတရံတစ်စုတပေါင်းတည်းသော်လည်းကောင်းတီးရင်းမှုတ်ရင်းဆန်းပြားကျွမ်းကျင်စွာ

သီဆိုကခုန်နေကြသည်မှာအလွန်တရာကြက်သရေရှိလှ၏။

ကချေသည်အပျိုတော်ကလေးများပြန်ထွက်သွားပြီးသောအခါဂီတသံများသည်မမြင်ရ

သောနေရာများမှပေါ်ထွက်၍လာပြန်လေသည်။ဂီတသံများနှင့်အတူအဖြူရောင်ဝတ်ဆင်

ထားသောအပျိုတော်ကလေး(၁၂)ယောက်ဝင်ရောက်လာပြန်လေ၏။သူတို့၏လည်ပင်းတွင်

ရွှေကြိုးများနှင့်ပုလဲကြိုးများကိုထပ်ကာထပ်ကာဆွဲထားကြပြီးလျှင်ခေါင်းပေါ်တွင်လည်းရွှေ

ပန်းကုန်းငွေပန်းကုန်းများဖြင့်အရောင်မျိုးစုံပိုးသားပန်းပွင့်များကိုပန်ဆင်၍ထားကြလေ၏။

အပျိုကလေးအသီးသီးတို့၏လက်ထဲတွငလည်းရွှေသရဖူတစ်ခုစီကိုကိုင်ဆောင်၍ထားကြ

ထို့နောက်အနီရောင်ကတ္တီဘာဝတ်ရုံပွကြီးများကိုဝတ်ဆင်ထားကြပြီးလျှင်လက်ထတွင်ငွေ


တောင်ဝှေးကိုယ်စီကိုင်ထားကြသောအဘိုးအို(၁၂)ယောက်ဝင်ရောက်၍လာကြလေသည်။

အဆိုပါအပျိုတော်ကလေး(၁၂)ယောက်တို့သည်ဘုရင်မင်းမြတ်အားရှိခိုးဦးတင်တစ်ကြိမ်စီ

ပြုကြပြီးလျှင်ပလ္လင်အနီးသို့ကပ်သွားကြပြီးနောက်၎င်းတို့၏လက်ထဲမှသရဖူများကိုဘုရင်မင်း

မြတ်၏ခြေတော်ရင်း၌အသိးသီးချထားလိုက်ကြလေသည်။ထို့နောက်ဘုရင်မင်းမြတ်၏ခြေ

အစုံကိုဥိးတိုက်ရှိခိုးကြပြီးနောက်ခန်းမဆောင်အတါင်းထဲမှပြန်လည်ထွက်ခွါ၍သွားကြလေ

သည်။နောက်ထပ်အပျိုတော်ကလေး(၁၂)ယောက်တို့သည်ယခင်ကအတိုင်းပင်ဝတ်စား

ဆင်ယင်၍၀င်ရောက်လာပြန်၏။သို့ရာတွင်သူတို့၏လက်ထဲ၌ကိုင်ဆောင်၍လာကြသောအ

ရာများမှာယခင်အပျိုတော်ကလေးများကဲ့သို့သရဖူများမဟုတ်မူဘဲရွှေဖြင့်ပြုလုပ်ထားသော

ရာဇလှံတံများသာဖြစ်၏။သူတို့သည်ထိုရာဇလှံတံများကိုယခင်အတိုင်းပင်ဘုရင်မင်းမြတ်၏

ခြေတော်ရင်း၌ချထားလိုက်ကြလေသည်။

ထို့နောက်ချက်ချင်းပင်ဘိသိက်ခံမည့်မင်းသားဝင်ရောက်၍လာလေသည်။သူ၏အမည်မှာ

မှာထွန်တုံးစားဖြစ်၏။သူကားအလွန်ရုပ်ရည်ချောမော့သောမင်းပျိုမင်းလွင်တစ်ဦးပင်ဖြစ်

၏။ငွေချည်ထိုးအနီရောင်ကတ္တီဘာဝတ်ရုံကိုဝတ်ထား၏။ခေါင်းပေါ်တွင်မူရိုးရိုးခေါင်းပေါင်း

ကိုသာပေါင်းထား၏။ဤမင်းသားကလေး၏ရှေ့တွင်ငယ်ကျွန်တော်(၄၀)ယောက်တို့ကအ

လျှင်ဝင်ရောက်လာကြလေ၏။ရုပ်ရည်ချောမောသောလူငယ်များပင်ဖြစ်ကြ၏။အပြာနှင့်အ

ဖြူဝတ်စုံများကိုဝတ်ဆင်၍ခေါင်းပေါ်တွင်လည်းအပြာနှင့်အဖြူရိုးရိုးအုပ်ပေါင်းများကိုသာပင်

ပေါင်းထားကြလေသည်။

ဤမင်းသားကလေး၏ရှေ့တွင်ငယ်ကျွန်တော်(၄၀)တို့ကအလျှင်ဝင်ရောက်လာကြလေ၏။

ရုပ်ရည်ချောမောသောလူငယ်များဖြစ်ကြပေသည်။အပြာနှင့်အဖြူဝတ်စုံတို့ကိုဝတ်ဆင်ထား

ကြ၍ခေါင်းပေါ်တွင်လည်းအပြာနှင့်အဖြူရိုးရိုးအုပ်ပေါင်းများကိုပေါင်းထားကြလေသည်။

မင်းသားငယ်လည်းဘုရင်မင်းမြတ်မြင်နိုင်လောက်သည့်နေရာသို့ရောက်လာသောအခါ

ရိုသေလှစွာဖြင့်ဝပ်တွားရှိခိုးလိုက်လေ၏။ထို့နောက်သူသည်မတ်တပ်ရပ်လိုက်ပြီးနောက်ရှေ့

သို့အနည်းငယ်လျှောက်သွားလျှက်ထပ်မံဝတ်တွားရှိခိုးလိုက်လေသည်။

ထိုအချိန်တွင်ပလ္လ္လင်ပတ်လည်တွင်ရပ်လျှက်ရှိသောပုဏ္ဍားများအနက်မှပုဏ္ဍား(၄)ယောက်

တို့သည်မင်းသားငယ်အားဝတ်တွားနေရာမှထူပေးပြီးလျှင်တယောက်တဘက်စီတွဲလျှက်

ပလ္လင်လှေကားရင်းအထိခေါ်သွားကြလေ၏။မင်းသားငယ်သည်ဤနေရာတွင်လည်းဘုရင်

မင်းမြတ်းအားဦးတိုက်လျှက်အကြိမ်ကြိမ်ရှိခိုးလေသည်။ထို့နောက်ပုဏ္ဍားများသည်မိမိတို့၏

နေရာအသီးသီးသို့ပြန်လာကြလေသည်။ထို့နောက်စည်တီးသံပေါ်ထွက်လာပြီးတခန်းလုံး

ငြိမ်သက်သွားလေ၏။ဤတွင်အ၀ါရောင်ကတ္တီဘာဝတ်ရုံဖြင့်ပုဏ္ဍား(၄)ယောက်ဝင်ရောက်

လာကြလေသည်။အလယ်မှပုဏ္ဍား၏လက်ထဲတွင်ရွှေဖြင့်ထုလုပ်ထားသောနတ်ရုပ်တခုကို

ကိုင်ထားလေသည်။ထိုရုပ်တုမှာ၁၂လက်မခန့်မြင့်၍ခေါင်းပေါ်တွင်ပန်းကုံးတကုံးကိုပန်ဆင်

၍ထားလေသည်။

္လင်အနီးသို့ပုဏ္ဍား(၃)ယောက်ရောက်လာသောအခါဘုရင်မင်းမြတ်သည်သလွန်ပေါ်မှ

ဆင်း၍ဘေးတွင်ရပ်နေလိုက်၏။ထိုအခါရုပ်တုကိုင်ထားသောပုဏ္ဍားသည်ဘုရင်မင်းမြတ်၏

နေရာတွင်ဝင်ရောက်ထိုင်လိုက်လေသည်။ထို့နောက်တွင်အခြားပုဏ္ဍား(၂)ယောက်တို့သည်

မင်းသားငယ်ဝတ်တွားရှိခိုးနေသည့်နေရာသို့လျှောက်လာပြီးနောက်မင်းသားငယ်အားထူမ

ပေးလျှက်ပလ္လင်ထိပ်သို့ခေါ်ဆောင်သွားလေသည်။ပလ္လင်ပေါ်သို့ရောက်သွားသောအခါမင်း

သားငယ်သည်ခုနှစ်ကြိမ်တိတိဦးညွတ်ရှိခိုးပြီးနောက်ပုဏ္ဍားလက်ထဲမှရုပ်တုကိုယူပြီးလျှင်

မိမိ၏ခေါင်းပေါ်သို့တင်လိုက်လေသည်။

ထို့နောက်သူသည်ပလ္လ္လင်ရှေ့တွင်ဒူးတုပ်လျှက်ပုဏ္ဍားကြီးတိုင်ပေးသည့်အတိုင်းတစုံတရာကို

အသံကျယ်စွာဖြင့်လိုက်၍ရွက်ဆိုလေသည်။ဤသည်ကားမင်းသားငယ်သည်မိမိ၏အရှင်သ

ခင်ဘုရင်မင်းမြတ်အပေါ်တွင်သစ္စာစောင့်သိပါမည်ဟူ၍နတ်ရုပ်တုကိုသက်သေပြုလျှက်

သစ္စာအဓိဌာန်ကျိန်ဆိုခြင်းပင်ဖြစ်သည်။ယင်းသို့သစ္စာပြုပြီးသောအခါမင်းသားငယ်သည်

ထပ်မံ၍ဦးညွတ်ရှိခိုးပြန်၏။ထို့နောက်ပုဏ္ဍားကြီးသည်မင်းသားငယ်ထံမှနတ်ရုပ်ကိုပြန်ယူ

ပြီးနောက်ဖေါ်ပုဏ္ဍား(၂)ယောက်နှင့်အတူပလ္လင်ပေါ်မှပြန်၍ဆင်းလာခဲ့၏။

ဤတွင်ဘုရင်မင်းမြတ်သည်မူလနေရာတွင်ပြန်ထိုင်တော်မူလေသည်။ထို့နောက်ပုဏ္ဍားတ

ယောက်သည်ဘုရင်မင်းမြတ်၏လက်ျာဘက်တွင်ရပ်ပြီးလျှင်ဘုရင်မင်းမြတ်အားတ၀က်၊ရွှေ

နန်းတော်ပရိသတ်များအားတ၀က်မျက်နှာမူလျှက်အောက်ပါအမိန့်တော်ပြန်တမ်းကိုအသံ

ကျယ်လောင်စွာဖြင့်ဖတ်ကြားကြေငြာလေသည်။

"ဆင်ဖြူတော်သခင်လည်းဖြစ်တော်မူသော၊ပဲခူးနှင့်မြန်မာပြည်တို့ကိုလည်းဆက်ခံပိုင်ဆိုင်

ခွင့်ရှိတော်မူသော၊ဘင်္ဂလား(၁၂)ပြည်ထောင်မင်းအပေါင်းတို့၏ဦးညွတ်ရာအရှင်သခင်

လည်းဖြစ်တော်မူသော၊ရေမြေ့သနင်းဧကရာဇ်မင်းလည်းဖြစ်တော်မူသော၊ရခိုင့်ပြည့်ရှင်

ဆလင်ရှား(သီရိသုဓမ္မရာဇာ)အမည်တွင်သောဘ၀ရှင်မင်းမြတ်ဘုရား"

"ကျွန်ုပ်တို့၏ဦးထိပ်သခင်ဘုရင်ဧကရာဇ်မင်းမြတ်ဖြစ်တော်မူသော၊အရှင်မင်းမြတ်သည်၊ဤ

ကမ္ဘာမြေပြင်ရှိမင်းအပေါင်းတို့ထက်ဘုန်းတန်ခိုးအာဏာစက်ထက်မြတ်ထွန်းတောက်နိုင်ပါ

"ဦးရာဇ်တောင်ဘုရင်အဖြစ်ဖြင့်အရှင်မင်းမြတ်၏ရွှေဖ၀ါးတော်အောက်၌ဦးညွတ်ပြီးလျှင်အ

ရှင်ဘုရား၏သစ္စာတော်ကိုခံယူနိုင်စိမ့်သောငှါဤနေ့ဤရက်၌အကျွန်ုပ်သည်ဤရွှေသရဖူမ

ကိုဋ်တော်ကိုထွန်တုံးစား၏ဦးခေါင်းပေါ်တွင်ဆောင်းပေးခြင်းဖြစ်ပါသည်အရှင်ဘုရား။"

ဤပြန်တမ်းကိုဖတ်ကြားပြီးလျှင်ပြီးချင်းပုဏ္ဍား(၂)ယောက်သည်ရှေ့သို့ထွက်လာပြီးလျှင်သ

ရဖူတခုနှင့်ရာဇလှံတံတခုတို့ကိုယူလျှက်ဘုရင်မင်းမြတ်၏ခြေတော်ရင်း၌ချထားလိုက်ကြ

လေသည်။ထို့နောက်၎င်းတို့သည်ဘိသိက်ခံဘုရင်သစ်ရှိရာသို့လျှောက်လာကြပြီးလျှင်၎င်း

အားဝတ်တွားရှိခိုးနေရာမှထစေ၍ဘုရင်မင်းမြတ်ရှေ့တော်မှောက်သို့ခေါ်၍ဆောင်သွားကြ

လေသည်။ပြီးလျှင်ပုဏ္ဍားများက၎င်းအားဒူးထောက်ထိုင်စေ၏။

ပုဏ္ဍားတယောက်ကသရဖူကိုကောက်ယူကာဘုရင်မင်းမြတ်၏လက်ထဲသို့ကမ်းပေးလိုက်

လေ၏။ဘုရင်မင်းမြတ်သည်သရဖူကိုဘိသိက်ခံဘုရင်၏ဦးခေါင်းပေါ်တွင်ဆောင်းပေးလိုက်

လေသည်။ထို့နောက်အခြားပုဏ္ဍားတယောက်ကရာဇလှံတံကိုကောက်ယူလျှက်ဘုရင်မင်း

မြတ်အားဆက်သလိုက်ရာဘုရင်မင်းမြတ်သည်အဆိုပါရာဇလှံတံကိုလည်းဘိသိက်ခံဘုရင်

အားပေးအပ်တော်မူလေသည်။

ဘုရင်သစ်သည်သရဖူကိုဦးခေါင်းပေါ်တွင်ဆောင်းလျှက်ရာဇလှံတံကိုလက်ဝဲလက်တွင်

ကိုင်ပြီးလျှင်ဘုရင်မင်းမြတ်၏ခြေအစုံကိုငါးကြိမ်တိတိဦးတိုက်ရှိခိုးလေတော့သည်။ဤအပြု

အမူကားမိမိအားဘိသိက်သွန်း၍ဘုရင်ဖြစ်အောင်ကျေးဇူးပြုခဲ့သောပုဂ္ဂြိုလ်အားမိမိ၏အရှင်

သခင်အဖြစ်အသိအမှတ်ပြုကြောင်းသက်သေပြလိုက်သောအပြုအမူပင်ဖြစ်ပေသည်။

ဤနောက်ဆုံးအခန်းအနားပြီးဆုံးသွားသောအခါတွင်စည်တီးသံသုံးချက်ပေါ်ထွက်လာပြီး

နောက်ပရိသတ်အားလုံးကဘုရင်မင်းမြတ်အားရှိခိုးဦးတိုက်လိုက်ကြလေသည်။ထိုအချိန်

တွင်ကန့်လန့်ကာများကျလာပြီးဘုရင်မင်းမြတ်လည်းခန်းမဆောင်မှပြန်လည်ထွက်ခွါသွား
လေတော့သည်။