လောကထဲမှာ လိုတာမရ ရတာမလို ကြသူတွေ အများကြီးရှိသလို ၊ ဘယ်လောက်ဘဲရရ မရောင်.ရဲနိုင်ကြသူတွေလည်းရှိ ကြပါတယ်။
အဲ.ဒီလို များစွာရှိတဲ. အထဲမှာ အချို.ကိုတင်ပြပါရစေ။
လောကနီတိထဲမှာ
၁။ရှင်ဘုရင်သည် ပစ္စည်းဥစ္စာ ၌ မရောင်.ရဲတတ် ၊
၂။ ပညာရှိသည် စကားကောင်းဆိုခြင်း ၌ မရောင်.ရဲတတ် ၊
၃။ပင်လယ်ကြီးသည် ရေ၌ မရောင်.ရဲတတ် ၊
၎။ မျက်စိသည် ချစ်ခင်သော အရာကို မြင်ရခြင်း ၌ မရောင်.ရဲတတ်
အဂုင်္တ္တိရ် ပါဠိ တော် မှာ
အမျိုးသမီးများ မရောင်.ရဲ နိုင်တဲ. အရာ သုံးမျိုးရှိကြောင်း မြတ်စွာဘုရား ဟောကြားထားပါသေးတယ်။အဲ.ဒီသုံးမျိုးကတော.
၁။ မေထုန်မှီဝဲခြင်း
၂။ သားဖွားရခြင်း
၃။ အလှအပ တန်ဆာဆင်ရခြင်း၌ မရောင်.ရဲနိုင်ခြင်းတို.ဘဲ ဖြစ်ပါတယ်။
မရောင်.ရဲ နိုင်ကြသူ (၃) ဦးရှိပါသေးတယ်။
၁။ မီးပုံကြီး ၊
၂။ မဟာသမုဒ္ဒရာကြီး
၃။ လောဘကြီးသူတို.ဘဲဖြစ်ပါတယ်။
မီးပုံကြီး ဟာလောင်စာဘယ်လောက်ဘဲထည်.ထည်. တော်ပြီ တန်ပြီ ဆိုပြီး အလိုပြည်. သွားတယ်လို.မရှိပါဘူး။
မဟာသမုဒ္ဒရာကြီးဟာလည်း မြစ်ချောင်း ၊အင်းအိုင် တွေက ရေတွေ ဒလဟော စီးဆင်းနေပေမယ်. အလိုပြည်.သွားတယ် လို.မရှိပါဘူး။
လောဘ ဆိုတဲ. အလိုရမ္မက် ဟာလည်း ဒီအတိုင်းပါဘဲ။ ရစရာပစ္စည်း ၀တ္တု တွေ အပေါ်မှာ ၊ ကာမဂုဏ်တရားတွေ အပေါ်မှာ ဘယ်တော.မှ အလိုပြည်.သွားတယ်လို. မရှိပါဘူး။
အလိုမပြည်.တဲ.လောဘ ကို အလိုပြည်.သွားအောင် တစ်ခု တည်းသော စွမ်းဆောင်နည်းကတော. ရောင်.ရဲခြင်း ဘဲဖြစ်ပါတယ်။
လောဘကို နူတ်ခမ်းသတ် ရောင်.ရဲ တင်းတိမ်နိုင်သူဟာပစ္စည်းဥစ္စာ
ပြည်.စုံကြွယ်ဝတဲ.သူဌေးလည်းဖြစ် ၊စိတ်ချမ်းသာတဲ. လူချမ်းသာလည်းဖြစ်ပါတယ် ဆိုတဲ.အကြောင်း လောဘကို
သတ်နိုင်ဖို.နည်းလမ်းလေးကိုဖော်ပြပေးလိုက်ပါတယ်။
Friday, July 16, 2010
မရောင်.ရဲနိုင်ကြသူများ
There are no comments posted yet. Be the first one!
Comments by IntenseDebate
Posting anonymously.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment