ရခိုင်ပြည်တွင် သိရီသုဓမ္မရာဇာမင်းလက်ထက်တွင် လောင်းကြက်စားအမတ်ငကုသလသည် ဗေဒင်အတတ်၊ အင်းအိုင်၊ မန္တန်အတတ်တို့ ကို အထူးတတ်ကျွမ်းသည်။ ယင်းအမတ်ငကုသလသည် မိဖုရားနတ်ရှင်မယ်နှင့် ချစ်ကြိုက်မိသည်။ မင်းကိုပရိယာယ်ဖြင့်သတ်၍ ထီးနန်းကိုလုယူသိမ်းပိုက်ရန်ကြံရွယ်သည်။ သီရိသုဓမ္မရာဇာမင်းကို ဆင်ဖြူတော်ရောက်ပါလိမ့်မည်။ ဤသို့ လုပ်တော်မူပါဟုလျှောက်ရာ မင်းလည်းယုံကြည်၍ ဆိုတိုင်းလိုက်လုပ်မိ၏။ ပညာရှိငလက်ရုံးက ငကုသလ၏မတော်မတရားပြုလုပ်ပုံများကို တင်လျှောက်ပြီးလျှင် ဆေးဝါးပယောဂ၍ အရှင်မင်းကြီးကိုယ်တော်၌ပင် ရောဂါကပ်ရောက်နေပြီဖြစ်ကြောင်း၊ ဤအတိုင်းဆိုလျှင် ခုနစ်လစေ့သောအခါ၌ပင် နတ်ရွာစံရတော့မည်ဖြစ်ကြောင်း သတိပေးလျှောက်ထားခဲ့သော်လည်း မင်းကြီးယုံတော်မမူချေ။
Saturday, November 19, 2011
အလောင်းမင်းတရားကြီး၏ နွယ်တော်စဉ်နှင့် ရခိုင်ရာဇဝင်အဆို
Comments by IntenseDebate
Posting anonymously.
Labels:
ရခိုင်စာပေ
Subscribe to:
Posts (Atom)