”ဧ..ဧလည်း ဧတုံ တစုံမက်မက်၊ ခေါ်ခိုက်ခတ်လျက်၊ ဆက်ဆက်လွလေ၊ အထွေထွေတည့်၊
မရေနိုင်ဘဲ၊ ဝမ်းလျင်ကွဲမျှ၊ သဲထဲပူပန်၊ ဝှန်တုန်ကြက်သီး၊ ဘေးကြီးဘေးလျှင်၊
ပျင်မျှပြည့်လှိုင်၊ အဆိုင်ဆိုင်တည့်၊ ရခိုင်မည်သာ၊ မဟာသမတ၊ ခတ္ထိယ၏
ဆက်မှတသွယ်၊ အနွယ်ကိုပ၊ နေလပုံစင်း၊ ထွန်းပလျှင်းဟု၊ သတင်းစကား၊
နာသာများနှင့်၊ ထံပါးကသော်၊ သားကိုဖျော်၍၊ မယ်တော်ရှင်မ၊ ကျူးပါကလျှင်း”
(ရခိုင်စာဆိုပညာရှင် ဖဒူးမင်းညို)
Tuesday, September 27, 2011
Monday, September 19, 2011
လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဆရာတော် ဦးဥတ္တမ ရုပ်တု (ဓာတ်ပုံ - ottama.multiply.com)
ခုနှစ် ရာသီ သက္ကရာဇ်တို့ကား မရပ်မနား စီးဆင်းနေ၏။ သို့သော် သမိုင်းမှတ်တိုင်များကား ပြောင်းလဲမသွား။ ထို့အတူ သမိုင်းကို ရေးထိုးခဲ့သူများ၏ ဂုဏ်ရောင်များလည်း မှေးမှိန်မသွား။ ရာဇ၀င်တွင်သော သမိုင်းကြောင်းများကလည်း ဟောင်းနွမ်းမသွားဘဲ မျိုးဆက်သစ်များအတွက် အစဉ်သဖြင့် မီးရှူးတန်ဆောင်သဖွယ် လမ်းညွှန်လျက် ရှိချေသည်။
၂၀ ရာစု မြန်မာ့သမိုင်းသည် လွတ်မြောက်ရေးအတွက် လွတ်မြောက်ရေးအတွက်ရုန်းကန်မှု၊ တော်လှန်မှုများဖြင့် ပြည့်နှက်နေ၏။ ခေတ်သမိုင်းကို ပိုင်းဖြတ်ကြည့်သော် ခေတ်တိုင်း ခေတ်တိုင်းတွင် အားလုံး၏ ရှေ့ဆုံးမှထွက်ကာ ဦးဆောင်သူ တဦးကို ထီးထီးမားမား တွေ့ရမြဲပင်။
Subscribe to:
Posts (Atom)