Showing posts with label ဓလေ့ထုံးစံ. Show all posts
Showing posts with label ဓလေ့ထုံးစံ. Show all posts

Tuesday, March 15, 2016

မြောက်ဦးထီးနန်းကို တမ်းတသော ရတု

          ရှေးတီအခါ၊ တိုင်းဓညာ၌၊ ကမ္ဘာညွန့်ဖူး၊ မြို့မြောက်ဦးတွင်၊ စိုးမူသနင်း၊ ရခိုင်မင်းတို့၊ သတင်းညွန့်ျဝေ၊ သပြေအ၀ှန်း၊ လက်ရုံးဆန့်၍၊ မ၀န့်ရန်သူ၊ တိုင်းပြည်သူတို့၊ ရေတူချမ်းမြ၊ နေ့နှင့်ညကို၊ ကက္ကဌမည်၊ ဗဟိုစည်လည်း၊ ဆော်မြည်မစဲ၊ နန်းထဲနန်းပြင်၊ လူရှင်အပေါင်း၊ မြေကြီးစောင်းမျှ၊ သောင်းသောင်းထွက်ဝင်၊ နန်းပွဲဆင်လျက်၊ ဘုရင်ထွတ်ထား၊ နန်းဦးဖျား၌၊ မနားမစဲ၊ ဆွဲလွဲညံ့ညံ့၊ ညောင်ရွက်သံကို၊ ကြားဟံရှိသို့၊ ၀မ်းနဲမိသည်။ ရှေးတီအခါ ဖြစ်သောင်းကြောင့်။

          ဆွေးမိစရာ၊ ယခုမှာကား၊ နန်းမှာမြေဖုံး၊ ဂါရာရုံးနှင့်၊ ကျုံးကားချောင်းဖြစ်၊ ထင်းဆိုက် ပလ္လင်၊ ဘုရင်မြေထိုး၊ မြို့ရိုးအုတ်ပုံ၊ အားလုံးကုန်၍၊ နွယ်ခြုံတောယောက်၊ ကျားသားပေါက်တို့၊ ကြောက်မက်ဘွယ်ပင်၊ မှောင်ကြီးဆင်လျက်၊ မြတ်ရှင်ရုပ်ပွား၊ စေတီများလည်း၊ ကွဲပြားပျက်ပြို၊ ညောင်ကြီးမျို၍၊ ဖရိုဖရဲ၊ စဥ့်ကြဲဖျင်ဖျင်၊ သုဿာန်ပြင်သို့၊ မမြင်ကောင်းဖူး၊ လေဟူးဟူးနှင့်၊ ကြည်နူးဘွယ်ရာ၊ ကျီးငှက်အာလျက်၊ ရှေးခါအတည်၊ မင်းနေပြည်ဟု၊ ပြောလည်းမယုံ၊ ဖြစ်နေပုံ၊ အကုန်တွေးမိ၊ ၀မ်းနဲမိသည်။ ဆွေးမိစရာ                    ဖြစ်သောင်းကြောင့်။


          တွေးမိမသာ၊ ရှေ့အခါက၊ ရာဇာဘုရင်၊ ရွှေနန်းရှင်တို့၊ ဥဂ္ဂင်ဖွင့်လှစ်၊ ဧကရာဇ်ဟု၊ တက်သစ်နေတူ၊ အောင်လံထူလျက်၊ ရန်သူမပေါ်၊ ရွှေအိမ်တော်မှ၊ လှံတော်မလွှတ်၊ ဓါးမချွတ်ဘဲ၊ စိုးကွပ်မင်းလုပ်၊ ထီးဖြူအုပ်လျက်၊ မလှုပ်ပြည်ရွာ၊ ရေနှင့်ကြာသို့၊ ရိပ်ရာစိုးစံ၊ ညီလာခံလျက်၊ နန်းရံစိုးစံ၊ မင်းညီမင်းသား၊ မှူးမတ်များတို့၊ ပျော်ပါးမကုန်၊ နတ်တို့ဘုံသို့၊ အာရုံလိုက်ထင်၊ ယခုလျင်ကား၊ ဘုရင်လည်းပျောက်၊ နန်းရိုးနန်းမွေ၊ မရှိလေခြင်း၊ ရေမြေပိုင်သူ၊ ငါပင်ဟူ၍၊ တဆူထွင်းဖောက်၊ ခုမျက်မှောက်တွင်၊ တယောက်ဘုရင်၊ ဒို့အရှင်ကို ဖူးမြင်လိုဘိ၊ တမ်းတမိသည်၊ တွေးသိမသာ ဖြစ်သောင်းကြောင့်။

Monday, June 20, 2011

သတိုးအောင် နတ်သာခြင်း

သတိုးအောင်လေ

နတ်မောင်ယောင်္ကျား

ကေသလာလေ

ကြပ်စင်ကျွန်းမှာ

မွီးလို့ ဖွားရေ။

သကြားမြီးဖြူ

စိတ်လည်းတူ

မယူမြီးချစ်

ရွှီကျောင်းတော်မှာ

အလိုလိုက်ကေ

ပန်းမုနိ မြအောင်

ဘောင်မချစ်ကေ

သတိုးအောင်လေ

နတ်မောင်ယောက်ျား

ရွက်အုပ်မြညို

ဖါးပြိုကျွန်းမှာ

မွီးစပ်ထားရေ။

ကြီးသျှင်တောင်

ရာမောင်နတ်ကား

ရင်နီု့ မတိုက်

လွမ်းလို့ ကြင်ကေ

ဘောင်သျှင်မမှာ

လက်နို့ တိုက်တေ။

လက်သန်းလက်ကြွယ်

လက်စမ္ပယ်

လက်လယ်မကြွင်း

မြီးလှမောင်လေ

ဒိုးအောင်စို့ ကေ

လက်နို့ ထွက်တေ။

ရွက်ရိပ်ခို

ဖားပြိုကျွန်းမှာ

မွီးစပ်တေ။

တဝင်းဝင်းကေ

ပလို့ လာကေ

စန္ဒာလမင်း

ထက်ကောင်းခင်မှာ

ရာဟုကင်း

အလင်းလည်းရောက်

မြီးလှမောင်လေ

ဒိုးအောင်နတ်ကို

ကျောင်းကိုရောက်ဖို့ 

မြကြိုးသွယ်

စိန်ပုခက်မှာ

အိပ်ပါမြီးချေ

ကြီးသျှင်တောင်

ရာမောင်မမှာ

မြီးချောရေ။

ထိုင်တတ်ကေရာ တွားတတ်

တန်းကိုင်တတ်

ရပ်တတ်ဖြစ်ယာ

မြီးလှမောင်လေ

ဒိုးအောင်ကိုကား

ရွှီစမ္ပယ်

မိယေမှာကား

တောတန်းဆိုကေ

ထိုသည်ကျွန်းမျာ

ဝါးတန်းလည်းတင်

တောတန်းခွင်

ရင်သည်ရပ်မှာ

အလားသင်ရေ။

ထိုင်တတ် တွားတတ်

တန်းကိုင်တတ်ကေ

ရပ်တပ်ဖြစ်ယာ

ဘောင်မမောင်လေ

ဒိုးအောင်မှာကား

လားတတ်ပျာ။

ဒိုးအောင်ဂျင်ပေါက်

အရွယ်ရောက်

ကြီးမြောက်လီခါ

သုံးလှိုင်ဆို

ဝါဆိုကျောင်းမှာ

ကျောင်းထားရေ။

သင်လို သင်ပါ

သုံးလှိုင်ဆိုကေ

ဝါဆိုကျောင်းမှာ

နမောဗုဒ္ဓာယ

အယင်ပြ

သုံးဆယ့်သုံးလုံး

သုံးသင်ပုန်း

တလုံးမကျန်

ဇေတဝန်လေ

မြတ်မွန်ကျောင်းမှာ

စာအံရေ။

ဒိုးထိုးသံနန့် 

ဂျင်ပေါက်သံလေ

ညံသံမစဲ

သုံးလှိုင်ဆိုကေ

ဝါဆိုကျောင်းမှာ

မဒီးမောင်လေ

ဒိုးအောင်ထွက်ကေ

တသဲသဲ။

ကျိန်းတောင် ခြီရင်း

မောင်ရို့ ထွက်ခါ

အံတလင်း။

ကျိန်းတောင်ခြီရင်း

မောင်ရို့ ထွက်ခါ

ကြက်တလင်း။

ကြက်ဖက်ပါးနီ

စွန်သဲခြီ

ခွပ်လီကြက်ဖ

ရွှီပြောင်ပြောင်ကေ

ကျိန်းတောင်အောက်မှာ

တန်းထက်က။

တန်းအောက်မတွန်

တန်းထက်တွန်

ဒိုးအောင်ကြက်ဖ

ရွှီပြောင်ပြောင်လေ

ကျိန်းတရိုးမှာ

တည်တိုင်းရ။

မြင်းမအီ ခွါတောင်

ဒေါင်းခံထဲမှာ

လာပါမောင်

လှအောင်စာလေ

တကောင်ခွါဖြူ

မဒီးမောင်လေ

ဒိုးအောင်မောင်လေ

လှအောင်ဆင်ယေ

ယယိုင်ပပါး

ဘောင်မမောင်လေ

မြင်းနန့် လားဖို့ 

ဖိုးခေါင် ဖိုးခေါင်

ဖိုးခေါင်ကြိမ်လုံး

အဖျားချေမှာ

ရွှီခြည်ထုံးကေ

ကြိမ်လုံးကိုထောက်

ဘောင်မမောင်လေ

ဒိုးအောင်နတ်မှာ

မြင်းကိုငေါက်တေ။

ကြိမ်လုံးကိုကိုင်

မြင်းမှာထိုင်

ယယိုင်ပပါး

ချစ်တေမောင်လေ

ဝတီနန်းမှာ

ပန်းကပ်လားဖို့ 

သိုင်းကိုမကျော်

မြီကိုမနင်း

ပန်းဆက်ညာကို

မြီနန် နင်းကေ

နတ်မင်းကျော်ခေါင်

ဘောင်မချစ်လို

သတိုးအောင်လေ

နတ်မောင်မှာကား

ကျိန်းတောင်ကျော်လမ်း

ကြပ်ရိုးပင်မှာ

သဇင်ပန်းကို

လက်လှမ်းဆွတ်ကာ

ကြီးဆင်းတောင်လေ

ရာမောင်နတ်နန်း

လှကျွန်းသူလေ

မိဖြူဥိးကို

ရွှီစမ္ပယ်လေ

ဘောင်သျှင်မကို

ပန်းဆက်တေ။ ။

Saturday, June 4, 2011

ထိမ်းသိမ်းထားသင့်သော ရခိုင်ရိုးရာ ရက္ကန်းပညာ













ရခိုင်ရိုးရာ ရက်ကန်းခတ်နေပုံ

ရခိုင်ရိုးရာ ရက္ကန်းစင်များတွင် အောက်ပါပစ္စည်းများ ပါဝင်ကြပါသည်။

၁။ ယိုင်မောင်း

၂။ ယိုင်စင်ပျဉ်

၃။ လက်လိပ်

၎။ လက်ခတ်

၅။ လက်ခတ်ကြိုး

၆။ ယိုင်သွား

၇။ နွယ်တံ

၈။ နွယ်စူး

၉။ ယိုင်ကြိုး

၁၀။ မျောက်

၁၁။ မျောက်ကြိုး

၁၂။ လက်ရုံးတန်း

၁၃။ ရခူသွား

၁၄။ ရွန်း

၁၅။ ရွန်းသိး

၁၆။ ကျော့ဝါးလုံး

၁၇။ ဂေါင်းတိုင်

၁၈။ နှပ်

၁၉။ နှပ်ကြိုး

၂၀။ ခြေနင်း

၂၁။ ခြေနင်းကြိုး

၂၂။ ရွက်ဖေါက်

၂၃။ ရီခွက်ချေ

၂၄။ ရီတိုက်

၂၅။ နှပ်တံ

၂၆။ နှပ်သိး……စသည်တို့ ဖြစ်ပါသည်။

ရှေ့နှစ်ပေါင်းများစွာက ရခိုင်ရိုးရာရက္ကန်းလုပ်ငန်းကို မိသားစုအလိုက်လက်ဆင့်ကမ်းသင်ယူလေ့လာ တတ်ကျွမ်းလုပ်ဆောင်ခဲ့ကြ၏။ ဝါဂွမ်းပင်များကို ကိုယ်တိုင်စိုက်ပျိုးပြိး ဝါဂွမ်းများကိုရယူ၏။ ဝါဂွမ်းမှတဆင့် ဝါကိုဖန်၏။ ထိုမှတဆင့် ခြည်ခင်ထိပြုလုပ်၏။ သစ်ခေါက်များကိုကြိုချက်ပြိး ရောင်ဆေးရည်းပြုလုပ်၏။အနက်ရောင်၊ သစ်ခေါက်ရောင်၊ ပိန္နဲရောင်၊ အဝါရောင်ဆေးရည်းပြုလုပ်၏။ ထိုဆေးရည်ဖြင့်ခြည်ခင်များကို လိုသောအရောင်ဆိုးပြိး အရောင်ခြည်ခင်ပြုလုပ်၏။ မိမိရက်လုပ်လိုသော ရိုးရာများအလိုက် အခြေခံပြိးရက်လုပ်ကြ၏။ ဆေးရောင်မှာ ခိုင်ခံ့၏။

ရခိုင်ရိုးရာရက္ကန်းစင်များသည် အနည်းဆုံးအနံ(၄၄)လက္မ ရက်လုပ်ကြ၏။ အနံကြိးကွင်းကျယ်များဖြစ်ကြသည်။ ရက်လုပ်ရာတွင် အနုဆင်(လူငယ်ဝတ်)၊ အလတ်ဆင်(လူလတ်ဝတ်)၊ အရင့်ဆင်(လူကြိးဝတ်) ဟူ၍ ခွဲခြားရက်လုပ်၏။ အပျိုဆင်၊ အအိုဆင်၊ အချေဆင်(လူငယ်ဆင်) ခွဲခြားထား၏။ အဆင်အမျိုးမျိုးရှိ၏။

၁။ စက်ဝိုင်းဆင်

၂။ လေးထောင့်(ကျူထရံဆင်)

၃။ အစင်း(ပတ်လည်ဆင်)

၎။ အတွန့် လှိုင်းချိတ်

၅။ ပွင့်ဖြူချိတ်

၆။ ကျူထရံနှင့် ပတ်လည်ချိတ် စသည်တို့ ဖြစ်သည်။

ရခိုင်ရိုးရာ ရက္ကန်းရက်ရာတွင် ခြည်ခင်များကို တဆင့်ပြိးတဆင့် သန့် စင်ရ၏။ အစာထည့်ရ၏။ (ထမင်းရည်၊ ကော်ရည်စသည်ဖြင့်) အစာတင်ရ၏။ တဖန်သန့် စသင်ရ၏။ (ချား)ခေါ် ခြည်ရစ်တို့ ဖြင့် တဖန်ပြုလုပ်ရ၏။ ထို့ ကြောင့်ရက္ကန်းရှည်၏။ ထို့ နောက် ယိုင်ဘောင်ကိုယူ၍ ရက္ကန်းစင်ပေါ်တွင် ဘေးနှစ်ဖက်တင်ထားရ၏။ အစဖက်တွင် လက်ယှက်ဖေါက်ထားသော ကျော့ နှစ်လုံးရှိ၏။ ပထမဆုံးယိုင်သွားတွင် ခြည်ကိုသွင်းပြိး နှပ်ကောက်ရ၏။ ယိုင်သွားတွင်ခြည်ကိုသွင်းသည့်အခါ လူနှစ်ဥိးလိုသည်။ တဥိးမှာ ရက္ကန်းတန်းရှေ့လက်ယှက်နားတွင်ထိုင်ရ၏။ အခြားတဥိးမှာ ရက္ကန်းတန်းနောက်ဖက် ထိုင်ပျဉ်ပေါ်တွင်ထိုင်ရ၏။ ပထမ လက်ယှက်မှခြည်ကွင်းကို ရက္ကန်းတန်းရှေ့ဖက်တွင်ထိုင်သူက ကမ်းပေးသည့်အခါ ထိုင်ပျဉ်ဖက်က လူက ယိုင်သွားကြားတွင် ဂျိတ်ကိုလျိုသွင်းပြိး အခေါက်လိုက် ချိတ်ယူရသည်။ ယိုင်သွားတွင် ခြည်ပင်များသွင်းပြိးမှ နှပ်ကောက်ရ၏။ ပထမချားတွင် ထည့်သွင်းထားသော ခြည်ခင်မှ နှပ်ခြည်ကိုယူရ၏။ ရှေ့ဖက်ကျသော ကျော့ ဝါးလုံးအတိုင်း အနံဆုံးအောင်လျို၍ ညာဖက်မှ စသွင်းရ၏။ ခြည်ပင်များဆုံးသော် ဘယ်ဘက်မှနေ၍ နှပ်ကျဉ်ဒေါင့်ထိပ်ဖက်ရှိ နှပ်သိးတံထားသည့်နေရာတွင် နှပ်သိးတံတခုထားပြိး နှပ်ခြည်ပင်၊ နှပ်ကျဉ်တောင့် ထိပ် နှပ်သိးတံတို့ ကို နှစ်ပတ်ကျော့၍ ချဉ်နှောင်ရ၏။ ပြိးလျှင် ဝါးလုံးကို တပတ်ကျော့ပြိး တဖန်ထိပ်နှပ်တံတွင် ကျော့သကဲ့သို့  နှစ်ကျော့၊ နှစ်ကြိမ်ချဉ်နှောင်ရ၏။

နောက်တဖန် ဝါးကျဉ်တောင့်တဖက်သို့  ပြန်ပတ်ယူပြိး နှပ်သိးတံတွင် ယခင်နည်းအတိုင်း နှစ်ကျော့၊ နှစ်ကြိမ်ချဉ်ရ၏။ နှပ်ခြည်တပတ် ပတ်တိုင်း အတိုင်ခြည်တပင်စီ နှပ်ခြည်တွင်ပါဝင်အောင် ခြည်ပင်ကြားမှ နှပ်ခြည်ကို ခွဲယူရ၏။ နှပ်ကောက်ရာတွင် တကျော့တကြိမ်၊ နှစ်ကျော့တကြိမ် ရှည်၍ကောက်ယူရသည်။ နှပ်ကျဉ်တောက်ကို ရှေ့သို့ ရွေ့ယူသွားပြိး နှပ်ပင်များကို တဖြည်းဖြည်းချွတ်ထားခဲ့ရ၏။ နှပ်ကောက်ပြိးသောအခါ ဝါးလုံးအလယ်မှ နှပ်သိးတံထည့်သောနေရာတွင် ထိးဝါးရိုးကိုထည့်လျက် နှပ်သိးတံနှင့်ချဉ်နှောင်ရ၏။ ထိုနည်းအတိုင်း နှပ်ကောက်ပြိးပါက ဒုတိယအကျော့ ဝါးလုံးကြားတွင် နှပ်ခြည်ပင်သွင်းယူပြိးနောက် တတိယတပင်ကောက်ယူရပြန်သည်။ နှပ်နှစ်ပြန်ကောက်ယူပြိး ရက္ကန်းတန်းတွင်လက်ယာဖက်မှစ၍ ယခင်တပြန်စီ ကောက်ယူထားသော နှပ်များကို(၁၀)ပင်စီခန့် ”ကျော့”မှဖော်ပြိးပေါ်လာသော နှပ်ပွင့်များကြားတွင် အတိုင်ခြည်ပင်ပါအလျော့၍ နှပ်ခြည်ကိုသွင်းယူရသည်။ ဤကဲ့သို့  အနံဆုံးအောင် ကောက်ယူရသည်။

ပထမ ‘နှပ်’ တပြန်ကောက်ထားပြိးသော် ရက္ကန်းတန်းရက်၍ပြိးဆုံးသောအခါ အဆုံး လက်ယှက်ဖြစ်သော ခြည်ကွင်းများကျန်နေသည်။

နောက်တတန်းရက္ကန်းရှည်ပြိးသောအခါ ယခင်လက်ကျန်ရှိနေသော ‘လက်ဆာ’(မြိတ်ဆာ) နှင့် လက်ညိုး၊ လက်မ ထိပ်တွင် ပြာမှုန့်ကိုင်၍ အသစ်ခြည်ကွင်းနှင့် အဟောင်းခြည်ကွင်းတို့ ကို ထိပ်ဆက်ပြိး ဖြတ်ရသည်။ “နှပ်” တခါကောက်ထားပြိးလျှင် ရက္ကန်းတန်းတတန်းတွင် လုံဂျီ(၁၂)ထည်စီပါသော ရက္ကန်းတန်း (၄)တန်းတိုင်အောင်ရက်လုပ်ရသည်။

ရခိုင်ရိုးရာ ကျား+မ အထည်များတွင်-

၁။ စိန်တပွင့်

၂။ စိန်လက်စွပ်

၃။ စိန်နားကပ်

၎။ လေးပွင့်ဆိုင်

၅။ လေးမည်ဆင်

၆။ ပန်းတက်၊ ပန်းလှ အချိတ်များမှာ နာမည်ကျော်သော ရိုးရာလုံဂျီများ ဖြစ်ကြ၏။

ဤရှေ့ရိုးရာ မိသားစုလက်ဆင့်ကမ်း ပညာကို ထိမ်းသိမ်းထားကြရန်လိုအပ်ပါသည်။ရခိုင်အမျိုးသားရိုးရာ ပညာတရပ်အနေဖြင့် မပျောက်မပျက် စောင့်ရှောက်နိုင်ကြပါစေရန် ရည်ရွယ်ချက်ဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

ရေးသားသူ

ထွန်းဝင်း

(ရန်ကုန်တက္ကသိုလ်)

ရခိုင်ရိုးရာ အထည်တချို့ ကိုဖေါ်ပြလိုက်ပါသည်။