Wednesday, January 12, 2011

Arakan: The Mrohaung Era

Arakan: Mrohaung Era

history of thailand, history of southeast asia by Charles Kimball

In the 14th century Arakan was a pawn that frequently changed hands in the struggles between Ava and Pegu. Things began to look up, however, when King Narameikhla (1404-34), aided by the sultan of Bengal, recovered his throne from a pro-Burmese usurper. At the end of his reign he built a splendid new capital, Mrohaung, and Arakan's golden age began.

The next important king was Minbin (1531-53), who fortified Mrohaung with massive earthworks and a deep moat, just in time to ward off an attack by the Burmese king Tabinshweti. During his reign a number of Portuguese sailors, called Feringhi by the Arakanese, became pirates and started terrorizing the Bay of Bengal. Minbin persuaded them to join his navy as mercenaries, and together they became an important regional power. The Feringhi raiders plundered far and wide, especially in the Ganges delta, and brought back thousands of slaves to their market in the port of Dianga every year. In 1625 they even captured Dacca, the Bengali capital; by this time the raids of the Feringhi armada had been so thorough that there was not a house left inhabited between Dacca and Chittagong.

Under Min Razagri (1593-1612) there was a temporary falling out between the Feringhi and their employers. Both had taken part in the burning of Pegu in 1599, and the Feringhi captured the port of Syriam, in the Irrawaddy delta. Min Razagri apparently expected the Portuguese to hand over Syriam to him, but instead they kept it for themselves, defeating the Arakanese flotilla sent to dislodge them. Min Razagri now decided that his mercenaries had grown too powerful; in 1607 he made an all-out attack on Dianga, killing six hundred of its inhabitants without mercy. Those who escaped declared war on Arakan, making raids up to the very walls of Mrohaung, but the capital's defenses saved it again; even a Portuguese fleet of 14 ships, sent by the Viceroy of Goa, could not prevail. After 1620 Arakan and Portugal renewed their previous alliance, when India's Mogul Empire became a threat to both.

During this time Dutch merchants started visiting Arakan, buying up all the slaves and rice the Arakanese were willing to sell. On several occasions a V.O.C. warehouse was set up in Mrohaung, but politics kept it from running smoothly. The king of Arakan wanted a military alliance with the Dutch, to keep his enemies away and to provide an alternative to the unpredictable Feringhi. The Dutch refused, since warfare would be bad for business, and often they would close shop when the king became too overbearing. They never gave up on Arakan, though, and always reopened the warehouse a few years later.

Relations with the Mogul Empire went from bad to worse as the 17th century progressed. The first Mogul attack retook Dacca, but the invading fleet was smashed before it could get out of the Ganges delta (1629). In 1660 a Mogul prince, Shah Shuja, fled to Mrohaung when he failed to keep his brother, Aurangzeb, from usurping the Mogul throne. Shah Shuja asked for ships to convey his family and retinue to Mecca, but none were supplied. Then the Arakanese king, Sandathudamma, asked for one of Shah Shuja's daughters in marriage and was indignantly refused. Fearing he would be handed over to the Moguls, Shah Shuja tried to escape; on the second attempt he was killed in a riot and his treasures were confiscated.

When Aurangzeb heard the news, he demanded the surrender of Shah Shuja's children; Sandathudamma refused and war broke out. At first the war went well for Arakan, with the Feringhi making two devastating raids on the Bengal coast. But at a crucial moment they quarreled with the Arakanese, and when the Moguls offered employment most of the Feringhi switched sides. The result was an overwhelming Mogul victory at the battle of Dianga (1666), where the Arakanese fleet was destroyed and Chittagong (held by Arakan since 1459) was taken back.

The piratical habits of the Arakanese survived long after their fleet and Portuguese teachers were gone. Between 1682 and 1785, 25 kings rose and fell in Mrohaung. Political chaos now became the national hobby, and Arakan was no longer a threat to anybody.

Source: http://www.guidetothailand.com/thailand-history/arakan.php

Tuesday, December 21, 2010

နေထွက်ချိန်-အရုဏ်တက်ချိန် အမှတ်အသား

ရှေးမြန်မာတို့သည် နေထွက်ချိန် အရုဏ်တက်ချိန်တို့ကို အလွယ်တကူ မှတ်သားနိုင်ရန် ကဗျာလင်္ကာ ရေးစပ်၍ စနစ်တကျ တွက်ချက်တတ်ကြသည်၊ ထိုတွက်ချက်သည့် အချိန်အတိုင်းပင် အရုဏ်ဆွမ်းကပ်ခြင်း၊ နေထွက်ချိန် သတ်မှတ်ခြင်း စသည်တို့ပြုကာ ကုသိုလ်ကောင်းမှုများ လုပ်လေ့ရှိကြသည်။

ယခု ရှေးမြန်မာတို့၏ ကဗျာလင်္ကာဖြင့် သတ်မှတ်ထားသည့် နေထွက်ချိန်၊ အရုဏ်တက်ချိန်ကို တင်ပြပါမည်။

ခူး=သောင်း-နှေး-တုံ၊
ဆုန်=ပေါ်-ဖိ-နင်း၊
ယုန်=မြင်း-လှ-တန်၊
ဆို=ပြန်-ဆယ်-ထပ်၊
ခေါင်=ပြတ်-လည်-တို၊
တော်=ဗျို-ပြန်-နှက်၊
ကျွတ်=ဟိန်း-ထက်-တွင်၊
မုန်း=သက်-အောင်-ထိပ်၊
နတ်=သား-ချိတ်-တည်း၊
သို=သိပ်-စို-နှံ၊
တွဲ=သန့်-ကောင်း-တွင်၊
ပေါင်း=သင်း-အင်-ထွေ။
စနေနံမှ၊ သုညပြလျက်၊ နေထွက်ဗဟို အချိန်တည်း။
တနာရီကို၊ နောက်ဆုတ်ဆိုလျှင်၊ ဗဟို အရုဏ်တက်ချိန်တည်း။

မှတ်ချက်။
ခူး=တန်ခူးလ။
ဆုန်=ကဆုန်လ။
ယုန်=နယုန်လ။
ဆို=၀ါဆိုလ။
ခေါင်=၀ါခေါင်လ။
တော်=တော်သလင်းလ။
ကျွတ်=သီတင်းကျွတ်လ။
မုန်း=တန်ဆောင်မုန်းလ။
နတ်=နတ်တော်လ။
သို=ပြာသိုလ။
တွဲ=တပို့တွဲလ။
ပေါင်း=တပေါင်းလ။ တို့ကို အကျဉ်းချုပ် ညွှန်းဆိုထားခြင်း ဖြစ်ပါသည်။

ထို့နောက် ရှေးမြန်မာတို့၏ ဗျည်းအက္ခရာကို သင်္ချာဖြင့် တွက်ချက် သတ်မှတ်ရာ၌
အ-အာ-ဣ-ဤ- ဥ-ဥူ-ဧ-သြ=တနင်္ဂနွေ ( ၁ )
က-ခ-ဂ-ဃ-င=တနင်္လာ ( ၂ )
စ-ဆ-ဇ-စ်-ည=အဂၤါ ( ၃ )
ယ-ရ-လ-၀=ဗုဒၶဟူး ( ၄ )
ပ-ဖ-ဗ-ဘ-မ=ၾကာသပေတး ( ၅ )
သ-ဟ=ေသာၾကာ ( ၆ )
တ-ထ-ဒ-ဓ-န=စနေ ( ၇ ) ကို ( ၀-သုည ) မှတ်သားတွက်ချက်ရပါသည်။

ထို့ပြင် လများနှင့်တွဲသော အက္ခရာသုံးလုံးတွင် ပထမအက္ခရာကို=နာရီ ဟု သတ်မှတ်ရပါသည်။
နောက်နှစ်လုံးကို=မိနစ် ဟု သတ်မှတ်ရပါသည်။

ဥပမာ=
ခူး=သောင်း-နှေး-တုံ ။
ခူး=တန်ခူးလတွင် ၊ သောင်း=( ၆ )၊ နှေး=( ၀ ) တုံ=( ၀ ) ဟုတွက်ချက်၍
တန်ခူးလတွင် ၆-၀၀ နာရီ နေထွက်သည်ဟု သတ်မှတ်ရပါသည်။
တနာရီနောက်ဆုတ်လျက် ၅-၀၀ နာရီ အရုဏ်တက်သည်-ဟု မှတ်သားရပါသည်။

ဆို=ပြန်-ဆယ်-ထပ် ။
ဆို=၀ါဆိုလတွင် ၊ ပြန်=( ၅ )၊ ဆယ်=( ၃ )၊ ထပ်=( ၀ ) တွက်ချက်၍
ဝါဆိုလတွင် ၅-၃၀ နာရီ နေထွက်သည်။
တနာရီ နောက်ဆုတ်လျက် ၄-၃၀ နာရီ အရုဏ်တက်သည်။

မုန်း=သက်-အောင်-ထိပ် ။
မုန်း=တန်ဆောင်မုန်းလတွင်၊ သက်=( ၆ )၊ အောင်=( ၁ )၊ ထိပ်=( ၀ ) တွက်ချက်၍
တန်ဆောင်မုန်းလတွင် ၆-၁၀ နာရီ နေထွက်သည်။
တနာရီ နောက်ဆုတ်လျက် ၅-၁၀ နာရီ အရုဏ်တက်သည်။

ပေါင်း=သင်း-အင်-ထွေ ။
ပေါင်း=တပေါင်းလတွင်၊ သင်း=( ၆ )၊ အင်=( ၁ )၊ ထွေ=( ၀ ) တွက်ချက်၍
တပေါင်းလတွင် ၆-၁၀ နာရီ နေထွက်သည်။
တနာရီ နောက်ဆုတ်လျက် ၅-၁၀ နာရီ အရုဏ်တက်သည်-ဟု မှတ်သားရပါသည်။

ဤနည်းအတိုင်းပင် မြန်မာဗျည်း အက္ခရာကို သင်္ချာပြု၍ ကျန်သည့်လများ၌လည်း တွက်ချက်၍ အရုဏ်ဆွမ်းကပ်ခြင်း၊ အဓိဋ္ဌာန်ပုတီးစိပ်ခြင်း၊ ဘုရားရှိခိုးခြင်း၊ တရားထိုင်ခြင်း စသည့် ဘာသာရေးဆိုင်ရာ ကုသိုလ်ကောင်းမှု ပြုကြရန်နှင့် လောကီရေးရာ အချိန်နှင့် သွားလာလုပ်ကိုင်လိုသူများအတွက်လည်း မှန်းဆ၍ ရနိုင်ကြမည်ဖြစ်ပေသည်။

( ကလျာဏ )

မှတ်ချက်
အလွယ်တကူ ကြည့်ရှုနိုင်စေရန် အောက်ပါအတိုင်း တွက်ချက်ပေးလိုက်ပါသည်။

ခူး=သောင်း-နှေး-တုံ၊( တန်ခူးလ-၆-၀၀ နာရီ နေထွက်၊ ၅-၀၀ နာရီ အရုဏ်တက် )
ဆုန်=ပေါ်-ဖိ-နင်း၊ ( ကဆုန်လ-၅-၅၀ နာရီ နေထွက်၊ ၄-၅၀ နာရီ အရုဏ်တက် )
ယုန်=မြင်း-လှ-တန်၊ ( နယုန်လ-၅-၄၀ နာရီ နေထွက်၊ ၄-၄၀ နာရီ အရုဏ်တက် )
ဆို=ပြန်-ဆယ်-ထပ်၊ ( ၀ါဆိုလ-၅-၃၀ နာရီ နေထွက်၊ ၄-၃၀ နာရီ အရုဏ်တက် )
ခေါင်=ပြတ်-လည်-တို၊ ( ၀ါခေါင်လ-၅-၄၀ နာရီ နေထွက်၊ ၄-၄၀ နာရီ အရုဏ်တက် )
တော်=ဗျို-ပြန်-နှက်၊ ( တော်သလင်းလ-၅-၅၀ နာရီ နေထွက်၊ ၄-၅၀ နာရီ အရုဏ်တက် )
ကျွတ်=ဟိန်း-ထက်-တွင်၊ ( သီတင်းကျွတ်လ-၆-၀၀ နာရီ နေထွက်၊ ၅-၀၀ နာရီ အရုဏ်တက် )

မုန်း=သက်-အောင်-ထိပ်၊ ( တန်ဆောင်မုန်းလ-၆-၁၀ နာရီ နေထွက်၊ ၅-၁၀ နာရီ အရုဏ်တက် )
နတ်=သား-ချိတ်-တည်း၊ ( နတ်တော်လ-၆-၂၀ နာရီ နေထွက်၊ ၅-၂၀ နာရီ အရုဏ်တက် )
သို=သိပ်-စို-နှံ၊ ( ပြာသိုလ-၆-၃၀ နာရီ နေထွက်၊ ၅-၃၀ အရုဏ်တက် )
တွဲ=သန့်-ကောင်းတွင်၊ ( တပို့တွဲလ-၆-၂၀ နာရီ နေထွက်၊ ၅-၂၀ နာရီ အရုဏ်တက် )
ပေါင်း=သင်း-အင်-ထွေ၊ ( တပေါင်းလ-၆-၁၀ နာရီ နေထွက်၊ ၅-၁၀ နာရီ အရုဏ်တက် )။

နဝရူပ ဗျာလ




န၀ရူပ 'ဗျာလ'
ကမ္ဘာဦးကတည်းက လူမျိုးတိုင်း ဘာသာတိုင်း၌ ၄င်းတို့၏ ဒဏ္ဍာရီ ဆန်သော အထိမ်းအမှတ် သင်္ကေတ ရုပ်ထုများ ရှိခဲ့ကြသည်။ အလာတူပင် ရခိုင် လူမျိုး၌လည်း ဒဏ္ဍာရီဆန်သော အထိမ်းအမှတ် သင်္ကေတ ရုပ်ထု တစ်ခုရှိသည်။ သို့ရာတွင် ယင်းရုပ်ထုကို ကမ္ဘာကပင် မဆိုထားနှင့် မြန်မာနိုင်ငံ၌ပင် လူအတော်များများ မသိရှိ ကြသေးပေ။ ၄င်းတို့ကို ရှေးဟောင်း စေတီပုထိုးများ၏ ကျောက်ဆစ်လက်ရာများတွင် ပုံသဏ္ဍာန် အမျိုးမျိုးရှိသော ရှေးဟောင်းလက်ရာ အမွေအနှစ်အဖြစ် တွေ့ရှိနိုင်ပါသည်။ ယင်း သတ္တ၀ါကို ရခိုင် လူမျိုးတို့က “ဗျာလ” ဟုခေါ်ဆို ခဲ့ကြသည်။ အဆိုပါ သတ္တ၀ါ မှာရခိုင် လူမျိုးတို့၏ ရှေးရိုး စဉ်ဆက် တစ်လျှောက် ရှိခဲ့သော ဒဏ္ဍာရီဆန်သော သတ္တ၀ါဖြစ်သည်။
ယင်း ‘ဗျာလ’ ကို သတ္တ၀ါ ကိုးမျိုး၏ ကောင်းမြတ်သော ခွန်အား စွမ်းအင် ရှိသော သတ္တ၀ါတို့၏ အစိတ် အပိုင်းများနှင့် ပေါင်းစပ် ထားသည်။ယင်းသို့ သတ္တ၀ါ ကိုးမျိုး၏ အစိတ် အပိုင်းများနှင့် ပေါင်းစပ် ထားခြင်းကြောင့် ‘န၀ ရူပ ဗျာလ’ ဟုလည်းခေါ်သည်။ အဆိုပါ ‘န၀ ရူပ ဗျာလ’ ရုပ်တွင် ပါရှိသည့် သတ္တ၀ါ ကိုးမျိုး၏ အစိတ်အပိုင်း များမှာ -

၁. ဆင်နှာမောင်း
၂. သမင်မျက်လုံး
၃. ကြံ့ချို
၎. ကြက်တူရွေးလျှာ
၅. ငါးကြင်းကွက်
၆. ဒေါင်းအမြီး
၇. မြင်းနားရွက်
၈. ကျားအစွယ်
၉. ခြင်္သေ့လက်ဝါး တို့ဖြစ်သည်။
ထိုကဲ့သို့ ထူးခြားသော စွမ်းအင်ရှိသည့် အစိတ်အပိုင်းများကို တစ်ကောင်တည်း ဖြစ်အောင် ပေါင်းစပ် ထားခြင်းမှာလည်း ဗျာလ သတ္တ၀ါ ၏ ထူးခြားမှုကို ရည်ညွှန်းထားသည့် အဓိပ္ပါယ် ဖြစ်သည်။ ဗျာလတွင် ပါရှိသည့် အစိတ်အပိုင်းများ အနက် ကြက်တူရွေးလျှာသည် စကား ပရိယာယ် ကြွယ်ဝခြင်းကို လည်းကောင်း ၊ ဒေါင်းအမြီးသည် လှပ တင့်တယ် ခြင်းကို လည်းကောင်း ၊ မြင်း နားရွက်သည် အကြား အာရုံ ထက်မြက်ခြင်း ကိုလည်းကောင်း ၊ သမင်မျက်လုံး သည် အမြင်အာရုံ စူးရှခြင်းကို လည်းကောင်း ၊ငါး၏ ကိုယ်ထည်သည် လျင်မြန် ဖျတ်လတ်ခြင်းကို လည်းကောင်း ၊ ကြံ့ချို ၊ ကျားစွယ် ၊ခြင်္သေ့ လက်ဝါး ၊ ဆင်နှာမောင်း သည် စွမ်းအင် ကြီးမားခြင်းတို့ကို လည်းကောင်း အသီးသီး ကိုယ်စားပြုပါသည်။
အဆိုပါ သတ္တ၀ါ ကိုးမျိုး တို့၏ အစိတ်အပိုင်းဖြင့် တန်ဆာ ဆင်အပ်သော သတ္တ၀ါအား ထားရှိ ခြင်းဖြင့် “အဗျာလော- ဘေးဥပါဒ်ကို မဖြစ်စေတတ်ဘဲ ၊ လာဘော - လာဘ်လာဘကိုသာ ဖြစ်စေတတ်၏“ ဟု ရခိုင်လူမျိုးတို့ ယုံကြည်ထားကြသည်။
ဗျာလကို ရခိုင် ဝေသာလီခေတ် သာသနိက အဆောက်အအုံ များတွင် စတင်တွေ့ ရှိရသည်။ ယင်းထက် ရှေးကျသော ရုပ်ထုများလည်း ရှိကောင်း ရှိနိုင်ပါသေးသည်။ မင်္ဂလာ အခမ်းအနားများ ၌ သုံးစွဲသော အသုံး အဆောင် ပစ္စည်းများတွင် အနည်းငယ် တွေ့ရှိရပါသည်။ ရခိုင်လူမျိုး တို့၏ ရှေးဟောင်း အထိမ်းအမှတ် တခုဖြစ်သော ‘န၀ ရူပ ဗျာလ’ ကို ကျောင်းကန် ၊စေတီ ပုထိုးများတွင် လည်းကောင်း ၊ ထင်ရှားသော အဆောက် အဦး များတွင် လည်ကောင်း စွမ်းအင် ကိုးမျိုး ပေါင်းစု ထားသော အစောင့် အရှောက် သတ္တ၀ါ အဖြစ် ထားလေ့ရှိပါသည်။

သမိုင်းကြောင်းကိုလေ့လာစီချင်သည်




ရခိုင်ကမ်းမြောင်ဒေသသည် ဘင်္ဂလားပင်လယ်အော်နှင့် ဆက်စပ်လျက်ဟိပြီး၊ ပင်လယ်လှိုင်းကြီး လှိုင်းငယ်ရို့သည် ကမ်းသောင်နဖူးသို့ တဘုန်းဘုန်း ရိုက်ခတ်လျက် ဟိသည်။ ရခိုင် ကုန်းတွင်းဒေသတွင် မြစ်ချောင်း အင်းအိုင် အလွန် ပေါများပြီး မြစ်ချောင်းများသည် ပင်လယ်ထဲသို့ စီးဝင်သည်။ မြောက်ပိုင်းရှိ (နတ်မြစ်၊ မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်) များတွင် မြစ်လက်တက်ပေါင်း များစွာ ဟိသည်။ တောင်ဘက်၌ မြစ်တို၊ ချောင်းတိုများသည် အရှိမှ အနောက်သို့ စီးဆင်းသည်။
ထင်ရှားသော မြစ်ချောင်းများမှာ (ဒလက်ချောင်း၊ အမ်းချောင်း၊ မအီချောင်း၊ လမူးချောင်း၊ ဆားပြင်ချောင်း၊ တန်းလွဲချောင်း၊ တောင်ကုတ်ချောင်း၊ သဌေးချောင်း၊ ပြည့်ချောင်း၊ သံတွဲမြစ်၊ ကျိန်တလီချောင်းနှင့် ဂွချောင်း) ရို့ဖြစ်သည်။ ရခိုင်မြစ်ချောင်းများတွင် ဖြားရီ အတက်အကျ ဟိသည်။ ဖြားအတက်တွင် ပင်လယ်ငါးများသည် ကုန်းတွင်း မြစ်ချောင်းများသို့ ဒိုးယိုပေါက်ဝင်ရောက်၍ ရခိုင်ပြည်တွင် သားငါး ပုဇွန် အလွန် ပေါများသည်။

ရှုတိုင်းသာစွ ရခိုင်မြီကဗျာဆရာရို့က ရခိုင်ဒေသကို “ရိုးမတောင်ဆိုင်း၊ ပင်လယ်ဝိုင်း၍၊ ရှုတိုင်းသာစွ၊ ရခိုင်မြီ” ဟူ၍လည်းကောင်း။ “မြီပြင်ကျယ်ဝင်း၊ လယ်ယာခင်းနှင့်၊ အင်းအိုင်မြစ်ချောင်း၊ ပင်လယ်ကြောင်းနှင့်” ဟူ၍လည်းကောင်း။ “ကျယ်ပြန့်လှစွာ၊ ကျွန်းဦးမြီမှာ၊ သပြီခလို့၊ ရောင်မြ၀ီဝီ၊ အောင်ခြင်းညံ၍၊ အောင်သံကျူးလို့၊ ဇမ္ဗုဒီမှာ၊ သညီဝေါဟာ၊ ထောပနာနှင့်၊ သြဘာသောင်းသောင်း၊ သတင်းပေါ်၍၊ နင်းကျော်ဘိကေ၊ သရီချောင်းတွင်၊ မင်းကောင်းကြိမ်ဖန်၊ ဗဟိုရ်ညံ၍၊ စည်သံရိုက်ဟီး၊ ရွှေနန်းဆောင်ဖြင့်၊ ပြောင်ပြောင်ညီးကေ၊ မြို့ကြီးဓညာ” စသည်ဖြင့်လည်းကောင်း စာဖွဲ့ဆိုထားကြပါသည်။
ငါးများရခိုင်အခေါ်ဤရီ ဤမြီနှင့်အတူ ရှိပဝေသဏီကပင် ရခိုင်ငါးများသည် ရခိုင်သားများနှင့် အတူ ဒိုးတူပေါင်ဖက် နီထိုင် လာခသူများဟု ဆိုချင်ပါသည်။ ရခိုင်များသည် မြစ်ချောင်းအင်းအိုင် ပင်လယ်ဝိုင်းလျှက် မွီးဖွား လာကြသူများဖြစ်ရာ တနည်းအားဖြင့် ရခိုင်ငါးမျိုးစုံနှင့် အတူ ၀ိုင်းရံ ကြီးပြင်းလာသူများပင် မဟုတ်ပါလား။ ရခိုင်ငါးများတွင် ကိုယ်စီကိုယ်စီ ရခိုင်အခေါ်နာမ ဟိပြီးသားဖြစ်ပါသည်။ ငါးသရွဲမင်းကျား၊ ဘီသျှပ်တရာ၊ ငါးခွေးပနီ၊ ပင်လယ်ငါးခူ၊ ငါးသလဲထိုး၊ သင်ပေါင်းထိုး (ခေါ်) သင်္ဘောထိုး၊ ငါးတောက်တူ၊ ငါးချိုင့်ကြား၊ ငါးပတုန်၊ ဒေါင့်ဒနာ၊ ငါးရင်းကုန်း၊ ရုဇနား၊ ငါးကန့်ဗျိုင်၊ ငါးကုန်းညို၊ မျက်ဆံကျယ်၊ ငါးဒါးလွယ်၊ ငါးပသွင်၊ စံလှမေ၊ ငါးဒလာ၊ ငါးသရွဲ၊ ငါးစရိုင်း၊ ငါးနုသန်း၊ ငါးနံ့သာ၊ ငါးစလုံး၊ ငါးဝမ်းပူ၊ ငါးရစ်မ၊ ငါးပယုံ၊ ငါးကန်သား၊ ငါးသပွေ၊ ၀ါမရှီ၊ ငါးလ၀ါ၊ ငါးပါးသျှင်း၊ ငါးနီတူ၊ ဗရဲဂါး၊ မျှိုင်သျှေ၊ စွန်သျှေ၊ဖက်သျှေ၊ ခသျှာ၊ အာဖာ၊ ဘာသျှား၊ ငါးဆူ၊ ငါးဝ ၊ ရိုးရည်၊ ငါးညို့၊ ရီခူ၊ ရီမျောက်၊ ရီကြက်၊ ဒေါင်းပြောက်၊ ပဂျင်း စသည့် ငါးအမည်များမှာ ရခိုင်သံပီသလှပါသည်။အခြားရခိုင်ငါးများမှာ ငါးသတစ်၊ လက်ခွာ၊ ငါးတန်၊ ငါးမြင်း၊ ငမန်း၊ လိပ်ကျောက်၊ ပြင်သာလိပ်၊ ငါးရံ့၊ ငါးခူ၊ ငါးပြီ၊ ငါးရက် ၊ ငါးစွယ်၊ ငါးကြေး၊ ငါးဖယ်၊ ငါးခုံး၊ ဂဏန်း၊ ကြက်ဖားပုစွန်၊ ရီလားပုစွန်၊ ရွှေပုစွန်၊ ကျောက်ပုစွန်၊ ပုစွန်တက်၊ ပုစွန်စိတ် စသည်ဖြင့် အသီးသီးဟိသည်။
ရခိုင်ဒေသဥတုရာသီရခိုင်ဒေသသည် လီပြင်းပြီး မိုကြီးသော ဒေသဖြစ်သည်။ နှစ်စဉ် မိုးရီချိန်လက္မ (၂၀၀) ကျော် ရွာသည်။ ဒေသအခေါ် (ရမ်းပေါက်လီ၊ ဆင်ခေါင်းလီ၊ ကတ္တရန်လီ) ရို့မှာ ရခိုင် ပင်လယ်လီများဖြစ်သည်။ နွီခေါင်ခေါင် လဆန်းလဆုတ် ဖြားသီရက်များမှာတောင် ရခိုင်မြစ်ချောင်းများသည် သိသိသာသာ ရီလျော့ကျလားလေ့မဟိပါ။ မိုးတွင်းခါဆိုလျှင် “၀ါဆိုဝါခေါင်၊ ရီဖောင်ဖောင်” ဆိုရေပိုင် ရခိုင်မြစ်ချောင်းများသည် ရီဖြိုးလျှက်ဟိပါသည်။ထို့ကြောင့် ရခိုင်ငါးများသည် ရခိုင်ရီကိုကြိုက်ပြီး ရခိုင်ရီတွင်ပျော်သည်။ ရခိုင်ငါးများသည် ရခိုင် ရီမြီသဘာဝနှင့် ရခိုင်လူမျိုးများကိုခွဲခွာ၍ အခြားတပါးသို့ လားချင်လိုစိတ် ဟိမည်မထင်ပါ။ ၀ိသမ လောဘသားများ မထောက်မညှာ ဖမ်းဆီး ယူလားသည့် အခါမှသာ ပါတော်မူဘ၀သို့ ရောက်လားမည်ဖြစ်ပါသည်။ပတ်ဝန်းကျင်ကို နှံ့နှံ့စပ်စပ်သိရှိရခိုင်များသည် မိမိရို့ပတ်ဝန်းကျင်ဟိ ရခိုင်ငါးများအကြောင်းကို နှံ့နှံ့စပ်စပ် သိထားဟန် တူပါသည်။ ရခိုင်သားများ၏ဓလေ့စရိုက်နှင့်ဖြစ်စဉ်များကိုလည်း ရခိုင်ငါးများသည် အတွင်း သိမြင်ထားသူများ ဖြစ်ပေလိမ့်မည်။
နိစဉ် လူမှုကိစ္စများ၌ ရခိုင်သားများနှင့် ရခိုင်ငါးများသည် အကျွမ်းတ၀င် တွိဆုံမြဲဖြစ်သည်။ ရှိခေတ်ဦးကပင် ရခိုင်သားဘ၀၌ ရခိုင်ငါးများသည် တစင်း ထင်ဟပ်နီကြောင်းတွိရပါသည်။ရခိုင်သမိုင်းအရ ၀ါသုဒေ၀မင်းနောက် ဗြဟ္မဏရာဇာမင်းဆက်၌ ဘီစီ (၃၃၂၅) မတိုင်မှီကာလက ကစ္ဆပနဒီမြစ်၏အရှိဘက် (၉၉) မြို့။ အနောက်ဘက် (၉၉) မြို့ တည်ဟိခသည်။ အရှိဘက်မြို့များအနက် (ငါးရန့်ချောင်းမြို့) နှင့် အနောက်ဘက်မြို့များအနက် (ငါးတန်သရဲမြို့) ဟူ၍ ရခိုင်ငါးနာမည်များနှင့် မှည့်ခေါ်ထားသည်ကို တွိရပါသည်။ ဒင်္ဂါးမှာ ခတ်နှိပ်ထားရခိုင်ဒင်္ဂါးသမိုင်းကို လေ့လာလျှင် အမည်ထိုး ပါဟိသော အစောဆုံးဒင်္ဂါးမှာ ဒေ၀စန္ဒြဒင်္ဂါး ဖြစ်ပါသည်။ ခန့်မှန်းသက္ကရာဇ် အေဒီ (၃) ရာစုနှင့် (၄) ရာစု စဦးပိုင်းလောက်က သွန်းလုပ်ခသော စာထိုးမပါ ပတုန်း (အမြီး) ပါဟိသည့် ပင်လယ်ခရုပုံ ခပ်နှိပ်ထားသည့်ဒင်္ဂါးအချို့မှာ နိုင်ငံခြား ပြတိုက်များ၌ ဟိပါသည်။ ယင်းဒင်္ဂါးများကို စန္ဒြားမင်းများ သွန်းလုပ်ခပြီး၊ ရှိအကျဆုံး ဖြစ်မည်ဟု ပါမောက္ခ သုတေသီ ဆရာကြီးဦးစံသာအောင်က ခန့်မှန်း ထားခပါသည်။ ဤသို့ ဆိုလျှင် ရခိုင်ငါးများသည် နှယ်နှယ်ရရ မဟုတ်။ ရခိုင်သမိုင်းနှင့်အတူ ဖွားတော်ဖွားဖက်ဖြစ်သည်ကို တွိရသည်။

ယိုင်းသာခြင်း ရခိုင် အဘုချေ သားချော့ ယိုင်းသာခြင်းများ၌ “အမျည်မျည်၊ မှိုဟင်းခူးဇောင်လားကတ်မည်၊ မှိုဟင်းလဲခူး၊ စူးလဲစူး၊ အစူးလည်းထွင်၊ အိမ်ကိုလည်းရောက်၊ အထွဋ်တင်၊ ငယ်လင်စားဖို့၊ မျောက်လက်ညှိုး၊ ကုလားပုစွန်၊ ညှီနံ့နံ့နှင့်၊ အကျွန်မစား၊ ရွှေလင်ပန်းမှာ၊ ကြင်းလို့ထား” ဟူ၍တမျိုး။ “နင့်ဘားဘာ လူယဉ်ကျေးက လောင်းတစင်းနှင့် လားလတ်တေ၊ သားငါးရှာဖို့လားလတ်တေ၊ နင့်ဘားဘာလာကေ၊ ပုစွန်တုတ်ကို အီးယောင်ပြုတ်လို့ ကျွေးပါ့မည်” ဟူ၍တဖုံ လေ့လာတွိသိ ရပါသည်။ ငါးနှင့်နွယ်သည့် နာမည်မှဲ့ခေါ် ရခိုင်သမက်တက် ထိမ်းမြား မင်္ဂလာပွဲများတွင် ချက်ပြီးသား ပုစွန်တုတ် နှစ်ကောင်၊ ဘဲဥ နှစ်လုံးစသည်ရို့ ပါဝင်ပါသည်။
ရခိုင် နာမည်တချို့တွင် ငါးနှင့်နွယ်သော၊ (ယက်သဲအောင်၊ ချောင်းနားအောင်၊ ငါးလုံးချေ၊ ဖားချေ၊ စံလှမေ) စသည့်ဝေါဟာရနာမများကို တွိရပါသည်။ ကနိ ရခိုင်ပြည် ကျွန်းရွာနာမည်များတွင်လည် (ငါးရန့်ချောင်းရွာ၊ ငမန်းရဲကျွန်း။ ငါးစရိုင်းချောင်းကျွန်း၊ ငါးပြီကျွန်း၊ ငါးပြီတက်ရွာ၊ တံငါရွာ) စသည်ဖြင့် တွိရပါသည်။

ရခိုင်သားများသည် ငါးနှင့်ပတ်သက်သော စကားပုံများကို ကနိတိုင် ခုံမင်သုံးစွဲနီသည်ကို တွိရပါသည်။ “ငါးမဟိလို့ မျှိုင်စွံ”၊ “ပုဇွန်ဖြူ ငါးမဟုတ်၊ ဆင်းရဲသူ လူမဟုတ်”၊ “ဖွတ်မီးကျောင်းဖြစ်၊ မြစ်ချောင်းမချမ်းသာ” စသည်ဖြင့်ဖြစ်ပါသည်။ ရှိရခိုင်းများသည် ပန်းဝှက်တမ်း ကဇတ်လေ့ဟိပါသည်။ ပန်းဝှက်ရာတွင်လည်း ရခိုင်ငါးများပါဝင်သည်။ ငါးစရိုင်းသျှေ ၀မ်းပူ၊ အအူမဟိပါ။ (၀ခွက်၊ ရီအိုး)အ၀ီးကလာမဲမဲ၊ အိမ်မှာရောက် ရဲရဲ။ (ဂဏန်း)ထိုဖက်ဒေဖက် လှော်တက်နန့်၊ အလယ်ဂေါင်မှာ ရွက်တိုင်နန့်။ (ငါးစရိုင်း)
အ၀ီးရောက် ရခိုင်အချို့သည် ရခိုင်အစားအစာ၊ ရခိုင်အာဟာရများကို အာသီသဖြစ်ကာ တမ်းတလေ့ဟိပါသည်။ တမ်းတသည့် အစားအစာများမှာ ရခိုင်ငါးပိ၊ သင်္ဘောထိုးပါသည့် ရခိုင်မုန့်တီ၊ သံတွဲမှ ငါးနီတူခြောက်၊ ရမ်းဗြဲမှ လက်ခွာခြောက်၊ စစ်တွေမှ ရွှေပုဇွန်ခြောက် စသည်ရို့ဖြစ်သည်။
ရခိုင်တချို့ မိမိရို့၏အဆွေ ရခိုင်ငါး နာမည်များကိုမိပျောက်ကာ တခြားအရပ်သုံး ငါးနာမည်နာမများကို လျှာတွိအာတွိ ခေါ်လျှက်ဟိကတ်ပါသည်။ရခိုင်ငါးများမြင်ပါက “ငါးစိမ်းမြင်၊ ငါးကင်ပစ်” ဟု စိတ်ဆိုးဆိုးဖြင့် အပြစ်တင်ကောင်း တင်ပါလိမ့်မည်။ ရခိုင်သားများသည် ရခိုင်ငါးများအကြောင်း မမိအပ်ပါ။ ရခိုင်ငါးများနှင့် ရခိုင်ငါးနာမည်များကို သတိရနီခြင်းပင်လျှင် အဖရခိုင်ပြည်ကို သတိရနီခြင်း မဟုတ်ပါလား။
ယခုအခါ ရခိုင်ချောင်း၊ မြစ်၊ ပင်လယ်များတွင် ၀ိသမလောဘသားတချို့သည် နည်းမျိုးစုံဖြင့် ဖမ်းဆီး ယူငင်နီသဖြင့် ရခိုင်ငါးများသည် ကြောက်ကြောက်လန့်လန့် နီထိုင်ကတ်ရပါသည်။ ရခိုင်ရီပြင်သို့ နိုင်ငံခြားငါးများဖြစ်သည့် ကုလားပုစွန်နန့် ပလာတူးရို့သည် စုပြုံကျူးကျော်ဝင်ရောက်နီသဖြင့် ရခိုင်ငါးများသည် အယင်ကပိုင် မချောင်လည်ကြပါ။ ဖီးအန္တရယ် အရိပ်အခြေကြည့်ဗျာ တိမ်းယှောင်လားလာ နီကတ်ရပါသည်။
တနိသ၌ ကုလားတန်မြစ်ဝ လေးချိုင့်တောင်အနားမှာ ငါးသရွဲမင်းကျားတကောင်နှင့် သင်ပေါင်းထိုး (ခေါ်) သင်္ဘောထိုးတကောင် တွိဆုံကတ်ပါသည်။
မင်းကျား ။ ။ ငါလည်း တချိန်က မင်းပိုင် အဆီတ၀င်းဝင်းနန့် အကောင်ကြီးကြီးဖြစ်ဖူးရေ။ အဂုခါ အကြောင်းမလှ ပိန်ကျလားစွာ။
သင်္ဘောထိုး ။ ။ မင်းအရုပ်နန့် ငါ့ပိုင်ယှောင် ဖြစ်ဖူးရေဆိုစွာ ငါမယုံဝေး။ မင်းပါးစက အာခေါင်ပြဲပြဲနန့်။
မင်းကျား ။ ။ မယုံလည်းနီ။ အာခေါင်ပြဲနီစွာက “မချိလို့ သွားဖြဲ” စွာ။ အယင်က ငါလည်း ငါးမင်းတကာ မင်းထဲမှာ (မင်းကျား) ဖြစ်ဖူးရေ။ အခုလည်း ငါ့ကို (မင်းကျား) လို့ခေါ်ရေ။
ယင်းသို့ စကားပြောငြင်းခုံနီသည်ကို မနီးမ၀ီးတွင်ဟိသည့် ရှိမှီနောက်မှီ ပြင်သာလိပ်မကြီးတကောင်ကြား၍ ကြားက၀င်ပြောသည်
ပြင်သာလိပ်မကြီး ။ ။ မင်းရို့နှစ်ယောက်ပြောစွာ အားလုံးကြားရေ။ သင်္ဘောထိုးလည်း မင်းကျားပြောစွာ မယုံမဟိကဲ့။ ဖြစ်နိုင် မဖြစ်နိုင် ယုတ္တိယုတ္တာနန့်ပြောကေ ယုံရရေ။ ငါက ရခိုင်ပြည်မှာ နီလာစွာ အံတိုလားယာ။ အကြောင်းကြုံလို့ ရှိဟောင်းနောက်ကြောင်း ပြန်ပြောပြမည်။ နားထောင်။ဘုရားမပွင့်ခင်က ၀ါသုဒေ၀ညီနောင်တကျိပ်ရို့တည်ထောင်သောဒွါရာဝတီ (သံတွဲ) ပျက်သုဉ်းလားပြီးနောက် ကုလားတန်မြစ်ဝှမ်းတွင် ရှိဝေသာလီမြို့ဟောင်းကို တည်ထောင်သည်။ ဝေသာလီခေတ်ဦးမင်းဆက်သည် ဘီစီ (၅၃၁၆) မှစလတ်ရာ ဗြဟ္မဏရာဇာမှ ဗြဟ္မသိဒ္ဓိမင်ထိမင်း (၂၆) ဆက် နှစ်ပေါင်း (၁၉၉၀) တိုင်အောင် ရှည်ကြာသည်။ ယင်းနောက် မာရယုမင်းသည် ဓည၀တီမြို့ကိုတည်၍ ဓည၀တီခေတ်ကို ဘီစီ (၃၃၂၅) မှအစပြုထူထောင်သည်။ ဓည၀တီခေတ်သည် (ပထမ ၊ ဒုတိယ၊ တတိယ) စသည်ဖြင့် အေဒီ (၃၂၇) ထိ တည်တံ့သည်။ မာရယုမင်းသည် လှဲအတတ် ၊ လှံအတတ်၊ သံလျှက်အတတ်၊ ကျွမ်းကျင်တတ်မြောက်ပြီး နှလုံးရည်လက်ရုံးရည်ဖြင့် (၆၂) နှစ်တိုင်တိုင် ထီးနန်းစိုးစံသည်။ (မင်းနံလှနှင့် နီလဂုဏ်) မင်းရို့လက်ထက် ဆင်ကောင်ရေအလွန်များပြီး ပြည်သူရို့လည်း ဆင်အတတ် မြင်းအတတ် ထူချွန်တတ်မြောက်သည်။ ဤခေတ် အေဒီ (၁) ရာစုနှင့် (၂) ရာစုနှစ်များတွင် နိုင်ငံခြားနှင့် ကူးသန်းရောက်ဝယ်ဖောက်ကား အလွန်ကြွယ်ဝချမ်းသာသည်။ ဖရုံကာကျွန်းမှာ ဘရုက္ဆကမည်သော သင်္ဘောဆိပ်ကြီးတခု ဟိခသည်။ ဖရုံကာကျွန်းကို မင်းရို့ ငါရို့နီရာက လှမ်းကြည့်ကေ လင်းလို့ကြောင်းလို့မြင်ရရေ။
သင်္ဘောထိုး ။ ။ ဟုတ်တေ။ အယင်က ငါရို့အဖိုးပြောစွာကြားဖူးရေ။ ဖရုံကာကျွန်းနားမှာ နိုင်ငံခြားသင်္ဘောတိ ရက်ပြတ်ရက်ပြတ်ဖြတ်လားကတ်တေလတ်။
မင်းကျား ။ ။ ယေကေ မမြင်ဖူးကေလဲ့ ကြောင်းကျိုးပြောပြစွာနန့် မင်းယုံလာဗျာမဟုတ်လား။ ဆက်ပြောပါ လိပ်မကြီး။
လိပ်မကြီး ။ ။ ဓည၀တီခေတ်ကလည်း တတိယမင်းဆက်တည်ထောင်သူ စန္ဒြသူရိယမင်းလက်ထက် ဘီစီ (၅၅၄) မှာ ဗုဒ္ဓသျှင်တော်သည် ရခိုင်ပြည်သို့ ကြွရောက်တော်မူသည်။ ဗုဒ္ဓကြွရောက်လာကြောင်း ကျောက်တော်မြို့အနီး၊ တောင်ပေါက်ကြီးကျောက်စာမှာ ဗြဟ္မအက္ခရာ၊ ပါဠိဘာသာဖြင့် ရွီးထိုးထားခသည်။ ဗုဒ္ဓသျှင်တော်ကိုယ်စား မဟာမြတ်မုနိရုပ်ရှင်တော်ကို သွန်းလုပ်ခသည်။ ယင်းခေတ်ကပင် ရခိုင်ပြည်မှာ ဗုဒ္ဓဘာသာ ထွန်းကားလာစွာ ဖြစ်သည်။ ဤခေတ်၏ရုပ်ကြွင်းသက်သီအဖြစ် ဓည၀တီမြို့တော်သည် ကနိတိုင် အထင်အရှားဟိနီသိမ့်သည်။ဓည၀တီပျက်ပြီးနောက် အေဒီ (၃၂၇) နန်းတက်သော မဟာတိုင်းစန္ဒြား (ဒွေင်စန္ဒြား) သည် ဝေသာလီ ကျောက်လှေကားမြို့ကိုတည်၍ ဝေသာလီခေတ်ကို စတင် ထူထောင်သည်။ ဘုရင်သည် အမြော်အမြင်ဉာဏ်ပညာကြီးပြီး နိုင်ငံတော်ကို ခိုင်ခန့်အောင်လုပ်ဆောင်သည်။ တစ်ရာ့တစ်ပါးသောမင်းရို့ကို အောင်မြင်တော်မူသည်။ ဝေသာလီမင်းများသည် ဘုန်းတန်ခိုးကြီးအလွန်ကြီးသည်။တိုင်းစန္ဒြးမင်းလက်ထက် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးမြောက်များစွာ သွန်းလုပ်သည်။ ပန်းအတတ် (၁၀) မျိုး၊ ကြီးသွန်း အတတ်၊ ကျောက်ဆစ် အတတ်ရို့ကို တတ်မြောက်သည်။ ရခိုင်အက္ခရာစာပီနှင့် ယဉ်ကျေးမှု တိုးတက် ထွန်းကားသည်။ ဤခေတ်တွင် အာနန္ဓစန္ဒြားမင်းသည် ရှိဖိုးဖီးစိုင်လာ နန်းစဉ်ကို ကျောက်စာရွီးထိုးပြုခသည်။ ဤကျောက်စာမှာ ရခိုင်သမိုင်း၌ အလွန်တန်ဖိုးကြီးပြီး၊ ကနိတိုင် မြောက်ဦးမြို့ သျှစ်သောင်းဘုရားခြီရင်းတွင် ဟိသည်။ စူဠစန္ဒြားမင်းလက်ထက် အေဒီ (၇၃၃) အေဒီ (၇၆၉) တွင် ရခိုင်ရီတပ်အင်အား အလွန်တောင့်တင်းသည်။ ဝေသာလီမြို့ကျောက်လှီကားတွင် နိုင်ငံခြားသင်္ဘောများစွာဆိုက်ကပ်၍ ကုန်သွယ်ရောင်းဝယ်မှုပြုသည်။ လက်ဟိဝေသာလီရွာတွင် နန်းရာကုန်းဟိသည်။ အေဒီ (၈၀၀) ကျော်တွင် သျှမ်း (မဂို) ဖျက်၍ ဝေသာလီပျက်သည်။ယင်းနောက် လေးမြို့ခေတ် (အေဒီ ၈၁၈- အေဒီ ၁၄၃၀) ကိုတည်သည်။ နန်းတည်အရပ်ကို ကုလားတန် မြစ်ဝှမ်းမှ လေးမြို့မြစ်ဝှမ်းသို့ ရွှိပြောင်းသည်။ လေးမြို့ခေတ်တွင် မင်းစိုင်ပေါင်း ပေါင်း (၆၀) ဟိသည်။ မြို့တော်များမှာ (ပဉ္စာ၊ ပရိန်၊ ခြိတ်၊ စမ္ပ၀က်၊ နေရစ္စရာ၊ တောင်ငူနှင့် လောင်းကြက်) မြို့များဖြစ်သည်။ ထင်ရှားသောဘုရင်များမှာ (မင်းရင်ဖြူ၊ ကောလိယ၊ ဒဿရာဇာ၊ အလောမာဖြူနှင့် မင်းထီး) ရို့ဖြစ်သည်။ ဤခေတ်သည် မြန်မာနိုင်ငံ၏ပထမပုဂံခေတ်၊ ဒုတိယပုဂံခေတ် ၊ အင်းဝခေတ်များနှင့် ခေတ်ပြိုင်ဖြစ်သည်။နောက်ဆုံး မြောက်ဦးခေတ် (အေဒီ ၁၄၃၀-၁၇၈၅) ကို တည်ထောင်သည်။ မြောက်ဦးမြို့ကိုတည်စဉ် မင်းစောမွန်ကွယ်လွန်သည်။ နောက်မင်းများဆက်လက် ပြုပျင်တည်ဆောက်သည်။ မင်းဗာကြီးလက်ထက် ဘင်္ဂါ (၁၂) မြို့ကိုအောင်မြင်တော်မူ၍ ရန်အောင်ဇေယျ (ခေါ်) သျှစ်သောင်းဘုရားကြီးကို တည်ထားကိုးကွယ်သည်။ နိုင်ငံတော်ကို လက်အောက်ခံဘုရင် (၁၂) ပါးနှင့်အုပ်ချုပ်သည်။ မင်းဖလောင်း၊ မင်းရာဇာရို့လက်ထက်၊ ရခိုင်အင်ပါယာအထွတ်အထိပ်သို့ရောက်လတ်ပြီး ရီတပ်အင်အား အလွန်တောင့်တင်းသည်။ ဤခေတ်တွင် နိုင်ငံခြားသို့လည်း ပညာတော်သင်စေလွှတ်သည်။ သီဟိုဠ်သို့လည်း သာသနာပြုစီသည်။ ရီကြောင်းအားဖြင့် ပေါ်တူဂီနှင့် ဒတ်(ခ်ျ) များက ရခိုင်ပြည်ကို ရန်စောင်မှုပြုသည်။ မြောက်ဦးခေတ်တွင် ရခိုင်စာပီယဉ်ကျေးမှု လွန်စွာထွန်းတောက်သည်။ အေဒီ (၁၇၈၅) ခု၊ မဟာသမတမင်းလက်ထက် မြန်မာအမရပူရဘုရင် ဗဒုံမင်း တိုက်ခိုက်သိမ်းယူ၍ ရခိုင်ပြည်ကြီးပျက်သုဉ်းသည်။ရခိုင်ရို့သည် ရခိုင်နိုင်ငံတော်ကြီးကို မာရယုမင်းမှအစပြု၍ မဟာသမတမင်းအဆုံးတိုင် မင်းဆက်ပေါင်း (၂၅၆) ဆက် နန်းစံနှစ်ပေါင်း (၅၀၀၀) ကျော်၊ (ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး) စသည်ဖြင့် ခေတ်ကြီး (၄) ခေတ် ရခိုင်ဧက္ကရာဇ်နိုင်ငံတော်ကြီးထူထောင်လျှက် နီထိုင်အုပ်ချုပ်လာလတ်သူများဖြစ်သည်။ ပြောစွာလည်း တအောင့်ကြာလားဗျာ။ တအောင့်နားလိုက်အုံးမည်။ အေလောက်ဆို ရခိုင်အကြောင်း အကျဉ်းသိဖို့။ ငါပြောစွာယုံယင့်လား။
မင်းကျား။ ။ ကျွန်တော်ယုံပါရေ။ အယင်ရခိုင်တိ ကောင်းစားခကေလဲ့ အခု သူတောင်းစားဖြစ်လားပါဗျာ။ “အယင်က ကျင်သန်၊ အခု ပြင်ခံ” ဖြစ်လားပါဗျာ။
သင်္ဘောထိုး။ ။ အခုပိုင် ကြောင်းကျိုးယှင်းပြလို့ ငါလည်းယုံပါရေ။ ငါရို့ အဖိုးအဘောင်တိ စိုင်ဆက်ပြောလာရေစကားကို သတိရရေ။ အေဒီ (၁၆၁၅) လောက်က ပေါ်တူဂီတိသောင်းကျန်းလို့ ရခိုင်ပြည်ကို ပင်လယ်ကြောင်းလာတိုက်တေ။ ရခိုင်ဘုရင် မင်းခမောင်းက ပြန်တိုက်ဖျက်နိုင်ခရေ။ ယင်းခါက ငါရို့သင်ပေါင်းထိုးငါးတိလည်း ရီထဲမှာ ရီငုပ်သင်္ဘောယှောင်ကူးလို့ ရခိုင်ဖက်က ကူတိုက်တေ။ ယင်းအချိန်ကစလို့ ငါရို့ကို ရခိုင်သားတိက (သင်္ဘောထိုး) လို့ ခေါ်ရေ။
ကိုင်း.. ယုံကေယုံ၊ မယုံကေနီ။နောက်ဆုံး တိုတိုတုတ်တုတ် နိဂုံးချုပ်မည်။ မင်းရို့ငါရို့ ကိုယ့်သမိုင်းကြောင်း ကိုယ်သိဖို့လိုရေ။ မမိဖို့လိုရေ။

Thursday, December 9, 2010

ရဟန်းသာမဏေများ သင်ကြား လေ့ကျင့်ရမည့်တရားများမှ ၇၅-မျိုး

ရဟန်းသာမဏေများ သင်ကြား လေ့ကျင့်ရမည့်တရားများမှ ၇၅-မျိုး

၁-၂။ သင်းပိုင်(ခါးဝတ်)ကို ချက်ဖေါ်ပြီးမ၀တ်ရ၊ ချက်ဖုံးစေရမည်။ သင်းပိုင်၏ အောက်အနားသည် ဒူးဆစ်အောက် လက်ရှစ်သစ်ကျစေ၍ ရှေ့နောက်နိမ့်မြင့် ညီညာဝန်းဝိုင်းနေစေရမည်။ ဧကသီ(အပေါ်ရုံ)၏ အောက် အနားသည် ဒူးဆစ်အောက် လက်လေးသစ်ကျစေ၍ ရှေ့နောက်နိမ့်မြင့် ညီညာဝန်းဝိုင်း နေစေရမည်။
ခြွင်းချက်။ ။ညီညာစွာ ၀တ်ရုံပါလျက် မညီမညာ ဖြစ်သွားလျှင် လည်းကောင်း၊ မညီမညာဖြစ်နေသည်ကို အမှတ်တမဲ့ သတိမထားမိလျှင်လည်းကောင်း၊ ခြေသလုံးတွင် အနာရှိ၍ တိုတိုဝတ်ခြင်း၊ ရှည်ရှည်ဝတ်ခြင်း ပြုလျှင်သော် လည်းကောင်း၊ ဘေးအန္တရာယ်ကြောင့် ပြေးလွှားရလျှင်သော် လည်းကောင်း၊ စိတ်မနှံ့ခြင်းကြောင့် လည်းကောင်း မညီမညာ တို ရှည် ၀တ်ရုံခြင်းကြောင့် အာပတ်မသင့်ချေ။

၃-၄။ မြို့ရွာအတွင်း၌ သွားလာနေထိုင်သည့်အခါ၊ ဆွမ်းခံ၊ ဆွမ်းစား၊ တရားဟောသည့်အခါတို့၌ လည်ပင်း နှင့် လက်ကောက်ဝတ်တို့ကို လုံခြုံစွာဖုံး၍ သင်္ကန်းရုံထား ရမည်။
ခြွင်းချက်။ ။မြို့ရွာအတွင်း ခေတ္တတည်းခို နေထိုင်သည့်အခါ သင်္ကန်းမရုံဘဲ နေခွင့်ရှိသည်။

၅-၆။ မြို့ရွာအတွင်း သွားလာရာ၌ ဣနြေ္ဒမရ လက်ကိုလှုပ်ရမ်း၍သွားခြင်း၊ နေထိုင်ရာ၌ လက်ခြေတို့ကို လှုပ်ရမ်းခြင်းမပြုရ။ ဣနြေ္ဒရရ သွားလာနေထိုင်ရမည်။

၇-၈။ မြို့ရွာအတွင်း၌ ရှေ့သို့ လေးတောင်ခန့် ကြည့်လျက် မျက်လွှာချ၍ သွားလာနေထိုင်မှုပြုရမည်။ သို့သော် ယာဉ် ရထား နွား မြင်း စသော ဘေးရန်ရှိ မရှိကိုကား တစေ့ တစောင်း ကြည့်နိုင်သည်။

၉-၁၀။ ဧကသီ သို့မဟုတ် သင်းပိုင်ကို မလျက်၊ မြှောက်ပင့်လျက် မြို့ရွာတွင်းသို့ မသွားရ မနေထိုင်ရ။

၁၁-၁၂။ အသံကြယ်စွာ ရယ်မောလျက် မြို့ရွာတွင်း၌ သွားလာ နေထိုင်ခြင်းမပြုရ။

၁၃-၁၄။ မြို့ရွာတွင်းသွားလာစဉ် စကားကို တိုးတိုး ပြောရမည်။ တိုးတိုးအသံဆိုသည်မှာ ရဟန်းတော်သုံးပါး ခြောက်တောင်စီခွာ၍ တန်းစီထိုင်နေသောအခါ တစ်ဖက် စွန်းမှ ပုဂ္ဂိုလ်က အလယ်ပုဂ္ဂိုလ်အား လှမ်း၍စကားပြော ရာ၌ အလယ်ပုဂ္ဂိုလ်သာ စကားလုံးကို ကွဲကွဲပြားပြား ကြားရ၍ အခြားတစ်ဖက်စွန်းပုဂ္ဂိုလ်က ကွဲကွဲပြားပြား မကြားရလျှင် တိုးသောအသံဖြစ်၏။ ဆယ့်နှစ်တောင်ကွာ တစ်ဖက်စွန်းရှိ ပုဂ္ဂိုလ်ပါ ကွဲကွဲပြားပြားကြားရလျှင် ကျယ်သောအသံဖြစ်သည်။

၁၅-၂၀။ မြို့ရွာအတွင်း၌ ကိုယ်ကို လှုပ်ရမ်း၍ လည်းကောင်း၊ လက်ရုံးလက်မောင်းကို လှုပ်ရမ်း၍ လည်းကောင်း၊ ဦးခေါင်းကို လှုပ်ရမ်း၍လည်းကောင်း မသွားလာရ မနေထိုင်ရ။ ကိုယ်အထက်ပိုင်းသည် ကျောက်ဆင်းတုကဲ့သို့ မလှုပ်မရှက် ငြိမ်သက်စွာ ရှိရမည်။

၂၁-၂၂။ ခါးထောက်လျက် မြို့ရွာတွင်းသို့ မသွားရ မနေထိုင်ရ။

၂၃-၂၄။ ဦးခေါင်းခြုံလျက် မြို့ရွာတွင်းသို့ မသွားရ မနေထိုင်ရ။

၂၅။ ဖနောင့်ကိုမြှောက် ခြေဖျားထောက်လျက် လည်း ကောင်း၊ ခြေဖျားကိုမြှောက် နောင့်ထောက်လျက် လည်း ကောင်း မြို့ရွာတွင်းသို့ မသွားရ။

၂၆။ မြို့ရွာတွင်း၌ ထိုင်သည့်အခါ ဒူးနှစ်လုံးထောင်လျက် ပုဆိုးကွင်းသိုင်း၍လည်းကောင်း၊ လက်နှစ်ဖက်ဖြင့် ဒူး နှစ်လုံးကို သိုင်းဖက်၍လည်းကောင်း မထိုင်ရ။

(ဤ ၂၆-ပါးမှာ [သမဏသာရုပ္ပ] ကြည်ညိုဖွယ်ဖြစ်အောင် သွားလာနေထိုင်နည်းကိုပြသည်။)

၂၇။ ဆွမ်းခံရာ၌ သပိတ်ကို လက်နှစ်ဖက်ဖြင့် ပိုက်ထားပြီး လေးလေးစားစား လိုလိုချင်ချင် ခံယူရမည်။ မလိုချင်သလို သွန်ပစ်တော့မည့် အမူအရာဖြင့် ဆွမ်း မခံရ။

၂၈။ သပိတ်၌စိတ်စိုက်လျက် ဆွမ်းခံရမည်။

၂၉။ ဆွမ်းကိုနည်းနည်းခံယူပြီး ဟင်းကို ဆွမ်းထက် နှစ်ဆသုံးဆ ခံယူခြင်း မပြုရ။ ဆွမ်းနှင့်ဟင်း မျှတရုံသာ ခံယူရမည်။

၃၀။ သပိတ်အတွင်း နှုတ်ခမ်းအရစ်နှင့် ညီမျှရုံသာ ဆွမ်းကိုခံယူရမည်။

၃၁။ ဆွမ်းစားသည့်အခါ မစားချင့်စားချင် အမူအရာ မရှိရ၊ လေးလေးစားစား ဆွမ်းကိုစားရမည်။

၃၂။ ဆွမ်းစားနေစဉ် တောင်တောင်မြောက်မြောက် မကြည့်ရ၊ မိမိသပိတ်၌သာ စိတ်အာရုံစိုက်ထား၍ စားရမည်။

၃၃။ ဆွမ်းစားရာ၌ ဆွမ်းနှင့်ဟင်းကို တစ်ပိုင်းခြင်း အစဉ်အတိုင်း ယူ၍စားရမည်။ တစ်ဖက်စွန်းကိုယူပြီး အခြားတစ်ဖက်စွန်းကို မယူရ၊ အလယ်မှထွင်းဖေါက် မယူရ။

၃၄။ မပြစ်မကျဲ လက်ဖြင့်ကော်ယူ၍ ရလောက်သော ပဲဟင်းကို ဆွမ်း၏ လေးပုံတစ်ပုံလောက်သာ ထည့်၍ စားရမည်။ ဆွမ်းနည်းနည်း ဟင်းများများစားခြင်း မပြုရ။

၃၅။ ဆွမ်းကို အလယ်ဗဟိုတွင် မို့မောက်အောင်စုပုံပြီး၊ ဆွမ်းဦးထိပ်မှ ယူမစားရ။ ဘေးမှအစဉ်အတိုင်း ယူ၍စား ရမည်၊ သို့ရာတွင် ဆွမ်းစားပြီးခါနီး သပိတ်ထဲ၌ အနည်းငယ် ကျန်နေသည်ကို သိမ်းကျုံးစုဆောင်းလိုက် သောအခါ အစုအပုံ မိုမိုမောက်မောက်ဖြစ်နေတတ်သေး ၏၊ ထိုအစုအပုံကို နှိုက်ယူစားရာ၌ကား အာပတ်မသင့်။

၃၆။ ဆွမ်းဟင်းထပ်ပြီးရလို၍ ဟင်းကို ဆွမ်းဖြင့်ဖုံးအုပ် ထားခြင်း မပြုရ။

၃၇။ ဆွမ်းဟင်းကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း ဖျားနာသူ (ဂိလာန)မဟုတ်လျှင် မိမိအတွက်တောင်း၍ မစားရ။ ဆွေမျိုးတော်သူ ဖိတ်မန်ထားသူတို့အထံ၌ တောင်းကောင်း၏။

၃၈။ ကဲ့ရဲ့လိုသောစိတ်ဖြင့် သူတစ်ပါး သပိတ်ကိုမကြည့်ရ။ ဆွမ်းနည်းလျှင်ပေးမည်။ ဆွမ်းများလျှင်တောင်းမည် ဟူသော စိတ်ဖြင့် ကြည့်ကောင်း၏။

၃၉။ ဆွမ်းလုတ်ကို ဒေါင်းဥပမာဏလောက် မကြီးစေရ။

၄၀။ ဆွမ်းလုတ်ကို ရှည်လျှားမနေစေဘဲ ထက်ဝန်းကျင် ၀န်းဝိုင်းအောင်ပြု၍ စားရမည်။

၄၁။ ခံတွင်းပေါက်သို့ ဆွမ်းလုတ်မရောက်သေးမီ ခံတွင်း ပေါက်ကို ကြိုတင်၍ ဖွင့်မထားရ။

၄၂။ ဆွမ်းစားစဉ် လက်ချောင်းများကို ခံတွင်းထဲသို့ မသွင်းရ။

၄၃။ စကားမပီသလောက်အောင် ခံတွင်းထဲ၌ ဆွမ်းလုတ် ရှိနေစဉ် စကားမပြောရ။

၄၄။ ဆွမ်းလုတ်ဆွမ်းခဲကို ပါးစပ်ထဲသို့ ပစ်ပေါက်မသွင်းရ။
၄၅။ ဆွမ်းလုတ်ကို တစ်ဝက်ကိုက်ဖြတ်မစားရ။ ဆွမ်း လုတ်ကြီးနေလျှင် လက်ဖြင့်ခွဲ၍ စားရမည်။ မုန့်ပဲ စသောခဲဖွယ်ကို ကိုက်ဖြတ်စားနိုင်သည်။

၄၆။ ဆွမ်းလုတ်ကို ပါးစောင်မှာထား၍ ပါးကိုဖောင်းစေ ပြီး မစားရ။

၄၇။ လက်ကို ခါ၍ ခါ၍ ဆွမ်းမစားရ။ လက်၌ ဆွမ်း ဟင်းများကပ်နေလျှင် လက်ချောင်းဖြင့်သာ ခြစ်၍ ဖယ်၍ ချရမည်။

၄၈။ ဆွမ်းလုတ်ကို ခံတွင်းထဲသို့ သွင်းပြီးနောက် လက်ထဲ၌ ဆွမ်းလုံးများကျန်နေသည်ကို အသာအယာ လက်ဖြင့် ပြန်သယ်ဆောင်လာပြီး ပန်းကန်ထဲ သပိတ်ထဲ ချရမည်။

၄၉။ ဆွမ်းစားလျှင် လျှာကိုခံတွင်းအပြင်သို့ ထုတ်ပြီး မစားရ။

၅၀။ ဆွမ်းစားသည့်အခါ ပါးစပ်မှ အသံမည်အောင် မစားရ။

၅၁။ ဟင်းရည်ပူပူ အရည်သောက်သည့်အခါ ရှုးရှုးရှဲရှဲ အသံမမည်အောင် သောက်ရမည်။

၅၂။ ဆွမ်းစားသည့်အခါ လက်ချောင်းများကို လျက်ခြင်း စုပ်ခြင်း လက်ဝါးကို လျက်ခြင်းမပြုရ။ ယာဂုပြစ်ပြစ်၊ တင်လဲ၊ ပျားရည်စသည်တို့ကို လက်ချောင်းဖြင့်ကော်ယူ ပြီး စားရာ၌ လက်ချောင်းကို သွင်းပြီးစုပ်ယူနိုင်သည်။

၅၃။ သပိတ် ပန်းကန်စသည်ကို ခြစ်ခြုတ်၍မစားရ။ အသံမမည်အောင် လက်ဖြင့်သိမ်းယူ၍ စားရမည်။

၅၄။ ဆွမ်းစားစဉ် နှုတ်ခမ်းကို လျှာဖြင့်မလျက်ရ၊ တစ်စုံတစ်ခုကပ်နေပါက နှုတ်ခမ်းအချင်းချင်းဖိပြီး ပါးစပ်အတွင်းသွင်းရမည်။

၅၅။ ဆွမ်းဟင်းပေကျံသောလက်ဖြင့် မိမိပိုင် သောက်ရေ ခွက်ကိုပင်ဖြစ်စေ မကိုင်ရ၊ ကိုင်ပြီးလျှင် ဆေးကြောမည် ဟူသော ရည်ရွယ်ချက်ဖြင့် ကိုင်လျှင် ကိုင်ကောင်း၏။

၅၆။ ဆွမ်းလုံးပါသော သပိတ်ဆေးရေကို မြို့ရွာတွင်း၌ မသွန်ရ။ မြို့ရွာအပြင်အပ၌ သွန်ကောင်း၏။ ဆွမ်းလုံး ကို တစ်နေရာတွင်စု၍ ရေချည်းသက်သက်ဖြစ်စေ၊ ဆွမ်းလုံးပျက်အောင်ချေ၍ဖြစ်စေ သွန်ကောင်း၏။

၅၇။ လက်၌ထီးရှိသော မနာမဖျားသူအား တရားမဟောရ။

၅၈။ တုတ် လှံ လက်၌ရှိသော မနာမဖျားသူအား တရားမဟောရ။

၅၉။ ဓား သံလျက် လက်၌ရှိသော မနာမဖျားသူအား တရားမဟောရ။

၆၀။ လေး မြှား လက်၌ရှိသော မနာမဖျားသူအား တရားမဟောရ။

၆၁။ ကျန်းမာပါလျက် ခြေနင်းစီးထားသူအား တရား မဟောရ။

၆၂။ ကျန်းမာပါလျက် ဖိနပ်စီးထားသူအား တရား မဟောရ။

၆၃။ ကျန်းမာပါလျက် ယာဉ်ပေါ်၌နေသူအား တရား မဟောရ။

၆၄။ ကျန်းမာပါလျက် အိပ်ယာထဲနေသူအား တရား မဟောရ။

၆၅။ ဒူးနှစ်ဖက်ကိုထောင်လျက် အ၀တ်ဖြင့်သိုင်းထားသူ၊ လက်ဖြင့်သိုင်းဖက်ထိုင်နေသူအား တရားမဟောရ။

၆၆။ ကျန်းမာပါလျက် ခေါင်းပေါင်း ပေါင်းထားသူအား တရားမဟောရ။

၆၇။ ကျန်းမာပါလျက် ဦးခေါင်းခြုံထားသူအား တရား မဟောရ။

၆၈။ တရားဟောသူသည် အခင်းမပါ ဗလာမြေပေါ်မှာ ထိုင်ပြီး၊ မနာမဖျားဘဲ အ၀တ်ခင်းပေါ် ထိုင်သူအား တရားမဟောရ။

၆၉။ မနာမဖျားဘဲ မြင့်ရာ၌နေသူအား မိမိကနိမ့်ရာ၌ နေ၍ တရားမဟောရ။

၇၀။ မနာမဖျားဘဲ ထိုင်နေသူအား မတ်တတ်ရပ်နေသူက တရားမဟောရ။

၇၁။ မနာမဖျားဘဲ ရှေ့ကသွားနေသူအား နောက်ကနေ၍ တရားမဟောရ။

၇၂။ မနာမဖျားဘဲ လမ်းပေါ်၌သွားနေသူအား လမ်းဘေး မှ လိုက်၍ တရားမဟောရ။
၇၃။ မနာမဖျားဘဲ မတ်တတ်ရပ်လျက် ကျင်ကြီး ကျင်ငယ် မစွန့်ရ။

၇၄။ မနာမဖျားဘဲ စိမ်းစိုရာမြက်သစ်ပင်၌ ကျင်ကြီး ကျင်ငယ် တံထွေး မစွန့်ရ။

၇၅။ မနာမဖျားဘဲ (သောက်ရေ သုံးရေ-မြစ် ကန် ချောင်း) ရေ၌ ကျင်ကြီးကျင်ငယ် မစွန့်ရ။

ဤသိက္ခာပုဒ် ၇၅-ပါးကို မရိုသေ မလေးစား ဂရုမစိုက်သည့်သဘောဖြင့် လိုက်နာကျင့်သုံးမှုမပြုပါက ရဟန်းများမှာ ဒုက္ကဋ်အာပတ်သင့်သည်။
ရှင်သာမဏေများမှာ သဲဒဏ် ရေဒဏ်ထိုက်သည်။ (မကျန်းမာလျှင်၊ မသိနားမလည်သေးလျှင်၊ အပြစ်မရှိ။) နားလည်အောင် သိအောင် သင်ကြားလေ့ကျင့်ရမည်။
ဤသိက္ခာပုဒ်တော်အားလုံး ဆဗ္ဗဂ္ဂီရဟန်းများအား အကြောင်းပြု၍ ပညတ်တော်မူသည်။

Tuesday, November 23, 2010

ရှေးဟောင်းရခိုင် သုတေသန ပညာရှင် ဦးစံသာအောင် (လေးစားအပ်ပါသော ဆရာအား ဦးညွတ် ဂုဏ်ပြုလျှက်)

ရှေးဟောင်း ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှု သုတေသန နယ်ပယ်တွင် နိုင်ငံခြား သုတေသီ ပညာရှင် အတော်များများ ပေါ်ထွက်ခဲ့ပါသည်။ မြန်မာ တိုင်းရင်းသားများထဲမှမူ လက်ချိုး ရေတွက်ကြည့်လျှင် လက်တဖက်ပင် ပြည့်မည် မထင်ပါ။ အထူးသဖြင့် ရခိုင်ခေတ်ဦး ကျောက်စာ၊ ခေါင်းလောင်းစာ၊ ကြေးပြားစာ၊ ဒင်္ဂါးများနှင့် ပတ်သက်၍ စနစ်တကျ သုတေသန ပြုသူ အလွန် နည်းပါးခဲ့သည်။ ရခိုင် တိုင်းရင်းသားများထဲမှ ဦးစံရွှေဘု၊ ရခိုင်ပဏ္ဍိတ် ဦးဦးသာထွန်း၊ ဦးအောင်သာဦး တို့သာ ထင်ထင်ရှားရှား ရှိခဲ့သည်။ ဦးစံရွှေဘုမှာ စစ်မဖြစ်မီက ရခိုင်ပြည်နယ် ဂုဏ်ထူးဆောင် ရှေးဟောင်း သုတေသီ (Archaeologist) တဦး ဖြစ်၍၊ ရခိုင်သမိုင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ် (The Journal of Burma Research Society) တွင် အင်္ဂလိပ် ဘာသာဖြင့် သုတေသန စာတမ်းများ ရေးခဲ့သူ ဖြစ်သည်။ အခြား ထင်ရှားသူ တဦးမှာ ရန်ကုန် တက္ကသိုလ် ရူပဗေဒ ပါမောက္ခ၊ နောင်တွင် အထက်တန်း ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသူ ရခိုင် အမျိုးသား ဦးစံသာအောင် (၁၉၂၅-၁၉၈၁) ဖြစ်သည်။

ဦးစံသာအောင်သည် ရှေးဟောင်း ပျူ၊ မွန်၊ မြန်မာ အက္ခရာရင်းမြစ် ပညာရှင် ဦးသာမြတ်ကို စံပြု၍ သိပ္ပံပညာ နယ်ပယ်မှ ဝိဇ္ဇာပညာရပ် နယ်ပယ်သို့ ကူးပြောင်းလာသူ တဦး ဖြစ်သည်။ ဦးသာမြတ်သည် စိုက်ပျိုးရေး သိပ္ပံဘွဲ့ရ လယ်သာ စိုက်ပျိုးရေး ညွှန်ကြားရေးဝန် ဘဝမှ ယဉ်ကျေးမှု ဗိမာန် ညွှန်ကြားရေးဝန်၊ မြန်မာစာပေ ဘာသာစာကားနှင့် ယဉ်ကျေးမှု သုတေသန ပညာရှင် အဖြစ် ထင်ရှားခဲ့သူ ဖြစ်သည်။ ထို့အတူ ဦးစံသာအောင်သည်လည် အမေရိကန် ပြည်ထောင်စု ဟားဗတ် တက္ကသိုလ်မှ ရူပဗေဒဖြင့် မဟာသိပ္ပံဘွဲ့ A.M. (Physics) ရ၍ ရူပဗေဒ ပါမောက္ခ၊ အထက်တန်းပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် ထမ်းဆောင်ခဲ့သော်လည်း ရှေးဟောင်း ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှု ပညာရှင် အဖြစ် ပိုမို ထင်ရှားခဲ့ပါသည်။

ရှေးဟောင်း ရခိုင်သမိုင်းနှင့် ပတ်သက်၍ မြန်မာ့သမိုင်းတွင် ခေတ်အဆက်ဆက် စနစ်တကျ တူးဖော်မှု အားနည်းခဲ့သည်။ ထို့ပြင် ရခိုင် ရာဇဝင်သည်လည်း အခြားသော ရာဇဝင်များ နည်းတူ ဒဏ္ဍာရီဆန်သော ရှေးဟောင်း အစဉ်အလာ ပြောစကားများ၊ ထူးကဲ အံ့သြဖွယ်ရာများနှင့် ဆက်နွှယ်နေရာ ခိုင်မာမှု မရှိလှချေ။ သို့သော် အေဒီ ၇၂၉ ဝန်းကျင်တွင် ရေးထိုးခဲ့သည်ဟု ယူဆသော အာနန္ဒစန္ဒြ ကျောက်စာကို ရခိုင်ပြည်နယ် မြောက်ဦးရှိ ရှစ်သောင်းဘုရား၌ တွေ့ရှိခဲ့ရာမှ ခေတ်ဦး ရခိုင် သမိုင်းသည် ပိုမို ပီပြင်လာပါသည်။ အာနန္ဒစန္ဒြ ကျောက်စာကို ရှစ်သောင်းဘုရား အနီးတွင် တွေ့ရှိရသောကြောင့် ရှစ်သောင်းဘုရား ကျောက်စာ ဟုလည်း ခေါ်ဝေါ်ခဲ့ကြသည်။ ဤကျောက်စာကို ရခိုင်ဘုရင် မင်းဗာကြီး (၁၅၃၁-၁၅၅၃) လက်ထက်တွင် ဝေသာလီမြို့ နန်းတော်ရာကုန်း အနီးမှ မြောက်ဦးမြို့ ရှစ်သောင်းဘုရား အနီး ပြောင်းရွှေ့ထားခဲ့ခြင်း ဖြစ်သည်။ အာနန္ဒစန္ဒြ ကျောက်စာအရ ရခိုင် ဝေသာလီမြို့ဟောင်းသည် မြန်မာ့သမိုင်းတွင် အစောဆုံး မြို့ပြနိုင်ငံများဟု ယူဆသော ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာတို့နှင့် ခေတ်ပြိုင်ဟု ပညာရှင်များက သတ်မှတ်ခဲ့ကြသည်။

အာနန္ဒစန္ဒြ ကျောက်စာကို ပထမဦးဆုံး အဓိပ္ပာယ် ဖော်ထုတ်၍ စာတမ်း ရေးသားခဲ့သော ပညာရှင်မှာ အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ် တက္ကသိုလ်၊ ဘေလီယာ ကောလိပ်မှ အရှေ့တိုင်း ပညာပါမောက္ခ ဒေါက်တာ အီး၊ အိပ်ခ်ျ၊ ဂျွန်စတင် ( Dr.E.H. Johnston) ဖြစ်သည်။ ဂျွန်စတင်နှင့် ခေတ်ပြိုင် လေ့လာသူ တဦးမှာ အိန္ဒိယ ကျောက်စာဝန် ဒေါက်တာ ဒီ၊ စီ၊ ဆာကား (Dr. D. C. Sircar) ဖြစ်သည်။ ဂျွန်စတင်၏ စာတမ်းသည် ဂျွန်စတင် ကွယ်လွန်ပြီးမှ ဆာရစ်ချတ်ဘန်း (Sir Richard Bum) နှင့် ပါမောက္ခ ဂျီ၊ အိပ်ခ်ျ၊ လုစ် (G. H. Luce) တို့၏ ကြိုးစား တည်းဖြတ်မှုဖြင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဂျွန်စတင်၏ 'ရခိုင်ပြည်နယ်ရှိ သက္ကတ ကျောက်စာအချို့' Some Sanskrit Inscriptions of Arakan စာတမ်းကို ၁၉၄၄ ခုနှစ်ထုတ် အရှေ့တိုင်းနှင့် အာဖရိက ပညာ လေ့လာရေး စာစောင် အတွဲ ၁၁၊ အပိုင်း၂၊ Bulletin of the School of Oriental and African Studies, Vol. 11, Pt. 2 (1944) တွင် တွေ့နိုင်ပါသည်။ ဒေါက်တာ ဆာကားသည် ရခိုင်ကျောက်စာများ အကြောင်းကို အိန္ဒိယ အက်ပီဂရမ်ဖီယာ India Epigraphia, Vol. 32 (1975) နှင့် Vol. 37 (1967) တို့တွင် ရေးသားခဲ့သည်။

အာနန္ဒစန္ဒြ ကျောက်စာသည် ခေတ်ဦး ရခိုင် သမိုင်းအတွက် အလွန် အရေးပါ လှပါသည်။ ထို့ကြောင့် ဆရာ မင်းသုဝဏ်သည် ၁၉၅၁-၅၂ ခုနှစ်ထုတ် ဓညဝတီမဂ္ဂဇင်း၌ 'အာနန္ဒစန္ဒြ၊ ရှစ်ရာစု ရခိုင်မင်းတပါး' အမည်ဖြင့် လည်းကောင်း၊ ရှေးဟောင်း သုတေသန အရာရှိ မွန်ဘိုကေသည် ပြည်ထောင်စု ယဉ်ကျေးမှု စာစောင်၊ အတွဲ ၂၊ အမှတ် ၇ (မတ် ၁၉၅၇) တွင် 'ရှစ်သောင်းဘုရားမှ သက္ကတ ကျောက်စာတိုင်' ဆောင်းပါးဖြင့် လည်းကောင်း၊ ဒေါက်တာ သန်းထွန်းသည် ၁၉၆၄ ခုနှစ်ထုတ် ခေတ်ဟောင်း မြန်မာရာဇဝင်တွင် 'ရခိုင်ခေတ်ဦး' အမည်ဖြင့် လည်းကောင်း၊ ဦးအောင်သာဦးသည် ၁၉၆၆ ခုနှစ်ထုတ် ရခိုင် ယဉ်ကျေးမှု စာစောင်၊ အတွဲ ၁၊ အမှတ် ၁ တွင် 'ဝေသာလီ' ဟူသော အမည်ဖြင့် လည်းကောင်း ရေးသားခဲ့ကြသည်။ ၁၉၆၈ ခုနှစ်တွင် ကျင်းပသည့် တတိယ အကြိမ်မြောက် သုတေသန ကွန်ဂရက်တွင် မန္တလေး တက္ကသိုလ် ပါဋ္ဌိဌာနမှ ဆရာမြင့်ဆွေ သည် 'အာနန္ဒစန္ဒြ သက္ကတကျောက်စာ' အမည်ဖြင့် သုတေသန စာတမ်း ဖတ်ကြားခဲ့၍ စာပေနှင့် လူမှုရေး သိပ္ပံဂျာနယ်၊ အတွဲ ၂၊ အမှတ် ၃၊ စက်တင်ဘာ ၁၉၆၉ တွင် ပုံနှိပ် ဖော်ပြခဲ့သည်။ အာနန္ဒစန္ဒြ ကျောက်စာနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် အဦးဆုံး ကျယ်ကျယ်ပြန့်ပြန့် သုတေသန ပြုထားသော စာတမ်း ဖြစ်သည်။ မြန်မာဘာသာဖြင့် အပြည့်အစုံဆုံး သုတေသန လက်ရာ ပြပါဆိုလျှင် ၁၉၇၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ဦးစံသာအောင်၏ 'အာနန္ဒစန္ဒြ၊ ရှစ်ရာစု ရခိုင်ဝေသာလီမင်း' စာအုပ်ကို ပြရပါသည်။

ဦးစံသာအောင်၏ စာအုပ်တွင် အခန်း ၁၄ ခန်း ခွဲထားသည်။ အခန်း (၁) တွင် ကျောက် စာတိုင် တည်နေရာနှင့် ရေးထိုးထားသော စာများ၊ အခန်း (၂) တွင် ဝေသာလီ၊ အခန်း (၃) တွင် အာနန္ဒစန္ဒြ ကျောက်စာကို ဖတ်ခြင်းများ၊ အခန်း (၄) တွင် အာနန္ဒစန္ဒြမင်း ကျောက်စာ ဓာတ်ပုံများ၊ အခန်း (၅) တွင် အာနန္ဒစန္ဒြမင်း ကျောက်စာသုံး ဗျည်းအစ သရအလယ် သရ နှစ်လုံးဆင့်များနှင့် အသတ်များ၊ အခန်း (၆) တွင် တကြောင်းချင်း ယခုခေတ် မြန်မာ အက္ခရာဖြင့် ဖလှယ်ခြင်း၊ အခန်း (၇) တွင် ကျောက်စာစာကိုယ် ဝေါဟာရ အဖွင့်နှင့် မြန်မာပြန်၊ အခန်း (၈) တွင် ခေတ်ဦးကာလ ရခိုင်မင်းဆက်၊ အခန်း (၉) တွင် ဒုတိယခေတ် မင်းဆက်၊ အခန်း (၁ဝ) တွင် တတိယခေတ် မင်းဆက်၊ အခန်း (၁၁) တွင် အာနန္ဒစန္ဒြမင်း၊ အခန်း (၁၂) တွင် မှတ်သားဖွယ်ရာများ၊ အခန်း (၁၃) တွင် ဝေသာလီမှ စေတီသည် ကျောက်စာငယ်၊ အခန်း (၁၄) တွင် ဝေါဟာရ အညွှန်း ဟူ၍ စနစ်တကျ တင်ပြထားသည်။ လိုအပ်သော ဓာတ်ပုံ၊ မြေပုံ၊ ရုပ်ပုံများ အပြည့်အစုံ ပါဝင်သည်။ ကျောက်စာကို တလုံးချင်း အဓိပ္ပာယ် ဖလှယ်၍ ကျောက်စာ ဖတ်ပုံ နည်းစနစ်ကို ရှင်းလင်းထားသည်။ ထို့ပြင် ခေတ်ဦး ရခိုင်မင်းဆက် အမည်များကို ကျောက်စာပါ သက္ကရာဇ်များနှင့် ညှိနှိုင်းထားရာ ရခိုင်သမိုင်း၊ ဒင်္ဂါးနှင့် ဗုဒ္ဓ အနုပညာ လေ့လာလိုသူများ အတွက်ပါ အထူး အသုံးဝင်လှပါသည်။

ခေတ်ဦးရခိုင်နှင့် ပတ်သက်၍ ဦးစံသာအောင်၏ ပထမဦးဆုံး သုတေသန လက်ရာမှာ ၁၉၇၄ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေခဲ့သော 'အေဒီခြောက်ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည် သုံးအက္ခရာ' စာအုပ် ဖြစ်သည်။ ဤစာအုပ်နှင့် ပတ်သက်၍ စာရေးသူက နိဒါန်းတွင် -

"ဤစာအုပ်တွင် ရှေးအိန္ဒိယနိုင်ငံသုံး ဗြာဟ္မီ အက္ခရာအကြောင်းကို လည်းကောင်း၊ ဗြာဟ္မီ အက္ခရာများ အကြောင်းကို လည်းကောင်း ဖော်ပြထားပါသည်။ ယင်းတို့ မည်သို့ ဆင့်ကဲေ ပြာင်းလဲလာပုံကိုလည်း ရှင်းလင်းထားပါသည်။ ယင်းနောက် ရခိုင်ပြည်နယ်တွင် တွေ့ရှိရသော ကျောက်စာများ၊ ခေါင်းလောင်းစာများ၊ ဒင်္ဂါးစာများ၊ ကြေးနီပြားစာ စသည်တို့ကို သမိုင်း အကျဉ်းချုပ်နှင့်တကွ မူရင်းစာကိုပါ ယနေ့သုံး မြန်မာ အက္ခရာဖြင့် ပြန်ဆို ကူးရေး၍လည်း ဖော်ပြထားပါသည်။ ယင်းတို့ကို စုစည်းပြီး ၆ ရာစု မတိုင်မီ ရခိုင်ပြည်နယ်သုံး ဗျည်းနှင့် သရတို့ကို ထုတ်ယူ၍ ဖော်ပြထားပါသည်" ဟု ရှင်းလင်းထားပါသည်။

ထိုသို့ ရှင်းလင်းရာတွင် ဗြာဟ္မီ အက္ခရာများ ခေတ်အဆက် ဆက်ပြောင်းလဲလာပုံ ဇယား၊ ဓာတ်ပုံ၊ အဓိပ္ပာယ် ရှင်းလင်းချက်၊ မှတ်ချက်များနှင့် စနစ်တကျ ဖော်ပြသည်။ တဖန် ယင်းတို့ကို ခြုံငုံ သုံးသပ်၍ ရခိုင်ပြည်နယ်သုံး အက္ခရာများသည် ပျူအက္ခရာနှင့် လည်းကောင်း၊ ကဒံဗ၊ ပလ္လ အက္ခရာများနှင့် လည်းကောင်း ကွဲပြား ခြားနားသည်။ ဆင့်ပွား မဟုတ်ဟု တင်ပြထားပါသည်။

မည်သို့ ဆိုစေ ရှေးဟောင်း ရခိုင် အက္ခရာရင်းမြစ် ပြောင်းလဲလာပုံနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် စနစ်တကျ လေ့လာ တင်ပြထားသော သုတေသန လက်ရာ တရပ် ဖြစ်သည်။

ဦးစံသာအောင်၏ တတိယမြောက် သုတေသန လက်ရာမှာ ၁၉၇၉ ခုနှစ်တွင် ထွက်ပေါ်ခဲ့သော 'ရခိုင် ဒင်္ဂါးများ' ဖြစ်သည်။ ယင်းစာအုပ်ကို ဦးစံသာအောင် ကွယ်လွန်ပြီးနောက် ၁၉၈၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ Lancashire and Chesice Numismatic Spciety မှ 'Arakanse Coins' အမည်ဖြင့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။ ဘာသာပြန်သူမှာ မစ္စတာ ရော်ဘင်ဆင် (Mr. Robinson) နှင့် အေးဆက် (Aye Set) တို့ ဖြစ်သည်။

ဦးစံသာအောင် မတိုင်မီကပင် ရခိုင်ဒင်္ဂါးများနှင့် ပတ်သက်၍ နိုင်ငံခြားသား သုတေသီ ပညာရှင်များသည် စာအုပ် စာတမ်းများ ရေးသားခဲ့ပါသည်။ သောမတ်စ်လတ္တား (Thomas Latter) ၏ 'ရခိုင်ဒင်္ဂါးများ' The Coins of Arakan စာတမ်းကို ၁၈၄၆ ခုနှစ်ထုတ် တော်ဝင် အာရှရေးရာ စာစောင် The Joumal of the Royal Asiatic Society of Brngal, Vol. 15 (1846) တွင် လည်းကောင်း၊ ယင်းစာစောင်မှာပင် ဆာ အာသာ ဖယ်ယာ (Sir Arhtur P. Phayre) ၏ 'ရခိုင်ဒင်္ဂါးများ' The Coins of Arakan : the historical coins ကို လည်းကောင်း၊ ၁၈၇၂ ခုနှစ်ထုတ် ယင်းစာစောင် အတွဲ ၄၁ တွင် ဂျီ၊ အီး၊ ဖရိုင်ယာ (G. E. Fryer) ၏ 'ရခိုင် ဒင်္ဂါးမှတ်စု' Note on Arakanese Coins စာတမ်း၊ ၁၈၉၂ ခုနှစ်ထုတ် ယင်းစာစောင် အတွဲ ၆၁၊ အပိုင်း ၁ တွင် ဒဗလျူ၊ သီအိုဘဲ (W. Theobald) ၏ 'ရခိုင် ဝေသာလီခေတ် အမှတ်တံဆိပ်ပါ ဒင်္ဂါးများ' On a symbolical Coins of the Wethali Dynasty of Arakan စာတမ်း၊ ၁၉၂၈ ခုနှစ်ထုတ် အင်ဒိယန်း အင်တီကွာရီ The Indian Antiquary, Vol. 57 (1928) တွင် ဆာ ရစ်ချက်တင်ပယ် (Sir Richard Temple) 'မြန်မာနိုင်ငံတွင် တွေ့ရသော ဒင်္ဂါးများဆိုင်ရာ မှတ်စု' Notes on Currency and Coinage among the Burmese စာတမ်း၊ ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့ထုတ် နေးရှင်း၊ တနင်္ဂနွေ အချပ်ပို (The Nation Sunday Supplement) တွင် ရပ်စတင် (C. A. Rouston) ၏ 'ရခိုင်ဒင်္ဂါး အချို့' (Some Coins of Arakan ဆောင်းပါးများနှင့် ၁၈၈၂ ခုနှစ်တွင် ဆာ အာသာဖယ်ယာ၏ 'မြန်မာ ပဲခူးနှင့် ရခိုင်ဒင်္ဂါးများ' Coins of Arakan of Pegu and Burma လုံးချင်း စာအုပ်များ ထွက်ပေါ် လာခဲ့ပါသည်။

သြစတြေးလျ အမျိုးသား တက္ကသိုလ်မှ ပင်မလာဂတ်မန်း (Pamela Gutman) သည်လည်း ပါရဂူဘွဲ့ အတွက် 'ခေတ်ဦးရခိုင်' Ancient Arakan စာတမ်းကို ၁၉၇၆ ခုနှစ်တွင် တင်သွင်းခဲ့သည်။ ရခိုင် ဒင်္ဂါးများနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် ရခိုင်ပဏ္ဍိတ် ဦးဦးသာထွန်း၏ (ဝေသာလီခေတ် ဒင်္ဂါးများ) ဆောင်းပါးကို ပြည်ထောင်စု ယဉ်ကျေးမှု စာစောင်၊ အတွဲ ၄၊ အမှတ် ၂ (ဧပြီ ၁၉၆၃) နှင့် ဦးအောင်သာဦး၏ 'ရခိုင်ဒင်္ဂါးသမိုင်း'ကို ရခိုင်တန်ဆောင် မဂ္ဂဇင်း (၁၉၇၂) တွင် တွေ့နိုင်ပါသည်။

ဦးစံသာအောင်၏ 'ရခိုင်ဒင်္ဂါးများ' စာအုပ်တွင် အခန်း ၁ဝ ခန်းခွဲ၍ ပြုစုထားသည်။ အခန်း (၁) တွင် ဒင်္ဂါးများ ပေါ်ပေါက်လာရေး၊ အခန်း (၂) တွင် ရှေးဟောင်း ရခိုင်ဒင်္ဂါးများ၊ အခန်း (၃) တွင် ရခိုင် ဝေသာလီ ဒင်္ဂါးများကို ရခိုင် ရာဇဝင်များနှင့် ညှိခြင်း၊ အခန်း (၄) တွင် အာနန္ဒစဏ္ဍန္ဒမင်း ကျောက်စာပါ ရှေးမင်းများ၊ အခန်း (၅) တွင် မင်္ဂလာ အမှတ်လက္ခဏာပုံများ၊ အခန်း (၆) တွင် မင်္ဂလာ အမှတ်လက္ခဏာပုံများ မပါသော ရခိုင်ဒင်္ဂါးများ၊ အခန်း (၇) တွင် မြောက်ဦးမင်းဆက်များ၏ အတ္ထုပ္ပတ္တိ အကျဉ်း၊ အခန်း (၈) တွင် မြောက်ဏီး မင်းဆက်များ၊ အခန်း (၉) တွင် ဒင်္ဂါးစာများ ဖတ်ရန် ဗျည်းနှင့် သရများ၊ အခန်း (၁ဝ) တွင် ပြုလုပ်သော ပစ္စည်း၊ အရွယ်အစားနှင့် အလေးချိန်တို့ ပါဝင်သည်။ နောက်ဆက်တွဲ အဖြစ် ရခိုင်ဒင်္ဂါး ၁၄၈ ပြား၏ ဓာတ်ပုံများ ပါသည်။ ထို့ကြောင့် ဦးစံသာအောင်၏ 'ရခိုင်ဒင်္ဂါးများ' စာအုပ် ထွက်ပေါ်လာသော အခါ ပညာရေး တက္ကသိုလ် လက်ထောက် ကထိက ဦးတိုးလှ (တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တိုးလှ) က တက္ကသိုလ် ပညာပဒေသာ စာစောင်တွင် -

"… မစ္စတာ ဒူရွိုင်ဆယ် စီစဉ်သော ဖယ်ယာပြတိုက်ရှိ 'ဒင်္ဂါးများစာရင်း' ခေါ် စာအုပ်နှင့် ဆာ အသာဖယ်ယာ ပြုစုသော 'ရခိုင်၊ ပဲခူးနှင့် မြန်မာနိုင်ငံ ဒင်္ဂါးများ' ဟူသော စာအုပ်တို့ကို ပုံနှိပ်ပြီး ဖြစ်သော်လည်း ယင်းစာအုပ်တို့မှာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထား၍ လွန်စွာလည်း ရှေးကျ၍ နေသော စာအုပ်များ ဖြစ်ချေသည်။ ထို့ကြောင့် အနည်းဆုံး မြန်မာနိုင်ငံတော် အတွင်း၌ ရှေးက သွန်းခတ် ထုတ်လုပ်ခဲ့သော ဒင်္ဂါးများ အကြောင်းကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် အသစ် ထပ်မံ ရေးသား ပြုစုရန် လိုအပ်ပေသည်။"

အထက်ပါ စာပိုဒ်ကို ရှေးဟောင်း သုတေသန ညွှန်ကြားရေးဝန်၏ ၁၉၅၇-၅၈ ခုနှစ်အတွက် နှစ်ချုပ် အစီရင်ခံစာ (စာ-၄) မှ ထုတ်နုတ် ဖော်ပြပါသည်။

"ရွှေငုံးမင်း အမြီးမျှော်သလို အနှစ် ၂ဝ စောင့်မျှော်ခဲ့ပါပြီ။ မပေါ်လာသေးတကား။ မမျှော်လင့်သော နေရာမှ မျှော်လင့် မှန်းဆ ကြည့်နိုင်တတ်သည်ထက် ပို၍ကောင်းသော၊ ရခိုင်ဒင်္ဂါး သမိုင်း ကျမ်းတစောင် ထွက်ပေါ်လာပေပြီ။ ယင်းကား ဦးစံသာအောင်၏ 'ရခိုင်ဒင်္ဂါးများ' ပင်တည်း။ … … ရှေးဟောင်း ဒင်္ဂါးတပြားသည် ခေတ်တခေတ်၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စာပေ အနုပညာနှင့် ကိုးကွယ် ယုံကြည်မှု ဆိုင်ရာ ယဉ်ကျေးမှုကြီး တရပ်လုံးကို လွှမ်းခြုံထားရကား အမျိုးသား သမိုင်းကို သိရှိလိုသူတိုင်း ဒင်္ဂါးသမိုင်းကို လေ့လာကြရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ထိုသို့သော သမိုင်းအတွက် ဦးစံသာအောင်၏ 'ရခိုင်ဒင်္ဂါးများ' သည် ပုဗ္ဗမင်္ဂလာပင် ဖြစ်တော့သည်။ သက္ကတဘာသာ ကျွမ်းဝင်လိုသူများ၊ ရှေးဟောင်း အက္ခရာ လက်ရေးပညာကို လေ့လာလိုသူများ၊ သမိုင်းပညာရှင်များ၊ ဘောကဗေဒ ပညာရှင်များ စသည်တို့ လေ့လာထိုက်သည့် ကျမ်းတဆူ ဖြစ်သည်" ဟု လှိုက်လှိုက်လှဲလှဲ ကြိုဆို ဝေဖန်ထားပါသည်။

ဦးစံသာအောင်၏ နောက်ဆုံးလက်ရာမှာ ၁၉၇၉ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ် ထုတ်ဝေခဲ့သည့် ခေတ်ဟောင်း ရခိုင် ဗုဒ္ဓ အနုပညာလက်ရာများ 'The Buddhist Art of Ancient Arakan' စာအုပ် ဖြစ်သည်။ ဤစာအုပ်တွင် အေဒီ ၈ ရာစု အာနန္ဒစဏ္ဍန္ဒမင်း မတိုင်မီ ရခိုင် ရာဇဝင်လာ မင်းဆက်များကို ခေတ်သုံးခေတ် ပိုင်းခြား၍ မင်းဆက် ဇယားများနှင့် တင်ပြသည်။ ထို့နောက် ဓညဝတီနှင့် ဝေသာလီမြို့ဟောင်းတို့ကို မြေပုံအညွှန်းနှင့် အသေးစိတ် လေ့လာ တင်ပြထားသည်။ ထိုမှတဆင့် ရခိုင်ဒေသမှ တူးဖော် တွေ့ရှိရသော ဗုဒ္ဓ ယဉ်ကျေးမှု ဆိုင်ရာ ရုပ်ပွားတော်များ၏ မုဒြာဟန် အမျိုးမျိုးကို ဆွေးနွေး တင်ပြသည်။ ထို့ပြင် ထူးခြားသော မကိုဋ်ဆောင်း ရုပ်ပွားတော်များနှင့် ပြည့်ဖြိုးဟန် (ဗိုက်ပူ) ရုပ်ပွားတော်များကို လေ့လာ ရှင်းလင်းထားသည်။ ဗုဒ္ဓ ရုပ်ပွားတော်များ အပြင် ရခိုင် ရှေးဟောင်းဒင်္ဂါးများ၊ အုတ်ခွက်များ၊ ကြေးနီပြား၊ ကြေးခေါင်းလောင်းနှင့် ကြေးဆီမီးတိုင် ရုပ်တု အမျိုးမျိုး ဓာတ်ပုံ၊ မြေပုံ၊ ကျောက်စာ မိတ္တူများ ပါဝင်ရာ ခေတ်ဦးရခိုင် ဗုဒ္ဓ အနုပညာနှင့် ပတ်သက်၍ အားရဖွယ် ကျမ်းတစောင်ဟု ပညာရှင်များက သုံးသပ်ခဲ့သည်။

ဦးစံသာအောင်ကို အဖ အငြိမ်းစား စက်ရှင် တရားသူကြီး ဦးသာဇံဦး (K.S.M., A.T.M.) နှင့် အမိ ဒေါ်မဘု တို့မှ ၁၉၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဖွားမြင်သည်။ မိခင်မှ ကိုလိုနီခေတ်ဦး အလွန် ထင်ရှားသော ရခိုင်သူဌေးကြီး ဦးရဲကျော်သူ၏ အနွယ် ဖြစ်သည်။

ငယ်စဉ်က ရန်ကုန် တီတီစီကျောင်း၊ သာယာဝတီ၊ မြင်းခြံ၊ စစ်တွေ အစိုးရ စာသင်ကျောင်းများတွင် ပညာသင်၍ ၁၉၄ဝ ပြည့်နှစ်တွင် တန်းမြင့် ကျောင်းထွက် စာမေးပွဲကို စစ်တွေ အစိုးရ အထက်တန်းကျောင်းမှ အောင်မြင်သည်။ ရူပဗေဒနှင့် ဓာတုဗေဒ ဘာသာရပ်များတွင် ဂုဏ်ထူးရသည်။ ၁၉၄ဝ-၄၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၊ ၁၉၄၅-၄၇ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ်တို့တွင် ပညာသင်ကြား၍ ၁၉၄၉ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဘီအက်စ်စီ ရူပဗေဒ ဂုဏ်ထူးတန်းကို ပထမ အဆင့်မှ အောင်မြင်သည်။ ၁၉၅၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ဟားဗတ် တက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ (A.M.) ကို ရူပဗေဒဖြင့် ရရှိခဲ့သည်။

၁၉၅ဝ-၅၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် ရူပဗေဒဌာန သရုပ်ပြဆရာ၊ ၁၉၅၁-၅၄ တွင် လက်ထောက်ကထိက၊ ၁၉၅၄-၆၄ တွင် ကထိက၊ ၁၉၆၄-၇ဝ ပါမောက္ခ၊ ၁၉၇ဝ-၇၂ တွင် တက္ကသိုလ်များ အုပ်ချုပ်ရေးရုံး ညွှန်ကြားရေးမှူး၊ ၁၉၇၂-၈၁ ခုနှစ်တွင် ညွှန်ကြားရေးမှူးချုပ် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ရခိုင် ကျောင်းသူ ကျောင်းသားများ အသင်း ဥက္ကဋ္ဌ၊ ရခိုင်တန်ဆောင် အင်္ဂလိပ်စာ အတိုင်ပင် ခံစာတည်း၊ ၁၉၆၆-၇ဝ တွင် တက္ကသိုလ်များ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ၁၉၇ဝ-၈၁ ခုနှစ်တွင် နာယက၊ တက္ကသိုလ်များ အားကစား အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သုတေသန အသင်း အမှုဆောင်၊ သုတေသန လုပ်ငန်းများ ဆိုင်ရာ မူဝါဒအဖွဲ့ အတွင်းရေးမှူး၊ တက္ကသိုလ် ပညာပဒေသာ စာစောင်နှင့် တက္ကသိုလ် သုတေသန စာစောင် အုပ်ချုပ်မှု စာတည်းအဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန် တက္ကသိုလ် ရူပဗေဒဌာန ဂုဏ်ထူးဆောင် ပါမောက္ခ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရခိုင်ပြည်နယ် စစ်တွေ မဲဆန္ဒနယ်မှ ရွေးချယ် ခံရသည်။

၁၉၅၄-၇ဝ ခုနှစ် အတွင်း အိန္ဒိယ၊ တရုတ်၊ သြစတြီးယားတို့တွင် ကျင်းပသော အဏုမြူ စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲများ တက်ရောက်၍ ၁၉၆၄ ခုနှစ်၊ တရုတ်ပြည် ပီကင်းတွင် ကျင်းပသော အပြည်ပြည် ဆိုင်ရာ သိပ္ပံပညာရှင်များ နှီးနှော ဖလှယ်ပွဲတွင် Aims and Paractice of Physics Teaching in Burma (Myanmar) စာတမ်းကို တင်သွင်းခဲ့သည်။ ပညာရေး လေ့လာရေး ခရီးစဉ်ဖြင့် ဂျပန်နိုင်ငံ (၁၉၇၃)၊ အမေရိကန်ပြည်ထောင်စု (၁၉၇၅)၊ ဆိုဗီယက်ယူနီယံ (၁၉၇၇) နိုင်ငံများသို့ သွားရောက်ခဲ့သည်။

ပုံနှိပ် ထုတ်ဝေခဲ့သော သိပ္ပံပညာ ဆိုင်ရာ စာအုပ်များမှာ ဒေါက်တာ မောင်မောင်ခနှင့် တွဲ၍ 'အခြေပြု ရူပဗေဒ' (၄ တွဲ) (၁၉၇၁)၊ 'ရူပဗေဒအကြောင်း သိကောင်းစရာ' (၁၉၇၁)၊ 'ကွန်ပျူတာ' (၁၉၇၃)၊ 'အက်တမ်နှင့် နျူကလီးယား စွမ်းအင်' (၁၉၇၄) တို့ ရေးသား၍၊ 'ရူပဗေဒအကြောင်း သိကောင်းစရာ' စာအုပ်ဖြင့် ၁၉၇၁ ခုနှစ်၊ အမျိုးသား စာပေဆုကို သိပ္ပံနှင့် အသုံးချ ဘာသာရပ် အတွက် ရရှိခဲ့သည်။ စာပေဗိမာန်မှ ဦးဆောင် ကျင်းပသော သိပ္ပံ စာပေ နှီးနှော ဖလှယ်ပွဲတွင် 'လူထုအတွက် သိပ္ပံစာပေ' စာတမ်း တင်သွင်း၍ ပုံနှိပ် ထုတ်ဝေခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော Working People's Daily, The Guardian တို့တွင် ရူပဗေဒ သိပ္ပံပညာ ဆောင်းပါးများနှင့် ရခိုင်သမိုင်း အနုပညာ ဆောင်းပါးများကို အင်္ဂလိပ်ဘာသာဖြင့် အများအပြား ရေးသားခဲ့သည်။ အချို့မှာ စာအုပ် အဖြစ် ထုတ်ဝေရန် ကျန်ရှိနေသေးသည်။ သာဓက ပြရသော် ဂါဒီးယန်း သတင်းစာတွင် ရေးသားခဲ့သော ရခိုင် မဟာမုနိ ဘုရားသမိုင်း (Legend of Mahamuin) ဖြစ်သည်။

ဦးစံသာအောင်သည် ဌာနဆိုင်ရာ လုပ်ငန်းများ၊ ရှေးဟောင်း ရခိုင်သမိုင်း ယဉ်ကျေးမှု ဆိုင်ရာ သုတေသန လုပ်ငန်းများ ဆောင်ရွက်နေစဉ် ၁၉၈၁ ခုနှစ်၊ မေ ၂၅ ရက်နေ့တွင် ရုတ်တရက် ကွယ်လွန်ခဲ့ပါသည်။

မောင်ဇေယျာ [မိုးဂျာနယ်၊ အမှတ် ၆၊ ဇွန် ၂ဝဝ၅]

Monday, October 11, 2010

ဒိုင်နာစပူခရီးသည်

အချိန်ကာလအားဖြင့် လည်း အနှစ်ငါးဆယ်ကျော်လေပြီ။ အသက်ကလည်း ခုနှစ်ဆယ်ကျော်လာတော့ မှတ်မိသမျှ ဦးနှောက်ထဲပေါ်လာ သမျှကို ရေးသားလိုက်ရတာပဲ။

အလွန်တရာ အေးချမ်းသာယာလှတဲ့ နယ်စပ်မြို့ကလေး မောင်တော။ အရှေ့ဘက်ကစပြီး ရှိတ္တရွာ၊ အလယ်ရွာ၊ ဒက်ရွာနဲ့ အနောက်ဘက်အဆုံး အောက်ရွာလို့ခေါ်တဲ့ ရွာကြီးလေးရွာ ပေါင်းစပ်ထားတဲ့ မြို့ကလေး။ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးများသာနေထိုင်ပြီး အိမ်ခြေတစ်ထောင်ကျော်။ လူဦးရေ လေးထောင်ကျော်ရှိတယ်။ မြို့အပြင်မှာတော့ လူမျိုးခြား ကုလားရွာတွေက ဝိုင်းထားတယ်။ မြို့ရဲ့ အနောက်ဘက်မှာ နတ်မြစ်ရှိတယ်။ လေးမိုင်ကျယ်ပါတယ်။ မြစ်တစ်ဘက် (ယခု ဘင်္ဂလားဒေ့ရှ်) မှာတော့ ကယုချောင်း(ခေါ်) (Teknaf) ရခိုင်ဗုဒ္ဓဘာသာ ရွာကြီး တစ်ရွာရှိပါတယ်။

မောင်တောမြို့၊ မြန်မာစာနဲ့ လက်မှုပညာသင် အထက်တန်းကျောင်းက ခုနှစ်တန်း ကျောင်းသားလေး ကျော်ဇောဝေ တစ်ယေက် ကျောင်းပိတ်ပစ်လိုက်လို့ အထူးအံ့အားသင့်နေတယ်။ အိမ်နီးပါးချင်း ဆရာမ ဒေါ်ဖွားဦးကို မေးကြည့်တယ်။ အင်္ဂလိပ်အစိုးရ ရန်ကုန်က ထွက်ပြေးသွားပြီ၊ ဂျပန်စစ်တပ်ဝင်လာပြီလို့ ပြောတယ်။ ညနေရုံးက ပြန်လာတဲ့ ဖခင်ကြီး ကိုမေးတော့၊ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရ မရှိတော့ဘူး၊ တိုင်းပြည်ပျက်ပြီ။ ငါရို့လည်း ဘယ်ပြေးရမလဲ မသိဘူးလို့ ပြောတယ်။ အသက် ၁၃ နှစ်သာရှိသေးတဲ့ ကျော်ဇောဝေတစ်ယောက် ကြောက်ကြီးသံဖက် ကျနေလေတော့တယ်။ အင်္ဂလိပ် စစ်တပ်ပျက်လို့ ထွက်ပြေးလာတဲ့ ရာဇပုတ် ကုလားစစ်သားတွေ ဈေးနားမှာရောက်နေတယ် ကြားလို့ ပြေးသွားကြည့်တယ်။ ရာဇပုတ်စစ်သားဆိုတာ ကာကီခေါင်းပေါင်းကြီး ပေါင်းပြီး ကာကီ ယူနီဖောင်းနဲ့ ရိုင်ဖယ်သေနတ် လွယ်လို့မြင်ရတယ်။ မောင်တောမှာ မကြာခဏ မြင်ရတဲ့ ကရင်စစ်ပုလိပ်တွေက ဦးထုပ်ဆောင်းတယ်။ ရာဇာပုတ်တွေက ခေါင်းပေါင်း ပေါင်းတယ်။ ဒါပဲကွာတာပါ။ ယင်းအချိန်ကစပြီး ကျော်ဇောဝေ စိတ်ထဲမှာ စစ်သား လုပ်ချင်စိတ် ပေါက်နေတော့တယ်။

သတင်းတွေကလည်း အမျိုးမျိုးကြားနေရတယ်။ နောက်တစ်နေ့ မောင်တောအနီးက ရခိုင်ရွာကလူတွေ မောင်တောကို ပြေးလာကြတယ်။ မောင်တောက ၁၂ မိုင်ဝေးတဲ့ အိမ်ခြေ တစ်ရာကျော်၊ လူဦးရေ သုံးရာကျော်ရှိတဲ့ အလယ်သံကျော်ရွာကြီး ပျက်စီးသွားပြီ။ အလယ်သံကျော်ရွာမှာ တာဝန်ကျနေတဲ့ ရဲအုပ်နှစ်ယောက်၊ ရဲသား ၁၈ ယောက်၊ အင်အား၂၀ ရှိတဲ့ ရဲကင်းကို လူမျိုးခြား ကုလားတွေက ထမင်းကျွေးပြီး သတ်ပစ်လိုက်တယ်။ ရွာသားအနည်းငယ်သာ လွတ်လာတယ်။ မောင်တောမြို့ထဲကို လူမျိုးခြားကုလားတွေ လုံးဝမလာတော့ဘူး၊ မြို့အပြင်ကိုလည်း ရခိုင်တွေ မသွားရဲတော့ဘူး။ မောင်တော-ဘူးသီးတောင် ကားလမ်းလည်း အဆက်ပြတ်သွားပြီ။

ရွှီ-ရွှီ-ရွှီ ဝီစီမှုတ်သံဆက်တိုက် ကြားနေရတယ်။ မောင်တောတစ်မြို့လုံး ယောက်ျားကြီး၊ ငယ်မှန်သမျှ ရရာလက်နက်ကိုင်ပြီး ရောက်လာကြတယ်။ မောင်တောချောင်းထဲမှာ ဆိုက်ထားတဲ့ ဝါးဖောင် ဝါးအားလုံး၊ ဝါးချွန်ဖြစ်သွားတယ်။ ကျော်ဇောဝေမှာလည်း သူအရပ်ထက် ရှည်တဲ့ ဝါးချွန်ကို ကိုင်ပြီး ဝီစီမှုတ်ရာကို ရောက်လာတယ်။ အဝေးကို ကြည့်လိုက်တော့ လူမျိုးခြား ကုလားတွေ မောင်းတီးပြီး လူစုနေကြတယ်။ ရခိုင်ပုလိပ်၊ ကရင်စစ်ပုလိပ်တွေကလည်း ရခိုင်ဘက်မှ ပါလာကြတယ်။ အရေးကြုံက အားကိုးရတဲ့ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေ ရှေ့ ကနေပြီး စောင့်ရှောက်ပေးကြတယ်။ ဆရာတော်ကြီး တစ်ပါး မန်းမှုတ်ပေးတဲ့ ထုံးမန်းကို ထိပ်မှာ(က) ရင်ညွန့်မှာ(သ) ချက်မှာ(ဝ)ဝိုင်းပြီး ဆရာတော်ကြီးနောက်က ရပ်နေကြတယ်။ ထုံးမန်းကွင်းထားသူကို ကျည်ဆံမထိ၊ မပေါက်နိုင်လို့ ပြောတယ်။ ထုံးမန်းကွင်းထားလို့ ကျော်ဇောဝေတစ်ယောက် ကြောက်ရမှန်း မသိတော့ဘူး။ မောင်တော မြို့ပိုင်ကြီး မစ္စတာ မင့်သ်၊ လူမျိုးခြား ကုလားတွေဘက် သွားလိုက်၊ တောင်းပန်လိုက်၊ ရခိုင်တွေဘက် လာလိုက် တောင်းပန်လိုက်၊ အင်္ဂလိပ် ကပြားမြို့ပိုင်ကြီးတောင်းပန်လို့ လူမျိုးခြား ကုလားတွေ မလာတာနဲ့ တိုက်ပွဲ မဖြစ်တော့ဘူး။ ညမိုးချုပ်မှ အိမ်ရောက်သွားတယ်။ ဗိုက်ဆာဆာနဲ့ မိခင်ကြီးချက်ထားတဲ့ ညနေစာ ပုဇွန်ပြားခြောက်ဟင်းနဲ့ စားလို့ကောင်းလိုက်တာ၊ ခုထိသတိရနေ တုန်းပဲ။

နောက်တစ်နေ့ စောစော သတင်းထွက်လာတယ်။ စက်ရှင်မင်းကြီး ဦးအောင်သာကျော် အင်္ဂလိပ်စစ်ဗိုလ် တစ်ယောက်နဲ့ နီပေါစစ်သား ၅၀ ကျော်ရောက်နေတယ်။ ဘူးသီးတောင်ကို သွားမယ်။ ဘုရားကြီးကွင်းပြင်မှာ စုကြပါ။ ကျော်ဇေဝေတို့ မိသားစု၊ ဖခင်ကြီး၊ မိခင်ကြီး၊ မမကြီးနဲ့ ညီငယ် ပေါင်း ၅ ဦး၊ မိမိတို့ကိုယ်စီ နိုင်သမျှပစ္စည်းတွေ ထမ်းပြီး ဘုရားကြီးကွင်းပြင်ကို ရောက်လာပါတယ်။ အား များလိုက်တဲ့ လူအုပ်ကြီး၊ ဘယ်အချိန်ကပင် ရောက်နေလဲမသိဘူး။ ဘုရားကြီးကွင်းပြင်တစ်ခုလုံး ပြည့်ကြပ်နေတယ်။ လမ်းမလျှောက်နိုင်လို့ တွဲခေါ်လာသူ။ တွဲခေါ်မည့်သူ မရှိလို့ ငိုနေသူ၊ နေမကောင်းဖြစ်နေသူ၊ ကြွက်ကြွက်ဆူညံနေတယ်။ တယောက်ကို တယောက် မကူညီနိုင်။ တိုင်းပြည်ပျက်တယ် ဆိုတာဒါပေါ့။ ကြောက်ဖို့ကောင်းလိုက်တာ။

စက်ရှင်မင်းကြီး ဦးအောင်သာကျော် အင်္ဂလိပ်စစ်ဗိုလ်နဲ့ နီပေါစစ်သားတွေ ရောက်လာတယ်။ မောင်တော မြို့ခံ လူကြီးတွေလည်း ပါတယ်။ စက်ရှင် မင်းကြီး ဦးအောင်သာကျော်ဆိုတာ အင်္ဂလိပ်လို ဘောင်းဘီ အတိုဝတ်ထားတယ်။ အင်္ဂလိပ်စစ်ဗိုလ်ထက် အရပ်ရှည်တယ်။ နီပေါစစ်သားဆိုတာ မြင်နေကျ ကရင်စစ်ပုလိပ်လိုပါဘဲ။ နွေရာသီ ကဆုန်လ တမနက်လုံး သာသာယာယာ ရှိနေတယ်။ ဗြုန်းဆို ရာသီဥတုပြောင်းလဲသွားပြီး၊ ကောင်းကင်တစ်ခုလုံး မှိုင်းဝေပြီး မိုးတစ်ဖွဲဖွဲကျလာတယ်။ ဒီလူအုပ်ကြီးနဲ့ (၁၆) မိုင်ဝေးတဲ့ ဘူးသီးတောင်ကို ဘယ်လိုသွားမလဲ၊ အားလုံးဒုက္ခရောက်ကုန်မယ်။ ဘူးသီးတောင်ကို မသွားတော့ဘူး။ ကိုယ့်အိမ်ပြန်ကြမယ်။ လူကြီးတွေဆုံးဖြတ်လိုက်ပြီ။ ကျော်ဇေဝေတို့ အိမ်ပြန်ရောက်တော့ မိုးဖွဲဖွဲမကျတော့ဘူး။ ရာသီဥတုသာယာသွားပြီ၊ မိခင်ကြီးနဲ့ မမကြီးတို့ချက်ပေးတ့ နံနက်စာထမင်းစားနေတုန်း၊ ကယုချောင်း ကိုသွားမယ်။ သင်္ဘောဆိပ်ကို ဆင်းလာကြပါဆိုတာနဲ့ ကမန်းကတန်း သင်္ဘောဆိပ်ကို ဆင်းကြတယ်။ ဘူးသီးတောင်ကို သွားခါ သယ်သွားတဲ့ ပစ္စည်းတွေတောင်မပါလာဘူး။ တစ်ရက်၊ နှစ်ရက်နေရင် ပြန်လာမယ်လို့ထင်နေတယ်။ ကျော်ဇောဝေတို့ ဆင်းလာတော့ လူပြည့်ကြပ်နေပြီ။ သင်္ဘောဆိပ်ကို မကပ်နိုင်ဘူး။ ဗိုလ်တဲရှေ့ကွင်းပြင်မှာပဲ စောင့်နေတယ်။ ဒီလိုစောင့်နေတုန်း ဖခင်ကြီးကို ရုံးကခေါ်လာတယ်။ ဖခင်ကြီးက ငွေတိုက်ရုံး ၀န်ထမ်းတစ်ယောက်ပဲ။ နောက်မှသိရတာက မောင်တောငွေတိုက်က ငွေ (၃၆) သိန်းကို သင်္ဘောပေါ် ပြောင်းရာမှာ စောင့်ကြည့်လိုက်ဖို့ခေါ်သွားတယ်။ ဖခင်ကြီး ညနေ(၅)နာရီလောက်မှ ပြန်ရောက်လာတာ်။

မောင်တောက ကယုချောင်းကို အာရ်ကန်နှစ်ဆင့်ကူးတို့ သင်္ဘောတစ်စင်း၊ ကယုချောင်း၊ မြစ်နားရွာတွေက ရခိုင် အမျိုးသားလောင်းလှေကြီးတွေနဲ့ တစ်နေ့လုံး ပို့ပေးကြတယ်။ ကျော်ဇောဝေတို့ သင်္ဘောပေါ်ကိုတက်ရချိန် ည (၁၂) နာရီ ကျော်နေပြီ။ သင်္ဘောပေါ်တက်ရာမှာ နီပေါ စစ်သားတွေ စောင့်ပေးတယ်။ သိပ်စည်းကမ်းရှိတယ်။ လုမတက်ရဘူး၊ အာရ်ကန်သင်္ဘောမှ တစ်ခါ နတ်မြစ်လယ်မှ ရပ်ထားတဲ့ စစ်တကောင်း သင်္ဘောကြီးပေါ် တက်ရတယ်။ စစ်တကောင်း သင်္ဘောကြီးနဲ့ ကယုချောင်းကို ပို့ပေးတယ်။ ကယုချောင်းရောက်တော့ နံနက် ၄ နာရီ ထိုးနေပြီ၊ ဆွေမျိုးအိမ် တစ်အိမ်မှာ ခေတ္တနေလိုက်ကြတယ်။ မောင်တောတစ်မြို့လုံးကို နောက်နေ့တစ်မနက်နဲ့ အပြီးပြောင်းလိုက်တယ်။ ယင်းအချိန်က ကယုချောင်းမှာ သော်ဒလီ ဦးကျော်မြဦးတို့ အာဏာအရှိဆုံးပေါ့။ ကျော်ဇောဝေတို့က ကယုချောင်းရောက်လို့ နှစ်ရက် အကြာမှာ စက်ရှင်မင်းကြီး ဦးအောင်သာကျော်ရဲ့ သားမယားနဲ့ ဆွေမျိုးတွေက ကယုချောင်းကို ရောက်လာကြတယ်။ မောင်တောသား လူငယ်တချို့လည်း ပါလာတယ်။ ဦးအောင်သာကျော်ကိုယ်တိုင် ဘူးသီးတောင်ကို အင်္ဂလိပ်စစ်ဗိုလ်၊ နီပေါ စစ်သားတွေနဲ့ သွားပြီး ခေါ်ယူလာတာ၊ ဘူးသီးတောင်မြို့ကတော့ မပျက်သေးဘူး၊ မောင်တောတစ်မြို့နယ်လုံးက ရခိုင်လူမျိုး ခြောက်ထောင်လောက် ကယုချောင်းမှာ ဖြန့်ပြီးနေကြတယ်။ လူပြွတ်သိပ်နေတယ်။ မကြာဘူး၊ မိုးကျလာပြီ၊ ရေမကူ၊ မိုးမကူ၊ ဝမ်းရောဂါဖြစ်လို့ သေလိုက်တာ သောက်သောက်လဲပဲ။ တစ်ချို့အိမ်မှာ တစ်အိမ်လုံး တစ်ယောက်ပြီး တစ်ယောက် သေလို့၊ အလောင်းမြှုပ်မဲ့သူတောင် မရှိဘူး။ သော်ဒလီ ဦးကျော်မြဦးတို့ကပဲ အစစကူညီ ပေးတယ်။ မိုးအကုန် တန်ဆောင်မုန်းလမှာ ကယုချောင်းကို ဦးအောင်သာကျော် တစ်ခေါက်ရောက်လာပြန်တယ်။ အင်္ဂလိပ်စစ်ဗိုလ် လက်ဖ်တင်နင်တေလာလည်း ကပ္ပတိန်ဗိုလ်ကြီး တေလာအဖြစ် ရာထူးတိုးပြီး ပါလာတယ်။ မောင်တောသားတွေက ကယုချောင်းမှာ အတိဒုက္ခ ရောက်နေကြပြီ။

အင်္ဂလိပ်အစိုးရမင်းက စစ်နဲ့ဝေးရာ အနောက်ဘင်္ဂလား တစ်နေရာမှာ ရွာချပေးထားတယ်။ ကျွေးမွေးစောင့်ရှောက်ထားမယ်၊ လိုက်လာကြပါလို့ခေါ်တယ်။ တချို့က လိုက်မယ်၊ တချို့က မလိုက်ဘူး၊ တစ်ဘောင်တစ်ခုပေါ်လာတယ်၊ အနောက်သွား ကျွန်ရှာ၊ အရှေ့သွား ဓါးစာ၊ မလိုက်ချင်သူတွေက ကျွန်ခံဖို့တော့ မလိုက်ဘူး။ အရှေ့ရခိုင်ပြည်ဒေသကိုပဲ သွားမယ်။ ဓါးစာခံလည်း ခံရပေါ့တဲ့။ စားစရာမရှိ၊ နေစရာမရှိ၊ နေစရာမရှိ၊ ဆင်းရဲသားလူ နှစ်ရာလောက် ပထမသုတ်မှာ ပါသွားတယ်။ တစ်ဖြတ်၊ တစ်ဖြတ် ပါသွားတာ၊ ကယုချောင်းမှာ လူထက်ဝက်လောက် ကုန်သွားပြီ၊ ကျော်ဇောဝေတို့ ဖခင်ကြီးလည်း လူကြီးတွေနဲ့တိုင်ပင်ပြီး စစ်နဲ့ဝေးရာကို လိုက်သွားတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျော်ဇောဝေတို့ မိသားစုနဲ့အတူ လူတစ်ရာကျော် ကယုချောင်းရဲစခန်းရှေ့ ကွင်းပြင်မှာ စုကြတယ်။ လူအို၊ လူနာ၊ ကလေးတွေကို လူနှစ်ယောက်ထမ်းတဲ့ ဝါးထမ်းစင်နဲ့ထမ်း ယူသွားတယ်။ ကျော်ဇောဝေနဲ့ ညီငယ်တို့လည်း ကလေးလေးလို ဘောင်းဘီတိုလေး ဝတ်ပြီး ထမ်းစင်ထဲ ဝင်နေလိုက်တယ်။ ရခိုင်လူမျိုး အထမ်းသားနှစ်ယောက်က ထမ်းတယ်။ ဖခင်ကြီးတို့ကတော့ ခြေလျင်လျှောက်ရတယ်။ ကယုချောင်းက နံနက် ၇ နာရီ စထွက်တယ်။ နီပေါစစ်သားဆယ်ယောက် အစောင့်လိုက်ပါလာတယ်။ လမ်းထက်ဝက်လောက်မှာ ကျော်ဇောဝေ ထမ်းစင်ထဲမှ ထွက်လိုက်တယ်။ အစောင့်ပါလာတဲ့ နီပေါ စစ်သားကို လက်ဟန်ခြေဟန် နဲ့ပြတယ်။ နီပေါ စစ်သားနားလည်တယ်။ သေနတ်ထမ်းချင်တယ်လို့ သိလို့ သူလွယ်ထားတဲ့ ရိုင်ဖယ် သေနတ်ကြီးကို ပေးတယ်။ ကျော်ဇောဝေ တစ်ယောက် ရိုင်ဖယ်က သူ့အရပ်လောက်ရှိတာကို ထမ်းပြီး နီပေါစစ်သားနဲ့အတူ ဘင်္ဂလာ ပင်လယ်သဲသောင်ပြင်မှာ လမ်းလျှောက်နေတာကို ဖခင်ကြီးတို့ကြည့်ပြီး ရယ်လိုက်ကြတာ တသောသောပဲ။ နံနက်စာ ဘယ်မှားစားတယ် ဆိုတာ မမှတ်မိတော့ပါ ဘူး။ ညနေ ၅ နာရီလောက်မှာ စခန်းတစ်ခုကို ရောက်တယ်။ မာထဘင်းဂါ စခန်းထင်တယ်။ ယင်းစခန်းမှာ ညစာစားပြီး အိပ်ရတယ်။ နောက်တစ်နေ့ နံနက် စောစောကပင် ဒီပင်လယ်သဲသောင်ပြင် လမ်းအတိုင်းပဲသွားကြရတယ်။ ညနေ ၅နာရီ လောက်မှာ နဝါခါလီ(ခေါ်) ရဲစူးစခန်းကို ရောက်တယ်။ နောက်တစ်နေ့ ညနေ ၄ နာရီလောက်မှာ (Cox Bazzar) (ခေါ်) ဖလောင်းချိတ်မြို့ကို ရောက်တယ်။ ဖလောင်းချိတ်မြစ်ကမ်းနား ယာယီတဲ စခန်းမှာ ၇ ရက်နေခဲ့တယ်။ ယင်းအချိန်က ဖလောင်းချိတ်မြို့မှာ ရခိုင်အမျိုးသားတွေနဲ့ စည်ကားနေတယ်။ ဖခင်ကြီးနဲ့ ဖလောင်းချိတ်မြို့ထဲကို သွားတယ်။ အဝတ်ထည့်ဖို့ အရှည်သုံးပေရှိတဲ့ သံသေတ္တာတစ်လုံးကို ငွေလေးကျပ်နဲ့ဝယ်ယူခဲ့တယ်။ အခုတိုင် မမကြီးတို့အိမ်မှာ ရှိသေးတယ်။

စစ်တကောင်း သင်္ဘောကြီးနဲ့ ဖလောင်းချိတ်မြို့က နံနက်ပိုင်းထွက်လာတယ်။ စစ်တကောင်းမြို့ကို ညနေ ၅ နာရီလောက်ရောက်တယ်။ စစ်တကောင်းသင်္ဘောဆိပ်မှာ သင်္ဘောဆိုက်နေတုန်း လေယာဉ်ပျံတစ်စင်း ပျံဝဲလာတယ်။ သင်္ဘောပေါ်က စက်သေနတ်နဲ့ လိုက်ချိန်နေတာကို အသဲတယားယားနဲ့ ကြည့်နေရတယ်။ နောက်မှသိရတာက စစ်တကောင်းမြို့စောင့်လေယာဉ်နဲ့ သင်္ဘောအစောင့်တို့ လေ့ကျင့်နေတာပဲ။ စစ်တကောင်း သင်္ဘောဆိပ်မှာ ရခိုင်အမျိုးသား ဝန်ထောက် ဦးထွန်းညို ကြိုနေတယ်။ သိပ်ပြီး သဘောကောင်းတယ်။ အသံကျယ်ကျယ်ကြီးနဲ့ ရယ်နေတယ်။ အားကိုးရပါတယ်။ စစ်တကောင်းမှာ ညစာကျွေးပြီး အိမ်ထောင်စု လူဦးရေ အလိုက် ငွေပေးတယ်။ ဖခင်ကြီးမှာလည်း မိသားစု ၅ ဦး အတွက် ငွေရခဲ့တယ်။ စစ်တကောင်းက ည ၇ နာရီ မီးရထားထွက်မယ်။ ကျော်ဇောဝေတစ်ယောက် စစ်တကောင်းရောက်မှ မီးရထားကို မြင်ဖူးတယ်။ မြင်ဖူးတောင် မကသေး စီးနေရပြီလေ။ မီးရထားစီးလို့ ညသွားရတာ မမြင်မကန်းနဲ့ တစ်မျိုးပါပဲ။ ည ၁၂ နာရီ လောက်မှာ ဗြဟ္မပုတ္တရမြစ်ကို ရောက်တယ်။ မီးရထားပေါ်က ဆင်းရတယ်။ သင်္ဘောပေါ်တက်ပြီး မြစ်တစ်ဘက်ကမ်းကို ကူးတယ်။ သင်္ဘောဘေးနှစ်ဘက် ယက်မကြီးနဲ့ ယက်ပြီး ရေတိမ်မှာသွားတဲ့ သင်္ဘောကြီးပဲ။ တစ်ခါမျှ မမြင်ဖူးဘူး၊ မြစ်တစ်ဘက်ကိုရောက်တော့ စောင့်နေတဲ့ မီးရထားတစ်စီးပေါ် တက်တယ်။ မီးရထား တစ်ညလုံး၊ တစ်မနက်လုံး ခုတ်မောင်းနေတယ်။ မွန်းတည့်၁၂ နာရီလောက်မှာ ဘူတာတစ်ခုမှာ နံနက်စာ ပဲဟင်းနဲ့ ထမင်းကျွေးတယ်။ ဗိုက်ဆာဆာနဲ့စားလို့ ကောင်းလိုက်တာ နတ်သုဒ္ဓါလို့ပြောကြတယ်။ ယင်းနေ့ တစ်နေ့လုံး တစ်ညလုံးခုတ်မောင်ပြီး နောက်တစ်နေ့ နံနက် ၇ နာရီ လောက် ဒိုင်နာစပူမြို့ (Dinajpur)ကို ရောက်တယ်။ ဘူတာအပြင်ဘက်မှာ စောင့်နေတဲ့ကားကြီးတွေနဲ့ ၆ မိုင်ဝေးတဲ့ ရခိုင်ဗုဒ္ဓဘာသာဒုက္ခသည် စခန်းရှိရာ နာစီပူစခန်းကို ပို့ပေးတယ်။ နံနက် ၉နာရီလောက် မှာ နာစီပူစခန်းကို ချောမော့စွာ ရောက်ကြတယ်။

နာစီပူစခန်းဆိုတာ ဒိုင်နာစပူမြို့ကလာတဲ့ ကားလမ်းတစ်ဘက်တစ်ချက် မှာရှိတယ်။ လမ်းအရှေ့ဘက်မှာ စခန်းအမှတ် (၁) ဝါးခင်း၊ ထရံကာ၊ ကောက်ရိုးကို တစ်ပေလောက် အထူမိုးထားတဲ့ အိပ်ခန်း ၈ ခန်းပါ တန်းလျား၊ အလုံးတစ်ရာကျော်၊ လမ်းနောက်ဘက် စခန်းအမှတ် (၂) မှာ တန်းလျား အလုံးရှစ်ဆယ်ကျော်ရှိတယ်။ ရုံး၊ ရဲစခန်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်း အပြည့်အစုံရှိတယ်။ နာစီပူစခန်းကို အရေးပိုင် ဦးကျော်ခိုင် (အိုင်စီအက်စ်) ကအုပ်ချုပ်တယ်။ အင်္ဂလိပ်မလင် ဝန်ထောက်ကြီး ဦးကျော်ထွန်း၊ မောင်တောမြို့ပိုင်ကလေး ဦးဦးကျော်ဇံတို့က လက်ထောက်ဖြစ်ကြတယ်။ နာစီပူစခန်းမှာ (Ration Card) လို့ခေါ်တဲ့ ရိက္ခာထုတ်ဖို့ ကပ်ပြား ပေးထားတယ်။ ခုနှစ်ရက် တစ်ကြိမ် ရိက္ခာထုတ်ရတယ်။ ဆန်၊ဆီ၊ ဆား၊ ငါးခြောက်၊ ဆိတ်သား၊ ဟင်းသီးဟင်းရွက်၊ ထင်း၊ ရေနံဆီ၊ အားလုံးပေးတယ်။ စခန်းတဘုံလုံး လူပေါင်း ခြောက်ထောင်ကျော် တယ်။ သုံးနှစ်သုံးမိုး ကျွေးထားတာ ငွေသုံးသိန်းပဲ ကုန်ကျတယ်။ မောင်တောငွေတိုက်က ယူသွားတာက ငွေ ၃၆ သိန်း ဆိုတော့ အင်္ဂလိပ်အစိုးရ ငွေသိန်း ၃၀ ကျော်တောင် အမြတ်ထွက်တယ်လို့ ပြောကြတယ်။ ဂျပန်ခေတ်က တစ်ခေတ်လုံး အေးအေးချမ်းချမ်း နေခဲ့ရတဲ့ နာစီပူ စခန်းကို ထင်းမခွေ၊ ရေမခတ်၊ ဒိုင်နာစပူ၊ နတ်အရပ်လို့ ပြောစမှတ်ပြုကြပါတယ်။ ဒိုင်နာစပူမြို့က ခြောက်မိုင်ဝေးတဲ့ နာစီပူစခန်းမှာ တစ်နှစ်ကျော် နေလာတဲ့အချိန်၊ ကျော်ဇောဝေ တစ်ယောက် ကြိုးစားသင်လို့ ၊ အင်္ဂလိပ်စာတော်တော်တက်နေပြီ၊ ဆရာဦးရွှေထွန်းဦး၊ ဆရာညိုတို့က အင်္ဂလိပ်စာသင်ပြတယ်။ primary တစ်လုံးကုန်သွားပြီ။ အသက်ကလည်း ၁၅ နှစ်ပြည့်လာပြီ၊ အင်္ဂလိပ်အစိုးရက အသက် ၁၆ နှစ်ပြည့်ပြီး လူငယ် ၁၀၉ ယောက်ကို စစ်တပ်မှာသွင်းလိုက်တယ်။ စစ်သင်တန်းတက်ဖို့ ပန်ဂျပ်ပြည်နယ် အနောက်ပိုင်း (Hoshiapur) ဟော်စီယာပူမြို့ကို ခေါ်ယူသွားတယ်။ စစ်သင်တန်းခြောက်လတက်ပြီး သင်တန်းအောင်လို့ စစ်သားကြီး ခုနှစ်ဆယ်ကျော် ခွင့် တစ်လစီနဲ့ နာစီပူစခန်းကို ရောက်လာကြတယ်။ အစ်ကို စစ်သားကြီးတွေကို မြင်လို့ ကျော်ဇောဝေ တစ်ယောက် ဘယ်လောက် စစ်တပ်ထဲဝင်ချင်တယ်ဆိုတာ ပြောမပြနိုင် ဖြစ်နေတယ်။ အသက်ကမမှီတော့ အနားမကပ်နိုင်ဘူး။ နောက်တစ်ဖြတ်ကျန်ရစ်တဲ့ စစ်သားကြီး သုံးဆယ်ကျော် ရောက်လာတယ်။ သူတို့နဲ့အတူ ဆူပီဒါ ဗိုလ်ကြီး ဂေါ်ရခါးလူမျိုးတစ်ယောက်လည်း ပါတယ်။ နာစီပူ စခန်းမှာ စစ်ရေးပြကြတယ်။ ကျော်ဇောဝေ တို့ ကလေးတွေ ကံကောင်းတယ်လို့ ပြောရမလား မသိဘူး။ B.R.C တပ်ရင်းမှူးကြီး Colonel E.D.Mc Carthy ဗိုလ်မှူးကြီး မကာသီကိုယ်တိုင် နာစီပူစခန်းကို ရောက်လာတယ်။ Boys Coy ကလေးတပ်ခွဲအတွက် အသက် ၁၅ နှစ်ပြည့် ရခိုင်ကလေး ၄၅ ယောက်ကို စစ်ထဲသွင်းလိုက်တယ်။

၁၉၄၄ ခုနှစ်၊ ဧပြီလ ၁ ရက် ညနေ ၃ နာရီ ကလေးစစ်သားတွေနဲ့ ခွင့်စေ့လို့ တပ်ရင်းပြန်တဲ့ စစ်သားကြီး တွေ နာစီပူစခန်းက ထွက်ကြတယ်။ ရှေ့ ဆုံးက စစ်သားကြီးတွေ နှစ်ယောက်တစ်တွဲ တန်းစီးလို့၊ နော်က ကလေးစစ်သား လေးဆယ့်ငါးယောက်၊ နာစီပူစခန်းတစ်ခုလုံး လူအုပ်ကြီး ထွက်ကြည့်နေကြတယ်။ မိဘဆွေမျိုးတွေက လက်ပြနေတယ်။ တချို့ကလည်း မျက်ရည်ကျနေ ကြတယ်။ မှတ်မိသေးတယ်၊ ကျော်ဇောဝေရဲ့ အမေ၊ အသက် ၇၀ ကျော် အဘောင်ရှင်ပြေးလာတယ်။ ကျော်ဇောဝေနားရွက် ပေါ်မှာ ပန်းလိုပန်လိုက်တဲ့ အဘောင်ရှင်ရဲ့ ထမီစ၊ ကျော်ဇောဝေ သိမ်းထားလိုက်တယ်။ ဒိုင်နာစပူမြို့က ည ၇ နာရီ မီးရထားနဲ့ ထွက်ရတယ်။ မီးရထားတစ်စီးလုံး စစ်သားတွေပဲ။ ကျော်ဇောဝေ တို့အတွဲမှာ အစ်ကို စစ်သားကြီး မောင်မြထွန်းပါတယ်။ အနောက် ဘင်္ဂလားပြည် ဒိုင်နာစပူ မြို့က အနောက် ပန်ဂျပ်ပြည် ဟော်စီယာပူ (Hoshiapur) မြို့အထိ ၂ နေ့ ၂ ရက်သွားရတယ်။ ဟော်စီယာပူမြို့ဆိုတာ ဂျလန်ဒါ (Jullendar) ခရိုင်မှာ ရှိတယ်။ မုတ်ဆိတ်မွှေး၊ ပသိုင်းမွှေးဖွားဖွား နဲ့ ခေါင်းပေါင်းကြီး ပေါင်းထားတဲ့ ပန်ချာပီ (ခေါ်) Sikh လူမျိုးတွေ တိုင်းပြည်ပေါ့။ ဟော်စီယာပူမြို့က ၃ မိုင်ဝေးတဲ့ သရက်ဥယျာဉ်မှာ (B.R.C) Burma Regimental Centre, Burma Army ဗမာ့တပ်မတော်နဲ့ Burma Police ဗမာ့ရဲတပ်ဖွဲ့တို့ကို စခန်းချထားတယ်။ ကျော်ဇောဝေ တို့ ကလေးတပ်သား ၄၅ ယောက်ကို ကလေးတပ်ခွဲ (Boys Coy) မှာ ထားတယ်။ ရခိုင်ကလေး ၄၅ ယောက်နဲ့ အတူ ဂေါ်ရခါးကလေး ၄၅ယောက်လည်း ကလေးတပ်ခွဲမှာ သင်တန်းတက်တယ်။ ရခိုင်ကလေး တပ်သား ၄၅ ယောက်ကို တပ်စု ၅ စု ခွဲပြီး သင်တန်းပေးတယ်။ သင်တန်းဆရာတွေ ကတော့ ပန်ချာပီဆရာ ၅ယောက်နဲ့ ရခိုင်ဆရာ ၆ ယောက်ဖြစ်တယ်။ ဂေါ်ရခါးကလေးစစ်သား တွေကို ဂေါ်ရခါးက မော်နီလူမျိုးဆရာ တွေကသင်တန်းပေးတယ်။ ရခိုင်ဆရာ ၆ ယောက်ကတော့ ဆရာ မောင်ဦးကျော်၊ ဆရာဦးသာဇံ၊ ဆရာဦးကျော်လှ၊ ဆရာစံလှဖြူ၊ ဆရာထွန်းစိန်အောင်နဲ့ ဆရာမောင်သာဇံတို့ ဖြစ်တယ်။ ခုထိ အသက်ရှင်နေတုန်းကတော့ ဗိုလ်ကြီး ဦးမောင်ဦးကျော်၊ ဆရာကြီး ဦးသာဇံနဲ့ ဆရာကြီး ထွန်းစိန်အောင်၊ အငြိမ်းစားတွေပါပဲ။ နောက်အရာကြီး သုံးယောက်ကတော့ ကွယ်လွန်ကုန်ပါပြီ။ ကျော်ဇောဝေတို့ ကလေးတပ်ခွဲမှာ ဝါးရင်းတုတ်ကို သေနတ်လို ထမ်းပြီး သင်တန်းဆင်းရတယ်။ ဝါးရင်းတုတ်ထမ်းပြီး အမြန်လျှောက်၊ အနှေးလျှောက်၊ သေနတ်ထမ်း သုံးလသင်ပြီးမှ ရိုင်ဖယ်သေနတ်ကိုင်ခွင့် ရတယ်။ ကလေးစစ်သား တစ်လငွေ ၁၀ိ-ရတယ်။ လူကြီး စစ်သားတွေ ၁၈ိ-ဖြစ်တယ်။ ကျော်ဇောဝေရဲ့ ပထမဆုံးရတဲ့ လစာငွေ ၁၀ိ-ထဲက ငွေ၅ိ-ကို ဖခင်ကြီးဆီပို့ လိုက်တယ်။ ဦးဦးဖျားဖျားရတဲ့ လစာပေါ့။ ကျော်ဇောဝေက ငွေ ၅ိ-ကိုသာသုံးတယ်။ ယင်းအချိန်က ငွေ ၅ိ-ကို တစ်လသုံးလောက်ပါတယ်။ ငွေတစ်ကျပ်မှာ ပြား ၆၄ ပြား။ လက်ဖက်ရည် တစ်ခွက် ၂ ပြားဆိုတော့ လက်ဖက်ရည် ၃၂ ခွက် ရတာပေါ့။ တစ်နေ့ တစ်ခွက်သောက်ရင် တစ်လနဲ့ နှစ်ရက်တောင် သောက်ရတာပဲ။ ကလေးတပ်ခွဲကို ချင်းအမျိုးသား ဂျမဒါ ဗိုလ်ကြီးမောင်ခါး အုပ်ချုပ်တယ်။ စစ်ရေး သင်တန်း တစ်မနက်ပေးပြီး တစ်နေ့လုံး အင်္ဂလိပ်စာ၊ ရိုမန်အူရဒူ (ခေါ်) အင်္ဂလိပ်စာလုံးနဲ့ ကုလားစကားပြော သင်ရတယ်။ ကျော်ဇောဝေ၊ အင်္ဂလိပ်စကားပြော တတ်တဲ့ ဂေါ်ရခါး ကလေးတပ်သားတွေနဲ့ အင်္ဂလိပ်လိုပြောတတ်နေပြီ။ ကုလားရုပ်ရှင်ကိုလည်း လုံးစေ့ပါတ်စေ့ နားလည်နေပြီ။ အူရဒူ စကားကောင်းကောင်း ပြောတတ်က အိန္ဒိယပြည် တစ်ပြည်လုံး ခရီးသွားလို့ အခက်အခဲ မရှိဘူး။ ကလေးတပ်ခွဲမှာ တစ်နှစ်သင်တန်း တက်ရာမှာ အလံကိုင်ပြီး ဆက်သွယ်ရေး အချက်ပြတာလည်း သင်ခဲ့ရတယ်။ ကလေးတပ်ခွဲမှာ တစ်နှစ် နေတယ်။ အသက်ကလည်း ၁၆ နှစ်ပြည့်တယ်။ လူကြီးစစ်သားဖြစ်လာတယ်။ လစာ ၁၈ိ- ရတယ်။ လူကြီးစစ်သား ဘဝနဲ့ နှစ်လသာ နေခဲ့ရတယ်။ တပ်ကြပ်ကြီး စာရေး စာမေးပွဲဝင်ဖြေလိုက်တာ အောင်လို့ တပ်ကြပ်ကြီး စာရေးရာထူးရသွားတယ်။ ၁၉၄၅ ခုနှစ် ဇူလိုင်လမှာ တပ်ကြပ်ကြီး စာရေးဖြစ်တယ်။ လစာလည်း တစ်လ ၆၅ိ- ရတယ်။ တပ်ရင်းမှူးရုံးကို ပြောင်းရတယ်။ ကျော်ဇောဝေကို ကုလားတွေက ဟာဗီဒါကြီး၊ လို့ခေါ်တယ်။ ရာထူး အခေါ်အဝေါ်တွေက ကုလားလို (Havildar Clerk) ဟာဗီဒါ စာရေး ခေါ်တယ်။ လစာ တစ်လ ၆၅ိ- သုံးလို့ မကုန်ဘူး။ ဖခင်ကြီးဆီ တစ်လ ၄၀ိ- စီပို့ပေးတယ်။ မှတ်တမ်းရုံး ငွေစာရင်း ဌာနက (Family allotment) အနေနဲ့ အစိုးရကိုယ်တိုင် လစာက ဖြတ်ပြီး ပို့ပေးတယ်။ ဂျပန် လက်နက်ချလိုက်ပြီ၊ ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားပြီ။ မြန်မာပြည်ကို အင်္ဂလိပ်စစ်တပ်က ပြန်လည် သိမ်းပိုက်လိုက်ပြီ။ အရပ်ဘက် အုပ်ချုပ်ရေးစနေပြီ။ မြန်မာလူမျိုး မေဂျာဂျင်နရယ် အောင်ဆန်း ဗိုလ်ချုပ်တစ်ယောက်လည်း ပေါ်နေပြီ။ ၁၉၄၆ ခုနှစ်၊ နွေဦးရာသီကာလ တစ်နေ့မှာ (B.R.C) ရုံးချုပ်နဲ့ လက်အောက်ခံတပ်ရင်း အားလုံးမြန်မာပြည်ကို ပြောင်းရတယ်။ ကျော်ဇောဝေတို့ ပန်ဂျပ်ပြည် ဟော်စီယာပူမြို့က ည ၇ နာရီ ရထားနဲ့ထွက်လာတယ်။ နှစ်နေ့နဲ့ နှစ်ရက်ကြာမှ ဘင်္ဂလားပြည် ကာလကတ္တားမြို့ကို ရောက်တယ်။ ကာလကတ္တားမြို့မှာ ၂ ရက်နေခဲ့တယ်။ ဘယ်ကိုမှ မသွားခဲ့ရဘူး။ အလွန်တရားကြီးမားလှတဲ့ သင်္ဘောအောက်ဆုံး ထပ်ရေထဲမှာထားတယ်။ တစ်နေ့တစ်ခါသာ အပေါ်ကုန်ပတ်ကို တက်ရတယ်။ ကမ်းမမြင် လမ်းမမြင်နဲ့ သင်္ဘောခေါင်းထဲ မှာ နှစ်နေ့နဲ့ နှစ်ရက်ကြာပြီးမှ ရန်ကုန်မြို့ကို ရောက်တယ်။ ရန်ကုန်မြို့ကို တစ်ခါမှ မရောက်ဘူးတဲ့ ကျော်ဇောဝေ နံနက်စောစော သင်္ဘောပေါ်က မြင်ရတဲ့ ရွှေရောင်တဝင်းဝင်းနဲ့ ရွှေတိဂုံစေတီတော်ာကြီးကို လက်အုပ်ချီပြီး ရှိခိုးလိုက်တယ်။ သင်္ဘောပေါ်က ဆင်းလာတဲ့အခါ ဘောင်းဘီ အစုတ်အပြတ်တွေနဲ့ ဂျပန်စစ်သားတွေကို ပထမဆုံးမြင်ဘူးတယ်။ ဂျပန်စစ်သားတွေ ကျော်ဇောဝေကို အလေးပြုပြီး “ဘိရူးမား”လို့ပြောတယ်။ နံနက် ၈နာရီမှာ ဆူးလေဘုရားလမ်းတလျှောက် ဂေါ်ယာကုန်းအထိ တပ်ရင်းတစ်ခုလုံး ခြေလျင်လျှောက်ရတယ်။ ရှေ့ဆုံးမှာ နှဲပိုက်ဘင်ခရာအဖွဲ့က ဦးဆောင်တယ်။ နောက်က ကလေးတပ်ခွဲ၊ နောက်ဆက်ပြီး လေ့ကျင့်ရေးတပ် စစ်သားကြီးတွေ၊ နောက်ဆုံးက ကျော်ဇောဝေတို့ တပ်ရင်း၊ ရုံးချုပ်တပ်ဖွဲ့၊ ဘယ်ညာမှန်မှန် စီတန်းလျှောက်ကြတယ်။ လမ်းတစ်လျှောက် ကြည့်ရှုနေကြတဲ့ မြန်မာလူမျိုးတွေက ဟာ- အားလုံး ကုလားစစ်သားတွေပါလားလို့ ပြောတာကြားရတယ်။ နောက်ဆုံးမှာ လက်မောင်းမှာ သုံးရစ်နဲ့ ကျော်ဇောဝေ ကိုမြင်တော့ ဟော ဟိုမှာ ဗမာတစ်ယောက်ပါတယ်လို့ ပြောပြီး လက်ပြကြတယ်။ ကျော်ဇောဝေလည်း ရယ်ပြီးလက်ပြလိုက်တယ်။ ဂေါ်ယာကုန်းမှာ သုံးရက်နေခဲ့တယ်။ ရွှေတိဂုံစေတီတော်ကြီးကို နှစ်ရက်သွားဖူးတယ်။ ရန်ကုန်မြို့ကနေ အမိုးအကာမရှိတဲ့ ရထားတွဲနဲ့ မန္တလေးကို ပို့ပေးတယ်။ မန္တလေးက ကားကြီးတွေနဲ့ မေမြို့(ပြင်ဦးလွင်)ကို ပို့တယ်။ မေမြို့မှာပဲ တပ်ရင်း တစ်ခုလုံး စခန်းချနေလိုက်ကြတယ်။

မောင်တောကျော်(၁၆-၁-၉၈)
ရခိုင်မဂ္ဂဇင်း(၂၇) ၂၀၀၆ ခုနှစ် ဇန်နဝါရီလ မှ ကူးယူဖော်ပြသည်။
From the Narinjara.

Thursday, October 7, 2010

Exchange Rate in Myanmar ( ရွှေဈေး၊ ငွေဈေး၊ မြန်မာ့ဈေး )

မြန်မာနိုင်ငံအတွင်းမှာ တနေ့တာ လည်ပတ်နေတဲ့ ရွှေဈေး၊ ငွေဈေး အပြင် ကမ္ဘာ့ရွှေဈေး၊ တို့ကို Gtalk တွင် Bolt တစ်ခုအဖြစ် ထည့်သွင်းကြည့်ရှုနိုင်ပါပြီ။

Gtalk တွင် Add လုပ်ထားရမည့် Bolt Address မှာ - ( myanmar.exchange@gmail.com ) ဖြစ်ပါတယ်။ မကြာသော အချိန်အတွင်းမှာဘဲ Accepted ဖြစ်သွားပါမယ်။

Myanmar.Exchange Bolt တွင် ဤသို့မေးမြန်းနိုင်ပါသည်။



" FEC " လို့ ရိုက်ထည့်ပါက ရန်ကုန်ဈေးကွက်အတွင်းရှိ FEC ဝယ်ဈေး၊ ရောင်းဈေး တွေကို ဖော်ပြပေးမှာပါ။

" USD " လို့ ရိုက်ထည့်ပါက ရန်ကုန်ဈေးကွက်အတွင်းရှိ US Dollar ဝယ်ဈေး၊ ရောင်းဈေး တွေကို ဖော်ပြပေးမှာပါ။

" SGD " လို့ ရိုက်ထည့်ပါက ရန်ကုန်ဈေးကွက်အတွင်းရှိ Singapore Dollar ဝယ်ဈေး၊ ရောင်းဈေး တွေကို ဖော်ပြပေးမှာပါ။

" exchange " လို့ ရိုက်ထည့်ပါက မြန်မာနိုင်ငံအတွင်းရှိ ( FEC, USD, SGD, CNY, INR, THB, MYR ) စသည်တို့၏ တနေ့တာ Exchange Rate တွေကို မြန်မာ ကျပ်ငွေဖြင့် ဖော်ပြပေးမှာပါ။

" World Dollar " လို့ ရိုက်ထည့်ပါက ကမ္ဘာ့ဒေါ်လာဈေးကွက်တွင် ဖြစ်ပေါ်နေသည့် Exchange Rate ကို ဖော်ပြပေးမှာပါ။

" Gold " လို့ ရိုက်ထည့်ပါက ရန်ကုန် ရွှေဈေး၊ မန္တလေး ရွှေဈေး၊ ကမ္ဘာ့ ရွှေဈေး တွေကို ဖော်ပြပေးမှာပါ။

" Time " လို့ ရိုက်ထည့်ပါက မြန်မာ့ စံတော်ချိန်ကို ဖော်ပြပေးမှာပါ။

" About " လို့ ရိုက်ထည့်ပါက ဤ ဝန်ဆောင်မှုကို Service ပေးသည့် အဖွဲ့၏ ဆက်သွယ်ရန် လိပ်စာကို တွေ့ရမှာပါ။

" Help " လို့ ရိုက်ထည့်ပါက myanmar.exchange Bolt တွင် မည်သို့ ရိုက်ထည့် ရှာဖွေနိုင်သည်ကို လမ်းညွန်ပေးသည့် Guide ကျလာပါမည်။

ဤ ဝန်ဆောင်မှုကို -
Soft-Gate Technology Group
Building(E), Room-506, 5th Floor,
Aung Chan Thar Housing,
East Shwe Gon Daing Street,
Bahan Township, Yangon, Myanmar
CMS (MDY)

Phone: 01555466, 095024061, 0173081488

Email : softgate.myanmar@gmail.com, realtime.information@gmail.com
အဖွဲ့က ပြုလုပ်ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

တနေ့တာ မြန်မာ့ ရွှေဈေး၊ ငွေဈေး တွေကို အခုလို လွယ်လွယ်ကူကူသိနိုင်အောင် ပြုလုပ်ဖန်တီးပေးသည့် Soft-Gate Technology Group ကို အထူးပင် ကျေးဇူးတင်ပါတယ်လို့ ဤနေရာမှ ပြောချင်ပါတယ်။ ဤ Service ဝန်ဆောင်မှုကိုလည်း Soft-Gate Technology Group မှ တစ်သက်တာ ဖရီး ( Free ) ပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်။