ရခိုင်ဆိုသည်မှာ...
“အမျိုးသီလနှစ်ဌါနကို၊
ပြည့်ဝမဏ္ဍိုင်၊
စောင့်စွမ်းနိုင်သည်၊
ရခိုင်နာမ၊ ဘွဲ့မည်လှဖြင့်
အန္တတ္တသညားခေါ်အပ်ရာတည်း။ ။”
(သျှင်နာဂိန္ဒမော်ကွန်း)
ရခိုင်
”ကျွန်းတွင်ဇမ္ဗူ လူတွင်ရခိုင်၊
ကြိုင်ဘိသတင်း၊ ကင်းဘိအပြစ်၊
ချစ်သည့်အမျိုး၊ ကြိုးသည့်လုံ့လ၊
မြတ်စာဂနန့်၊
နှစ်ဝနတ်လူ၊ ချစ်ကြည်ဖြူသည်၊
နိဗ္ဗူ ဆုတောင်း ပြည့်အံ့တည်း။“
(ဗုဒ္ဓဝင်အလင်္ကာ)
ရခိုင်
သီလာနိ ကုလာဝံသာနိ ဝါရက္ခ န္တီတိ ရခိုင်။
သီလာနိဝါ ငါးပါးသီလ အစရှိသော
သီလကျင့်ဖွယ် တို့ကိုလည်းကောင်း။
ကုလာဝံသာနိဝါ မိမိတို့ မျိုးရိုးမျိုးနွယ်ကိုလည်းကောင်း။
ရက္ခ္ဓန္ဓိ စောင့်ရှောက်ထိန်းသိမ်းကြကုန်တတ်၏
ဣတိတသ္မာ ထိုသို့သီလတရားများနန့်
မျိုးစောင့်တရားများကို စောင့်ရှောက်ထိန်းသိန်းတတ်သော
သတ္တိထူးကြောင်း ရခိုင် ရခိုင်မည်၏။
ရခိုင်
”ဧ..ဧလည်း ဧတုံ တစုံမက်မက်၊ ခေါ်ခိုက်ခတ်လျက်၊ ဆက်ဆက်လွလေ၊ အထွေထွေတည့်၊ မရွီနိုင်ဘဲ၊ ဝမ်းလျင်ကွဲမျှ၊ သဲထဲပူပန်၊ ဝှန်တုန်ကြက်သီး၊ ဘေးကြီးဘေးလျှင်၊ ပျင်မျှပြည့်လှိုင်၊ အဆိုင်ဆိုင်တည့်၊ ရခိုင်မည်သာ၊ မဟာသမတ၊ ခတ္ထိယဧ့ ဆက်မှတသွယ်၊ အနွယ်ကိုပ၊
နီလပုံစင်း၊ ထွန်းပလျှင်းဟု၊ သတင်းစကား၊ နာသာများနန့်၊ ထံပါးကသော်၊ သားကိုဖျော်၍၊ မယ်တော်သျှင်မ၊ ကျူးပါကလျှင်း”
(ရခိုင်စာဆိုပညာရှင် ဖဒူးမင်းညို)
Friday, July 23, 2010
ရခိုင်
There are no comments posted yet. Be the first one!
Comments by IntenseDebate
Posting anonymously.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment