ကြားပိမ့်ဗိုလ်သူ အံ့ချီးမူသော သောင်းယူဇနာ မြေမျက်နှာထက်
မြောက်မှအာသံ တောင်ယံသီဟိုဋ် နောက်ကိုလှည့်လည် မရွံ့ ပြည်နှင့် ဦးတည်ပိုင်းခြား ပင်လယ်ဆင်းအောင်
စိုးမင်းတကာ ညီညွတ်ရာသည် သာယာရွတ်ဆောင် ရန်တိုင်းအောင်သည့် ဘုန်းခေါင်ဓမ္မရာဇာ ဥက္ကာဟုခ်မျိုး
သမုတ်ရိုးလျှင် စံစိုးသောခါ ရက္ခပူရ ဓညမြို့ ကြီး တိုင်းလုံးထီးကို ပြီးစီးခန့် ရှည်
ရွှေနန်းတည်၍ အောင်စည်ညံညံ ဘိသိတ်ခံက ကျောက်သံသလင်း သောင်းလုံးချင်းမျှ မြင်းလည်းသိန္ဓဝ
နာဂဆဒ္ဒန် ရန်မန်ပယ်လှေ့ ခြင်္သေ့ကေသရီ အောင်နီအောင်ဖြူ ပဉ္စရူကို ကြည်ဖြူနှစ်သက် နတ်တို
့ဆက်က ဘုန်းကြက်သရေ မိုးနှယ်စွေ၏ ရွှေငွေရတနာ ပဒေသာသီး ပြီးစီးစေတတ် နတ်သမတ စောင့်သီလနှင့်
ဣန္ဒဝဇီရာ အလင်္ကာရ အစဖြန့် ချီ သီရိဓဇ ချိုမြသာယာ နောက်ပိတ်မှာလည်း မဟာသုဓမ္မ ရာဇာဂုရု
ရုံးကာစု၍ မျက်ရှုခပ်နှိပ် ရွှေတံဆိပ်ကို စိတ်စိတ်ကြေနူး ရွှေနန်းဦး၌ ရွှင်မြူးကြည်ဖြူ
လှူသော်ဟူက နတ်လူတကာ ကောင်းခြီးငြာလျက် သာယာမြတ်နိုး မေတ္တာဖြိုး၍ ရေမိုဃ်းမှန်စွာ မြေသြဇာလည်း
ရသာပြည့်နှက် အောင်ဆုဆက်၍ ရာသက်တည်ကြောင်း မျိုးသစ်လောင်းသည် ရိုက်သျှောင်း ပဲ့တင်ငြိမ့်ငြိမ့်ည်း။ ။
Monday, August 27, 2012
ရခိုင်အောင်လံတော် လင်္ကာ
There are no comments posted yet. Be the first one!
Comments by IntenseDebate
Posting anonymously.
Labels:
ရခိုင်စာပေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment